Sunday, February 10, 2013

Rohingya Hoax (ရိုဟင်ဂျာလုပ်ဇာတ်) ဘာသာပြန်၊ အပိုင်း (၃)

Rohingya Hoax (ရိုဟင်ဂျာလုပ်ဇာတ်)  (by Maung Tha Hla) ဘာသာပြန်၊ အပိုင်း (၃)

                                            အပိုင်း (၁)
လူမျိုးများနှင့် မျိုးနွယ်စုများ

လူဦးရေ အဆမတန်များပြားသော အရှေ့ဘင်္ဂလားဒေသနှင့် နှိုင်းစာလျှင် ယနေ့တည်ရှိနေသော ရခိုင်ပြည်နယ်သည် ယခင်ကတည်းက တသမတ်တည်း လူဦးရေနည်းပါးခဲ့သည်။ ပိုဆိုးသည်မှာ လူမျိုးနွယ်စုအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ တူညီကြသော ရခိုင်နိုင်ငံကို ဗမာများက သိမ်းပိုက်လိုက်သောအခါ နိုင်ငံ၏ အဆီအနှစ်များကို အားလုံးနီးပါး ယူဆောင်သွားခြင်းခံခဲ့ရသည်။ (၁၈၂၅) ခုနှစ်တွင် ရခိုင်ပြည်ကို ဗမာလက်တွင်းမှ ဗြိတိသျှတို့က လွှဲပြောင်းယူလိုက်သောအခါ ရခိုင်ပြည်မှာ လူဦးရေနည်းသော ပြည်တစ်ပြည်ဖြစ်ခဲ့သည်။ ရခိုင်ပြည်တွင်း နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများမှာ တစ်သိန်းနီးပါးသာ တွေ့ခဲ့ရကြောင်း မှတ်တမ်းတင်ထားခဲ့သည်။ ယခင်က ရခိုင်ဘုရင်စနစ်၏ဌာနချုပ်ဖြစ်သော စစ်တွေခရိုင် (Akyab District) မှာ လူသူလေးပါး အခြောက်ကပ်ဆုံးသော နေရာဖြစ်သည်။


ဂျွန်အော့ဂျစ်လ့ဗီ ဟေး၊ ဂျေ၊ ပီ (John Ogilvy Hay, J.P.) (ယခင် စစ်တွေခရိုင် ဂုဏ်ထူးဆောင် တရားသူကြီး) က အောက်ပါအတိုင်း ပြောခဲ့ပါသည်။

ထိုအချိန်က ရခိုင်ပြည်နှင့် တနင်္သာရီတိုင်းတို့မှာ ကျွန်ုပ်တို့လက်တွင်းသို့ရောက်ရှိလာခဲ့သော်လည်း လူဦးရေမှာ လွန်စွာနည်းပါးပြီး၊ ထွန်ယက်စိုက်ပျိုးဖို့ မဖြစ်နိုင်သောကြောင့် ထိုပြည်နယ်နှစ်ခုကို ဗမာနိုင်ငံသို့ ပြန်ပေးသင့်၊မသင့်ကို လေးလေးနက်နက် စဉ်းစားဝေဖန်သုံးသပ်ခဲ့ကြကြောင်းကို ကောင်းကောင်းသိကြသည်။ ရခိုင်ပြည်နယ်တွင် လူဦးရေမှာ (၁၀၀၀၀၀) ခန့်သာရှိမည်ဟု ခန့်မှန်းရသည်။ ၎င်းလူဦးရေမှာ ဒေသခံတိုင်းရင်းသားများ ဖြစ်ကြသည်။

သို့သော် ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် နိုင်ငံအခြေတကျ ဖြစ်လာသောအခါ ဗမာများဖိအားပေးမှုကြောင့် သော်လည်းကောင်း၊ ဗမာဘုရင်များ၏ အုပ်စိုးမှုကို နိဂုံးချုပ်သွားစေသော ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်း  ထွက်ပြေးသွားခဲ့ကြသော ရခိုင်သားများသည် ဘင်္ဂလားဒေသမှ ဇာတိမြေသို့ ပြန်လာကြသည်။

