Friday, February 8, 2013

ရခိုင်လူမျိုးတို့၏ သမိုင်းတစ်ခေတ်ကို လှစ်ဟ ပြနေသော သံဂျိပ်တစ်ပုဒ်



(မောင်ယိုး ) ( လေးလေး) ….( လေးလေး) (မောင်ယိုး)
တထောင်သုံးရာ သုံးခုဖြစ်လို့ ကောဇာသက္ကရာဇ်ရောက်သောခါ ၊ တန်းခူးမိာစိကြ လဆန်းပက္ခ ရှစ်ရက်တွင်၊ အာကာကောင်းကင် ၀ဲပျံလတ် ၊ ဂျပန်လီတပ် ဗုံးမိုးရွာ ၊ မြို့စစ်တွေမှာ ဖွဲပြာကျ ၊ အင်္ဂလိပ်က မခံနိုင်၊ ဦးကျော်ခိုင်ကို အပိုင်လွှဲ ၊ ထွက်ဗျာလ်ဗြီးလို့ တိုင်းပြည်ပြို ၊ ကုလားထိုထို သခင်သတ်၊ ရက်ချောင်းပင်ကပ် (ရက်ချောင်းရွာ) ၊ရှေးဦးစွာ ၊ မင်းပြားနယ်မှာ ညရွာလက်မ ၊ ဖွဲပြာကျလို့ အိမ်မမြင် ၊ ဗြုန်းဗြုန်းစင်ရေ ကုလားများ။ ကျောက်တော်ဖျားက ကုလားတေ ၊မောင်တောနယ်ကို တစ်ချို့ရောက် ၊တစ်ချို့ရောက်တေ ဘူးသီးတောင် ၊နှစ်ဟောင်းကုန်အောင် ဆူကာပွက် ၊ နှစ်သစ်တက်လို့ တစ်နှစ်ကုန်
လကဆုန်တွင် သူပုန်ထ ဖုံညိုလိပ်ရွာက (ရသေ့တောင်မြို့နယ် မစဲကျွန်းမှ ရွာအမည်) စလာပြန် ၊ ရခိုင်ရွာမှာ ပြာအတိ ၊ညောင်ချောင်းအထိ မီးကြီးလောင်၊ ဘူးသီးတောင်နယ် ရွာအများ ၊ ရခိုင်ကုလား အားလုံးစင် ၊ ဂူတာပြင်က အစထား ၊ ကုလားရွာများ ကြွင်းကျန်ခါ မောင်တောနယ်မှာ တစ်ပြည်လုံး ၊လူပါပြုန်းလို့ မီးကြီးလောင် ရသေ့တောင်မှာ ချို့တ၀က်၊ ကုလားဖျက်သော ရွာကျောင်းတွေ ၊ မီးခိုးဝေေ၀ ထွက်မဆုံး ၊ အားလုံးပြုန်းလို့ ဖွဲပြာမြင် ရဟန်းရှင်လူ အလွန်ကြောက် အညာရောက်လို့ တစ်ချို့သီ ကုလားတိကို ပြန်ကာချ ၊၀ါသာဝ က ဦးစီးဆောင် မယူတောင်ကို ကျော်ဗျာလ်လား ၊ပင်လယ်နားမှာ ကုလားမြင် အကြွင်းမထင် ၊ အားလုံးပျောက် ကိုးတန်ကောက်နှင့် ကျောက်ပန်းတူ ၊ ကြီးငယ်မဟူ ဇာမရွီး ဆထက်ကဲလို့ ကုလားသီ ရွာကြီးရွာငယ် အားလုံးဖျက် ဂျပန်တက်လို့ ကြားကဖျိုင်   အားမနိုင်လို့ သီးခံရ ၊ရန်ဒေါသကား မငြိမ်းယောင် ဗိုလ်ရန်အောင်ပါ သခင်မြ ( မာရုယာမ ဟာဒူုရီ  (ဂျပန်နာမည်မျာ)  စစ်မေလ်ထရီ တောင်ထရိုး ၊အုပ်ဗျာလ်စို့လို့ တန်ခိုးထောင် ဘူးသီးတောင်မှာ သင်္ဘောနစ်   သုံးရာငါးကျိပ် လူများသီ ဗမာစစ်သည် ထွက်ဗျာလ်ဗြီး တန်းတင်တောင်ထဲ ဖြစ်၍ကျော် မြို့ကျောက်တော်ကို တစ်ချို့ရောက် အပေါက်ဝမှာ တစ်ချို့နိန် မယူကမ်းခြေ လူအများ သောကပွားလို့ ဒုက္ခခံ ကိုဂျပန်ကို ငြိမ်းအောင်ထိန်း သူပုန်မီးက ငြိမ်းသောခါ ပေါက်တောရွာမှာ တစ်တပ်ချ   ပညာသီဟ ကြာလှအောင် ၊တမိုးအောင်ကုန် ခံတပ်ချ တန်းဆောင်မုန်းလ နတ်တော်မှာ သနင်္ဂဗျူဟာ တပ်စုံခင်းလို့ အပြင်းတိုက်လျှက် ချီတက်လာ ဝေဟင်နဘာ လီရဟတ် စက်သေနတ် နှင့် တက်ဗျာလ်ကူ ကုလားမဲ ဖြူ မီးနှင့်တိုက် သေနတ်ပစ်လို့ အပြင်း နှင် မယူကမ်းနိန် လူအများ ၊စွန့်ပစ်ထားရေ ရခိုင်မြီ ကျွဲနွား ရွှေ ငွေ အားလုံးမွဲ အညာဗြီးလို့ ကူလီခံ ၊တစ်ခါတရံ မကြုံဖူး ဂျပန်ဘီးလူး မာစတာ ၊ရွှေပြည်ဓညာ ပျက်အောင်ဖျက် အလွန်ရက်စက် မာစတာ လိပ်နှင့် ကန်မှာ(လိပ်နှင့် ကန် အင်္ဂလိပ်-အမေရိကန်) မှန်တောင်က (မှန်တောင်=မယူတောင်တန်းတွင်ရှိသော တောင်) တပ်ကြီးချလို့ ခံတပ်တည် ရွာကြီး ရွာချေ ဇာမရွီး ဗုံးဗလကြဲလို့ လူများသီ လှေကြီးလှေငယ် မြင်သမျှ ပစ်ဗျာလ်ချလို့ အားလုံးကုန် ဆင်းရဲဖုံဖုံ ခံစားရ တပေါင်းလကျ ထိုအခါ   ဂျပန်တိက မှန်တောင်တက် အတင်းဖျက်လို့ လိပ် ကန်သီ မယူတောင်ခြေ လူကောင်များ ခွီးကြောင် မစား တောင်ပိုင်ပုံ ရွီတွက်မကုန် စစ်အသုံး လက်ပစ်ဗုံးနှင့် အမြောက်ဆံ အဘိုးထိုက်တန် သေနတ်များ အ၀တ်အစား လက်နက်စုံ တောင်ပုံသဲပုံ ယူမခန်း ဗရမ်းဂန်း နှင့် ကျည်ဆံပုံ ပစ္စည်းလုံးစုံ ရခိုင်ဦး တစ်ယောက်တစ်မျိုး ကုန်ကြီးသွယ် အနယ်နယ် ကြိုကာဖြန့်ပီး လိပ်ကန်ပြီးလို့ များမကြာ ကိုယ့်တိုင်းပြည်ရွာ ကိုယ်ပြန်ရောက် ကုလားပျောက်လို့ ရခိုင်နိန် မယူကမ်းခြေ လူအများ လယ်လုပ်စားဖို့ နွားမမြင်   ကျွဲနွားကုန်စင် အားလုံးသိမ်း အပူမငြိမ်း သောကလောင် ကျွဲတစ်ကောင်ကို တစ်ထောင်ကျ လယ်လုပ်မရ လူများစွာ လယ်ယာများစွာ တောကြီးဖြစ် ကောင်းကောင်းညစ်တယ် မာစတာ ရခိုင်ရို့မှာ ကူလီလုပ် တကုပ်ကုပ်နှင့် ကူလီခံ စပါးနှင့် ဆန် တင်ပီးရ အတက်အကျ ဗွေမယူ ကြီးငယ်မဟူ ဇာမရွီး ဟေ့ မပြေးနဲ့ ဘီ့တမာ ( ရာဘာ ရာဘာ(ဂျပန်စကား လာပါလာပါ))  မူလာဥ၊ အိုဆုဘီန ဗာနာနာ ဆာကနာ(ဆာကနာ= ဖေ့သာ) ကို