ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
(Move to ...)
အဖွင့်စာမျက်နှာ
သတင်း
ဆောင်းပါး
စာအုပ်စင်
ရခိုင်ရိုးရာပွဲများ
ခမီလူမျိုးရေးရာ
မြိုလူမျိုးရေးရာ
မရမာကြီးရေးရာ
သက်လူမျိုးရေးရာ
သက္ကမရေးရာ
ရခိုင်အသင်းအဖွဲ့
ဓလေ့ထုံးတမ်း
ထုတ်ပြန်ချက်
အင်တာဗျူး
ရုပ်သံဖိုင်
အတ္ထုပတ္တိ
တိုင်းရင်းသားရေးရာ
ဘာသာရေးဆိုင်ရာ
မူဆလင်ရေးရာ
တိုင်းရင်းဆေးစွမ်းကောင်း
နည်းပညာ
ထူးထွေဆန်းပြား
ရိုးရာပစ္စည်းအရောင်းဆိုင်
▼
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်ဟု နိုင်ငံတော်က စာရင်းသွင်းထားသည့် ”ကမန်”ဆိုသောသူများအကြောင်း
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ”ကမန်”ဆိုသူများ
ဤစာရေးသူသည် ရခိုင်သမိုင်းကို စိတ်ဝင်စား၍
မြောက်ဦးခေတ်နှင့်ယင်းနောက်ပိုင်း ရခိုင့်နိုင်ငံရေး သမိုင်းကို
နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုခဲ့ပါသည်။ ၁၉၈၃-ခုနှစ်တွင် ကောက်ခံခဲ့သော
သန်းခေါင်စာရင်းအရ အစိုးရက တိုင်းရင်းသားလူမျိုးစု (၁၃၅)မျိုးကို
ခွဲခြားသတ်မှတ်ခဲ့ရာ ရခိုင်အစုတွင် ၁။ရခိုင် ၂၊ ကမန် ၃။ခမြီး ၄။ ဒိုင်းနက်
၅။ မရမာကြီး ၆။ မြို ရ။ သက် ဟူ၍ ခွဲခြားဖေါ်ပြထားသည်။ အမှန်စင်စစ် “
ကမန် “ ဆိုသော ဝေါဟာရသည် အူရဒူဘာသာစကားဖြင့် လေး(bow) ဟု
အဓိပ္ပါယ်ရပါသည်။ရခိုင်ဘုရင်များလက်ထက်တွင် စစ်မှုထမ်းအမျိုးအစားများအနက်
“လေးတပ် ” တွင် အမှုထမ်းခဲ့သူများ၊လေးသည်တော် စစ်သည်များရှိခဲ့သည်။
လေးသည်တော်များအဖြစ်အမှုထမ်းခဲ့သူများတွင် အစ္စလာမ်ဘာသာကိုးကွယ်သူများသာမက အခြား ဘာသာဝင်များလည်း ပါရှိခဲ့ပါသည်။မျက်မှောက်ခေတ်
အခေါ်အဝေါ်ဖြင့် အနီးစပ်ဆုံး ဥပမာပြရလျှင်
ကြည်းတပ်၊ရေတပ်၊လေတပ်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ စသည်ဖြင့် လက်နက်ကိုင်
တပ်ဖွဲ့များကို အမည်ခွဲခြား သတ်မှတ်ထားသည့်သဘော ဖြစ်ပါသည်။“ ကမန်”
ဆိုသော ဝေါဟာရသည် လူမျိုးအမည် သတ်မှတ်ချက် မဟုတ်ပါ။ကမန်ကို လူမျိုးအမည်
သတ်မှတ်ထားခြင်းမှာကြည်းတပ်လူမျိုး၊လေတပ်လူမျိုး၊ရေတပ်လူမျိုး၊ ရဲတပ်ဖွဲ့လူမျိုး ဟူ၍ အဓိပ္ပါယ်သတ်မှတ်ချက်မျိုးဖြစ်နေပါသည်။
