Tuesday, January 29, 2013

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး သုံးဖက်မြင် လမ်းမပန်းချီ



ဂင်းနစ် စံချိန် ဆု နှစ်ဆု ရထားတဲ့ 3D ပန်းချီ အနုပညာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး 3D Street Art နဲ့ ကမ္ဘာ့အရှည်ဆုံး 3D Street Art ဆိုပြီး နှစ်ဆု ရရှိထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လေး ရက်ကြာမြင့်ခဲ့ ပါ တယ်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အနောက်ပိုင်းက လမ်းတစ်နေရာ မှာ ဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်းကတော့ ဧရိယာ ၁၁၆၄ စတုရန်း မီတာ ရှိပါတယ်။  3D ပန်းချီဆရာ Joe နဲ့ Max အမည်ရ မှ အဖွဲ့ တစ်ခု ဖွဲ့လို့ ကြိုးစားဖန်တီး ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ ဖန်တီးထားတဲ့ 3D Street Art ဟာ ကမ္ဘာ့အကြီးဆုံး နဲ့ အရှည်ဆုံး 3D Street painting အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့ကြောင်း သိရပါ တယ်။
--
ဖန်တီးပုံ ဗီဒီယို - http://youtu.be/GwNeukAmxJw
ref;;/ http://www.innewsmyanmar.com/2012/12/blog-post_444.html

No comments:

Post a Comment