အများကြီး   ထောင့်ငါးရာချီး မေခီးနော်  တကယ်နာကို ယူလို့ပေး တယ်မဝေးဘူး အနီးနော် ဆန်းကျော် (ဆန်းကျော်=သူကြီး) ခေါ်၍ သူ့ကိုပြော။ အရိယာတော(အရိယာတော=လားကတ်မေ) လားကတ်မေ ရခိုင်တိမှာ ကူလီဖြစ် ကောင်းကောင်းမိုက်တေ မာစတာ ဒင်္ဂါးများစွား ထုတ်ကာပီး အုပ်ချုပ်ရေးက တဥာဏ်ဆင် တချို့ မခံ ရခိုင်များ ဆန်နှင့်စပါး ကုလားကို ငွေကိုလိုလို့ ရောင်းဝယ်မှ ဖက်ဆစ်ဝါဒ ပေါ်လာကာ လူများစွာမှာ ခါးပိန်ဖြစ် ထွက်ဗျာလ်ပစ်လို့ အများသီ။ ငုံ့ခံနိန်လို့ ဟန်မကျ ပညာသီဟ ဦးစိန္တာ ကြာလှအောင် ပါ ဗိုလ်ညိုထွန်း သေနတ်ထမ်းလို့ တော်လှန်ပြန် ဂျပန်လုံးစုံ ဆုတ်လို့ဗြီး အုပ်ချုပ်ရေးနှင့် ကမွန်းတိုင် မနိန်နိုင်လို့ ပြန်ဗျာလ်ဆုတ် ၀ါးရင်းတုတ်နှင့် ရိုက်သတ်ကာ   မလာကာ(သီခြင်း) သို့ ဂျပန်ရောက် နီပွန်ပျောက်လို့ ဗြိတိန်ပေါ်၊ စကားချိုချို မျက်နှာထား လိမ်ဥာဏ်များရေ တကယ့်လူ   စာတန်းဖြူနှင့် တပါတ်ရိုက်   ဂျပန်ခေတ်က လူကြီးငယ် အနယ်နယ်မှာ တမ်းဘောင်ချ ဖဆပလ သခင်ပေါ် အောင်ဆန်းဗိုလ်က အကြံရ ပြောက်ကျားတပ်မ တည်ထောင်ကာ ကဠုန် (ကဠုန်ဦးစော) နှင့် ပင် အကြံထုတ်၊ တစ်နည်းလုပ်ဖို့ အရကိုင် ဥာဏ်မပိုင်လို့  အနိုင်ပို ဗိုလ်ချုပ်အောင်ဆန်း အတ်တလီ ဇန်န၀ါရီ အချိန်ကျ   လွတ်လပ်ရေးက ရဖို့ဗျာ မုချမသွယ် အတည်ပြု လေးဆယ့်ရှစ်ခု ရောက်သောခါ ဗမာပြည်မှာ ကိုယ်ပိုင်ရ ဂျာနရီ (ဂျာနရီ=ဇန်န၀ါရီ) ကမှတ်ပါလေ လိမ်ဥာဏ်ဆင်လို့ ပြောစကား လူထုများက မကြည်ညို   ၀ါးစည်းပြီသို့  ပြိုကာကွဲ   လက်နက်ဆွဲလို့  တိုက်ဖို့ ဆင် တောကိုဝင်လို့ တစ်ချို့ခြောက်   သေနတ်ဖေါက်လို့ ဆူဆူညံ   တိုက်သံခိုက်သံ ညံမစဲ ၀ါခေါင်လထဲရောက်သောခါ ဗိုလ်အောင်ဆန်းပါ ၀န်ကိုးယောက် သေနတ်ဖေါက်လို့ ထိုးမှောက်နိန် ကိုးယောက်သီလို့ အတည်ပြော ကဠုန်စော ကို ဖမ်းယူခါ   သခင်နု မှာ ဥက္ကဌ  ဖဆပလ ဦးစီးကိုင် လက်ရှိပြည်ပိုင် အစိုးရ စည်းကမ်းတကျ အုပ်ချုပ်ပါ ကဠုန်နှင့် လူငါးယောက် လူပါပျောက်လို့ အသက်သီ လူထုဆွေလို့ တရားဟော စကားနှင့်ပြော ဥာဏ်ပလီ ဇန္န၀ါရီ လေးရက်တည်း၊ လွတ်လပ်ရေးပြီး