မင်းကွတ်သီးသည် အပူပိုင်း ဒေသထွက် သီးနှံတစ်မျိုး ဖြစ်သည်။ ပူအိုက် စွတ်စိုသော ရာသီဥတုရှိသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် မင်းကွတ်ပင်များ ရှင်သန် ပေါက်ရောက်သည်။
ရှေးပဝေသဏီ ကတည်းကပင် အရှေ့တောင်အာရှ နိုင်ငံများတွင် မင်းကွတ်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြု ခဲ့ကြပေသည်။ ဝမ်းပျက် ဝမ်းလျှောရောဂါ အတွက် မင်းကွတ်သီး အခွံကို ရေတွင် တစ်ညစိမ်၍ ယင်းစိမ်ရည်အား သောက်သုံးခြင်းဖြင့် ပျောက်ကင်းသည်ဟု ယုံကြည်စွာ သုံးစွဲကြသည်။ တစ်ဖန် မင်းကွတ်သီး အခွံအား ခပ်ပါးပါးလှီး၍ နေလှန်း အခြောက်ခံကာ လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင်ခပ်၍ သောက်ခြင်းဖြင့် ဆီးရောဂါနှင့် ဂနိုကျသည့် ရောဂါများအား သက်သာ ပျောက်ကင်းသည်ဟု လက်ခံကာ သုံးစွဲတတ်ကြသည်။
အခြားသော ရောဂါများ အတွက်လည်း မင်းကွက်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြုရာတွင် အရေပြားနှင့် ဆိုင်သော ရောဂါများ ဖြစ်ကြသည့် မှက်ခရု၊ နှင်းခူစသည့် အနာများ၊ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက် ကလေးများ ပေါ်လာတတ်သည့် မိတ်ထွက်ခြင်းနှင့် အင်ပြင်ရောဂါတို့ အတွက်လည်း လိမ်းဆေးအဖြစ်
Read More >> http://www.myawady.com.mm/
No comments:
Post a Comment