ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
▼
မင်းပြားမြို့နယ်အတွင်း ကားတစ်စီးရေထဲထိုးကျ သဖြင့် လူသုံးဦးပွဲချင်းပြီးသေဆုံး
rsv
မင်းပြားမြို့နယ်အတွင်း သြဂုတ်လ ၈ ရက်နေ့က ကားတစ်စီးရေထဲထိုးကျ သဖြင့် လူသုံးဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။
သြဂုတ်လ ၈ ရက် နေ့၊ နေ့လည် ၁၂း၄၅ နာရီခန့်အချိန်က ပေါက်တော-မင်းပြား
ကားလမ်း၊ပေါ်ရှိ မိုင်တိုင်အမှတ်၁၈/၂နှင့် ၁၈/၃ အကြား တွင် အရှိန်လွန်ပြီး
လက်ဝဲဘက်ရှိ ရေမြောင်းထဲသို့ ၆/ဂ(၇၅၇၅)တိုယိုတာ ကားအမျိုးအစား ဖြစ်ပြီး ထိုးကျသွားခဲ့ခြင်းဖြစ်သည်။
ကား ရေမြုတ်သွားသဖြင့် ပတ်ဝန်းကျင်လယ်သမားများက ချက်ချင်းလာရောက် ကယ်တင်ခဲ့သော်လည်း ကားအတွင်း သုံးဦးမှာပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းနှင့် လေး ဦးမှာ အသက်ရှင်ခဲ့သော်လည်းလှမောင်သာ ဆိုသူ တစ်ဦးမှာ အနည်းငယ်ပွန်းပဲဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူများမှာ ယာဉ်မောင်း ကိုကိုသိန်းနှင့်အမွှာညီ ကိုကိုထွန်း၊အသက်
၁၇နှစ်နှင့် လုံးလုံး ၂၈ နှစ်၊ (ဘ) ဦးကျော်ထွန်းတို့သုံးဦးတို့ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment