Tuesday, January 29, 2013

လူကူးမျဉ်းကြားကနေကူးလဲ ..... သေတာပဲ

ဗမာ့ သား and Win Hlaing Tun shared Kachin Daily News's photo.
လူကူးမျဉ်းကြားကနေကူးလဲ ..... သေတာပဲ

ယနေ့ဇန်န၀ါရီ၂၉ရက်နေ့နံနက်၁၁နာရီ၄၅မိနစ်ခန့်က သံလမ်းနှင့်ဘာတာမှတ်တိုင်အကြား..လူကူးမျဉ်းကြားတွင်ယာဉ်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ...တစ်ဦးပြင်းထန်စွာဒဏ်ရာရသွားခဲ့သည်။ အင်းစိန်ဘက်မှ ရန်ကုန် ဆူးလေဘက်သို့မောင်းနှင်လာသည့် ဌာနဆိုင်ရာယာဉ်တစ်စီးမှာ လမ်းလယ်ကျွန်းတုံးကိုကျော် ကာ တစ်ဖက်ကားလမ်းတွင် မျဉ်းကြားမှလမ်းဖြတ်ကူးရန်စောင့်ဆိုင်းနေသည့် အသက်၆၀ခန့်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုဝင်တိုက်မိခဲ့ကာ စည်ပင်ရုံးဝင်းအတွင်းသို့ အရှိန်လွန်ဝင်ရောက်သွားခဲ့သည်။ အမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံး ခဲ့ပြီးအခြားဝင်တိုက်ခံခဲ့ရသည့် အမျိုးသမီးမှာ ခြေထောက်ထက်ပိုင်းကျိုးသွားပြီးပြင်းထန်စွာ ဒဏ်ရာရခဲ့ခြင်းအတွက် ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ ၀င်ရောက်တိုက်မိသည့် ယာဉ်မောင်းမှာ အရက်မူးနေသည်ဟုလည်း အခင်းဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသူများကဆိုသည်။ 
ထိုသို့ဖြစ်ပွားပြီးနောက်စည်ပင်ရုံးအတွင်းမှ အဆိုပါဌာနဆိုင်ရာကားကို လူအားဖြင့် ပြန်လည် တွန်းထုတ်ပြီး အင်းစိန်ဘက်သို့ သွားသည့် ကားလမ်းဘက်ခြမ်းတွင် အင်းစိန်ဘက်သို့ ခေါင်းလှည့် ရပ်ထားသည်ကိုတွေ့မြင်ခဲ့ရသည်။ သေဆုံးသူကို သယ်ဆောင်မည့်နာရေးယာဉ်မှာ ၁၂နာရီ၄၅မိနစ် ခန့်တွင် ရောက်ရှိလာခဲ့ပြီးတာဝန်ရှိသူများက ယာဉ်ကြောမပိတ်ဆို့စေရန် ဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့ဇန်န၀ါရီ၂၉ရက်နေ့နံနက်၁၁နာရ
ီ၄၅မိနစ်ခန့်က သံလမ်းနှင့်ဘာတာမှတ်တိုင်အကြား..လူကူးမျဉ်းကြားတွင်ယာဉ်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ...တစ်ဦးပြင်းထန်စွာဒဏ်ရာရသွားခဲ့သည်။ အင်းစိန်ဘက်မှ ရန်ကုန် ဆူးလေဘက်သို့မောင်းနှင်လာသည့် ဌာနဆိုင်ရာယာဉ်တစ်စီးမှာ လမ်းလယ်ကျွန်းတုံးကိုကျော် ကာ တစ်ဖက်ကားလမ်းတွင် မျဉ်းကြားမှလမ်းဖြတ်ကူးရန်စောင့်ဆိုင်းနေသည့် အသက်၆၀ခန့်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုဝင်တိုက်မိခဲ့ကာ စည်ပင်ရုံးဝင်းအတွင်းသို့ အရှိန်လွန်ဝင်ရောက်သွားခဲ့သည်။ အမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံး ခဲ့ပြီးအခြားဝင်တိုက်ခံခဲ့ရသည့် အမျိုးသမီးမှာ ခြေထောက်ထက်ပိုင်းကျိုးသွားပြီးပြင်းထန်စွာ ဒဏ်ရာရခဲ့ခြင်းအတွက် ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ ၀င်ရောက်တိုက်မိသည့် ယာဉ်မောင်းမှာ အရက်မူးနေသည်ဟုလည်း အခင်းဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသူများကဆိုသည်။
ထိုသို့ဖြစ်ပွားပြီးနောက်စည်ပင်ရုံးအတွင်းမှ အဆိုပါဌာနဆိုင်ရာကားကို လူအားဖြင့် ပြန်လည် တွန်းထုတ်ပြီး အင်းစိန်ဘက်သို့ သွားသည့် ကားလမ်းဘက်ခြမ်းတွင် အင်းစိန်ဘက်သို့ ခေါင်းလှည့် ရပ်ထားသည်ကိုတွေ့မြင်ခဲ့ရသည်။ သေဆုံးသူကို သယ်ဆောင်မည့်နာရေးယာဉ်မှာ ၁၂နာရီ၄၅မိနစ် ခန့်တွင် ရောက်ရှိလာခဲ့ပြီးတာဝန်ရှိသူများက ယာဉ်ကြောမပိတ်ဆို့စေရန် ဆောင်ရွက်ပေးခဲ့ကြသည်။

No comments:

Post a Comment