“ကမန်”(လေးသည်တော်)အမည်ကို လူမျိုးအမည်ခွဲခြားကာ ရခိုင်မျိုးနွယ်စုတိုင်းရင်းသာများဟူ၍ သတ် မှတ် လိုက်သည့်အခါ အခြားခိုးဝင်လာသူ အစ္စလာမ်ဘာသာဝင်ဘင်္ဂလီများအတွက်
ကမန်အမည်ခံယူပြီး တိုင်းရင်းသားများအဖြစ် အသွင်ပြောင်းရန်
လမ်းစတစ်ခုဖြစ်သွားပါသည်။ ခိုးဝင်လာသူ ဘင်္ဂလီ များစွာ တို့သည် ကမန်အမည် ခံယူ၍ တိုင်းရင်းသားများအဖြစ်ဖန်တီးထားကြကြောင်း သိရှိရပါသည်။ အစိုးရက တ ရားဝင်သတ်မှတ် ထားသော ရခိုင်မျိုးနွယ်စုဝင် ကမန်ဆိုသူများ၏ ဇာတိ၊ဇာစ်မြစ်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံး စံ၊ဘာသာစကား သည် ကမန်အသွင်ပြောင်းထားသူ ဘင်္ဂလီများနှ င့် ကွဲပြားခြားနားမှုရှိ-မရှိ၊ကမန် အစစ် အမှန်ဟုတ်-မဟုတ် စိစစ်ရမည့် တာဝန်မှာ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ဟု ခံယူမိပါသည်။ ၂၀၁၂-ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်-ဘင်္ဂလီ ပဋိက္ခတွင် နိုင်ငံတကာ မီဒီယာများမှတစ်ဆင့် ရခိုင်-ရိုဟင်
ဂျာ ပဋိပက္ခဟု တွင်တွင်ကြီး ခေါ်ဆိုလာခဲ့ကြရာမှ ၂၀၁၃-ခုနှစ်တွင်
ဖြစ်ပွားခဲ့သည့် သံတွဲပဋိပက္ခတွင် ရခိုင်-ကမန် ပဋိပက္ခ
အဖြစ်ပြောင်းလဲခေါ်ဝေါ်လာကြပြန်ပါသည်။ထို့ကြောင့် သံတွဲဒေသရှိ
ကမန်အမ ည်ခံ သူများသည် အမှန်တကယ် အစိုးရက တရားဝင်သတ်မှတ်ထားသော “ ကမန်”
ဆိုသူများ ဟုတ်-မဟု တ်နှင့် သံတွဲဒေသရှိ အစ္စလာမ်ဘာသာဝင်များ၏
သမိုင်းနောက်ခံကို စာဖတ်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဤဆောင်းပါးကို
ရေးသားပါသည်။သမိုင်းကို သုတေသနပြုရာတွင် အထောက်အထားကို
အခြေခံရပါသည်။
သမိုင်းအထောက်များကို အခြေခံတင်ပြခြင်းဖြစ်၍ဘာသာစွဲ၊လူမျိုးစွဲ စိတ်ဓါတ်ကင်းရှင်းကြောင်း ရိုးသားစွာ ၀န်ခံပါသည်။အေဒီ ၁၇၈၅ ခုနှစ်မတိုင်မီက ရခိုင်လူမျိုးများသည်
ကိုယ့်မင်းကိုယ့်ချင်းဖြင့် နေထိုင်ခဲ့ကြသော လူမျိုးတစ်ခုဖြစ်ပါသည်။
ရခိုင်ဘုရင့်နိုင်ငံတော်၏ အနောက်ဘက် နယ်နမိတ်သည် မဂိုဘုရင်နိုင်ငံတော်၏
နယ်နမိတ်နှင့် ထိစပ်နေခဲ့သည်။“ ကမန်”ခေါ် လေးသည်တော်စစ်သည်များအဖြစ်
ရခိုင်ဘုရင်နိုင်ငံတော်တွင် အမှုထမ်းခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်များသည်
