ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Sunday, August 25, 2013

စစ်တွေမှ အငူမော်ကမ်းခြေအထိ လူဇင်ဘတ်နိုင်ငံမှ အလေးစီးသတ္တုများတူးဖော်ထုတ်လုပ်ရန်စီစဉ်လျက်ရှိကြောင်းသတင်းရရှိ

RSV 23 August
စစ်တွေ၊ သြဂုတ်-၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ ပင်လယ်ကမ်းခြေဖြစ်သည့် ပွိုင့်မှ ရသေ့တောင် မြို့နယ် အငူမော်ကမ်းခြေအထိ လူဇင်ဘတ်နိုင်ငံမှ အလေးစီးသတ္တုများတူးဖော်ထုတ်လုပ်ရန်စီစဉ်လျက်ရှိကြောင်းသတင်း ရရှိပါသည်။
အဆိုပါ အလေးစီးသတ္တုတွင် သတ္တုပေါင်း များစွာပါဝင်မည်ဖြစ်ပြီး ဒေသတွင်း black sand ဟုလည်းခေါ် ဆိုေ ကြာင်း သိရသည်။ ယင်း သဲမှ အလူမီနီယမ်နှင့်တိုက်တေနီယံတို့ကိုအဓိက ထုတ်လုပ်နိုင်ပြီး တန်းဖိုးကြီးေ သာ သတ္ထုများဖြစ်ကြောင်းသိရသည်။ သို့ ရာတွင် ပင်လယ်ကမ်းခြေတစ်လျှောက်သည် မည်မျှ အထိ ပျက်စီးပြီး ဒေသခံတိုင်းရင်းသားများအတွက် မည်မျှထိ အကျိုးဖြစ် ထွန်း မည်ကို မသိရှိရသေးကြောင်း လည်း ဒေသဆိုင်ရာ လေ့လာသူများက သုံးသပ်ပြောဆိုကြပါသည်။
ယခင်နှစ်ကလည်းရသေ့တောင်မြို့နယ် အငူမော် ကမ်းခြေမှ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေ အဆုံးထိ အနက် ရောင် သဲများကို ထုတ်လုပ်ရန် gold feinder ကုမ္ပဏီ မှ ပြည်ထောင်စိုးရသို့ တင်ပြ ခဲ့ပြီး ပြည်နယ်အစိုးရက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေ ခဲ့ သည်ဟုသိရသည်။ သို့သော်လည်း ယင်း သတ္ထုအတွင်း ယူရေနီယံအနည်းငယ်ပါဝင် မှုရှိသည်ဟု လည်းလေ့လာသူများထံမှသိရ သည်။
ယင်းအတွက် သတ္ထုတူးဖော်ရေးလုပ်ငန်း ရရှိအောင်ဆောင်ရွက်နေသူများနှင့်ကုမ္ပဏီများသည် သတ္ထုတွင်းပါဝင်သောပစ္စည်းများ ကို အပြည့်အ၀ဖော်ပြခြင်းမရှိဘဲ အမည်အမျိုးမျိုးသုံးကာ တင်ပြနေခြင်းဖြစ်သည်ဟုလည်း ခိုင်လုံသောသတင်းရပ်ကွက်မှသိရသည်။
ထိုသို့တူးဖော်ရန်အတွက် လူဇင်ဘတ်နိုင်ငံမှ ကိုယ်စာလှယ်တစ်ဦး စစ်တွေမြို့သို့ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီး ပြည်နယ်မြေစာရင်းဦးစီးဌာနသို့ သွားရောက်ညှိနှိုင်း မှုများပြုလုပ်နေသည်ဟုလည်း သတင်းရရှိသည်။
ရခိုင်ပြည်အတွင်းရှိသဘာဝသယံဇာတများကို ပြည်ပနိုင်ငံများစိတ်ဝင်တစားလေ့လာထုတ်လုပ်ရန်ကြိုးပန်းနေပြီဖြစ်ကြောင်းနှင့် ဒေသခံတိုင်းရင်းသားများ၏ ရပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်များစွာ ဆုံးရှုံးလျက်ရှိသည့်အပေါ် သုံးသပ်မှုများနှင့်တားဆီးကာကွယ်နိုင်ရေး တို့ ကိုလည်း ပြုလုပ်သွားကြရမည်ဖြစ်သည့်အပြင် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားကိုလည်း ဒေသခံများလေ့လာသုံးသပ်ပြီး ပူးပေါင်းညှိနှိုင်းမှုများကို ပြုလုပ်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြပါသည်။
ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသော သယံဇာတများသည် ရခိုင်ပြည်သူပြည်သားများအတွက် မည်သည့်အတိုင်းအတာထိ ရသင့် ရထိုက်သည်ကို အစိုးရအနေဖြင့် ခွဲဝေပေးရန်လိုအပ်မည်ဖြစ်ပြီး သ ဘာဝဓါတ်ငွေ့နှင့်ပတ်သက်သော ရပိုင်ခွင့်များကိုလည်း လက် ရှိတွင် ပြည်သူများလိုအားလျက်ရှိသည်ဟုသိရသည်။
ရခိုင့်ပင်လယ်ကမ်းရိုးတန်းရှိ သဘာဝသယံဇာတများသည် ရခိုင်ပြည်သူများ အကျိုးခံစားခွင့်ရှိမှသာ ထုတ်ယူရန်လက်ခံနိုင်ခြေ ရှိ ပြီး အကျိုးခံစားခွင့်မရှိပါက လက်ခံနိုင်မည် မဟုတ်ကြောင်း လည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။

No comments:

Post a Comment