ကြေငြာသံ ဆူဆူညံညံ ပြောင်းအမြောက် အကြောင်းမထောက်အတ်တလီ စာချုပ်စီလို့ အတင်းပီး လွတ်လပ်ရေးက ယောင်တောင်တောင် လျော်ကြေးကုန်အောင် အားလုံးချ ကုဋေတစ်ရာ့ငါးဆယ်ကျော် လူတစ်ယောက်မှာ တစ်ရာကျ တစ်ခုပိုင်လေ့ မလွတ်နိုင် ၊မပီးနိုင်ဟု တစ်စုပြ၊ ဗိုလ်လင်္ကျာက တဥာဏ်ဖွေ ရဲဖြူတိနှင့် တောကိုထွက် ဆူကာပွက်လို့ အတင်းကြံ ကုလားရန်က အလွန်ကြီး ရန်ချင်းရေနီ ကာဆိန်းပိုင် မယူတောင်ပေါ် ရုံးတော်ဆောက် အကောက် ကောက်လို့ ရန်ချင်းပြိုင် ပြည်ရခိုင်မှာ လူအများ၊ သောကအိုနှင့် ပြောမကုန်၊ ကမ်းကုန်ယမ်းကုန် လုံးစုံမိုက် ဒမြတိုက်လို့ ပပြောင်စင် ရွှေငွေလုံးစုံ အားလုံးပျောက် ၊မောင်ကောင်းလောက်နန့် သုံးစွဲခါ၊ သုခချမ်းသာ ဇာမဟိ ဆားငပိနန့် ပတုန်းရှည် ငါးခြောက်ဝယ်လို့ စားသောက်ရ ရွှေစ ငွေစ အားလုံးစင် စပါးခြင်လို့ အရောင်လား စစ်သားများနှင့် ထမ်းလို့ယူ စိတ်ပူပူနှင့် ငွေကိုင်ပီး တုတ်နှင့်ဆွဲလို့ လိုက်ပို့ပြန် ပါကိစ္စတန် ပိုင်နက်ရောက် ကာဆိန်းအကောက် လေးဆယ်ကျော် ၊ပြောက်ကျားဗိုလ်က ရှယ်ယာတောင်း ထက်အောက်ပေါင်းက နှစ်ဆယ်ပါ၊ ကူလီခနှင့် လှေခပေး၊ ငွေအနည်းငယ် လက်မှာတင်၊  ဖဲပွဲဝင်လို့ အတင်းထိုး အရင်းအတိုး ပြောင်ပြောင်ကုန်၊ ရင်တုန်တုန်နှင့် အိမ်ပြန်ရောက် စပါးကောက်လို့ အကြွေးဝယ် အ၀ယ်တော်ကို လိုက်ဗျာလ်လား   ပါစပါးကို အားလုံးခြင်၊ တောင်းတစ်ရာလျှင် ဆယ်ကျော်ပျောက်၊ ငွေမလောက်လို့ ဆိုင်းငံ့သော်၊ တလကျော်ကျော် ငွေမရ စားစရိတ်က ကြီးလာပြန်၊ လူထုများစွာ ဒုက္ခဆိုက်၊ အပူတိုက်နှင့် မကင်းချေ ၊စိတ်ပျော်စရာ ဇာမဟိ၊ သောကကြီးလို့ လူများသီ၊ အခုခေတ်မှာ လူအများ သတိထားဖို့ လှေခြင်းဆို၊ မောင်းယိုး လေးလေး၂ လေးလေး၂ မောင်ယိုး၂  မောင် ယိုး လေး ၀ါး ၊။ . . . . . . .
(အတွဲ ၁ ၊ အမှတ် ၈ ၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း 1959-1960)
ဤသံချပ်ကို ရေးစပ်သီကုံးခဲ့သူမှာ  ရဟန်းပုဂ္ဂိုလ်တစ်ပါးဖြစ်သည်ဟု သိရှိခဲ့ရသော်လည်း  ဘွဲ့တော်ကို တပ်အပ်သေချာ စွာ မသိရတော့ပါ၊

No comments:

Post a Comment