ဒီလ ၁၂
ရက်နေ့မှာကျရောက်တော့မယ့် ၆၃ နှစ်မြောက် ကရင့်အာဇာ နည်နေ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့
ကရင်အမျိုး သားတွေ ပြင် ဆင်နေကြပါပြီ။
ကရင့်အမျိုးသားအာဇာနည်ဖြစ်တဲ့
စောဘဦးကြီးဟာ ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးက
ထော့ကိုကိုးရွာမှာ ကျဆုံးခဲ့တာပါ။
သူကျဆုံးပြီးတဲ့နောက်မှာ
ကရင်အမျိုးသားအစည်းအရုံး KNU ကနေ ကရင်အမျိုးသားအာဇာနည်အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုလာခဲ့တာ
နောက်နှစ်ရက်ဆိုရင် ၆၃ နှစ် ပြည့်တော့မှာ ဖြစ်တယ်။
ကရင့်အမျိုးသားတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့
စောဘဦးကြီး ချမှတ် ထားခဲ့တဲ့ တော်လှန်ရေးမူ (၄) ချက်ကတော့ ကရင်အမျိုးသားတွေအတွက် ဒီနေ့အထိ
ခေတ်မီနေဆဲ ဖြစ်နေတယ်လို့ ကရင်အမျိုးသားအများစုက ယုံ ကြည်လက်ခံကြ တယ်လို့ကရင့်တော်လှန်ရေးတပ်မှူးဟောင်းတဦးက
ဆိုပါတယ်။
စောဘဦးကြီး
မူ (၄) ချက်က
(၁) လက်နက်ချစကားအလျှင်း
မပြောရ
(၂) ကရင့်လက်နက်
ကရင့်လက်ထဲရှိရမည်
(၃) ကရင်ကံကြမ္မာ
ကရင်ဖန်တီးမည်
တော်လှန်ရေးအတွက်
ကိုယ်လက်အင်္ဂါပေးလှူထားတဲ့ ကရင်တပ်မှူးဟောင်းကတော့ "ကရင့်တော်လှန်ရေးမပြီးသေးသလို
စောဘဦးကြီးရဲ့မူလေးချက်ကဆန်း သစ်နေတုန်းပါပဲ၊ ခေါင်းဆောင်ကြီးတွေက အမြော်အမြင်ရှိရှိနဲ့
ချမှတ်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာ မူလေးချက်ကို အသိအမှတ်မပြုချင်တော့တဲ့ တော်လှန်ရေးသမား
အချို့ကြောင့် စိတ်ပျက်မိတယ်လို့" သူ့အမြင်ကို ရင်ဖွင့်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ကရင့်တော်လှန်ရေးရဲ့မူဝါဒတွေကိုတော့ အမျိုးသားတွေရဲ့အနာဂတ်အတွက် စဉ်းစားတွေးခေါ် ဆင်ခြင်ကြဘို့လိုသလို
ကရင့်အမျိုးသားတွေရဲ့ကံကြမ္မာကို ကရင်မဟုတ်တဲ့လူတွေ ဝင်ရောက်ဖန်တီးတာကို လက်မခံကြဘို့လည်းလိုတယ်"
အကြောင်း ဖြည့်စွက်ပြောကြားပါသေးတယ်။
အမျိုးသားအရေးဆောင်ရွက်နေတဲ့
ကရင်ဘုန်းတော်ကြီးတပါးကလည်း ကရင့်လက်နက်ကိုင်အဖွဲ့များစွာ အကွဲကွဲအပြား ပြား ဖြစ်နေကြတဲ့အတွက်
စိုးရိမ်မိတယ်လို့ မိန့်ကြားခဲ့ပြီး ကရင့်တော်လှန်ရေးရဲ့မူတွေကို ဥပက္ခာပြုမယ်ဆိုရင်
ကိုယ့်အမျိုးသားကိုမျက်ကွယ်ပြုတာနဲ့ တူလိမ့်မယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ
တိုင်းရင်းသားတွေနဲ့ အစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အဲဒီဘုန်းတော်ကြီးက
ဆေးမြီးတိုနည်းတွေပါလို့ဆိုပြီး" တော်လှန်ရေးအတိမ်းဟာ စီးပွားရေးအယိုင်းမဖြစ်ဘို့လိုတယ်"
လို့ မိန့်ဆိုပါတယ်။
အင်္ဂလန်မှာ
ဝတ်လုံဘွဲ့ရရှိခဲ့တဲ့ ကရင့်အမျိုးသားအာဇာနည် စောဘဦးကြီးဟာ သူ့ရဲ့ကရင့်တော်လှန်ရေး
မူလေးချက် ကို ၁၉၅၀ ခုနှစ်ဇူလိုင်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ဖာပွန်မြို့မှာပြုလုပ်ခဲ့တဲ့
"ကရင်အမျိုးသားညီလာခံ" အပြီး မှာ အဲဒီအချိန်က မော်ချီးမှာရှိတဲ့ ကော်သူးလေအသံလွင့်ဌာနကနေ
ကြေညာခဲ့တာ ဖြစ်ပါတယ်။
၆၃ နှစ်မြောက်
ကရင့်အမျိုးသားအာဇာနည်နေ့အတွက် ပေးပို့တဲ့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးရဲ့
မိန့်ခွန်း ထဲမှာ "အာဇာနည်များအသက်ကိုပေးအပ်၍လှူ ဒါန်းခဲ့ရသည့် မျှော်လင့်ချက်နှင့်
အနက်အဓိပ္ပာယ် ကို ဖြည့် ဆည်းဆောင်ရွက်ရန် အသက်ရှင်နေသေးသည့် ကျွန်ုပ်တို့၏လက်ထဲတွင် တာဝန်ရှိနေကြပါသည်"
လို့ ပါရှိပါတယ်။
၆၃ နှစ်မြောက်
ကရင့်အာဇာနည်နေ့ကိုတော့ စောဘဦးကြီးကျဆုံးခဲ့တဲ့ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာမှာ
ဗိုလ် ချုပ်ကြီးစောဌေးမောင် ဦးဆောင်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနဲ့ အတူ
ပြုလုပ်မယ်လို့ တပ်မှူးတဦးကပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ
ခရိုင်နဲ့တပ်မဟာ ၇ ခုမှာလည်း ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့အတူ အာဇာ နည်နေ့ ကို ပြုလုပ်သွားမယ်လို့
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA က တပ်မှူးတဦးက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး
KNU ဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဘို့အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ
၃၁ ရက်နေ့ကစတင်ပြီး အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်လာခဲ့တာ အခုဆိုရင် ၆၄ နှစ်ရှိပါပြီ။
၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ
၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ KNU အဖွဲ့မှာ ဥက္ကဋ္ဌ (၈) ဦးရှိခဲ့ပြီး စောစံဖိုး သင်၊
စောဘ ဦးကြီး၊ စောဟံတာသာမွှေး၊ မန်းဘဇန်၊ စောဘိုမြ၊ စောဘသင်စိန်၊ စေတာမလာဘော၊ စောမူတူးစေးဖိုး
တို့ ဖြစ်ကြ ပါတယ်။
အခုသတင်းနဲ့အတူ
တွဲတင်လိုက်တာက စောဘဦးကြီးရဲ့ပုံ ဖြစ်ပါတယ်။
မန်းမျိုးမြင့်၊
သြဂုတ် ၁၀
No comments:
Post a Comment