Tuesday, December 26, 2023

ကျေးဇူးပါတင်ပါတယ် ဆရာဘိုဘို၊

ဆရာမိသားစု ဒီထက်မက ကြီးပွားတိုးတက်ပါစေ။ ******************************************** ဤရခိုင်ဒင်္ဂါးကို ရှေးဟောင်းဒင်္ဂါးများ မြတ်နိုးစွာ စုဆောင်းသူ၊ ၀ါသနာတူ ဆရာဘိုဘို မှ ရခိုင်ဒင်္ဂါး ရခိုင်လက်ထဲမှာ ရှိပါစေဆိုပြီး စေတနာမှန်စွာဖြင့် ပေးလှူခြင်းကြောင့် ယနေ့ လက်ခံရရှိသည်။ နရာဓိပ္ပတိဆောလိမ်သျှာဘွဲ့ခံ မင်းရာဇာကြီးသည် ဒင်္ဂါးနှစ်မျိုးခပ်နှိပ်ခဲ့သည်။ နန်းဆက်သည့်အချိန်၊ ရခိုင်သက္ကရာဇ် ၉၅၅ ဆင်ဖြူတော် မရမီတစ်ကြိမ် ခပ်နှိပ်ခဲ့ပြီး၊ ဆင်ဖြူတော်ရပြီးသည့်အချိန် ရခိုင်သက္ကရာဇ် (၉၆၃)တွင် တစ်ကြိမ် ခပ်နှိပ်ခဲ့သည်။ ကောဇာသက္ကရာဇ် (၉၆၃) တွင် ရွှေဒင်္ဂါးများလည်း ခပ်နှိပ်ခဲ့သည်။ ရခိုင်သက္ကရာဇ် ၉၅၅ တွင် ခပ်နှိပ်သော မင်းရာဇာကြီးဒင်္ဂါး၌ ဆင်ဖြူတော် မရသေးသော အချိန်ဖြစ်ခြင်းကြောင့် ဒင်္ဂါးတွင် “နရာဓိပ္ပတိဆောလိမ်သျှာ ၉၅၅” ဟု ရေးထိုးခပ်နှိပ်သည်။ နရာဓိပ္ပတိဆော်လိမ်သျာ(ခ)မင်းရာဇာကြီး ဒင်္ဂါးများ၌ ရခိုင်စာတစ်ဘက်၊ ပါရှန်စာ+ ဘင်္ဂလီစာတစ်ဘက် ဘာသာသုံးမျိုးဖြင့် ရေးထိုးခပ်နှိပ်သည်။ ရခိုင်စာဖြင့် ရေးထိုးထားသည့်ဘက်တွင် “နရာဓိပ္ပတိဆော်လိမ်သျှာ ၉၅၅” ဟု ရေးထိုးပါရှိသည်။ မောင်ဖြူ(ကြွီတဲကျွန်း)