ဖယ်ယာက အောက်ပါအတိုင်း ရေးသားခဲ့သည်။

ရခိုင်ပြည် ဒုက္ခပင်လယ်ဝေနေချိန်၌ ဇာတိမြေမှ စွန့်ခွာ ထွက်ပြေးသွားကြပြီး စစ်တကောင်းတောင်ပိုင်း၊ ကမ်းရိုးတမ်းတစ်လျှောက်ရှိ ကျွန်းများနှင့် ဘင်္ဂလားဒေသမှ ဆန်ဒါဘန်းဒေသတို့တွင် လာရောက် အခြေချကြသူများမှ ဆင်းသက်လာသူများစွာမှာ တဖြည်းဖြည်း (ဇာတိနိုင်ငံသို့) ပြန်လာကြသည်။ အရှေ့မြောက်မုတ်သုန်ရာသီအတွင်းတွင် အမျိုးသား၊ အမျိုးသမီးနှင့်ကလေးသူငယ်များ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများ အပြည့်တင်ဆောင်လာသော လှေများသည် လွန်ခဲ့သော နှစ်ပေါင်း သုံး၊လေးဆယ်က စွန့်ခွာခဲ့သော အဖရခိုင်ပြည်သို့ ပြန်ရန် ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဖက်ကမ်းရိုးတမ်းအတိုင်း တောင်ဘက်သို့ ဦးတည်မောင်းနှင်သွားကြသည်ကို တွေ့ရပေမည်။ ၎င်းတို့က ကျွှန်ုပ်ကို ပြောကြသည်။ ၎င်းတို့၏ အဖရခိုင်ပြည်နှင့် ဝေးကွာသောဒေသတွင် နေထိုင်ရစဉ်အတွင်း ၎င်းတို့အထဲမှ သက်ကြီးရွယ်အိုများက အဖရခိုင်ပြည် ကျဆုံးသွားရမှုအတွက် ပူဆွေးဝမ်းနည်းစွာ တမ်းတမ်းတတ ပြောဆိုကြသည်ဟု ပြောသည်။ ၎င်းတို့၏ အဖနိုင်ငံတော်ကြီး လှပတင့်တယ်ပုံ၊ မြေသြဇာကောင်းမွန်လှသဖြင့် တစ်ဧကလျှင် တင်းတစ်ရာအထိထွက်ပုံ၊ သီးနှံလှိုင်လှိုင်ပေါများကြွယ်ဝပုံ၊ ၎င်းတို့၏ အရှင်သခင်ဘုရင်မင်းမြတ်၏ ဂုဏ်ကျက်သရေ ဖြိုးဝေပုံ၊ အရင်တစ်ချိန်က ရှိနေခဲ့သော နေပြည်တော်၊ စေတီပုထိုးများနှင့် တန်ခိုးကြီးလှသည့် ဂေါတမမြတ်စွာဘုရားရုပ်ပွားတော် (ဗမာလူမျိုးတို့က အင်းဝသို့ယူဆောင်သွားပြီး၊ ယနေ့တိုင် ၎င်းနေရာ၌ တည်ရှိနေဆဲဖြစ်သော ကြေသွန်းရုပ်ပွားတော်ကြီး) တို့၏ ကြီးကျယ်ခန်းနားမှုကိုလည်း ပြန်ပြောင်းပြောပြတတ်ကြသည်ဟု ဆိုသည်။ ၎င်း (မဟာမြတ်မုနိ) ရုပ်ပွားတော်မြတ်ကြီးကို ရှေးခေတ်ရခိုင်ပြည်၏ နေပြည်တော်ဟောင်းအနီးရှိ မဟာမုနိတန်ဆောင်းတော်ကြီးမှ သယ်ဆောင်သွားခဲ့ကြလေပြီ။ ထိုထိုသော နေပြည်တော်၊ စေတီပုထိုးများနှင့် မဟာမုနိရုပ်ပွားတော်မြတ်ကြီးတို့နှင့်အတူ ရခိုင်ပြည်ကြီး၏ ကြွယ်ဝချမ်းသာမှု အစုစုတို့ ခွဲခြားပစ်၍မရလောက်အောင် တသားတည်းစုစည်းတည်ရှိနေခဲ့ကြကြောင်း ပြန်ပြောင်းပြောပြသည်ဟု ပြောကြသည်။

ရခိုင်ဘုရင်များခေတ်တွင်သော်လည်းကောင်း၊ ရခိုင်ပြည်ကို ဗမာများသိမ်းပိုက်သောအခါတွင်လည်းကောင်း၊ အတိတ်သမိုင်းရှိ မည်သည့်အချိန်တုန်းကမှ ရခိုင်ပြည်တွင် ရိုဟင်ဂျာအမည်ဖြင့် မူဆလင်လူမျိုးတစ်စုရှိနေခဲ့ကြောင်း သမိုင်းအထောက်အထားများ မတွေ့ရသကဲ့သို့၊ ဗြိတိသျှတို့အုပ်စိုးချိန်က ပြုစုခဲ့ကြသော တရားဝင်စာရွက်စာတမ်းအထောက်အထားများအရလည်း ထိုအမည်ဖြင့် မျိုးနွယ်စုတစ်စု မရှိခဲ့ပေ။ ဗြိတိသျှအရင်းရှင်အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းမှတ်ရာများအရ စစ်တွေခရိုင်ရှိ လူဦးရေစုစုပေါင်းနှင့် အဓိကလူမျိုးများ၊ လူမျိုးစုများနှင့် လူတန်းစားအလွှာများကို ပြသထားကြောင်းတွေ့ရသည်။

စစ်တွေခရိုင်ဂေဇက် (၁၉၀၆) ၏ စစ်တမ်းအရ စစ်တွေခရိုင်၏ လူဦးရေကို အောက်ပါအတိုင်း ဖော်ပြထားသည်။

