ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
“MSF(Holland)(ခေါ်) AZG ဟာ မြန်မာနိုင်ငံရဲ အချုပ်အချာအာဏာကိုထိပါးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်”
By Shila Kumari
စစ်တွေ ၊၀၈ ဖေဖော်ဝါရီ၂၀၁၃ ၊Coral Arakan News ၊[သတင်းဆောင်းပါး]
MSF(Holland) (ခေါ်) AZG ကရန်ကုန်မှာ ယမန်နေ့ဖေဖော်ဝါရီ(ရ)ရက်နေ့က လုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားတာတွေဟာ တစ်ဖက်သတ်ဆန်ဆန်
လှည့်ဖြားပြောဆိုနေတာတွေဖြစ်ပြီးတော့ တကယ်တော့ AZG ဟာ မြန်မာနိုင်ငံရဲ
အချုပ်အချာအာဏာကိုထိပါးပြီးတော့ ခိုးဝင်ဘင်္ဂါလီတွေအရေးကို စိုက်လိုက် မတ်တတ်
လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခု အဖြစ်သာ မိမိတို့က မှတ်ယူကြောင်း
ရခိုင်တိုင်းရင်းသားအသိုက်အ၀န်းက ပြောကြားပါတယ်။
ရခိုင်လူမှုတက်ကြွလှုပ်ရှား ဦးဆောင်သူတစ်ဦးက AZG ရဲ့ ပြောဆိုချက်
အခြေအမြစ်မရှိဘူးလို့ ဒီလိုငြင်းဆိုပါတယ်။ “လူနည်းစုကလေးကသာ
သူတို့ကိုဆန့်ကျင်နေတဲ့သဘောပြောသွားတာ တကယ်တော့ မမှန်ပါဘူး။ ရခိုင်
အမျိုးသားအမျိုးသမီးတွေအားလုံးကAZG ကို သဘောမကျတာပါ။ နောက်ပြီးတော့အခုလို
လိမ်တာကို ပိုလို့တောင် သဘောမကျပါဘူး” လို့Coral Arakan ကို ပြောပြပါတယ်။
တကယ်တော့ AZG ဟာ ရခိုင်အသိုက်အ၀န်းထဲမှာ ခိုးကြောင်ခိုးဝှက်မဟုတ်ပဲ
လူထုလက်ခံမှုနဲ့အလုပ်လုပ်နိုင်ဖို့အတွက် မောင်တောမြို့နဲ့မြေပုံမြို့တို့မှာ
ရခိုင်မြို့မိမြိုဖတွေ ဆရာတော်တွေနဲ့ကိုအစည်းအဝေး
ခေါ်တွေ့ဆုံပြီးမိမိတို့ဟာ ဘက်မလိုက်ကြောင်း ရခိုင်လူ့အဖွဲ့အစည်းအတွက်လည်း
ဆေးခန်းဖွင့်ကာ ကုသပေးလိုကြောင်းပြောကြပေမယ့်မြို့နှစ်မြို့စလုံးက
မြို့မိမြို့ဖတွေကလက်မခံခဲ့ကြပါဘူး။ ကူလည်းမကူညီပါနဲ့၊
လာလည်းမလာပါနဲ့ဆိုတဲ့ သဘောကို ပြောခဲ့ကြတယ်။ (မောင်တောတွေ့ဆုံမှုမှာ
၂၀၁၂-ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့ပြီး၊
မြေပုံတွေ့ဆုံမှုကတော့၂၀၁၃-ခုနှစ် ဇွန်န၀ါရီလ အတွင်းမှာ ပြုလုပ်ခဲ့တယ်။)
၂၀၁၃-ခုနှစ် ဇွန်န၀ါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ မြေပုံမြို့တွေ့ဆုံမှုမှာ
ပါဝင်ခဲ့သူမြေပုံမြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ဦးဖေညွှန့်က အဲဒီအကြောင်းနဲ့
ပတ်သက်လို့Coral Arakan ကို ဒီလို ပြန်ပြောင်းပြောပြပါတယ်။ “ကျွန်တော်တို့
