Sunday, February 10, 2013

ဘင်္ဂလီကျူးကျော်မှု ကို တရားဥပဒေနည်းလမ်းဖြင့် စနစ်တကျတားဆီးကာကွယ်ရေး (၅)

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် အနောက်တံခါးလုံအောင် ချမှတ်  ရမည့်ဥပဒေနှင့်ပေါ်လစီများ
  • တစ်လင်တစ်မယားစနစ်ကို တရားဝင်ဥပဒေဖြင့်ပြဌာန်းသတ်မှတ်ပေးပြီး လက်ရှိမယားပြိုင်စနစ်ကို ဖျက်သိမ်း ပေးရပါမယ်။
  • နိုင်ငံသားခံယူခွင့်ရထားသော လူမျိုးခြားများနှင့် တရားမဝင်နေထိုင်နေကြသော ကျူးကျော်အခြေချသူ မိသားစုများတွင် အမျိုးသားတစ်ယောက်ဦးဆောင်သော အိမ်ထောင်စုတစ်ခုတွင် သားသမီးတစ်ဦးသာ မွေးဖွားခွင့်ရှိစေရမည်။ မည်သို့သော အကြောင်းနှင့်မျှဘင်္ဂါလီဒုက္ခသည်များကို ထပ်မံလက်ခံခြင်း မပြုရ။
  • တရားမဝင်ခိုးဝင်လာသော ဘဂါင်္လီများကိုလူသားခြင်း စာနာထောက်ထားပြီး ထိုင်းနိုင်ငံမှာကဲ့သို့ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးပြီး ကောင်းစွာ စောင့်ရှောက်မှုပေးပြီး လက်ခံမည့် တတိယနိုင်ငံများဆီသို့ ပို့ဆောင်ပေးရမည်။ ရခိုင်မြေပေါ်တွင် မြေယာပိုင်ဆိုင်ခွင့်၊ ဝယ်ယူခွင့်မရှိစေရ။ ရောင်းချသူများ ရှိခဲ့လျှင် ရောင်းသူ၊ဝယ်သူနှင့် စာချုပ်ပေးသူများကိုပါ ပြင်းထန်စွာအရေးယူမည့် ဥပဒေများ ချမှတ်ရမည်။ဒုက္ခသည်စခန်းများကို ပင်လယ်ကမ်းစပ်နှင့် ပင်လယ်ထွက်ပေါက် ရှိသောနေရာများတွင် မတည်ဆောက်သင့်ပါ။ ဒုက္ခသည် စခန်းများတွင် လက်နက်များ ခိုးဝင်ခြင်းမရှိအောင် မကြာခဏစစ်ဆေးရမည်။
  • ၁၉၄၇/၁၉၄၈ ခုနှစ်များတွင် ဘူးသီးတောင်၊မောင်းတောနှင့်မေယုတောင်တန်းဒေသများတွင် ဘဂါင်္လီများက ရခိုင်လူမျိုးများနှင့်မရမာကြီးများအပါအဝင် တိုင်းရင်းသားများအား အလုံးအရင်းမျိုးတုန်းသတ်ဖြတ်ပြီး အိမ်ခြံမြေ၊ လယ်ယာများလုယက်အပိုင်သိမ်းခံခဲ့ရမှုများကို ပြန်လည် ဖော်ထုတ်အရေးယူရမည်။
  •  ဆင်းရဲတွင်းနက်နေသာ ရခိုင်နှင့်မြန်မာတိုင်းရင်းသားများကို ဘူးသီးတောင်၊မောင်းတော..စတဲ့ဒေသများတွင် ဘဝသစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ပေးရပါမယ်။ သို့သော်နယ်နှင်ဒဏ် ပေးခံရသလိုလို.. မဲဇာပို့ခံရသလိုလို အဖြစ်မျိုးမဖြစ်အောင်ဂရုစိုက်ရပါမယ်။