မူလတိုင်းရင်သားလူမျိုးများ

ရခိုင်လူမျိုး (၂၃၉၆၄၉)ဦး၊ ဗမာလူမျိုး (၃၅၇၅၁)ဦး၊ ခမီးလူမျိုး (၁၁၅၉၅)ဦး၊ မြိုလူမျိုး (၁၀၀၇၄)ဦး၊ ချင်းလူမျိုး (၉၄၁၅)ဦး၊ ဒိုင်းနက်လူမျိုး (၃၄၁၂)ဦး၊ ချောင်းသားလူမျိုး(၂၄၇)ဦး၊ နှင့် သက်လူမျိုး(၂၃၂)ဦး။

မူလတိုင်းရင်းသားမဟုတ်သည့် လူမျိုးများ

ဗြိတိသျှလူမျိုး (၂၀၉) ဦး၊ ယူရေးရှန်းလူမျိုး (၁၅၈)ဦး၊ တရုတ်လူမျိုး(၄၃၉)ဦး၊ ရှိတ် (၁၅၂၀၇၄)ဦး၊ ဆိုင်ယပ်(၁၂၅၄)ဦး၊ ပသန်(၁၂၆)ဦး၊ ဇေယာဘာဒစ်(၁၀၈)ဦး၊ အခြားမူဆလမန်(၁၃၂၅)ဦး၊ ဆူဒရပ် (၆၀၁၆)ဦး၊ ကယားသ် (၂၈၈၈)ဦး၊ အူရိယပ် (၆၂၅)ဦး၊ ဗြာမာန်(၃၉၈)ဦး၊ ခတ္တိ (၃၇၇)ဦး၊ ဒိုဘီ(၂၆၃)ဦး၊ ဝက်ဒါ(၂၃၃)ဦး၊ နတ်(၂၂၆)ဦး၊ ဘူရူမတ်ဂ့(၁၆၅)ဦး၊ ချစ်တီး (၁၆၄)ဦး၊ ဒွန် (၁၄၃)ဦး၊ မာလာ(၁၄၂)ဦး၊ မရဘန် (၁၂၅)ဦး၊ ဘာနီးယား (၁၁၄)ဦးနှင့် အခြားဟင်ဒူအလွှာများ (၂၁၀၄)ဦး။

ဗြိတိသျှအရင်းရှင်ဂေဇက်တွင် ဤသို့ ဖော်ပြထားပြန်သည်။

(လက်ရှိနေထိုင်ကြသော) လူမျိုးများအနက် ရခိုင်လူမျိုး (၂၃၉၆၀၀) ဦးသည် လူဦးရေအများဆုံးဖြစ်သည်။ ဗမာလူမျိုးများမှာ အရေအတွက်အားဖြင့် (၃၅၈၀၀) ဦးသာ ရှိသည်။ ခမီးလူမျိုး (၁၁၆၀၀) ဦး၊ မြိုလူမျိုး (၁၀၁၀၀) ဦးနှင့် ချင်းလူမျိုး (၉၄၀၀) ဦး ရှိသည်။ နောက်ဆုံးလူမျိုးသုံးမျိုးမှာ တောင်ပေါ်နေလူမျိုးများဖြစ်ကြပြီး၊ စစ်တွေခရိုင်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မှီတင်းနေထိုင်ကြသည်။ အခြားတိုင်းရင်းနေမျိုးနွယ်စုများမှာ ဒိုင်းနက် (၃၄၀၀) ဦး၊ ….. နှင့် ချောင်းသား (၂၅၀) ဦး၊ ….. သက်လူမျိုး (၂၃၀) ဦးတို့ ဖြစ်သည်။ ရခိုင်မဟုတ်သော လူမျိုးအများစုမှာ တိုင်းတပါးသားများ ဖြစ်ကြသည်။ မှီတင်းနေထိုင်ကြသူ (၁၅၀၀၀၀) ကျော်မှာ ဘင်္ဂါလီလူမျိုးများ (သို့) ဘင်္ဂါလီလူမျိုးများမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး၊ နယ်နိမိတ်ထိစပ်နေသော စစ်တကောင်းခရိုင်မှ ရောက်လာကြသူများဖြစ်သည်။

၁၈၇၂၊ ၁၉၀၁ နှင့် ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းများအရ အောက်ပါအတိုင်း တွေ့ရသည်။
လူမျိုး
၁၈၇၂
၁၉၀၁
၁၉၁၁

