Sunday, February 10, 2013

ဘူးသီးတောင်အကျဉ်းထောင်တွင်းရိုဟင်ဂျာအကျဉ်းသားများကိုလူမဆန်စွာနှိပ်စက်မှုများ



Friday, February 08, 2013 QS_Madani,ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန်လဆန်းတွင်အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် အပြစ်မဲ့ရိုဟင်ဂျာမွတ်စလင်အများအပြားကို သက်ကြီး၊ ကလေးပါမကျန် ဖမ်းဆီး၍ အကျဉ်းချခဲ့ သည်။ ထိုသို့ဖမ်းဆီးခံရသူများထဲမှ ငွေကြေးတတ်နိုင်သူ (၃) ဦးသည် တစ်ဦးလျှင် ငွေကျပ် သိန်း ၁၅၀ စီပေး ၍လွန်ခဲ့သည့်ရက်ပိုင်း အတွင်းလွတ် မြောက် လာခဲ့သည်။ လွတ်မြောက်လာသူ (၃) ဦးမှ ထောင်တွင်းအတွေ့အကြုံများကို အကျဉ်းထောင်အတွင်းမတရားသဖြင့် အကျဉ်းကျခံနေရသူများ၏ဆန္ဒအရ RB News သို့ ၎င်းတို့ခံစားနေရသည့် ညှင်းပန်းနှိပ်စက်မှုအသေး စိတ်ကိုစာရေးသား၍ပေးပို့ခဲ့သည်။
အဆိုပါစာတွင်ရေးသားထားသောအချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လမှစ၍ ယနေ့ထိဘူးသီးတောင်မြို့နယ်အကျဉ်းထောင်အတွင်း ရိုဟင်ဂျာ မွတ်စလင်များအားအသက်အာမခံချက်ကင်းမဲ့သည့်အထိ လူမဆန်သောရက်စက်ရမ်းကားမှု၊ ရိုက်နှက် သတ်ဖြတ်မှု၊ ဂုဏ်သိက္ခာပျက်အောင်ပြုလုပ်မှုများ
မြန်မာနိုင်ငံပြည်နယ်အစိုးရရဲတပ်ဖွဲ့ဝင်များနှင့်အကျဉ်းထောင်ဝန်ထမ်းများမှ -
(၁) အကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်ခြင်းမရှိခဲ့သော ရိုဟင်ဂျာမွတ်စလင်များအားမသင်္ကာဟုအ ကြောင်းပြဖမ်းဆီးပြီး၊ ကြိုးဖြင့်ချည်နှောင်ခြင်း၊ အ၀တ်တစ်စုံတစ်ရာဝတ် ခွင့်မပြုဘဲ ၀တ်လစ်စလစ်ထား ခြင်း
(၂) အကျဉ်းထောင်သို့ခေါ်ယူသွားစဉ် ခေါင်းငုံ့၊ ခေါင်းချထားခိုင်းပြီး လည်ကုတ်ပေါ်တွင်ခြေဖြင့်ဖိထား ခြင်း
(၃) အကျဉ်းထောင်အတွင်းကာလရှည်ကြာစွာ ၀တ်လစ်စလစ်ထားခြင်း၊ ရေချိုးရန်လိုအပ်လျှင်လည်း ၀တ်လစ်စလစ်ဖြင့်ခေါ်ယူသွား၍၊ ၀တ်လစ်စလစ်ဖြင့်သာပြန်လည်၍ အကျဉ်း ထောင် အတွင်းရှိအ ဆောင်သို့အုပ်စုလိုက်ပြန်လည်ခေါ်ယူလာခြင်း
(၄) အကျဉ်းထောင်အတွင်းသွားလာစဉ်တွင်လည်းကောင်း၊ အဆောင်တွင်းထားရှိစဉ်တွင်လည်း ကောင်း၊ ရိုဟင်ဂျာမွတ်စလင်အကျဉ်းသားများ၏အရှက်အင်္ဂါကိုတုတ်ဖြင့်ရိုက်ခြင်း၊ အကျဉ်း သား အချင်း ချင်းအား ရိုက်နှက်၍ကိုင်တွယ်စေခြင်း၊ ကြိုးဖြင့်ချည်နှောင်၍ ရောင်ရမ်းလာသည့်အထိထားခြင်း၊
(၅) အကျဉ်းထောင်ဝန်ထမ်းများမှ ခေါင်းငုံ့၊ ခေါင်းချခိုင်းပြီး၊ ကျောကုန်းပေါ်တက်ထိုင်၍ တူဖြင့်ခေါင်း ကိုထုခြင်း၊ ရခိုင်အကျဉ်းသားများကိုခေါ်ယူ၍ ခြေ၊လက်များအား တုတ်၊ တူ၊ သံကြိုး များဖြင့်ရိုက်နှက် စေခြင်း