ပြောတဲ့သဘောကAZG ကလုပ်ဆောင်နေတာတွေဟာ ရိုးသားမှုမရှိဘူး
လို့မြို့သူမြို့သားတွေက ယူဆတယ် လို့ပြောတယ်။ မင်းတို့ငါတို့ကို
ဆေးလာကုပေးနေစရာမလိုဘူး။ ဆေးလှူချင်တယ် ဆိုလည်းဆေးကို လှူပြီးတော့
အထုပ်ကိုချပြီးပြန်သွား၊ အဲဒါသာ
အကောင်းဆုံးပဲဆိုတဲ့သဘောမျိုးမြေပုံမြို့ရဲ့
ဦးစီးခေါင်းဆောင်တွေကပြောခဲ့ကြတယ်” လို့ ရခိုင်လူမှုကွန်ရက်ရဲ့
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဖေညွန့်က Coral Arakan ကို ပြောပြပါတယ်။
ထိုတွေ့ဆုံမှုတွင်ရှိနေခဲ့သည့်မြေပုံမြို့နယ်
အမျိုးသမီးကွန်ရက်အဖွဲ့ဝင်တစ်ယောက်က “ဘယ့်နှယ်ရှင်၊ဘင်္ဂါလီတွေသေသွားတာရှိ
မရှိကိုစုံစမ်းတာတို့၊ အလောင်းကိုဘယ်မှာ မြှုပ်ထားသလဲလို့လိုက်မေးနေတာတို့က
သူတို့လုပ်နေတယ်ဆိုတဲ့ဆေးကုတဲ့အလုပ်နဲ ဘာမှဆိုင်မှ မဆိုင်တာ။ သူလျှို
လိုလို ဘာလိုလိုနဲ့ရိုးသားမှု မရှိဘူး။ ဒီဘက်မှာ ဖြစ်ကြတဲ့အထဲမှာ
အသက်ဆုံးရှုံးမှု ဘာမှ မဖြစ်ခဲ့ပဲနဲ့သူတို့က သက်သက်မဲ့
ဘင်္ဂါလီတွေဘက်ကိုလိုက်ပြီးတော့ ပြောချင်နေတာ” လို့ Coral Arakan ကို
ပြောပြပါတယ်။
၂၀၁၂-ခုနှစ် ဒီဇင်ဘာလအတွင်း အယ်ဂျာဇီးယားက
ထုတ်ဝေဖြန့်ချိခဲ့တဲ့ ခိုးဝင်ဘင်္ဂါလီတွေဘက်ကနေတစ်ဖက်သတ် တင်ပြထားတဲ့ The
Hidden Genocide မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးတို့
အင်တာဗျူးတွေချိတ်ဆက်ပေးရေးတို့ကိုAZG ကလုပ်ဆောင်ပေးခဲ့တယ်ဆိုတာ
ရာနှုန်းပြည့် သေချာသလောက်ရှိတယ်လို့မှတ်ယူနိုင်ကြော
င်းမောင်တောမြို့နယ်ကအမည်မဖော်လိုသူ စုံစမ်းစစ်ဆေးရေးဆိုင်ရာအရာရှိ တစ်ဦးက
ပြောကြားဖူးပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ AZG ဟာ
စစ်တွေမြို့တွင်းတစ်နေရာမှာ ဆေးပေးခန်းဖွင့်ဖို့ စီစဉ်ပြီးခါမှ
ဆေးခန်းမဖွင့်ဖို့ကိုစစ်တွေ မြို့သူမြို့သားတွေက သူတို့ဆေးခန်းရှေ့မှာ
လာရောက်ဆန္ဒပြကြတဲ့အတွက် ဆေးခန်းဖွင့်ဖို အစီအစဉ်ပျက်သွားခဲ့တယ်။
အဲသည်နေ့မတိုင်ခင်AZG က ဖြန့်ဝေထားတဲ့ စာရွက်တွေမှာ မြို့က လူကြီးတွေ
ဆရာတော်ကြီးတွေသဘောတူတဲ့သဘော ရေးသားထားတယ်။ စစ်တွေမြို့နယ်
ကျန်းမားရေးအရာရှိဒေါက်တာကြည်ကြည်သာ ကိုယ်တိုင် ခွင့်ပြုသဘောတူထားတဲ့သဘော
ရေးသားထားတယ်။ ဒါပေမဲ့ဒေါ်ကြည်ကြည်သာ ကအဲဒီသဘော သူကိုယ်တိုင်မပြောခဲ့ပဲနဲ့