ဟိန္ဒူ
၂၆၅၅
၁၄၄၅၅
၁၄၄၅၄

မဟာမေဒင်
၅၈၂၅၅
၁၅၄၈၈၇
၁၇၈၆၄၇

ဗမာ
၄၆၃၂
၃၅၇၅၁
၉၂၁၈၅

ရခိုင်(အာရကန်နိ)
၁၇၁၆၁၂
၂၃၉၆၃၉
၂၀၉၄၃၂

ရှမ်း၊ချင်း၊တောင်သား၊ ခမီး၊ဒိုင်းနက်၊
၃၈၅၇၇
၃၅၄၈၉
၃၄၀၂၀

အခြားလူမျိုးများ
၆၀၆
၁၃၅၅
၁၁၄၆

စုစုပေါင်း
၂၇၆၆၇၁
၄၈၁၆၆၆
၅၂၉၉၄၃


အထက်ပါမှတ်တမ်းများအရ ရခိုင်ပြည်တွင် ရိုဟင်ဂျာဟူသော မူဆလင်မျိုးနွယ်စုတစ်စု မည်သည့်အခါကမှ မရှိဖူးကြောင်း သက်သေပြုနေပါပြီ။ ၎င်းတို့ အခိုင်အမာ ပြောဆိုရေးသားနေကြမှုမှာ မှားယွင်းသည်ဟူသော အချက်သည် လယ်ပြင်မှာ ဆင်သွားသလို ရှင်းလင်းသိသာနေပါပြီ။ ကျွန်ုပ်တို့၏ ဆွေးနွေးမှုတွင် ဤအချက်နှင့်ပတ်သက်၍ ဆက်လက်တင်ပြသွားပါမည်။



သူတို့ မည်သူနည်း။

၎င်းတို့၏ လုံးဝ ယုတ္တိမတန်သော ပြောဆိုရေးသားမှုကို တစ်လွှာချင်းခွာချကြည့်ပါက ရိုဟင်ဂျာ ဟူ၍ ခေါ်ဆိုနေကြသူများသည် အာရပ် သင်္ဘောပျက်သောင်တင် ရောက်လာသူများမှ ဆင်းသက်လာသူများ မဟုတ်ပါ။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ အုပ်စိုးစဉ်ကာလအတွင်း ဘင်္ဂလားဒေသမှ ရွှေ့ပြောင်း ၀င်ရောက်လာကြသော စစ်တကောင်းမူဆလင်များသာ ဖြစ်ကြသည်။ မျိုးနွယ်အရ အသားအရေမည်းနက်သူများသည် ဒြာဝီဒီယန် (Dravidian) ဟူသော မျိုးရိုးဗီဇဝေါဟာရဖြင့် ညွှန်းဆိုခြင်းခံရသော နယ်ချင်းဆက်စပ်နေသည့် ဘင်္ဂလားဒေသမှ ဒေသခံမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ လူဦးရေပြန့်နှံ့မှုအရ မြန်မာနိုင်ငံအတွင်းမှ မူဆလင်လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသဖြစ်သော ရိုဟင်ဂျာဟုဆိုကြသူများသည် ရခိုင်ပြည်နယ်တွင်သာ အားလုံးနီးပါးနေထိုင်ကြသည်။ ရခိုင်ပြည်နယ်အနောက်မြောက်ပိုင်းစွန်း နယ်စပ်ဒေသတွင် စုနေကြသည်။ ထိုရခိုင်ပြည်နယ်မြောက်ဘက်စွန်းပိုင်းမှာ (၎င်းတို့) အစ္စလာမ်နယ်မြေထူထောင်ရန် မျှော်မှန်းထားပြီး၊ အာသာငန်းငန်းလိုချင်နေသော နယ်မြေ ဖြစ်သည်။ ရိုဟင်ဂျာဟုဆိုကြသူအများစုမှာ စာမတတ်ကြပေ။ ၎င်းတို့မှာ တောသူတောင်သားများဖြစ်ကြပြီး၊ ကာယလုပ်သားများသာ ဖြစ်ကြသည်။ ၎င်းတို့အထက်မှ ခေါင်းဆောင်နေရာယူထားကြသူများမှာ အရပ်ရှည်ပြီး အသားဖြူသော ပန်ချာပီ၊ ဆင်ဒီ၊ ပသန်နှင့် အလားတူလူမျိုးအနည်းငယ်ဖြစ်သည်။ ဤသို့ လွှမ်းမိုးချယ်လှယ်နိုင်စွမ်းသော လူအုပ်စုမှာ မြို့ပေါ်တွင်သာ နေကြပြီး၊ ခက်ထန်ကြမ်းတမ်းလှသည့် ဒြာဝီဒီယန်အနွယ် (ဘင်္ဂါလီ) များနှင့် ထိတွေ့ဆက်ဆံမှု မရှိသလောက်နည်းကြသည်။ ၎င်းလက်တစ်ဆုပ်စာ ပညာတတ်များသည် မူဆလင်လူ့အဖွဲ့အစည်းထဲမှ ကောင်းပေ့ညွန့်ပေ့ဆိုသူများ (လူကုံထံများ) ဖြစ်သည့်အပြင် ရည်မှန်းချက်ကြီးသော နိုင်ငံရေးသမားများဖြစ်ကြသဖြင့် (မူဆလင်ပြည်) ခွဲထွက်ရေးကြိုးပမ်းလှုပ်ရှားမှုများကို တွေးတောကြံဆစီစဉ် ညွှန်ကြားနိုင်စွမ်းရှိသော ဦးနှောက်ရှိသူများ ဖြစ်ကြသည်။ ရိုဟင်ဂျာဟုဆိုကြသူများအားလုံးသည် အသားမည်းသူရော၊ အသားဖြူသူပါ အရှေ့ဘင်္ဂလားဒေသ၊ စစ်တကောင်းခရိုင်တွင် ပြောဆိုသော ဒေသိယစကားတစ်မျိုးကို ပြောဆိုကြသည်။ ခွဲမထွက်မီအချိန်က အိန္ဒိယပြည်တွင် ပညာသင်ယူခဲ့သော သက်ကြီး ရွယ်အိုများမှာ ပါကစ္စတန်နိုင်ငံ၏ နိုင်ငံတော်ဘာသာစကားဖြစ်သည့် အူရဒူဘာသာစကား (Urdu) ကို သွက်လက်စွာ ပြောဆိုကြသည်။ ပါကစ္စတန်နိုင်ငံကို တိတ်တခိုးသစ္စာခံသော ဒြာဝီဒီယန်အနွယ်ဝင်မဟုတ်သူ မူဆလင်လူနည်းစုက ဘင်္ဂလားဇာတိရင်းမြစ်ကို ပွင့်ပွင့်လင်းလင်း နှစ်သက်ကြောင်းပြသော ဘင်္ဂါလီလူများစုအပေါ် ပိုင်နိုင်စွာ ဦးစီးချုပ်ကိုင်မှုကို စဉ်းစားကြည့်လျှင် အူရဒူဘာသာစကားပြောလူနည်းစု လက်ဝဲသမားများက ပို၍များပြားသော အရှေ့ဘင်္ဂလားတိုင်းသားများကို ဦးဆောင်ညွှန်ကြားခဲ့သော ပါကစ္စတန်ပြည်ဟောင်း၏ လူမျိုးရေးအရ ပွေလီရှုပ်ထွေးသော နိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရအုပ်ချုပ်မှု ယန္တရားကို ပြန်ပြောင်းသတိမရဘဲ မနေနိုင်အောင်ပင်ဖြစ်ပါသည်။ ထိုသို့သော အစဉ်အလာသည် သူ့နည်းသူ့ဟန်ဖြင့် တမူထူးခြားနေသော ရိုဟင်ဂျာလူ့အဖွဲ့အစည်းတွင် ဆက်လက်တည်ရှိနေပေလိမ့်မည်။

