"ယခင်အစိုးရအဆက်ဆက်ရဲ့အမှားတွေ
ကို
တွေ့ရပါတယ်။ အထူး သဖြင့် ဘင်္ဂလီများဟာ ဒီအမှားတွေကို လိမ္မာပါးနပ်စွာ
အသုံးချခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခ
ံဥပဒေနဲ့ ပါတ်သက်လို့" ...............................
၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်နယ်ဍှ် အင်္ဂလီဆူပူမှုကြောင့်
ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊
နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ
မဟာဗျူဟာမြောက် ရေတို၊ရေရှည် အထူးအစီအမံတို့ဖြင့် ဦးစားပေးဆောင်ရွက်ရန်
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအေးမောင်၏ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကျွန်တော်တို့ရဲ့ ပြည်ထောင်စုသမ္မတနိုင်ငံတော်မှာ ဆိုရင် အဓိကအားဖြင့်
ဒို့တာဝန်အရေး(၃)ပါး ဦးထိပ်ထားပြီးတော့ ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးဆိုတဲ့ နံပါတ်(၃)အချက်ကို ဦးတည်ပြီးကာမှ ကျွန်တော်တို့
ဆောင်ရွက်ကြိုးပမ်းနေကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ စာရွက်ပေါ်မှာ
ရေးထားရုံနဲ့ မလုံလောက်တော့ပေမယ့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်
အဓိကအရေးကြီးတဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
ခိုင်မြဲရေးအတွက် အချင်ချင်းဖြစ်နေကြတဲ့ ပြည်တွင်း ပဋိပက္ခတွေကို
ရပ်ဆိုင်းပြီးခါမှ တကယ့်တကယ်အရေးကြီးတဲ့ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်
လိုအပ်တဲ့ ကဏ္ဍလေးတွေကို ကျွန်တော်တို့ရဲ့ သေနက်ပစ်ဖေါက်မှု
တစ်ခုမှမလုပ်ရဘဲနဲ့ ဆုံးရှုံးသွားမယ့် ကဏ္ဍ တွေကို သတိပြုဖို့ ၊ သတိမူမိဖို့
အချိန်ရောက်ပြီဆိုတာကို ဒီအဆိုကို ရည်ရွယ်ချက်ပေါင်းများစွာနဲ့ တင်ပြရခြင်း
ဖြစ်ပါတယ်။
ဒီအဆိုနဲ့ပါက်သက်လို့ ဥက္ကဌကြီးခင်ဗျား၊ ကျွန်တော်ကဏ္ဍ
(၃)ခုခွဲပြီးတင်ပြချင်ပါတယ်။ နံပါတ်တစ်က တော့ဖြင့် ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့
Root Cause ပါ။ ကျွန်တော်လေ့လာသုံးသပ်ပြီးခါမှ အချက်(၇)ချက်
လောက်ထွက်ပါတယ်။ ဒါကြီးကို မှီပြီးကာမှ နောက်ဖြစ်လာနိုင်တဲ့
အချက်လေးချက်လောက်ကို ကျွန်တော်သုံး သပ်တင်ပြထားပါတယ်။ သိတဲ့အခါမှာ
ရေတိုနေရှည်နဲ့ပါက်သက်လို့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို
သုံးသပ်တဲ့အခါမှ ထည့်သွင်းစဉ်းစားပေးဖို့အတွက် အချက်(၁၂)လောက်
ကျွန်တော်အကြံပြုတင်ပြရင်းနဲ့ ဒီအဆိုကို ကျွန်တော်
တင်သွင်းရခြင်းဖြစ်ပါတယ်။
အဲဒီတော့ ပထမ ကျွန်တော်
ဒီဖြစ်ပွားရတာနဲ့ ပါက်သက်လို့ အခြေခံပင်မအကြောင်းရင်းတွေကို ကျွန်တော်
(၇)ချက်လောက် သုံးသပ်ထားတာကို တင်ပြချင်ပါတယ်။ ဒီကျောက်နီမော်
ဖြစ်စဉ်ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ကာလမှာ သိကြတဲ့အတိုင်း တောင်ကုတ်မှာ
ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ကုတ်ဖြစ်စဉ်ကို မူတည်ပြီးမှ
ကျွန်တော်တို့ရဲ့နယ်စပ်ဒေသဖြစ်တဲ့
မောင်တော ဇွန်လ ၈ ရက်နေ့မှာ စပြီးတော့ ဖြစ်ပွားတဲ့ဖြစ်စဉ်ဟာ စစ်တွေ
ကိုကူးစက် အဲဒီနောက်မှာ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော စသဖြင့်
ဒေသတော်တော်များများမှာ ဘင်္ဂလီနဲ့ ရခိုင်ပဋိပက္ခများ ဖြစ်ဖြစ်ပြီးကာမှ
အခုဆိုရင် ဒုတိယလှိုင်းဖြစ်တဲ့ အောက်တိုဘာဖြစ်စဉ် ကူးစက်သွားပါပြီ။နောက်
တတိယမဖြစ်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ကို ကြိုးစားတည်ဆောက်နေတဲ့ကာလ မှာ
အခုလို တင်ပြခွင့်ရတာကိုပဲ ကျွန်တော့်အနေနဲ့ အင်မတန်
ကျေးဇူးတင်ပါတယ်ဆိုတာ ပြောချင်ပါတယ်။
အဲဒီတော့
ကျွန်တော်တွေ့ရှိတဲ့ Root Cause ခုနှစ်ချက်က (၁)ကျွန်တော်တို့ဆီမှာ
ဗြိတိသျှခေတ်ထဲက ရှိခဲ့ပါတယ်။ ကုလား ဗမာပဋိပက္ခ ဖြစ်ဖူးတာရှိခဲ့ပါတယ်။
ဒီအတိုင်း အသုံးပြုခဲ့ကြပါတယ်။ဒီတော့ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်ဟာ
ဒီဘင်္ဂလီပြဿနာ ၊ အထူးသဖြင့် ရခိုင်တွေနဲ့ ပါက်သက်တဲ့ နိုင်ငံရေးပြဿနာကို
ထိန်းညိုလိုတဲ့အခါ ဘင်္ဂလီတွေပြသနာနဲ့ ငြိမ်းခဲ့တဲ့ အစဉ်အလာရှိပါတယ်။
ဒါဟာလည်း သမိုင်းအားဖြင့် ကျွန်တော်တို့ မှားခဲ့တဲ့ ပထမအမှားတစ်ချက်လို့
ကျွန်တော် သုံးသပ်ပါတယ်။ နောက်သိတဲ့အတိုင်းပါ နယ်စပ် ဒေသဆိုတာ
ကျွန်တော်တို့ရဲ့ ပြည်ထောင်စု တစ်နံ့တလျားမှာ အင်မတန် ကျယ်ပြန့်တဲ့အခါ
လူဝင်လူထွက်က အစ လုံခြုံရေးအဆုံး အကုန်လုံးကို စီမံခန့်ခွဲနိုင်မှု
အားနည်းချက်ရှိကြတဲ့အခါ ဒီလူဝင်မှုကြီးကြပ်ရေးအပါအ၀င် သက်ဆိုင်တဲ့
ဒေသအာဏာပိုင်အဆင့်ဆင့်ရဲ့ ကျွန်တော်တို့ ဒီလာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှု
စတဲ့ ကျွန်တော်တို့ရဲ့ Miss Management နဲ့ကျွန်တော်တို့ တရားမ၀င်ဘင်္ဂလီတွေ
ခိုးဝင်လာတာကို မတားဆီးနိုင် တာတွေ နောက် ဘင်္ဂလီတို့ ရဲ့ မမှန်မကန်
နိုင်ငံသားဖြစ်လိုမှုဆိုတဲ့ ဒီဥစ္စာကို နိုင်ငံသားအဖြစ်ယူနိုင်ခဲ့တဲ့အထိ
စီမံခန့်ခွဲမှုဆိုင်ရာ တရားဥပဒေစိုးမိုးမှုဆိုင်ရာ အားနည်းခဲ့တဲ့
အဖြစ်တွေကြောင့် ကျွန်တော်တို့ ဘင်္ဂလီဦးရေ ကြောက်ခ မန်းလိလိ
တိုးတက်လာရတယ်လို့ သုံးသပ်တယ်။
အဲဒီသုံးသပ်ချက်ဟာ
ဒုတိယအကြောင်းရင်းတစ်ခုလို့ ကျွန်တော်တို့သုံးသပ်ပါတယ်။ ကျွန်တော်တို့
ပြီးခဲ့တဲ့ အစိုးရဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်တော်တို့ရဲ့ ပြည်တွင်းပြင်ပမှာ ရှိနေတဲ့ Activise တွေဟာ စစ်မျက်နှာအမျိုးမျိုးဖွင့်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ပြသနာတွေကို
ရှေ့တန်းတင်တဲ့ အခါမှာ အစိုးရအဆက်ဆက်ကို တိုက်ခိုက်မှုတွေဟာ အမေရိကန်
၊ဥရောပအပါအ၀င် နိုင်ငံပြင်ပမှာ ရှိတဲ့အခါ ဒါကို အခွင့်အကောင်းယူပြီးကာမှ