  • အကြမ်းဖက်မှုကျူးလွန်သော နိုင်ငံခြားသားများကို မိသားစုလိုက် ပြည်နှင်ဒဏ်ပေးပြီး မရွှေ့ပြောင်းနီုင်သောပိုင်ဆိုင်မှုမှန်သမျှကို ပြည်သူပိုင်သိမ်းရမည်။ရွှေ့ပြောင်းနီုင်သောပစ္စည်းများကို အလုံးစုံဖျက်ဆီးပစ်စေရမည်။
  • မြန်မာတိုင်းရင်းသားတို့ကို လုံခြုံပြီး အဆင့်အတန်းရှိသောနေရာအိုးအိမ်ကောင်းများဖန်တီးပေးရပါမယ်။ ကလေးငယ်များ ကို မွေဖွားချိန်မှစပြီး ပညာသင်ချိန်ပြီးဆုံးတဲ့ထိအောင် ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရ များမှ တာဝန်ယူ ပျိုးထောင်ပေးရမည်။
  • ရခိုင်ဒေသမှာနေထိုင်သော တိုင်းရင်းသားတိုင်းစစ်မှုမထမ်းမနေရ ဥပဒေချမှတ်ပေးရပါမယ်။ကျေးရွာများအား အစွန်းရောက် အကြမ်းဖက် အဖွဲ့စည်းများဘေးမှ ကာကွယ်ရေးတပ်ဖွဲ့များဖွဲစည့်းပေးထားရပါမယ်။
  • တိုင်းရင်းသားများထံ ပေးသောထောက်ပံ့ကြေးငွေများကို ကြားခံအဆင့်ဆင့်ပုဂ္ဂိုလ်များက ဖြတ်တောက် ယူခြင်းမပြုနိုင်ပဲ အမှန်အကန် ရရှိအောင် ဘဏ်စနစ်ဖြင့်တိုက်ရိုက်လွှဲပြောင်းပေးပို့ခြင်း စနစ်ကို အသုံးပြု ရပါမယ်။
  • နေပျော်စရာကောင်းတဲ့ဝန်းကျင်ကောင်းတွေဖန်တီးပေးရပါမယ်။ဆိုလိုတာက နေမကောင်းလို့ ဆေးခန်းမရှိ၊ ဆရာဝန်မရှိ၊ ဆေးဝါးမရှိ..တွေဖြစ်ပြီး တဲသာသာအဆောက်အဦးလေးတွေမှာ ညှိုးညှိုးငယ်ငယ်နေရတာမျိုး။ ပျင်းလို့မှ အပန်းဖြေစရာနေရာထိုင်ခင်းမရှိတာမျိုးတွေ.. မြို့တက်ဖို့ကိုလှည်းတစ်တန်၊လှေတစ်တန် ခက်ခက်ခဲခဲ သွားရတာမျိုးတွေ မဖြစ်ဖို့လိုပါတယ်။
  • လယ်၊ယာ၊ဥယျာဉ်တွေကို ဖော်ဆောင်ဖို့နှင့်တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များ လုပ်ကိုင်တတ်ရန် ပညာပေးရော.. သင်တန်းတွေရော..ငွေကြေးတွေရော ဖန်တီးပေးရပါမယ်။
  • လာဘ်စားပြီးထုတ်ပေးထားသောမှတ်ပုံတင်ဟူသမျှကို တရားမဝင်ကြောင်းစစ်ဆေး အတည်ပြုပြီး မှတ်ပုံတင် ပြန်သိမ်းရပါမည်။လိုအပ်လျှင် လာဘ်ပေး မှုဖြင့်ကြိမ်ဒဏ်၊ ငွေဒဏ်နှင့် နယ်နှင်ဒဏ်များ တပေါင်း တည်း ချမှတ်ရပါမည်။
