Tuesday, January 29, 2013

နော်ဝေတွင် အဖြူရောင် ဝေလငါး တွေ့ရှိ



နော်ဝေနိုင်ငံရဲ့  ရေပိုက်နက်ထဲမှာ ရှားရှားပါးပါး ဝေလငါးကြီးကို ယခုလို မြင်တွေ့ ခဲ့ကြပါတယ်။

Humpback အမည်ရ ဧရာမ ဝေလငါးကြီး အမျိုးအစားထဲက ဖြစ်ပြီး ဒုတိယ မြောက် တွေ့ရှိတဲ့ အဖြူရောင် Humpback ဖြစ်ပါတယ်။ အရွယ်အစား အားဖြင့် ၃၉ ပေ ကနေ ၅၂ ပေ အထိ အရှည်ရှိတတ်ပြီး ပေါင် ၇၉၀၀၀ အလေးချိန်ရှိတဲ့ ဝေလငါးမျိုး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ Humpback အကောင်ရေ ၈ သောင်းအောက်သာ ကျန်ရှိတော့ပြီး အဖြူရောင် ဆိုတာ ရှာမှရှား အမျိုးအစားပဲ ဖြစ်ပါတယ်။

အမှန်တော့ Humpback က သြစတေးလျ၊ နယူးဇီလန်၊ တောင်အမေရိက၊ ကနေဒါ နဲ့ အမေရိကန် ရေပိုင်နက် တို့မှာပဲ နေထိုင် ကျက်စားတာ ဖြစ်ပါ တယ်။ ဒါကြောင့် ယခု တွေ့ရှိတဲ့ အဖြူရောင် Humpback ကတော့ သြစတေးလျ အရှေ့ ဘက် ကမ်းရိုးတန်းကနေ ပြောင်းရွေ့ လာတဲ့ ဝေလငါး လို့ ယူဆ ထားကြပါတယ်။ နောဝေကို ပြောင်းရွှေ့ တာတော့ မဟုတ်ပါဘူး။ တောင်ဝင်ရိုးစွန်း ဒေသကို ပြောင်းရွှေ့ ဖို့ ဖြစ်ပါတယ်။

ယခု ဓာတ်ပုံကိုတော့ နောဝေ ရေကြောင်း လေ့လာရေး သုတေသန အဖွဲ့က ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: Daily Mail

No comments:

Post a Comment