ဘင်္ဂလီတွေက သမိုင်းလိမ်ဖန်တီးပြီးခါမှ ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ လူ့အခွင့်
အရေးချိုးဖောက်ခံရမှုတို့ နိုင်ငံသားဖြစ်လိုမှုဆိုတဲ့ ဦးတည်ချက်တွေကို
စစ်မျက်နာဖွင့်လာတဲ့အခါမှ ရခိုင်ပြည် ကြီးရဲ့
ရှေ့ကတည်ရှိခဲ့တဲ့သမိုင်းအခြေခံအချက်အလက်တွေ၊
သမိုင်းရဲ့ဖြစ်စဉ်တွေကို ဂဃနဏ မသိဘဲ သေသေချာချာ ဆုံးဖြတ်ခြင်းမရှိဘဲနဲ့
လူ့အခွင့်မရဘူးဆိုတဲ့အောက်မှာ တိုင်းရင်းသားဖြစ်လိုတဲ့ အခွင့်အရေးကို
အသုံးချခံခဲ့ရတာဟာ ဒီလိုဘဲ တတိယအမှာတစ်ခုလို့ သုံးသပ်ပါတယ်။
နောက်သိကြတဲ့အတိုင်းပါပဲ ၁၉၉၀ ပြည့်လွန်ကာလတွေမှာ
စီးဆင်းမှု၊ခိုးဝင်မှုတွေကို စိစစ်မှုရှိတဲ့အခါမှာ အစုလိုက်အပြုံလိုက်
ပြည်ပဘက်ကို ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း
ဒုက္ခသည်ပြသနာ၊ နိုင်ငံတွင်းကို ပြန်လည်နေရာချထားရေးပြဿနာကလည်း
လူသားချင်းစာနာထောက်ထားတဲ့အနေတဲ့ ကုလသမဂ အပါအ၀င် နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာ အသုတ်လိုက် အသုတ်လိုက် ရခိုင် ပြည်နယ် မြောက်ပိုင်းကို ၀င်လာပါတယ်။ အထူးသဖြင့် UNHCR တို့WFD တို့၊ နောက်ပွင့်ပွင့်လင်းလင်းပြောရရင်
FAO အပါအ၀င် UN အင်ဂျီအို တော်တော်များများလာပါတယ်။ နောက်
အိုင်အင်ဂျီအိုထဲက ပြန်ကြည့်တဲ့အခါ အများကြီးပါ။ AZG တို့ACF တို့၊BAGတို့
နောက် MSF တို့ ဒီယားမိုင်အို တို့ စတဲ့ အိုင်အင်ဂျီတွေ
အများကြီးလာတဲ့အခါမှာ သူတို့ ဘာကို ဦးတည်သလဲဆိုတော့ ရိုဟင်ဂျာ အစ္စလာမ်
ထောက်ထားညှာတာရေးဆိုတဲ့အစီစဉ်တွေကို
ဦးစားပေးပြီးကာမှ ဒီဘက်မှာရှိတဲ့ လူများစုက လူနည်းစုဖြစ်သွား တဲ့
ဒေသခံတိုင်းရင်းသားတွေရဲ့ ကဏ္ဍကို မေ့ပျောက်ပြီးကာမှ ဒီဘက်က
အနှစ်နှစ်ဆယ်ကျော်လောက် တစ်ဖက်စောင်းနင်းကျန်းမာရေး၊ ပညာရေး၊
လူမှုရေးအကူအညီတွေ အလွန်အကျွံပေးတာတဲ့နောက်ပိုင်းမှာ
ဒီဘက်မှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ခံစားချက် တွေကို လစ်လျှူရှုပြီးကာမှ
နောက်ပိုင်းဒီအင်ဂျီအိုအပြင် ယူအမ်အေဂျင်စီတွေမှာ ပါဝင်နေကြတဲ့
ဝန်ထမ်းတွေကိုယ်တိုင်က နိုင်ငံရေးနဲ့နွယ်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်
ပြီးကာမှ ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီးကာမှ ၊ လှုပ်ရှားလာကြတဲ့နောက်ပိုင်းမှာ
ဒီပဋိပက္ခဟာ ပိုပြီး မီးလောင်ရာ လေပင့်သွက်လက်လှုပ်ရှားလာတယ်လို့ သုံးသပ်ရပါတယ်။
ဒီအချက်တွေကို စတုတ္ထအချက်အနေနဲ့ ကျွန်တော်မြင်မိပါတယ်။ ပဉ္စမအချက်အနေနဲ့
ပြန်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ ဆင်ခြေဖို့ကောင်းတဲ့
ယခင်အစိုးရအဆက်ဆက်ရဲ့အမှားတွေကို
တွေ့ရပါတယ်။ အထူး သဖြင့် ဘင်္ဂလီများဟာ ဒီအမှားတွေကို လိမ္မာပါးနပ်စွာ
အသုံးချခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့