(၆) ခြေ၊ လက်၊ နား၊ နှာခေါင်းများဖြတ်ပြီး၊ ဦးခေါင်းတွင်ကြီးမားသည့်ဒဏ်ရာရသည့်အထိနာကျင် အောင်ညှင်းပန်းနှိပ်စက်ခြင်း
(၇) ၀မ်း၊ ရင်ဘတ်၊ နှလုံးသားနှင့်ဦးနှောက်အတွင်း အတွင်းကြေဒဏ်ရာရသည့်အထိရိုက်နှက်ခြင်း
(၈) မုတ်ဆိတ်နှင့်နှုတ်ခမ်းမွှေးများကို အကျဉ်းထောင်ဝန်ထမ်းများနှင့် ရခိုင်အကျဉ်းသားများကနာကျင် အောင်နှုတ်ခြင်း၊ ထို့အပြင်မိမိတို့၏ခန္ဓာကိုယ်မှအမွှေးများကိုနှုတ်ခိုင်းခြင်း
(၉) ခန္ဓာကိုယ်အစိတ်အပိုင်းများကို မီးစွဲနေသည့်မီးသွေးများဖြင့်တို့ခြင်း၊ အရှက်အင်္ဂါများကိုမီးရှို့ခြင်း၊ လျှပ်စစ်ဓါတ်အားဖြင့်တို့ခြင်း၊ ရေပူလောင်းချခြင်း
(၁၀) ကာလအတန်ကြာ စားနပ်ရိက္ခာဖြတ်တောက်ထားသည့်အပြင် ကာလအတန်ကြာမှရေချိုးခွင့်ပြု ခြင်း၊ ရေချိုးခွင့်ပြုလျှင်လည်း ရေကိုလုံလောက်စွာသုံးစွဲခွင့်မပြုခြင်း၊ သောက်ရေ ကို လည်းအချိန်အကန့် အသတ်ဖြင့်သာသောက်ခွင့်ပြုခြင်း
(၁၁) အကျဉ်းထောင်အတွင်း ညဘက်အိပ်စက်ခွင့်မပြုခြင်း၊ အိပ်ငိုက်လျှင်တာဝန်ခံမှ သေလုမျှောပါး ရိုက်နှက်ခြင်း
(၁၂) နမားဇ်ဝတ်ပြုခွင့်မပေးခြင်း၊ ဥပုသ်စောင့်ခွင့်မပေးခြင်း၊ ၀ူဇူ (ခြေလက်မျက်နှာသန့်စင်ခြင်း) ခွင့်မ ပြုခြင်း
(၁၃) လည်ပင်းနှင့်လည်ကုတ်ပေါ်တွင်တွန်တုံးများတင်၍ လယ်ထွန်ခြင်း
(၁၄) တွားသွားစေ၍ အကျဉ်းထောင်ဝန်ထမ်းများမှ စီးနင်းပျော်ပါးခြင်း
(၁၅) သံမှိုရိုက်ထားသည့်ပျဉ်ပြားများနှင့် မီးစွဲနေသည့်မီးသွေးများအပေါ်လမ်းလျှောက်စေခြင်း
(၁၆) လဲလျောင်းစေပြီး၊ ရင်ဘတ်ပေါ်တွင်ကျောက်တုံးအလေးများတင်ထားခြင်း
(၁၇) ကပ်ကျေး၊ အပ်၊ ဓါး၊ ပလပ်ယာတို့ဖြင့်ခန္ဓာကိုယ်အသားအရေကွာသည့်အထိ သနားညှာတာစိတ် ကင်းမဲ့စွာဆွဲငင်ယူခြင်း၊ လျှာနှင့်မျက်စိများနာကျင်သည့်အထိထိုးဆိတ်ခြင်း၊
(၁၈) လူမဆန်စွာရိုက်နှက်မှုကြောင့် ကျင်ကြီး/ကျင်ငယ်စွန့်မိလျှင် အကျဉ်းသား၏လက်ဖြင့်ကိုယ်တိုင် ကိုင်စေပြီး အတင်းအဓမ္မရိုက်နှက်၍စားသောက်စေခြင်း
(၁၉) အကျဉ်းသားများ၏ခန္ဓာကိုယ်ပေါ်သို့ ခါချဉ်အုံကြဲချပြီး ကိုက်စေခြင်း
(၂၀) အကျဉ်းသားများ၏ခန္ဓာကိုယ်ပေါ်သို့ ထမင်း၊ ဟင်းများကြဲချပြီး ခွေးလေခွေးလွင့်များအားခေါ် ဆောင်လာပြီး စားစေပြီး၊ အကျဉ်းသားများအားကိုက်စေခြင်း
(၂၁) တရားရုံးသို့ခေါ်ဆောင်သွားစဉ်၊ လူကြီးလူငယ်များအားလုံးကိုတင်းကျပ်စွာချည်နှောင်၍တရားရုံး တွင်ပင်မကြာခဏရိုက်နှက်ခြင်း
(၂၂) အကျဉ်းထောင်ဝန်ထမ်းများမှ သွားရင်းလာရင်း တိရိစ္ဆာန်များကိုခေါ်သကဲ့သို့အမှုအရာ၊ စကား များဖြင့်ခေါ်၍၊ အကောင်ဟုလည်းကောင်း၊ နွားကုလားများဟုလည်းကောင်း စသဖြင့် ဆဲဆိုခြင်း