ဒုတိယကမ္ဘာစစ်အတွင်း ရခိုင်စစ်မျက်နှာတွင် တိုက်ခိုက်ခဲ့သော ဗြိတိသျှတပ်မ (၁၄) မှ ဗိုလ်မှူးတစ်ဦးဖြစ်သူ စီအီး လူးကပ်ဖီးလစ် (C.E. Lucas Phillips) က ဤရိုဟင်ဂျာဆိုသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အောက်ပါအတိုင်း ရှင်းပြထားသည်။

ရခိုင်ပြည် (Arakan) သည် ကိုယ်ပိုင်ဝိသေသလက္ခဏာရှိသော မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သည်။
လူမျိုး၊ ဘာသာစကားနှင့်ဘာသာတရားတို့ဖြင့် ပိုင်းခြားထားသော အဓိကလူ့အဖွဲ့အစည်းနှစ်ခုမှာ မူဆလင်နှင့် ဗုဒ္ဒဘာသာဝင်တို့ ဖြစ်ကြသည်။ ၎င်းတို့မှာ တစ်ဖက်နှင့်တစ်ဖက် မတည့်ကြပေ။ ဤဒေသတွင် ဗုဒ္ဒဘာသာဝင်များကို ရခိုင် (Arakanese) ဟု အများအားဖြင့် ခေါ်ဝေါ်ကြပြီး၊ ၎င်းတို့မှာ ‘မော့(ဂ့)လူမျိုးများ (Maughs)’ သို့မဟုတ်၊ ‘မတ်(ဂ့)လူမျိုးများ (Mughs)’ ဟု သိကြသော မျိုးနွယ်စုတွင် ပါဝင်ကြသည်။

မူဆလင်များ၏ ဇာစ်မြစ်မှာ ဗြိတိသျှအိန္ဒိယ၊ ဘင်္ဂလားပြည်နယ်၊ စစ်တကောင်းခရိုင်ပင် ဖြစ်သည်။ ရခိုင်ပြည်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများဖြစ်စေ၊ မကြာသေးမီကမှ ရွှေ့ပြောင်းဝင်ရောက် နေထိုင်လာကြသူများပင်ဖြစ်စေ၊ မူဆလင်အားလုံးကို ‘စစ်တကောင်းသားများ(Chittagonians)’ဟု သိကြပြီး ဗြိတိသျှတပ်တွင်မူ ၎င်းတို့ကို ‘စစ်တကောင်းတပ်သားများ(CFs)’ ဟုသိကြသည်။ ထိုသူများသည် ရှုပ်ထွေးသော ဘာသာစကားတစ်မျိုးကို ပြောဆိုကြသည်။ ရခိုင်များ (the Arakanese) မှာ ဗမာစကား၏ ဒေသိယဘာသာစကားတစ်မျိုးကို ပြောဆိုကြသည်။ သို့သော် စစ်တကောင်းသားများမှာ သူတို့ဇာတိနိုင်ငံ၏ ဘင်္ဂါလီစကားကိုသာ ပြောကြသည်။ ပညာတတ်စစ်တကောင်းသားများမှာ အူရဒူဘာသာစကားကိုလည်း ပြောဆိုကြသည်။