ပါက်သက်လို့ ဆန္ဒခံယူပွဲလုပ်တဲ့အခါမှာ ၁၉၈၂ နဲ့နိုင်ငံသားဥပဒေနဲ့
နိုင်ငံသားမခိုင်လုံတဲ့သူတွေ ကို နိုင်ငံသား၊ ဧည့်နိုင်ငံသား
နိုင်ငံသားဖြစ်နိုင်ဆိုတဲ့ မပါတဲ့ပုဂိုလ်တွေကို ယာယီနိုင် ငံသားဆိုတဲ့
အဖြူကဒ်တွေကို ပေးပြီးကာမှ မဲပေးခွင့် ပေးခဲ့ကြတာရှိပါတယ်။ နောက်တစ်ချက်က
အဲဒီပုဂိုလ် တွေက ပါတီတည်ထောင်ခွင့်တို့၊ပါတီမှာ ပါဝင်ခွင့်တို့ကို
ဒီယာယီဆိုတဲ့ဆန္ဒမဲပေးခွင့်တို့ ဒီယာယီဆိုတဲ့ ၁၉၈၂ ဥပဒေမှာ မပါတဲ့ဥစ္စာလေးနဲ့
နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးခဲ့လို့ တွေ့ရှိရပါတယ်။ နောက်ပြီးတော့
ဒီကိုင် ဆောင်ထားတဲ့ပုဂိုလ်တွေ မွေးဖွားလာတုန်းက နိုင်ငံသားမိဘနှစ်ပါးက
မွေးဖွားလာရမယ်ဆိုတဲ့ ခုနကဥပဒေသာ ရှိခဲ့တယ် ဆိုသော်လည်း
အကြောင်းကြောင်းတွေနဲ့ ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ ရွေးကောက်ပွဲ တွေဝင်
လွှတ်တော်အမတ်တွေ ဖြစ်သွားကြတဲ့ လက်ရှိအခြေအနေကို သုံးသပ်ကြတဲ့အခါ
ဒီအချက်(၃)ချက်ဟာလည်း ခုနကတင်ပြခဲ့တဲ့ နံပါက် (၅)ကြီးထဲမှာ ပါတဲ့ Root
Cause လို့ ကျွန်တော် သုံးသပ် ပါတယ်။
နောက်တစ်ခု နံပါတ် (၆)ထဲမှာ ပါတဲ့
ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ် ခေတ်မီတဲ့ နိုင်ငံတော်
သစ်ကြီုးကို တည်ဆောက်တော့မယ်လို့ ကျွန်တော်တို့ရဲ့
အစီအစဉ်ရောက်လာတဲ့အခါမှာ သူတို့ရဲ့ အမျိုးသား Activity ကိုမြှင့်ပြီးကာမှ
ဘင်္ဂလီဟာ တိုင်းရင်းသားဖြစ်တယ်ဆိုတာ ဒီဘက်ကဦးတည်ချက်နဲ့ သူတို့ရဲ့
ဟိုးတုန်းက ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အပြီး ဟိုးဘက် ဘူးသီးတောင်၊
မောင်တော၊ရသေ့တောင်ကို ကွေ့ပက်ပြီးကာ မှ ပါကစ္စတန်ကို ပေါင်းမယ်ဆိုတဲ့
ရည်ရွယ်ချက်က ဖွဲ့ပြီးကာမှ ဒီအတောမသက်နိုင်တဲ့ ဧရိယာတစ်ခု
သတ်မှတ်ချင်တဲ့သဘောနဲ့ တိုင်းရင်းသားဖြစ်လိုတဲ့ ဆန္ဒကို လွန်လွန်ကဲ
ကဲသုံးလာတာ ကို တွေ့ရတာဟာ နံပါက်(၆) အချက်အနေနဲ့ တွေ့ရပါတယ်။
နောက်နံပါက်(၇)အချက်နဲ့ပြန်ကြည့်တဲ့အခါမှာ
ဒါဟာ သမားရိုးကျ မဟာဗျူဟာမြောက်ရည်မှန်းချက် ဖြစ်ပါတယ်။ဘာသာရေးယူအရ
လူအများစု ဖြစ်ရန် ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီးခါ မှ
ဇနီးမယားများစွာ ယူခြင်း၊ အလွန်အကျွံကလေးမွေးဖွားမှု၊ အသက်မပြည့်သေးဘဲ
အိမ်ထောင်ချထားပေးမှု စတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ မြှပ်ကွက်၊
ဟာကွက်တွေကို သုံးပြီးကာမှ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ပြီး ကျွန်တော်တို့ရဲ့
နယ်စွန်နယ်ဖျားတွေမှာ တွေ့ရပါတယ်။ နောက် ဘာသာရေးတက္ကသိုလ်၊
ဘာသာရေးကျောင်းတွေ အလွန်အကျွံ၊ ကျွန်တော်တို့ရဲ့ ဥပဒေပြင်ပကနေ
တည်ထောင်ပြီးကာမှ ခွင့်ပြုချက်မဲ့ ထားပြီးကာမှ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး
အလှူရှင်များရဲ့ ဘဏ္ဍာငွေတွေကို သုံးပြီးကာမှ တည်ထောင်လာကြတာကို