ပြောတယ်လို့AZG က ရေးသားထားတဲ့အတွက် စိတ်ဆိုးတယ်လို့ဒေါ်ကြည်ကြည်သာ နဲ့
နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောပါတယ်။
အဲသလိုဖြစ်ပြီးနောက်ပိုင်းမှာ AZG ရဲ့ အဲသည်အချိန်က မြန်မာနိုင်ငံရုံးခွဲ
ဒုတိယအကြီးအကဲမစ္စဗစ်ကီဟော့ကင်းစ် ဦးဆောင်တဲ့အဖွဲ့နဲ့စစ်တွေအခြေစိုက်
လူမှုအဖွဲ့အစည်းတစ်ခုကဦးဆောင်သူတွေ တွေ့ဆုံ ဆွေးနွေးကြရာမှာ
စစ်တွေအဖွဲ့ဘက်က ပါဝင်ခဲ့သူတစ်ဦးက Coral Arakan ကိုအခုလို ပြောပြပါတယ်။
“AZG ဟာ OIC ခေါ် အစ္စလမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရ
ွက်ရေးအဖွဲ့ရဲ့ငွေကြေးထောက်ပံ့မှုနဲ့ အလုပ်လုပ်နေတယ် ဆိုတာ မဟုတ်ဘူးလို့
ဗစ်ကီကပြောတယ်။ ကျွန်တော် ပြန်ပြောတာက ခင်ဗျားကိုစစ်တွေမြို့သားတွေက
အဲသလိုစွပ်စွဲနေတာ မဟုတ်လောက်ဘူး ထင်တယ်လို့၊OIC ကနေ တိုက်ရိုက်လာတာက
ပြောနေတာ မဟုတ်လောက်ဘူးထင်တယ် လို့၊ ခင်ဗျားတို့ဆီကိုအစ္စလမ္မစ်ဝါဒီဘာသာရေး
ချဲ့ထွင်ရေးသမားတွေ (Agents of Islamization) တွေဆီကနည်းလမ်းအမျိုးမျိုးနဲ့
ရောက်လာတဲ့ငွေကိုခင်ဗျားတို့ကိုင်ပြီး အလုပ်လုပ်နေကြတာကိုပြောတာဖြစ်ပါလိမ
့်မယ် လို့ပြောလိုက်တော့ သူက ဘာမှပြန်မပြောနိုင်ဘူးမျက်နှာ တွေတွေကလေး
ဖြစ်သွားတယ်။
“ကျွန်တော်တို့က အကြံပေးတယ်။
ကျွန်တော်တို့ကဘာမှအာမမခံပေးနိုင်ဘူး။ လုပ်မပေးနိုင်ဘူး။
ခင်ဗျားတို့ဘာသာခင်ဗျားတို့ လိပ်ပြာသန့်ရင်ကျွန်တော်တို့ကိုခင်ဗျားတို့အခု
လာတွေ့သလိုမျိုးစစ်တွေကအခြားအဖွဲ့တွေကိုလည်းလိုက်တွေ့ပါ
စကားပြောပါဆိုတော့၊ ဗစ်ကီကပြန်ပြောတယ်။ ငါတို့က အစိုးရနဲ့ MoU
ထိုးပြီးသားဖြစ်တဲ့အတွက် တခြားဘယ်သူနဲ့မှ
စကားပြောစရာမလိုဘူးလို့ပြန်ပြောတယ်။ ဒီတော့ကျွန်တော်က မင်းတို့သဘောက
ငါတို့မြန်မာအစိုးရနဲ့ ပိုင်တယ်၊လုပ်ချင်တာ လုပ်လို့ရတယ်
ဆိုတဲ့သဘောလားဆိုတော့ မဟုတ်ပါဘူးမဟုတ်ပါဘူးဆိုပြီး ကဗျာကယာ လျှောချတယ်”
လို့တွေ့ဆုံမှုမှာ ပါဝင်ခဲ့သူတစ်ယောက်က Coral Arakan ကို ပြောတယ်။
အဲသည်တွေ့ဆ၊ုံမှုမှာပါခဲ့တဲ့ အင်္ဂလိပ်လူမျိုး မစ္စဗစ်ကီဟာ မြန်မာပြည်ထဲမှာ
မိမိတို့ အဖွဲ့အစည်းနဲ့နိုင်ငံရေးပတ်သက်မှုတွေကို
ကိုင်တွယ်ဖို့အတွက်MSF(Holland) ရဲ့ ရုံးချုပ်ကနေ တိုက်ရိုက်ခန့်အ
ပ်ထားသူဖြစ်ပါတယ်။ သူမရဲ့ ပညာရေးနောက်ခံကနိုင်ငံတကာဆက်ဆံရေးနဲ့
