သားသမီးတွေ ဒုက္ခရောက်ရင်
ငါတို့မှာ မိဘရှိတယ်ဆိုပြီး မိဘကို အားကိုးကြပါတယ် ၊မိဘတွေကလည်း သားသမီးတွေရဲ့ ဘေးဒုက္ခကို
အသက်ပေးပြီး ကာကွယ်တာဆီးပေးကြတယ် ၊ ၊ တပည့်တွေ
အခက်အခဲဖြစ်ရင် ငါ့မှာ ဆရာရှိတယ်ဆိုပြီး ဆရာသမားကို အားကိုးကြပါတယ် ၊ ဆရာသမားတွေကလည်း
ကိုယ့်တပည့်တွေရဲ့ အခက်အခဲကို ကိုယ်အား ဥာဏ်အား ပညာအားနဲ့ တပည့်တွေရဲ့ အခက်အခဲတွေကို
ပြေလည်အောင် လုပ်ဆောင် ကူညီဖြေရှင်းပေးကြတယ်၊၊ တိုင်းသူပြည်သား
ဒုက္ခရောက်ရင် ငါတို့မှာ
အစိုးရရှိတယ်ဆိုပြီး တိုင်းပြည်အုပ်ချုပ် အစိုးရ မင်းလုပ်သူများကို အားကိုးကြပါတယ်၊
တိုင်းပြည်ကိုအစိုးရတော်မူသော မင်းစိုးရာဇာ အစိုးရမင်းများသည်လည်း အုပ်ချုပ်ခံ တိုင်းသူပြည်သားများကို
ကျောသား ရင်သားမခွဲခြားဘဲ သားသမီးအရင်းအချာကဲ့သို့ စောင့်ရှောက်ကာကွယ် ကူညီပေးကြတာ
သမိုင်းရာဇ၀င်မှာ အထင်အရှားရှိကြပါတယ်၊ ယနေ့
မြန်မာတိုင်းရင်းသား အားလုံးကို အုပ်ချုပ်မင်းလုပ်
အစိုးရတော်မူသော မြန်မာနိုင်ငံအစိုးရကိုလည်း ထိုကဲ့သို့သော အစိုးရမင်းများ ဖြစ်လိုပါကြောင်း
၊ ကျောသားရင်သား မခွဲခြားသော အစိုးရ ဖြစ်လိုပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံး
၏ အားကိုးရာအမှန် အစိုးရ ဖြစ်လိုပါကြောင်း ၊ တိုင်းရင်းသားပေါင်းစုံ ၏ ချစ်သော အစိုးရ
ဖြစ်လိုပါကြောင်း ။ . . . . . . . .
ယနေ့ မြန်မာနိုင်ငံကို
အုပ်ချုပ်နေသော မြန်မာနိုင်ငံအစိုးရသည်
တိုင်းရင်းသားပေါင်းစုံ
နဲ့ ဖွဲ့စည်းထားပါတယ်၊
ဒီတော့ တိုင်းရင်းသားတွေ အသက်အိုးအိမ် စည်းစိမ် နှင့် ဒုက္ခရောက်နေတာကို
လုံးဝ
ချုပ်ငြိမ်းသွားသည်အထိ မြန်မာအစိုးရအနေနဲ
့ အကာအကွယ် ပေးသင့်တယ် ။ ထိုသို့
ကချင် ၊ကယား ကရင် ၊ ဗမာ ၊မွန် ၊ ရခိုင် ၊ ရှမ်း
၊ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် စိမ်းစည် နှင့် လူမှုဒုက္ခတွေကို ကာကွယ် စောင့်ရှောက်မှုမပေးနိုင်ရင်
၊ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေက အခြားသော တိုင်း ရင်းသားလူမျိုးစုတွေကို
မုန်းတီးမှုမဖြစ်ကြဘဲ ဗမာဆိုတဲ့
လူမျိုးတစ်မျိုးတည်းကိုဘဲ ကွက်ပြီး ရင်ထဲမှာ
မကျေနပ်တဲ့ အကျိတ်အခဲတွေ များလာနေကြတယ်၊ ဒါဟာ ငြိမ်းချမ်းသော
အနာဂတ်မြန်မာနိုင်ငံ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
မြန်မာနိုင်ငံ ကို ဖေါ်ဆောင်ရာမှာ မကောင်းတဲလက္ခဏာဖြစ်ပါတယ်။
ဒီလိုမျိုး
တိုင်းရင်းသားတွေ ဟာ ဗမာဆိုတဲ့ လူမျိုးတစ်မျိုးတည်းကို
ကွက်ပြီး အမုန်းမပွါးရအောင်၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း
မပြိုကွဲရအောင်
မြန်မာနိုင်ငံ တိုင်းရင်သားတွေရဲ့
အသက်အိုးအိမ် စည်းစိမ် ကို အပြည့်အ၀ ကာကွယ်ပေးပြီး လူမှုဒုက္ခရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို ပွင့်လင်းမြင်သာစွာ အကူအညီ မျှမျှတတ ပေးနိုင်မယ်ဆိုရင်
၊
ပြည်သူချစ်သော အစိုးရ တစ်ရပ် မလွဲမသွေ ဧကန်မုချ ဖြစ်လာမှာ ဖြစ်ပါကြောင်း (တစ်နည်း
) မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ရာမှာ အထောက်အကူဖြစ်စေမှာတော့ သေချာပါကြောင်း
တင်ပြလိုက်ရပါသည်။

No comments:
Post a Comment