ကျွန်တော်တို့ တွေ့ရပါတယ်။
အဲဒီက ထွက်တဲ့ပုဂိုလ်တွေဟာလည်း
တာလီဘန်ပုံစံမျိုးနဲ့ လူငယ်လူရွယ်တွေနဲ့ ပြီးခဲ့တဲ့ဇွန်လ ၆ ရက်နေ့က
ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာ လူငယ်တွေဟာ
စစ်သွေးကြွ တက်ကြွပြီးကာမှ ရခိုင်တွေရဲ့အိမ်ကို လာပြီး
ပထမဆုံးလှုံ့ဆော်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ ဒီအချက်တွေကို
ပြန်သုံးသပ်တဲ့အခါ ဒီဥစ္စာဟာ ကျွန်တော်တို့ တွက်ချိန်ထားတဲ့ အခြေခံအချက် ၇
ချက်ဟာ တစ်ပြိုင်တည်း တစ်ကြိမ်တည်းဖြစ်အောင် စနစ်တကျဖောက်ခွဲတယ်၊
အချိန်ကိုက်ဖောက်ခွဲလာတဲ့ အစီစဉ်ကောင်းတစ်ခုလိုပဲ ကျွန်တော်သုံးသပ်ပါတယ်။
အဲဒီလိုဘဲ ဒုတိယတစ်ကြိမ်ဖြစ်တဲ့ second way မှာဖြစ်တဲ့ဖြစ်စဉ်ကို
ပြန်ကြည့်ရင်လည်းပဲ စနစ်တကျ အချိန်ကိုက်ဖောက်ခွဲမှုဖြစ်တယ်လို့ Root cause ကို ကျွန်တော်ပြန်လည်တင်ပြရခြင်းဖြစ်ပါတယ်။
ဒါနဲ့ပါက်သက်လို့ နောက်ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ကျွန်တော်
ကျန်ခဲ့တဲ့ဇူလိုင်လတုန်းက တင်ပြခဲ့တဲ့ အချက်အလက်လေးတွေကို လေးချက်ကို
ပြန်ဖက်ပြချင်ပါတယ်။ ဦးဆုံးကျွန်တော်တို့ရဲ့ လူမှုရေးအားနည်းတဲက
နယ်စပ်ဒေသေအ၀ါအ၀င် ကုန်းလမ်းရေလမ်းဆက်သွယ်မှု ဧရိယာ တော်တော်များများ မှာ
ပြင်ပကကျူးကျော်လာတဲ့ သို့မဟုတ် အတွင်းမှရှိတဲ့သူတွေရဲ့ လှုံ့ဆော်မှုတွေက
ရာဇ၀တ်မှု အမျိုးမျိုးကို ကျူးလွန်နိုင်တယ်။ မီးရှို့မှု၊ ဓါပြတိုက်မှု၊
လုယက်မှု၊ကျွဲနွားခိုးမှု ကျွန်တော်တို့ရဲ့ အမျိုးသမီးလေးတွေကို
မုဒိမ်းကျင့်မှု စတဲ့သက်ဖြတ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ (၁) အချက်အနေနဲ့
ကျွန်တော်တို့ တွေ့ရှိပါတယ်။
၂ အချက်က လယ်ယာလုပ်ငန်းခွင်၊ သစ်ဝါးခုတ်တဲ့လုပ်ငန်းခွင် နောက်ပင်လယ်ပြင်လုပ်ငန်းခွင်တွေမှာ ၀င်ရောက်ပြီး ဖျတ်ဆီးတာတို့၊ ကုန်လမ်းရေလမ်း သွားလာမှုတွေကို လုယက်သတ်ဖြတ်တာတို့တွေ လူဦးရေအရ နည်းပါးတဲ့တိုင်းရင်းသားကျေးရွာတွေကို
လုံးဝစွန့်ခွာသွားနိုင်အောင် ဖိအားပေးနိုင်တယ်လို့ သုံးသပ်ပါတယ်။
နံပါက်(၃) အချက်ကတော့ ဘင်္ဂလီတွေဟာ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးဆိုတဲ့လူ့အခွင့်အ
ရေးကို ပြဌာန်းချက် အလွန်အမင်းအခြေခံတဲ့ ကမ္ဘာ့ကုလသမဂ ပါဝင်တဲ့
နိုင်ငံတကာရဲ့ဖိအားပေးမှုကို မရတော့ဘူးလို့ သုံးသပ်တဲ့ကာလမှာ
ခုနကတင်ပြခဲ့တဲ့ တာလီဘန် ၊အစွန်းရောက်အဖွဲ့အစည်းတွေဟာ အစွန်း
ရောက်အဖွဲ့အစည်းတွေဖြစ်တဲ့ အယ်ကိုင်ဒါးတို့ ၊ ဂျပမ်းအစ္စလာမ်မီးယားတို့
စတဲ့အကူအညီနဲ့ လက်နက်ကိုင် ပဋိပက္ခအဖြစ် ဖန်းတီးလာတယ်လို့ ကျွန်တော်
သုံးသပ်ပါတယ်။ အားလုံးလည်း သိကြပြီးတဲ့အတိုင်း မိုင်တိုင် ၅၀၊ ၅၁
ပက်ဝန်းကျင်မှာ ဂျီအီးတပ်ဖွဲ့ဝင်တွေကို ဖမ်းတာတို့ ခုနက အသုံးပြုနေတဲ့
ယာဉ်တွေကို မီးရှို့တာတို့ ဆိုတာတွေဟာ ဒါဖြစ်လာနိုင်ခြေရှိတာပေါ့။