  • ရွာတည်ပုံဒီဇိုင်းသည် အဝန်းအဝိုင်းသဏ္ဍန်ဖြစ်ရမည်။အလယ်ဗဟိုတွင်ဘုရားနှင့်ဘုန်းကြီး ကျောင်းများ ထည့်သွင်း တည်ဆောက်ရမည်။ထိုအဆောက်အအုံများသည် အရေးကြုံက ခံတပ်များသဖွယ် အသုံးပြု နိုင်အောင် ကြံ့ခိုင်မှုနှင့် ဂယ်ပေါက်များရှိရမည်။စားနပ်ရိက္ခာ အများအပြားသိုလှောင်သိမ်းဆည်း ထားနိုင်ရမည်။ ကျေးရွာဆရာတော်များကို တောထွက်ဘုန်း ကြီးများအားမခန့်အပ်ရ။
  • ကျောင်းထိုင်ဘုန်းကြီးသင်တန်းများမှ တက်ကြွထက်မြတ်သော သာသနာပြုစိတ်ရှိသောပုဂ္ဂိုလ် များ၏ ဆန္ဒပြုမှုအရ နှစ်အပိုင်းအခြားဖြင့် သာသနာပြုစေလွှတ်ရမည်။
  • မြန်မာနိုင်ငံတွင်းရှိ မွတ်ဆလင် ဘာသာရေးအဖွဲ့များထံသို့ တရားမဝင် ဟွန်ဒီလမ်းကြောင်းများ မှဝင်ရောက်နေ သောနိုင်ငံရပ်ခြားမှ အလှူငွေနှင့် ထောက်ပံ့ကြေးများကို ဖော်ထုတ်အရေး ယူရမည်။ တရားဝင်လမ်းကြောင်းသို့ ပြောင်းလဲ သင့်သည့်အလှူငွေများကို တရာဝင် လမ်းကြောင်းဖြင့် ပို့ဆောင်ခိုင်းပြီး နိုင်ငံတော်မှ အခွန်ငွေ ကောက်ယူရပါမည်။
  • မွတ်ဆလင်ဗလီများတွင် မော်လဝီတရားဟောချက်များအား ထောက်လှမ်းရေးများက တရားဝင် စောင့်ကြည့် ထိန်းချုပ်ဖို့နှင့် မြေအောက်ခန်းများ လျှို့ဝှက်ခန်းများ ရှိမရှိနှင့် စစ်သင်တန်း ပေးမပေးတို့ကို စောင့်ကြည့်စစ်ဆေး စေရမည်။
  • ထိုအလှူငွေများကို မည်သို့မည်ပုံ ခွဲဝေဆောင်ရွက်ကြောင်း ရှင်းလင်းစွာ တင်ပြ စေရမည်။ ဗုဒ္ဒဘာသာဝင်များနှင့် အငြင်းပွားဖွယ် ကိစ္စရပ်များ၊ မွတ်ဆလင်မဟုတ်သော ဘာသာဝင်များကို နှောင့်ယှက် ဖျက်ဆီးစေမည့်နေရာ များတွင်အသုံးပြုသည်ဟုတွေ့ရှိပါက အရေးယူနိုင်မည့် ဥပဒေများ၊နည်းဥပဒေများကို အခိုင်အမာချမှတ် ပေးပါမယ်။
  • မွတ်ဆလင်မဟုတ်သောဘာသာဝင်များနှင့်အငြင်းပွားဖွယ်၊သံသယဖြစ်ဖွယ်၊မခံမရပ်နိုင်ဖြစ်စေမည့်အသုံးအနှုန်းများ၊ လုပ်ရပ်များနှင့်Logo တံဆိပ်များမသုံးစွဲရ။(ဥပမာ-ရွှေညောင်ပင် ဒံပေါက်၏ အမှတ်တံဆိပ်သည် ဗုဒ္ဒဘာသာဝင်များ၏ အထွတ်အမြတ်ထားရာေ၇ွှပုလ္လင်နှင့် ဗောဓိညောင်ပင်ပေါ်တွင် ၇၈၆ ဆိုသည့်မွတ်ဆလင် အမှတ်အသားအားတင်ထားခြင်းနှင့်တခြား မွတ်ဆလင်မဟုတ်သော ဘာသာဝင်တို့၏ တန်ဖိုးထားသော သင်္ကေတများကို လုံးဝ သုံးစွဲခြင်းမပြုရ။ ယခုအနောက်တံခါးပြဿနာ ဖြစ်စဉ်တွင် ရွှေညောင်ပင် ဒံပေါက်သည် ဆိုင်၏ဆိုင်းဘုတ်ဗီနိုင်းများကို လဲလှယ်ထားပြီးဖြစ်သည်။)

No comments:

Post a Comment