မဂိုမင်းသား သျှသျှူဂျာနှင့်အတူ ရခိုင်ပြည်သို့ ၀င်ရောက်လာကြသူများဖြစ်သည်။၎င်းတို့၏ အကြောင်းကို ဆရာခိုင်မျိုးစောင့်၏ ”
ကိုလိုနီဆိုးမွေခံရခိုင်ပြ ည်နှ င့် စစ်တကောင်းသား ဘင်္ဂလီမူဆလင်တို့၏
နယ်ချဲ့ရေးထကြွမှု ” စာအုပ် စာမျက်နှာ (၄၆-၄၇)တွင် ဤသို့ဖေါ်ပြထားပါသည်-
“ ဤနေရာတွင် သျှသျှူဂျာမင်းသား ရခိုင်ပြည်သို့ ရောက်လာပုံကို အနည်းငယ်ဖေါ်ပြဖို့လိုပါမည်။သျှသျှူဂျာ အကြောင်းကို မြန်မာသမိုင်းဆရာကြီးများဖြစ်သော
ဟာဗေးနှင့်ဟောတို့ အသေးစိတ်မှတ်တမ်း တင်ခဲ့ကြသည်။ဆရာကြီးတို့၏
ဖေါ်ပြချက်များ၌ ကွဲလွဲမှုအနည်းငယ်ရှိသော်လည်း အရေးကြီးသော အချက် များ၌ တူညီကြသည်။၎င်းအချက်ကို အကျဉ်းချုပ်၍ ဖေါ်ပြပါမည်။မဂိုဧကရာဇ် ရှာဂျာ ဟန်( Shan Jahan ) သည် ၁၆၅၇ ခုနှစ်တွင် အပြင်းအထန်
နာမကျန်းဖြစ်ခဲ့ရာ သားတော်များ နန်းလုကြလေသည်။နန်းလုပွဲ၌ သားေ တ်ာကြီး
အော်ရန်ဇပ်( Aurungzeb) နိုင်သောကြောင့် ရှုံးနိမ့်သူ သားတော် သျှသျှူဂျာ က
သားမယား၊ေ နာက်လိုက်နောက်ပါ ရွှေငွေရတနာများနှင့်အတူ ရခိုင်ဘုရင်စန္ဒသုဓမ္မမင်း(အေဒီ-၁၆၅၂-၁၆၈၄)ထံခိုလှုံခဲ့သည်။သူ့တွင် နောက်လိုက် နောက်ပါ ၂၀၀နှင့်၃၀၀ခန့်ပါခဲ့သည်။
စန္ဒသုဓမ္မမင်းသည် သျှသျှူဂျာအား မကာမြို့တော်သို့ ပို့ပေးမည်ဟူသော
ကတိစကားကို ရှစ်လလွန်သည့်တိုင်အောင် အကောင်အထည်မပေါ်သောကြောင့် သျှသျှူဂျာက
သံသယ၀င်ကာ ၁၆၆၁ တွင် မိမိနောက်လိုက်လေးသည်တော်များ၊မြောက်ဦးမြို့တော်ရှိ
မဟာမေဒင်များနှင့် ပူးပေါင်း၍ နန်းလုရန် အားထုတ်ခဲ့သည်။၎င်းတို့အား
စန္ဒသုဓမ္မမင်းက အရေးယူ
နှိမ်နင်းပစ်ခဲ့သည်။သျှသျှူဂျာ အရေးအခ င်းနောက်ပိုင်းတွင် ကမန်များ
ထကြွမှုဖြစ်ပေါ်ခဲ့ပုံကို ဆရာကြီး ဟာဗေက အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့သည်-၁၆၆၁-ခုနှစ်တွင် သျှသျှူဂျာ၏ နောက်လိုက်များကို စန္ဒသုဓမ္မမင်းက
၎င်း၏ကိုယ် ရံတော်တ ပ်၌ လေးသည်တော်အမှုထမ်းများအဖြစ် တစ်လလျှင်
ငွေဒင်္ဂါးလေးကျပ်ပေး၍ ခန့်အပ်ခဲ့သည်။
၎င်းတို့သ ည်(ရခိုင်ကိုယ်ရံတော်တပ်များနှင့်ပူးပေါင်း၍) ဘုရင်များကို
လုပ်ကြံခြင်း၊ချင်သလို နန်းတင်နန်း ချပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သူတို့၏ အင်အားကိုအိန္ဒိယပြည်အထက်ပိုင်းမှ အသစ်ရောက်ရှိလာသူ များနှင့် အင်အားဖြည့်ကြသည်။ ၁၆၆၂-ခုတွင် နန်းတော်ကို မီးရှို့ခြင်း၊နှစ်ပေါင်း ၂၀ခန့် ရခိုင်ပြည်တွင် လှည့်လည်သောင်းကျန်းနေခဲ့ခြင်းများပြုလုပ်ခဲ့ကြသည်။
နောက်ဆုံးစန္ဒ၀ိဇိယမင်း(၁၇၁၀-၃၁) လက်ထက်တွင် ၄င်းတို့အား ရမ်းဗြဲကျွန်းသို့
ပေးပို့ခဲ့သည်။စစ်တွေကျေး လက် သင်္ဂနက်နှင့်သာယာကုန်းကျေးရွာတို့၌
ရခိုင်စကားပြောပြီး အစ္စလာမ်ဘာသာကိုးကွယ်သော အာဖကန်ပုံပန်းရှိသည့် ကမန်တို့၏
အဆက်အနွယ်များ ယနေ့တိုင် ရှိနေကြသေးသည်။ ထို့အပြင် ဆ ရာကြီး ဟောက သျှသျှူဂျာ၏ နောက်လိုက်များအကြောင်းကို ဤသို့မှတ်တမ်း တင်ခဲ့သည်-
သျှသျှူဂျာ ရခိုင်ပြည်သို့ရောက်ပြီးနောက် ၁၆၆၀-ပြည့်နှစ် ဒီဇင်ဘာလတွင်
မူးရ်(Moors) ရှစ်ဆယ်ရောက်လာပြီး သျှသျှူဂျာနှင့်ပေါင်းစည်းခဲ့ကြောင်း၊
---- ၄င်းတို့သည် တွေ့ရာ ရခိုင်အချို့ကို နွားရူးရူးတိုး
လိုက်လံသတ်ဖြတ်ပြီး နန်းတော်ကို မီးရှို့သဖြင့် ဘုရင်က ၄င်းတို့ကို
ဖမ်းဆီးရမိ၍ အားလုံးသတ်ပစ်ခဲ့ရာ သုံးဦးသာကျန်ကြောင်း၊----- ၁၆၆၁ခုနှစ်
ဖေဖေါ်ဝါရီလ တစ်ညတွင် သျှသျှူဂျာသည် မိမိတိုက်ခိုက်ခံရမည်ကို သိသောအခါ
နောက်လိုက်(၃၀၀)အပါအ၀င် မိသားစုနှင့်ထွက်ပြေးခဲ့သော်လည်း အသတ်ခံခဲ့ရသည်။သျှသျှူဂျာ၏ အခြွေအရံများအနက် အသတ်မခံရသူတို့သည် ဘုရင်၏သက်တော်ေ စာင့်
လေးသည်တော်တပ်တွင် ပါဝင်ကြလေသည်။ ၄င်းတို့သည်
ဘုရင်တစ်ဦးမြှောက်တင်၊ ဘုရင်တစ်ဦးနန်းချ စသည်ဖြင့်
ထင်သလိုပြုလုပ်နေကြလေသည်။
စိတ်မထင်လျှင် နန်းတော်ကို မီးရှို့ကြ၏။ နယ်တို့၌လည်း လုယက်တိုက်ခိုက်ကြ၏။ စန္ဒ၀ိဇယမင်းလက်ထက်တွင် တိုင်းပြည်အေးချမ်းငြိမ်သက်သလိုရှိခဲ့သည်။ သူသည် ဆိုးသွမ်း
သော လေးသည်တော်တို့ကို နှိမ်နင်း၍ ရမ်းဗြဲကျွန်းတွင် နေရာချထားလေသည်။
ရမ်းဗြဲကျွန်းရောက် ကမန်တစ်ချို့သည် သံတွဲမြို့နယ်သို့ ပြောင်း၍
အခြေစိုက်ခဲ့ကြသည်။” ဗြိတိသျှခေတ်တွင် အေဒီ ၁၉၀၈ခုနှစ်က
သံတွဲခရိုင်ကော်မရှင်နာအဖြစ် တာဝန်ယူခဲ့ပြီး Burma Gazetteer , Sandoway
District Volume A ကို ရေးသားပြုစုခဲ့သူ Mr.TYDD က သံတွဲခရိုင်အတွင်းရှိ