နောက်ဆုံးအရေးကြီးတဲ့အချက်တစ်ချက်
ရှိပါတယ်။ ဒါဟာသတိပြုဖို့လိုပါတယ်။ ပြည်ထောင်စု ခိုင်မြဲဖို့အတွက် အင်မတန်
အရေးကြီးပါတယ်။ ဘင်္ဂလီတို့ရဲ့ ရိုဟင် ဂျာ ဖန်တီးမှုကြောင့်
တိုင်းရင်းသားအခွင့်အရေး ရရှိနေတဲ့ပြည်ထောင်စုအတွင်းမှာ ကျွန်တော်တို့
အစ္စလာမ်တို့ ရဲ့ အစ္စလာမ်တိုက်ဇေးရှင်းစိတ်ကြောင့်
ဒါဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံကို ပေါင်းစပ်သွားစေနိုင်တဲ့ ဆက်ကြောင်း
ဖန်းတီးလာမယ်ဆိုတဲ့အယူအဆ နောက်ဖြစ်လာနိုင်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။
ခုနက ကျွန်တော်ပြောတဲ့ နိဒါန်းမှာ ပြောခဲ့သလိုပါ ကျွန်တော်တို့ရဲ့
အချုပ်ခြာအာဏာ တည့်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုကြီးရဲ့ တာဝန်ဟာ
ကျွန်တော်တို့ အပေါ်မှာ ရှိနေတယ် ဆိုတာကို သုံးသပ်စေချင်တာပါ။ တကယ်လိုများ
အစ္စလာမ်တိုက်ဇေးရှင်းစကြာဝဌာဟာ
အောင်မြင်သွားမယ်ဆိုရင် ခုနက ဘင်္ဂလီဆိုတဲ့ တိုင်းရင်း သားတစ်တွေဟာ
ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းတစ်ခု ဖြစ်သွားမယ်ဆိုရင် နိုင်ငံတကာမှာ
ပျံ့နှံ့နေတဲ့ ဘင်္ဂလီလူမျိုးစု တော်တော်များများဟာ မြန်မာပြည်မြေကို
ခံယူပြီးကာမှ ကုလသမဂအပါအ၀င် ခုနက တခြားမိတ်ဖက်နိုင်ငံတွေ ရဲ့ ဖိအားနဲ့
မြန်မာပြည်အတွင်းကို သန်းပေါင်းများစွာ ၀င်လာပြီး
အစ္စလာမ်တိုက်ဇေးရှင်းဆက်ကြောင်းတွေကို ၀င်ပြီး ပူးပေါင်းသွားနိုင်တယ်ဆိုရင် ပြည်ထောင်စုအချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည်နေတာကို တင်ပြချင်ပါတယ်။
နောက် ရေတိုရေရှည် အစီအမံအတွင်းမှာ ထည့်သွင်းစဉ်းစားပေးဖို့
အစီအမံအချို့ကို ကျွန်တော် တင်ပြချင်ပါတယ်။ ၂ အချက်ကတော့ ရေတိုနဲ့
ပါက်သက်တဲ့စီမံချက်ပါ။ အထူးသဖြင့် ပြည်သူများ ပူးပေါင်းပါ ၀င်တဲ့
အထူးသဖြင့် ရခိုင်ပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေ ပါဝင်မှုနဲ့
ကျွန်တော်တို့ လုံခြုံရေးအစီအမံကို အစိုးရနဲ့ ပူးပေါင်းပြီးမှ
လုံခြုံအစီမံချမယ်ဆိုတဲ့ အစီအစဉ်တစ်ခုလိုပါတယ်။ ဒီလက်ရှိအခြေအနေကို
သုံးသပ်ကြည့်တဲ့အခါမှာ ဘယ်လိုမှ ပူးပေါင်းနေထိုင်ပြီးလုပ်လို့ ရေတိုမှာ
လုပ်လို့ မရဘူးဆိုတော့ ဘယ်လို ကာလတစ်ခုမှ ပြန်လည်သင့်ဖို့အတွက် လက်ရှိ
အခြေအနေမှာ ခွဲခြားပြီးထားမယ့်မူ ယာယီအခြားတစ်နေရာမှာ ချထားရေးမူဆိုတာ
လိုအပ်ပါတယ်။ အဲဒီတော့ ဘင်္ဂလီတွေကို သီးသန့် နေရာချထားတဲ့အခါမှာ ခုနက
ပင်လယ်ပြင်စစ်ကြောင်းတို့ ရထားလမ်းတို့ ၊ ကားလမ်းတို့ ကို
အနှောင့်အယှက်ပြုနိုင်တဲ့ ဧရိယာပြင်ပမှာယာယီနေထိုင်စေမှုပြုတဲ့ အစီအစဉ်တစ်ခုလိုပါတယ်။ ဒါကိုရေတိုစီမံချက်တစ်ခု ထားပေးစေလိုပါ တယ်။ အဲလိုရှိမှပဲ နောက်ရေရှည်ဖြတ်သန်းသွားလာတဲ့ကာလတစ်ခုမှာ ဒီ ကွန်မြူနတီနှစ်ခုကို ဘယ်လို ညှိညှိနိုင်းနိုင်း တိုင်တိုင်ပင်ပင်နဲ့ ဘယ်လိုပူးပေါင်းနေထိုင်ဆောင်ရွက်မလဲဆိုတဲ့ ဒုတိယရေရှည်စီမံချက်မှာ ထည့်သွင်းပေးဖို့လိုပါတယ်။နောက်