ရိုဟင်ဂျာဆိုသူများနှင့် အရှေ့ဘင်္ဂလားဒေသမှ ဒေသခံများအကြား မျိုးရိုးစဉ်ဆက်အားဖြင့် ထူးခြားသိသာစွာ တူညီနေပုံကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် တစ်မျိုးနှင့်တစ်မျိုး ဆွေမျိုးများဖြစ်ကြောင်း၊ တစ်မျိုးနွယ်တည်း ဖြစ်ကြောင်း၊ ဘာသာတရား တစ်မျိုးတည်းကို သက်ဝင်ယုံကြည်ကြကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများအတိုင်း လိုက်နာကျင့်သုံးနေကြဆဲဖြစ်ကြောင်းတို့မှာ သံသယဖြစ်စရာ မလိုပါ။ မည်သို့ပင်ဆိုစေ တိုင်းတပါးသား စစ်တကောင်းဘင်္ဂါလီများက သူတို့ကို အများပြည်သူများက ဘင်္ဂလီလူမျိုးအသစ်တစ်မျိုးဖြစ်ကြောင်း ယုံကြည်လာအောင် လိမ်လည်လှည့်ဖြားကြသည်။ ထိုသို့ သူတို့လုပ်ဆောင်ကြသော အကြောင်းအရင်းမှာ ရှင်းပါသည်။ သူတို့၏ အမိနိုင်ငံ (ဘင်္ဂလားဒေ့ရှ်) နှင့် နယ်ချင်းစပ်နေသော အခြားသူများပိုင်သည့် နောက်ဖေးခြံတွင် တရားမ၀င် နေထိုင်လာမိခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

အကောင်းဆုံးဥပမာတစ်ခုကို ပြပါဆိုလျှင် အမေရိကန်ပြည်ထောင်စုရှိ မက္ကဆီကိုမှ ရွှေပြောင်းဝင်ရောက် လာသူများကို ပြရပေမည်။ ၎င်းမက္ကဆီကိုမှ ရွှေ့ပြောင်းဝင်ရောက်နေထိုင်လာသူများသည် စပိန်ဘာသာစကားကို ပြောဆိုကြသည်။ ၎င်းတို့၏ မက္ကဆီကိုနိုင်ငံသားဆွေမျိုးပေါက်ဖော်များနှင့် မျိုးနွယ်လည်းတူ၊ ဘာသာလည်းတူ၊ ယဉ်ကျေးမှုပုံစံလည်း တူကြသည်။ နယ်နိမိတ်မျဉ်းအလွန် တစ်ဖက်နိုင်ငံဘက်သို့ ရောက်ရှိနေပြီး၊ လာတီနို (Latinos) ဟူသောအမည်တွင်နေရုံမျှဖြင့် ၎င်းတို့ကို မက္ကဆီကိုနိုင်ငံရှိ စပိန်မျိုးနွယ်နှင့် လူမျိုးရေးအရ ကွဲပြားသော လူမျိုးတစ်မျိုးအဖြစ်ပေးရန် မည်သည့်အခါကမှ မတောင်းဆိုဖူးသကဲ့သို့ (အကယ်၍ တောင်းဆိုလာလျှင်လည်း) မည်သည့်အခါမှ အသိအမှတ်ပြုပေးကြမည်မဟုတ်ပေ။ ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်လာလျှင်လည်း အလားတူပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်တွင် နေသည်ဖြစ်စေ၊ နယ်စပ်မူဆလင်ပြည်တွင်နေသည် ဖြစ်စေ ရခိုင်လူမျိုးများက ၎င်းတို့ကို ‘ကုလား (Kula)’ ဟုသိကြသည်။ (ကုလား (Kula) ဟူသော စကားလုံးမှာ ပါဠိဝေါဟာရတစ်လုံးဖြစ်ပြီး၊ တိုင်းတပါးသားမျိုးနွယ် (the alien race) ဟူသော အဓိပာယ်ရသည်။) ဗြိတိသျှအင်္ဂလိပ်တို့က ၎င်းတို့ကို စစ်တကောင်းသားများ (Chittagonians) ဟု သိကြသည်။ ၎င်းတို့အနေဖြင့် မည်သို့သော အမည်ဖြင့်ပင် ခေါ်ဝေါ်ရန်ကြိုးစားကြိုးစား၊ ၎င်းတို့သည် မိခင်နိုင်ငံမှ လူများနှင့် လူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုအားဖြင့် လုံးဝမကွဲပြားကြပေ။ ထို့ကြောင့် ဘင်္ဂါလီများက (လူမျိုးရေးချိုးနှိမ်မှုပါသော လေသံဖြင့်) ‘မာ့(က့)များ (Maghs)’ ဟူ၍ နှိမ်ချခေါ်ဝေါ်ကြသော ရခိုင်များ (Rakhaings or Arakanese) သည် အတူတူပင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းနေသည်ဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဇာတိနေရပ်နှင့်ဝေးကွာကာ ရောက်နေသည်ဖြစ်စေ၊ ‘အမည်သာကွဲ တစ်မျိုးတည်း’ ဖြစ်ကြသည်။ ထိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်ကြသော ရခိုင်များသည် ရခိုင်ပြည်နယ်မှ ရခိုင်သူ၊ ရခိုင်သားများနှင့် လူမျိုးအရရော၊ ယဉ်ကျေးမှု အရပါ မကွဲပြားကြပေ။ ၎င်းဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ၏ ဘိုးဘေးများသည် ရခိုင်ပြည်ကို ဗမာများ ၀င်ရောက်တိုက်ခိုက်သည့် အချိန်က ဇာတိဒေသမှ စွန့်ခွာထွက်ပြေးခဲ့ကြသူများ ဖြစ်သည်။


