Tuesday, January 29, 2013

မျက်နှာနှစ်ခုနှင့်လူသား Edward Mordake






Edward Mordake အမည်ရ ပုဂ္ဂိုလ်ဟာ ၁၉ ရာစုက ဗြိတိန်မှာ နာမည်ကြီးခဲ့တဲ့ မျက်နှာနှစ်ခုနှင့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ကြောက်လည်း ကြောက်စရာ ကောင်းပါတယ်။ သူ့နောက်ကြောက မျက်နှာဟာ စကားလည်းမပြောတတ်၊ မစားတတ်ပေမယ့် ရယ်မော်တတ်၊ ငိုတတ်ပါတယ်။ ညဘက်အိပ်တိုင်းလည်း အနောက်ဘက် မျက်နှာကြောင့် နှစ်လရှည်ကြာ အခြောက်လှန့်ခံနေရသလို ဘဝနဲ့ နေရပါတယ်။


ဒါကြောင့် အနောက်ဘက်က အမြွာလို ကပ်ပြီးပါလာတဲ့ မျက်နှာကို ဖယ်ပေးဖို့၊ ခွာပေးဖို့ ဆရာဝန်များကို အကူညီတောင်းခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။ သိုပေမယ့် အနောက်ဘက်မျက်နှာက ငိုလည်းငိုတတ်၊ ရယ်လည်းရယ်တတ်မို့ လူတိုင်းကြောက်ပါတယ်။ ဒါကြောင့် ယင်း မျက်နှာကို Demon Face လို့တောင် အမည်ပေးထားပါတယ်။

ဒီလိုနဲ့ Edward Mordake ဟာ အသက် ၂၃ နှစ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို အဆိပ်သောက် သက်သေသွားပါတယ်။ ယင်းမျက်နှာ နှစ်ခုနဲ့ နေရတဲ့ ဘဝကို ရွံ့ မှုန်း၊ ရှက်ရွံ့ ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဟာ ယနေ့တိုင် ထင်ရှားပြီး အင်္ဂလိပ်ပြဇာတ်တွေထဲမှာ ပုံပြင် တစ်ခုပမာ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
http://www.innewsmyanmar.com/2013/01/edward-mordake.html မှကူးယူဖေါ်ပြသည်။
--
Ref: wiki
International news for myanmar

No comments:

Post a Comment