နိုင်ငံရေးကိုအထူးပြုလေ့လာခဲ့သူဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲကပရောဂျက်နှစ်ခုကိုသူမ တိုက်ရိုက်ကွက်ကဲစီမံပါတယ်။
AZG အကြောင်းကိုဆောင်းပါးရေးဖူးတဲ့ ဦးကျော်ဇောဦးကတော့AZG မှာ
ဆေးကုသရေးအပြင် advocacy လို့ ခေါ်တဲ့ တောင်းဆိုလှုပ်ရှားမှုအသွင်
နိုင်ငံရေးကဏ္ဍ ပါဝင်မှုရှိတာကို ထောက်ပြပါတယ်။ “သူတို့ရဲ့
မြန်မာနိုင်ငံကိုဝင်လာရာမှာ အဓိကရည်ရွယ်ထားတာက ခိုးဝင်ဘင်္ဂါလီတေ
ွအရေးကိုဆောင်ရွက်ပေးဖို့ဆိုတာ အဓိကအချက် အနေနဲ့ပါတယ်။ အဲဒီအကြောင်းကို MSF
မှာ ဦးဆောင်သူတစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ပြီး
နောက်ပိုင်းကျမှအလုပ်ကထွက်သွားခဲ့တဲ့ Fiona Terry ဆိုတဲ့ သြစတေးလျန်း
အမျိုးသမီးတစ်ယောက် ရေးသားတဲ့ Golfing with Generals
(ဗိုလ်ချုပ်ကြီးများနဲ့အတူ ဂေါက်ရိုက်ခြင်း)ဆိုတဲ့ဆောင်းပါးမှာ
ခရေစေ့တွင်းကျရေးသားထား တယ်” သူက ဆိုပါတယ်။
MSF(Holland) မှာ
အလုပ်လုပ်ဖူးတဲ့ မြန်မာလူမျိုးတစ်ယောက်ရဲ့ပြေကြားချက်တွေအ ရMSF(Holland) ဟာ
ခိုးဝင်ဘင်္ဂါလီတွေအပေါ် ခွဲခြားဆက်ဆံမှုရှိမရှိကို မှတ်တမ်းတင်ဖို့ကို
အလွန်ပင်စိတ်အားထက်သန်ကြတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ခန့်အပ်ထားတဲ့
MSF က မြန်မာမူဆလင်ဆရာဝန်တွေနဲ့ သူတို့လေ့ကျင့်ပေးထားတဲ့ဘင်္ဂါလီမူဆလင်
ကျန်းမာရေးဝန်ထမ်းတွေဟာ အပတ်စဉ်အပတ်တိုင်းအစည်းအဝေးလုပ်ကြ ပါတယ် တဲ့။ အဲသည်
အစည်းအဝေးတွေရဲ့ အဓိက ရည်ရွယ်ချက်တွေထဲကတစ်ခုက
ဘာလဲဆိုတော့ဒေသအာဏာပိုင်တွေက ဘင်္ဂါလီမူဆလင်တွေအပေါ်မှာ (သူတို့
သတ်မှတ်ချက်အရ) လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာတွေကို မှတ်တမ်းတင်ကြဖိ
ု့ဖြစ်ပါတယ်။
အဲသလိုမှတ်တမ်းတင်ရရှိတဲ့ မှတ်တမ်းတွေကို (ပထမအဆင့်)
မူရင်းစာရွက်စာတမ်း အဖြစ်မှတ်တမ်းယူ သိမ်းဆည်းပြီး၊ ရေးသားပြီးသော
မှတ်တမ်းတွေကို သက်ဆိုင်ရာ နိုင်ငံခြားသားကြီးကြပ်ရေးမှူးတွေ
ထံထပ်မံတင်ပြရတယ်လို့ဆိုပါတယ်။ နိုင်ငံခြားသားကြီးကြပ်ရေးမှူးတွေကတစ်ဖန်
မီးစိမ်းပြခွင့်ပြုလိုက်တဲ့ အခါ အဲသည်စာရွက်စာတမ်းတွေကို
ကွန်ပျူတာစနစ်ထဲကိုသွင်းရပါတယ်။ အဲသည် ဒစ်ဂျစ်တယ်ဖိုင်တွေ
အဖြစ်ရောက်သွားပြီးတဲ့ ဖိုင်တွေကို ရန်ကုန်ရုံးကိုပို့တယ်၊ဒီ့နောက်
ဘန်ကောက်ရုံးကို ပို့တယ်၊နောက်ဆုံးMSF ဌာနချုပ်ကို ပို့ရတယ်လို့ဆိုပါတယ်။
အရေးကြီးတဲ့အစည်းအဝေးတွေကိုမြန်မာနဲ့ ရခိုင်ဗုဒ္ဓဘာသာ ၀န်ထမ်းတွေ