မျိုးရိုးဗီဇ(DNA) စစ်ဆေးခြင်း

စစ်တကောင်းသားခွဲထွက်ရေးသမားများက ၎င်းတို့သည် ဘင်္ဂါလီများနှင့် ကွဲပြားသည်ဟု ယူဆရသော အာရပ်ကပြားလူမျိုးများဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလျှက် ဇာတိဇာစ်မြစ်ကို ကပြောင်းကပြန်လုပ်ကြံ ဖန်တီးရန် ကြိုးစားကြသည်။ ရှေ့စာမျက်နှာများတွင် ဆွေးနွေးခဲ့သည့်အတိုင်း သူတို့၏ ပြောဆိုရေးသားမှုသည် သမိုင်းမှတ်တမ်းနှင့် ဌာနဆိုင်ရာမှတ်တမ်းများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ ထိုသို့ ပြောဆိုရေးသားမှုသည် ၎င်းတို့အနေဖြင့် ခွဲထွက်ရေးလှုပ်ရှားမှုကို နိုင်ငံရေးလှုပ်ရှားမှုအသွင် ဖန်တီးလျှက် တရားမ၀င်မူဆလင်လူနည်းစုအတွက် လွတ်လပ်သောအစ္စလာမ်နိုင်ငံရရှိရန် တပူပူတဆာဆာ တောင်းဆိုမှုအပေါ် ၎င်းတို့၏လွှမ်းမိုးမှုကို ခိုင်မာသထက်ခိုင်မာစေဖို့ စီမံကိန်းတစ်ခုသာ ဖြစ်သည်။

ထိုရိုဟင်ဂျာဟု ခေါ်သူများသည် ဇီဝဗေဒအရ သွေးနှောနေသည်ဟူသော ပြဿနာအတွက် မှန်ကန်သော ဖြေရှင်းချက်မှာ ရှာဖွေရန် မခဲယဉ်းတော့ပေ။ ၎င်းတို့သည် ‘အာရပ်အနွယ်လား၊ ဘင်္ဂါလီဇာစ်မြစ်လား’ ဟူသော အချက်ကို သိနိုင်ပေပြီ။ ၎င်းတို့၏ အခိုင်အမာပြောဆိုမှုသည် မမှန်ကန်ကြောင်းကို သက်သေပြခဲ့သည့် သက်သေအထောက်အထားများကို အဆင့်မြင့်သိပံနည်းပညာရပ်ဖြင့် ယခုအခါ လက်တွေ့စမ်းသပ်သက်သေပြ နိုင်ပါပြီ။ ထိုကိစ္စနှင့်ပတ်သက်၍ အားလုံးသောအကြောင်းအရာများကို မျိုးရိုးဗီဇ(DNA)စစ်ဆေးမှုမှ ရလာသော အထောက်အထားဖြင့် ယတိပြတ် ရှင်းလင်းနိုင်သည်။ အကယ်၍ ရိုဟင်ဂျာဆိုသူများသာ မိမိတို့ကိုယ်မိမိတို့ တရားဝင်မျိုးရိုးဗီဇ(DNA)စစ်ဆေးမှု ခံယူရန် သတ္တိရှိလျှင် ၎င်းတို့သည် နယ်နိမိတ်ထိစပ်နေသော ဘင်္ဂလားပြည်နှင့် မျိုးရိုးဗီဇအရ ဆက်စပ်မှုရှိသည် (သို့မဟုတ်) ဆက်စပ်မှုမရှိဟူသော ပြဿနာကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့၏မျိုးနွယ်အစစ်အမှန်ကိုလည်း အတည်တကျ သိရှိသတ်မှတ်နိုင်ပါမည်။ ဤအချက်နှင့်ပတ်သက်၍ စံထားရလောက်သောအခြေအနေတစ်ခုကို တင်ပြရလျှင် အာဖရိကန်အမေရိကန်များကို ပြရပေမည်။ ခေတ်မီမျိုးရိုးဗီဇ(DNA)နည်းပညာ အကူအညီဖြင့် ထိုလူမျိုးတို့၏ ဇာစ်မြစ်များကို အာဖရိကတိုက်မှ မျိုးနွယ်စုအမျိုးမျိုးနှင့် ပြန်ပြောင်းခြေရာကောက်ရှာဖွေနိုင်ပေပြီ။ ထို့ပြင် အမေရိကန်အိန္ဒိယန်းများနှင့် ဆိုက်ဘေးရီးယားတွင်နေထိုင်ကြသူများ၏ မျိုးရိုးဗီဇအရ ဆက်စပ်မှုကို အတည်ပြုပေးနိုင်ခဲ့သည်မှာလည်း ဤမျိုးရိုးဗီဇ(DNA)စစ်ဆေးမှုပင် ဖြစ်သည်။ ဆိုက်ဘေးရီးယားတွင် နေထိုင်ကြသူများ၏ ဘိုးဘေးဘီဘင်များသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀,၀၀၀) ခန့်က ပြောင်းရွှေ့သွားခဲ့ကြသည်။ အခုအခါ ပျောက်ကွယ်သွားပြီဖြစ်သော ဖိုနီးချန်း(Phoenicians) နှင့် ကနာအန်နိုက်(Canaanites) ဟူသော လူမျိုးများအကြား မျိုးရိုးဗီဇဆက်နွယ်မှုကို ဖော်ထုတ်ပြခဲ့သည်မှာလည်း ဤမျိုးရိုးဗီဇ စစ်ဆေးနည်းပင်ဖြစ်သည်။