(၂၃) အကျဉ်းထောင်အတွင်းနှင့်အပြင်တွင် အကျဉ်းသားများကိုလက်၊ ခြေ၊ လည်ပင်း၊ ခါးများကိုကြိုး ဖြင့်တင်းကျပ်စွာချည်နှောင်၍ ခန္ဓာကိုယ်၏အင်္ဂါအစိတ်အပိုင်းများအားလုံးကို ပြင်းထန်စွာ ဒဏ်ရာရ သည့်အထိရိုက်နှက်ခြင်း
(၂၄) အကျဉ်းသားများမမာမကျန်းဖြစ်ခဲ့လျှင် ဆေးဝါးကုသမှုလုံးဝပြုလုပ်မပေးခြင်း
(၂၅) အကျဉ်းသားများ၏ ဆွေမျိုးမိတ်သင်္ဂဟများလာရောက်တွေ့ဆုံခွင့်တောင်းလျှင်လုံးဝမပေးခြင်း၊ ဆေးဝါး၊ အစားအသောက်၊ စားနပ်ရိက္ခာ၊ ငွေကြေး၊ အ၀တ်အထည်များ ကိုလည်း ပေးခွင့်မပြုခြင်း
(၂၆) အကျဉ်းသားများကိုအတင်းအဓမ္မမုဒိန်းကျင့်သည့်အပြင် သုတ်ရည်များကိုပါးစပ်တွင်းသို့အတင်း ထည့်၍မျိုချစေခြင်း
(၂၇) အထက်ပါအတိုင်း သန်စွမ်းသူ၊ မသန်စွမ်းသူများနှင့် ခြေကျိုး၊ လက်ကျိုး၊ နားပင်း၊ ရူးသွတ်၊ သက်ကြီး၊ သက်ငယ်မကျန်ထိုနည်းတူစွာပြုလုပ်ခြင်း
(၂၈) “မောင်မင်းတို့အလ္လာဟ်အကြီးမားဆုံးဖြစ်တယ်လို့မောင်မင်းတို့ပြောတယ်မဟုတ်လား။ အခုမင်း တို့အလ္လာဟ်မင်းတို့ကိုကယ်ဖို့ခေါ်လိုက်” ဟုပြောဆို၍ဘာသာရေးကို စော် ကားခြင်း
(၂၉) အထက်ပါကဲ့သို့နည်းမျိုးစုံဖြင့်ရက်စက်ရမ်းကားခြင်းကြောင့် ရိုဟင်ဂျာမွတ်စလင်မြောက်များစွာ သေကြေခဲ့ရသည်။ ထိုသို့သေဆုံးခဲ့ရသူများ၏အလောင်းများကို မိသားစုများ သို့ပြန် လည်ပေးခြင်းမပြု လုပ်ဘဲ၊ ၎င်းတို့သဘောအတိုင်းမည်ကဲ့သို့ပြုလုပ်သည်ကိုမသိရှိရခြင်း၊ သေဆုံးသူကိုအစ္စလာမ်ဘာသာ ထုံးထမ်းစဉ်လာအတိုင်းသဂြိုဟ် ခွင့်မ ရခြင်း
ရိုဟင်ဂျာမွတ်စလင်များကို အပြစ်တစ်စုံတစ်ရာမရှိဘဲ၊ သက်သေအထောက်အထားမရှိဘဲ၊ ဖမ်းဆီး၍ ရခိုင်လူမျိုးအားသက်သေအဖြစ်ခေါ်ယူပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူများ မှာမရေ မတွက်နိုင် အောင်ရှိနေပါသည်။ ငွေကြေးချမ်းသာသူများထဲမှာ ငွေကြေးသိန်းပေါင်းများစွာပေး၍လွတ်မြောက်လာ ခဲ့သူများရှိသော်လည်းလွန်စွာနည်းပါးပါ သည်။ အများ စုမှာငွေ ကြေး မတတ် နိုင် သူများဖြစ်သောကြောင့် အကျဉ်းထောင်အတွင်း အထက်ပါအတိုင်းညှင်းပန်းနှိပ်စက်မှုပေါင်းစုံကိုခံစားနေကြရပါသည်။
ထိုသို့ဖမ်းဆီးခံရပြီး၊ ညှင်းပန်းနှိပ်စက်ခံရမည်ကိုစိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေသူများရှိသကဲ့သို့၊ နိုင် ငံခြားသို့အပြီးအပိုင်ထွက်ပြေးသွားသူများလည်းအများအပြားရှိနေသည်။

link;/ http://thevoiceofrohingyas.wordpress.com/2013/02/09/%E1%80%98%E1%80%B0%E1%80%B8%E1%80%9E%E1%80%AE%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9-2/

No comments:

Post a Comment