တက်ရောက်ခွင့်မရဘဲနိုင်ငံခြားသားတွေနဲ့ ကြီးကြပ်အဆင့်ဘင်္ဂါလီတွေပဲ
တက်ခွင့်ရပါတယ်။
MSF ရဲ့ နောက်ထပ်အရေးကြီးတဲ့
ထူးခြားအပြုအမူတစ်ရပ်ကတော့ ဆေးရုံတက်လာတဲ့(ဘင်္ဂါလီ)လူနာတွေ ဆေးရုံကဆင်းရင်
exit interview ဆိုတာလုပ်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ရှိမရှိကို မေးမြန်းပြီး မှတ်တမ်းတင်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါတွေကိုတင်ဝင်းမြင့် ဆိုသူတစ်ဦးကလည်း ရေးသားဖူးပါတယ်။
သူကထောက်ပြထားသလိုအမှန်တကယ်လည်း MSF(Holland) ဟာ ဆေးကုသရေးမှာ သာမက
နိုင်ငံရေးအပိုင်းမှာလည်းပါဝင်သင့်တယ်လို ၄င်းတို့ယူဆပါက ပါဝင်စွက်ဖက်ဆော
င်ရွက်တတ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲသည်နိုင်ငံရေးအပိုင်းကိုadvocacy
အပိုင်း (သို့မဟုတ်) witnessing အပိုင်းလို့ သူတို့အဖွဲ့အစည်းက ခေါ်ဝေါ်တယ်။
အဲသည်အကြာင်းနဲ့ဆက်စပ်လို့ သူတို့ရဲ့ ၀က်ဘ်ဆိုဒ်မှာ အောက်ပါအတိုင် အတိအလင်း
ချက်ကျလက်ကျရေးသားထားတယ်။
Advocacy In many areas where MSF
works even the most basic human rights are violated on a large scale.
Refugees or displaced persons are subjected to violence or denied
emergency medical aid for political or other reasons. In these cases,
only giving medical assistance is not enough. MSF also appeals to those
in power, including governments and international organisations, and
speaks out about the abuses we encounter in the course of our work.
MSF အနေနဲ့ဒုက္ခသည်တွေဖြစ်တယ်လို့ သူတို့ကသတ်မှတ်တဲ့လူအုပ်စုဟာ
အကြမ်းဖက်မှုကိုခံရတယ်လို (သူတို့ဖာသာ သူတို့) ယူဆရင်၊ဆေးဝါးအထောက်အပံ့တွေ
ငြင်းပယ်ခြင်းခံရတယ်လို့ (သူတို့ဖာသာ သူတို့)
ယူဆရင်နိုင်ငံရေးနည်းလမ်းတွေကို ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ ဆိုလိုတယ်။
အဲသလိုသူတို့ယူဆတဲ့ အခြေအနေမှာ သူတို့ဟာ ဘက်လိုက်ဆောင်ရွက်မယ်၊ မီဒီယာက
အော်မယ်၊အမေရိကန် ကွန်ကရက်လွှတ်တော်လိုနိုင်ငံရေးအရ
အင်အားကြီးတဲ့အဖွဲ့အစည်းတွေနဲ ဆွဲခေါ်ကစားတော့မှာ ဖြစ်တယ်လို့ ဆိုလိုတယ်။
“စကားလုံးတွေကရေးထားတာလှတယ်။ ဒါပေမဲ့ အဲဒီစကားလုံးတွေကိုသုံးပြီး
လက်တွေ့မှာ လုပ်တဲ့သူတို့လုပ်ပုံကိုင်ပုံတွေက ပြည်ထောင်စု မြန်မာနိုင်ငံရဲ
အချုပ်အချာအာဏာကိုနေ့စဉ်နဲ့အမျှထိ ပါးနေတယ်” လို့ စစ်တွေအခြေစိုက်
စာရေးဆရာတစ်ယောက်ကသူ့အမြင်ကို ပြောပါတယ်။
ဥပမာအားဖြင့်လွန်ခဲ့တဲ့
နှစ်ပေါင်း နှစ်ဆယ်လောက်ကတည်းက AZG အဖွဲ့အစည်းဟာ
ခိုးဝင်ဘင်္ဂါလီတွေကိုခိုးဝင် ဘင်္ဂါလီတွေလို့ မယူဆဘဲ၊မြန်မာနိုင်ငံရဲ
အချုပ်အချာအာဏာရဲ့အစိတ်အပိုင်းတစ် ရပ်ဖြစ်တဲ့လူဝင်မှုကြီးကြပ်ရေးကို
ထိပါးနေတယ်လို့ မယူဆဘဲ၊ဖိနှိပ်ခံရသူတွေ အဖြစ်သာ ယူဆပြီးသူတို့အတွက်အဓိက
ဦးစားပေးအလုပ်လုပ်လာခဲ့တယ်ဆိုတာကို မဖုံးနိုင်မဖိနိုင်ပေါ်လွင်လာလို့
ဒေသခံရခိုင်လူမျိုး မြန်မာလူမျိုးတွေကအမြင် မကြည်လင်တော့တာ
ဖြစ်ပါလိမ့်မယ်လို့သူက ပြောပြပါတယ်။
၂၀၁၀-ခုနှစ် စက်တင်ဘာလ(၂၉)
ရက် အမေရိကန်ကွန်ကရက်လွှတ်တော်မှာ Christopher Smith က တင်သွင်းတဲ့
ဥပဒေကြမ်း၊ရိုဟင်ဂျာ ဆိုသူတွေကို တင်းပြည့်မြန်မာနိုင်ငံသားဖြစ်စေရေး
တိုက်တွန်းတဲ့ဥပဒေကြမ်းမှာ ရိုဟင်ဂျာတွေဟာ ဖိနှိပ်ခံရလို့
မျိုးတုံးပျောက်ကွယ်လုနီးပြီဖြစ်တယ်လို့MSF ကပြောတယ် ဆိုတဲ့အကြောင်း
စာသားကိုထည့်သွင်းတင်သွင်းခဲ့ပါတယ်။ ဒါဟာ ခိုးဝင်ကုလားတွေအရေးကို
ကမ္ဘာလုံးချီဆက်သွယ်ဆောင်ရွက်နြေ ကသူတွေထဲမှာ MSF ပါဝင်နေနိုင်ကြောင်း
တကယ့်သက်သေအထောက်အထား ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းကို၁၉၉၂-ခုနှစ်ကတည်းက စတင်ဝင်ရောက်လာခဲ့တဲ့AZG (ခေါ်)
MSF(Holland) ဟာ ၁၉၉၄-ခုနှစ်မှာ စစ်တွေမြို့မှာ စတင်အလုပ်လုပ်ဆောင်ခ
ဲ့ပါတယ်။
၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းနောက်ပိုင်းမှာ AZG အနေနဲ့ ရုံးအဆောက်အအုံတွေကို ဆိုင်းဘုတ်တင်ပြီးလှုပ်ရှားဆောင်ရွ က်ခြင်းမရှိတော့ပါဘူး။
ပြီးခဲ့တဲ့၂၀၁၃-ခုနှစ်ဇွန်န၀ါရီလအတွင်းမှာ စစ်တွေမြို့အတွင်းမှာ AZG က
ဆိုင်းဘုတ်မတင်ပဲငှားရမ်းထားပြီး အလုပ်တွေလုပ်နေကြတဲ့အဆောက်အအုံ
သုံးခုရဲ့ဓါတ်ပုံတွေကိုCoral Arakan ရဲ့ Facebook စာမျက်နှာမှာ
တင်ပြလိုက်ပြီး တစ်ရက်ခွဲခန့်အကြာမှာ Coral Arakan နဲ့RSV တို့ရဲ့
ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေဟာ ရီပို့ထိပြီး တော့ဖေ့စ်ဘုတ်ခ်ပေါ်ကနေ
ဖယ်ရှားခြင်းခံခဲ့ရပါတယ်။
(Coral Arakan News အတွက် ရှီလာ ကုမ္မာရီ ရေးသားသည်။)
No comments:
Post a Comment