ထိုသိပံနည်းကျ စစ်ဆေးမှုသည် လူမျိုးတစ်မျိုး၏ မျိုးရိုးဗီဇဆိုင်ရာ ၀ိသေသလက္ခဏာများကို ကူညီသက်သေပြနိုင်ဖို့ လိုသလောက်ရနိုင်ပြီဖြစ်သောကြောင့် ရိုဟင်ဂျာဟုဆိုကြသောသူများသည် မည်သူတို့ ဖြစ်ကြောင်းနှင့် မည်သည့်အရပ်ဒေသတွင် ၎င်းတို့၏ဇာစ်မြစ်ရှိကြောင်းကို အသေအချာ သတ်မှတ်ရန်မှာ မခက်ခဲတော့ပေ။ ရိုဟင်ဂျာဟုဆိုကြသူများ၏ ဘိုးဘေးဘီဘင်များနှင့်ပတ်သက်သည့် အယူအဆအသစ်အဆန်းကို ထောက်ခံအားပေးသူများသည် (၂၁)ရာစု မျိုးရိုးဗီဇ(DNA)နည်းပညာကို အမြတ်ထုတ်ပြီး ၎င်းတို့၏ အခိုင်အမာပြောဆိုရေးသားမှု သင်္ကာရှင်းအောင်လုပ်ဆောင်ကြမည်ဟု မျှော်လင့်ရပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကိုယ်ပိုင်ပုံစံရှိသော ရိုဟင်ဂျာဆိုသူများ၏ တစ်ဦးချင်းအလိုက် မျိုးရိုးဆိုင်ရာဝိသေသလက္ခဏာများကို ခွဲခြားသတ်မှတ်ကာ ရခိုင်ပြည်နယ်တွင်းမှ အဆမတန်တိုးပွားလာနေသော မူဆလင်များသည် ‘အသားထဲက ဘင်္ဂါလီများလား၊ အသွေးထဲက အာရပ်များလား’ ဟူသည့် အချက်ကိုလည်း ဆုံးဖြတ်ပေးပြီးဖြစ်ပေမည်။

စိတ်ဝင်စားစရာအချက်တစ်ချက်မှာ မြန်မာနိုင်ငံကို အိန္ဒိယအင်ပါယာ၏အစိတ်အပိုင်းတစ်ခုအဖြစ် အုပ်ချုပ်ခဲ့သော ဗြိတိသျှကိုလိုနီနယ်ချဲ့များသည် အိန္ဒိယမှ ရွှေ့ပြောင်းဝင်လာသူများနှင့် မြန်မာနိုင်ငံသားများကို ကျောက်ဆေးထိုးအမှတ်အသားများဖြင့် ခွဲခြားခဲ့ကြခြင်းပင် ဖြစ်သည်။ အိန္ဒိယလူမျိုးများကို ညာဘက်လက်မောင်းတွင် ကျောက်ဆေးထိုးပေးပြီး၊ မြန်မာနိုင်ငံသားများကို ဘယ်ဘက်လက်မောင်းတွင် ကျောက်ဆေးထိုးပေးခဲ့ကြသည်။ ထိုသို့ ကျောက်ဆေးထိုးထားသော အမှတ်အသားများကို ရိုဟင်ဂျာဟုခေါ်သူများ၏ သက်ကြီးရွယ်အိုမျိုးဆက်များထံတွင် ယခုထိတိုင် တွေ့နိုင်ပါသေးသည်။

(စာမျက်နှာ (၂၄) အထိပြီးပါပြီ။)
(ဆက်လက်ဘာသာပြန်ဆို တင်ပြပါမည်။)

လေးစားစွာ

ဇွဲသစ် (ရမ္မာမြေ)
၁၀.၂.၂၀၁၃ (တနင်္ဂနွေနေ့)

No comments:

Post a Comment