Monday, September 18, 2023

၂၀၂၃-၂၀၂၄ခုနှစ် အခွန်ဆောင်မည့်သူများအတွက်

၂၀၂၃-၂၀၂၄ခုနှစ် အခွန်ဆောင်မည့်သူများအတွက် ************************************************ ကျွန်မတို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်မ ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို တစ်ဆင့် ပြန်လည်‌ဝေမျှပြောပြပေးပါ့မယ် မှတ်ချက် - #မြို့နယ်ရာဖြတ်နှုန်းများလည်းအရင်postတွင်ဖော်ပြခဲ့ပြီးဖြစ်ပါတယ် (၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ) (၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။ (၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။ (၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။ (၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။ (၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။ (၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။ #ထပ်တိုးတာလေးပါ တံဆိပ်ခေါင်းရဖို့ ရောင်းသူက10%အခွန်ဆောင်ထားမှတံဆိပ်ခေါင်းရမယ် အိမ်ရှင်10%မဆောင်ပေးရင်တံဆိပ်ခေါင်းမရပါ ဝယ်ယူထဲကတစ်ခါထဲညှိပါ #တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည် 🟢🟢🟢🟢🟢🟢🟢🟢🟢🟢 📲ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ရုံးတည်နေရာလိပ်စာနှင့် ဖုန်းနံပါတ်များစာရင်း📲 ================================ ၁ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး (၁၆၃/၁၆၇)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၅၄၃ ၂ အင်းစိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၈)၊ မင်းကြီးလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃ ၃ လမ်းမတော်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၆၂၅)၊မဟာဗန္ဓုလလမ်း၊(၅)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇ ၄ တောင်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အခန်း(၁၀၁/၁၀၂)၊ပထမထပ်၊သီရိရတနာအိမ်ရာ၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်းထောင့်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၈၅၆၀၄၈၈ ၅ ဒဂုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၃)၊အခန်း(၅)၊ဦးဝိစာရအိမ်ရာ၊မြို့မကျောင်းလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၉၃၁၇ ၆ သာကေတမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၆၄၄ ၇ ကျောက်တန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရွှေညောင်ပင်လမ်း၊စံချိန်မီရပ်ကွက်၊ကျောက်တန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၅၀၆၄ ၈ သုံးခွမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၃၂၊လေးကျွန်းမာန်အောင်ဘုရားလမ်း၊(၆)ရပ်ကွက်၊သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၄၀၄၁၆ ၉ ခရမ်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အောင်မေတ္တာလမ်း၊(၃)ရပ်ကွက်၊ခရမ်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၃၀၀၂၂ ၁၀ လှိုင်သာယာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁)၊ရုံးရှေ့၊(၈)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၅၀၃၅ ၁၁ ပန်းပဲတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၆၈/၁၈၈)၊(၂၇)လမ်း၊(၅)ရပ်ကွက်၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၀၈၇၉ ၁၂ တာမွေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂)၊အိုးစု(၃)လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၄၁၆၄ ၁၃ အလုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၁)၊ဒုတိယထပ်၊အခန်းအမှတ်(၁၄/၁၅)၊အလုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၂၁၇၄၆ ၁၄ စမ်းချောင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ​အမှတ်(၇၄)၊ဒုတိယထပ်၊ကျွန်းတောလမ်း၊ကျွန်းတောအလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၀၀၆၁၅ ၁၅ တွံတေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဘုရင့်နောင်တပ်လမ်း၊ရွှေဆံတော်ရပ်ကွက်၊တွံတေးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၄၅-၅၀၀၁၁ ၁၆ သန်လျင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၇)၊ကျိုက်ခေါက်ဘုရားလမ်း၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၁၀၃၆ ၁၇ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး မင်းလမ်း၊မြို့မရပ်ကွက်၊လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၉၀၂၆ ၁၈ ဒေါပုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀ ၁၉ ​လသာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၉၉)/ဒုတိယထပ်၊အနော်ရထာလမ်းနှင့် ၁၉ လမ်းထောင့်၊(၄)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၃၄၆ ၂၀ သင်္ဃန်းကျွန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၂/၀၀၁/၀၀၂/၀၀၃/၁၀၁)၊ဝေဇယန္တာအိမ်ရာ၊ဝေဇယန္တာလမ်း၊ဇ/တောင်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် ၀၁-၈၅၆၀၈၁၇ ၂၁ ရန်ကင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး စုပေါင်းရုံးဝင်း၊ရန်ကင်းလမ်း(၂)ရပ်ကွက်၊ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂ ၂၂ ​မင်္ဂလာတောင်ညွန့်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၄၃)/ဒုထပ်(ဝဲ+ယာ)၊ကျီတော်လမ်း၊ကျီတော်ရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၀၄၂ ၂၃ မင်္ဂလာဒုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ShortHouse၊(၈)ခန်းတွဲအိမ်ရာ၊ခရေပင်ရိပ်မွန်၊ချစ်တီးကုန်းရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၃၅၂၄၄ ၂၄ ဆိပ်ကမ်း/ဆိပ်ကြီးခနောင်တိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၈)၊အခန်း(၂၀၁)၊ဒုတိယထပ်၊(၃၉)လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၈၃၁၆ ၂၅ ဒလမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၇၆)၊ဗိုလ်တထောင်ဘုရားလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊အလယ်ဘလောက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၉၃၁ ၂၆ ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၄/၅/၁၂)၊ပြည်ရိပ်မွန်အိမ်ယာ၊(၆)ရပ်ကွက်၊ ကမာရွက်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၃၆၄၄၀ ၂၇ လှိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၃)/အေးရိပ်မွန်လမ်း၊(၄)ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇ ၂၈ မရမ်းကုန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်-၉/၁၁၊ဗိုလ်ချုပ်လမ်း၊(၁)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၁၈၆၂ ၂၉ ကြည့်မြင်တိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၀)၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၃၁၇၂၉၂ ၃၀ တိုက်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဆေးရုံလမ်း၊ဗောဓိကုန်းရပ်ကွက်၊တိုက်ကြီးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၅-၂၀၁၁၅ ၃၁ မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရုံးပေါက်လမ်း၊တပ်ကြီးကုန်းကျေးရွာ၊မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၀၀၅၃ ၃၂ ထန်းတပင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသောကလမ်း၊(၂)ရပ်ကွက်၊ထန်းတပင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၉၂၁၂ ၃၃ ရွှေပြည်သာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၁၄/၁၆(က)၊မဲခေါင်လမ်း၊(၆)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၁၀၆၇ ၃၄ ကျောက်တံတားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၀၀/၂၀၈)၊(၃၅)လမ်း၊အထက်ဘလောက်၊(၃)ရပ်ကွက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၄၆၁၁ ၃၅ ပုဇွန်တောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၁/၈၅)၊တိုက်(၁၁)၊အနော်ရထာလမ်း၊ (၂)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၉၀၄၇၂ ၃၆ ဗိုလ်တထောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၈၀/၈၂)၊ဘိုကလေးဈေးလမ်း၊(၈)ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၆၉၉၇ ၃၇ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉)၊ကမ္ဘာအေးဘုရားလမ်းနှင့် ဗဟန်း(၃)လမ်းထောင့်၊ မြို့မရပ်ကွက်၊ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၀၉၁၀ ၃၈ မြောက်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၅၄)၊မဏ္ဏိုင်လမ်း၊(ဂ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၆၉၉၄၀၆ ၃၉ ကွမ်းခြံကုန်း/ကော့မှူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်( ၃၆)၊ဗဟိုလမ်း၊ဈေးပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်း၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၆၅၃၁၆ ၄၀ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၈/၁၅)၊စုပေါင်းရုံလမ်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၈၀၆၂၆ ၄၁ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၆+၁၁၁)၊ပြည်ထောင်စုလမ်း၊(၆၄)ရပ်ကွက်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈ #တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်