2013-01-12
ရခိုင်ပြည်နယ် တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စု ၄၅စုဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ကူးလာပြီး အဲဒီမှာအခြေချနေထိုင်ခွင့်ရရှိဖို့ ပြည်ထောင်စုအစိုးရကို ခွင့်ပြုချက်တောင်းခံထားကြောင်း သိရပါတယ်။
အခုလိုခိုလှုံခွင့်တောင်းထားတာနဲ့ ပတ်သက်ပြီး မောင်တောမြို့အခြေစိုက်
နယ်စပ်ဒေသလူဝင်မှုစစ်ဆေး ကွပ်ကဲရေးဌာနချုပ် ဒုတိယ ကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီးထူးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ ခိုလှုံခွင့်တောင်းတာ
ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရွှေ့ပြောင်းလာကြတဲ့ အဲဒီမိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနဲ့ ကော့ဘဇားခရိုင်အတွင်းမှာ အခြေချနေထိုင်တဲ့ ရခိုင်လူမျိုးတွေနဲ့ မာရမာကြီးလူမျိုးတွေဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး သူတို့နေထိုင်တဲ့ စစ်တကောင်းနဲ့ ကော့ဆက်ဘဇားခရိုင်အတွင်းမှာ မူဆလင်အစွန်းရောက် အကြမ်းဖက်သမားအချို့ရဲ့ ရန်ပြုမှုအန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ၂လလောက်ကစတင်ပြီး တဖြည်းဖြည်းနဲ့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေလို့ သိရပါတယ်။
တစ်ဘက်ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကို ပြီးခဲ့တဲ့လက အိမ်ထောင်စု ၂၅ စုရှိခဲ့ရာကနေ ဒီကနေ့အချိန်ထိဆိုရင် အိမ်ထောင်စု ၄၀ဝန်းကျင်ထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။
ref;/ RFA

No comments:
Post a Comment