ရေရှည်အနေနဲ့ ဆယ်ချက်လောက် အစီအစဉ်ဆွဲထားပါတယ်။ တစ်အချက်ကတော့ဖြင့်
နယ်စပ်တစ်လျောက်မှာ ရေရှည်နေထိုင်လာခဲ့တဲ့ တိုင်းရင်းသားကျေးရွာများ တာဝရ
တည်တံ့ခိုင်မြဲနိုင်မှုက အရေးကြီးပါတယ်။ ဒီတည်ရှိနေတဲ့ကျေးရွာတွေ
တည်တံ့ခိုင်မြဲဖို့အတွက် ဘယ်လို လုပ်ရမလဲ။ ရခိုင်အပါအ၀င်
တိုင်းရင်းသားကျေးရွာများမှာ နယ်စပ်တလျောက်မှာ ရှိကြပါတယ်။ ဒီကျေးရွာတွေ
တည်တံ့ခိုင်မြဲမှ ပဲ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ
တည့်တံ့ခိုင်မြဲမယ်ဆိုတဲ့ ယူဆချက်နဲ့ ကျေးရွာတွေအင်အားတောင့်တင်းခိုင်မာသော
ရွာကြီးတွေဖြစ်ဖို့ အိမ်ခြေနှစ်ရာ သုံးရွာလောက်ရှိတဲ့ ရှေ့တန်းစံပြ
ရွာကြီးတွေ တည်ထောင်ပေးဖို့ဆိုတဲ့ အစိုးရရဲ့ မူတစ်ခုရှိဖို့လိုပါတယ်။
ရှေ့တန်းခံစစ်ကြောင်းအတွက်ပါ။ နောက်မေယု ရိုးမရဲ့
အနောက်ဘက်ခြမ်းအရှေ့ဘက်ခြမ်းရှိပါတယ်။ အနောက်ဘက်ခြမ်းမှာ နှစ်မိုင်ကွာဝေးရှိတဲ့ နေရာတိုင်းမှာ လက်ရှိတည်ဆောက်ပေးတဲ့ကျေးရွာတွေအပြင် ကျွန်တော်တို့ ပထ၀ီဆက်ကြောင်းအရ နိုင်ငံရေးအားသာချက်အရ တိုင်းရင်းသားကျေးရွာကြီးတွေကို စစ်ပြန် စစ်မှုထမ်းတွေ၊ အငြိမ်းစားတွေ၊ စစ်ဝန်ထမ်းတွေနဲ့ ပြည်ပမှာ ရှိတဲ့တိုင်းရင်းသားတွေနဲ့နှစ်မိုင်အကွာအဝေးတိုင်းမှာ ရွာကြီးတွေဖြစ်အောင် ။ရှေ့တန်းစံပြကျေးရွာတွေဖြစ်အောင် ဘယ်လို တည်ထောင်မလဲဆိုတဲ့ရေရှည်အနေနဲ့တင်ပြချင်ပါတယ်။မေယုရိုးမရဲ့
အရှေ့ဘက်ခြမ်းမှာ အငူပေါ်ဒေသတွေအကျော်က ဘူးသီးတောင်၊ မောင်တော
လမ်းကြောင်းနှစ်ခုမှာ ဆယ်နှစ်ရာသီ ကားသွားလို့ ရတဲ့ ၊ကြီးမားတဲ့ ကားတွေ
ဝန်နဲ့အားနဲ့ သွားလို့ရတဲ့ လမ်းတွေ တံတားတွေဖြစ်နေပြီး လုပ်ခြုံမှုရှိအောင်
အင်မတန်လိုအပ်နေပါတယ်။ ဒီလိုရွာကြီးတွေ တည်ထောင်တဲ့နေရာမှာ ဒီမှာရှိတဲ့
တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့
အချက်တစ်ချက်တင်ပြချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ၊ စက်မှုဇုန်စီမံ
ကိန်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ အဲဒီရွာကြီးတွေက လူတွေ
အလုပ်အကိုင်အခွင့်လမ်းတွေကို အမီသဟဲ ပြုပြီးကာမှ ရေရှည်နေထိုင်ပြီး
ခံစစ်ကြောင်းတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့လိုပါတယ်။
ကျွန်တော်တို့ရဲ့ လူဦးရေ ပေါက်ဖွားမှုရှိပါတယ်။ အဲဒါကို
ဘယ်လိုထိန်းချုပ်မလဲဆိုတာကို တစ်ခုရှိပါတယ်။ဒီဟာနဲ့ ပါက်သက်လို့
နယ်စပ်စည်းတွေကို လုပ်ပေးတဲ့အခါမှာ တကယ်နိုင်ငံသားမဟုတ်တဲ့ သူတွေကို
ဘယ်လိုစိစစ်မလဲ ။ ဘယ်နေရာမှာ ထားမလဲဆိုတဲ့ စီစစ်ထိန်းချုပ်ဖို့လိုပါတယ်။ကျွန်တော်တို့
အထူးဒေသတွေနဲ့ ပါက်သက်ပြီး Final planning ကိုဘယ်လိုချမလဲဆိုတာ
လိုပါတယ်။နောက် ၇၃၊၈၃၊ မှာ စတဲ့ သန်းခေါင်းစားရင်းကောက်ခဲ့တာရှိပါတယ်။
၂၀၁၄ မှာလည်းကောက်ဖို့ရှိပါတယ်။ ဒီကာလပိုင်းခြားတစ်ခုမှာ
ဒီအိမ်ရာတွေပေါ်လာတယ်၊ ဒါတွေက ဘယ်လိုပေါ်လာတာလဲ။ ဥပဒေနဲ့ ညီသလား
မညီဘူးလားဆိုတာကို ဒါတွေကို ဆယ်စုနှစ်နောက်ပိုင်းဖြစ်လာတဲ့ အနှစ် နှစ်ဆယ်၊
သုံးဆယ်၊ ငါးဆယ် ကာလတွေအတွင်းမှာ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့ဟာကို ၀န်ကြီးဌာနတွေက ပြုစုပေးဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ ရခိုင် ဘင်္ဂလီသင့်မြတ်ရေးနဲ့ပါက်သက်ဖို့
၇ ချက်ကို ကျွန်တော်ဆွဲပါတယ်။ ဒါဟာ အင်မတန်သိမ်မွေ့တဲ့ ပြသနာပါ။
ရေရှည်ပြုစုပျိုးထောင်ပြီးကာမှ လူမျိုးရေးအရဆက်နွယ်နေတဲ့
နိုင်ငံရေးပြသနာပါ။ အဲဒီမှာ လူ့အဖွဲ့အစည်းနှစ်ခုမှာ ပညာရေး၊ကျန်းမာရေး၊
လူမှုရေးနဲ့ ပါက်သက်လို့ အင်မတန်မှ နိမ့်ကျနေတာကို
ဝန်ခံဖို့လိုပါတယ်။အမျိုးသားအကျိုးစီးပွားအတွက်
အပြန်အလှန်ဆက်စပ်နေတယ်ဆိုတာ သိဖို့လိုပါတယ်။ ဒီလက်တွေ့ကျကျ
အသိအမှတ်ပြုဖို့လိုပါတယ်။ နောက်တစ်ခုက ရခိုင်သမိုင်းဆိုင်ရာမှာ
ဘင်္ဂလီလူမျိုးစုတွေက ရိုဟင်ဂျာသမိုင်းအမည်ခံပြီးလိမ်ပြီးလုပ်ကြံတာကို
ထာဝရစွန့်လွှတ်ဖို့လိုပါတယ်။ ဘင်္ဂလီလူဦးရေပေါက်ဖွားပြီးကာမှ
ထိန်းညိုရမယ်ဆိုတဲ့ မိသားစုစီမံကိန်းကို ဘင်္ဂလီတွေကိုယ်တိုင်လက်ခံဖို့လိုပါတယ်။ ဘင်္ဂလီလူ့အဖွဲ့အစည်းကို ဘာသာရေးအစွန်းမရောက်စေဘဲ ဘာသာရေးစွက်ဖက်မှုကင်းတဲ့ လူအဖွဲ့အစည်းအဖြစ် ပြောင်းလဲကြိုးစားပေးဖို့လိုပါတယ်။
ဘာသာခြားအစွန်းရောက် အယူဝါဒတွေကို စွန့်လွတ်ပေးဖို့လိုပါတယ်။
အချင်းချင်းညှိနိုင်းပြီးကာမှ ဘာသာရေးအစွန်းရောက်မှုမပါတဲ့
လူအဖွဲ့အစည်းတစ်ခုကို ရခိုင်ပြည်နယ်မှာ တည်ဆောက်နိုင်မယ်ဆိုရင်
ဘာသာရေးစွက်ဖက်မှုမပါတဲ့ နိုင်ငံရေးကို ကျွန်တော်တို့ဟာ
ညှိညှိနိုင်းနိုင်းတိုင်တိုင်ပင်ပင်နှင့်
ဆောင်ရွက်နိုင်မယ်ဆိုရင် လက်ရှိတည်တံ့နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု
အခြေအနေကို ဆထက်တပိုးတိုးတက်ပြီးကာမှ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲဖို့အတွက် ရခိုင်တွေကော အ နိုင်ငံသားဖြစ်ခွင့်
ကြိုးစားနေကြတဲ့ ဘင်္ဂလီတွေပါ အတူတကွလက်တွဲပြီးကာမှ ပြည်ထောင်စုကြီးရဲ့
အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ရခိုင်ပြည်ကြီးကို ကာကွယ်နိုင်မယ်
ပြည်ထောင်စုကြီးကို ကာကွယ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့် ဒီအဆိုကို တကယ့်မြေပြင်အခြေအနေဖြစ်ပေါ်လာနိုင်တာရယ် နောင်ဖြစ်ပေါ်လာနိုင်တာရယ်ကို မှန်းပြီးကာမှ ဒီအဆိုကို တင်ပြရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
The Messenger
အေးချမ်းမွန်မှ Messenger News Journal တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
No comments:
Post a Comment