အစ္စလာမ်ဘာသာကိုးကွယ်သူများကို Burman Mahomedans (ဗမာမဟာမေဒင်များ) ဟူ၍
မှတ်တမ်းတင်ခဲ့သည်။ သူ၏ စာအုပ်စာမျက်နှာ (၂၁)တွင် - ” There are
two distinct groups of Burman Mahomedans.The more numerous and older
group known as Kamans from the Urdu word for a bow , are descendants of
the archers among the followers of the unfortunate Shah Shuja. These
after he had been murdered took service under the Arakanese kings. They
came here from Ramree, speak the Arakanese dialect, and are found in
four villages 3 miles west of Sandoway and in three villages of Thade
circle north of Sandoway.The other group known as Myedu is found only in
Sandoway town. They speak Burmese and claim to be descendants of the
Mahomedan portion of the garrison left in Sandoway after the Burman
conquest. They call themselves Myedu because their progenitors came
lastly from Myedu in the Shwebo District. In 1852 the numbers of both
groups numbered about 1500; in 1872 the total was only 1587,but in 1901
the number was given as about 3000 and in 1911 as 3676. Except in their
religion and in the social customs their religion directs, these Burman
Mahomedans are not distinguishable from their Burmese and Arakanese
neighbours.” ဟူ၍ မှတ်တမ်းတင် ခဲ့သည်။ “ ကွဲပြားခြားနားသော
ဗမာမဟာမေဒင်အုပ်စုနှစ်ခုရှိသည်။လူဦးရေများပြားပြီး ရှေးကျသော အုပ်စုကို
အူရဒူ ဘာသာစကားလုံး“လေး” မှလာသော ကမန်အဖြစ်သိကြသည်။သူတို့သည်
ကံအကြောင်းမလှခဲ့သော သျှသျှူဂျာ၏ နောက်လိုက်လေးသည်တော် အဆက်အနွယ်မှ ဆင်းသက်လာခဲ့ကြသူများဖြစ်သည်။
သျှသျှူဂျာအသတ်ခံရပြီးနောက် သူတို့သည် ရခိုင်ဘုရင်၏လက်အောက်တွင်
အမှုထမ်းခဲ့ကြသည်။ သူတို့သည် ရခိုင်ဒေသိယစကားကို ပြောဆိုကြပြီး ရမ်းဗြဲမှ
လာရောက်သူများဖြစ်ကြသည်။သူတို့ကို သံတွဲမြို့၏ အနောက်ဘက် (၃)မိုင်အကွာ တွင်
ရွာ(၄)ရွာ၊သံတွဲမြို့၏မြောက်ဘက် သူဌေးတိုက်နယ်ရှိ ရွာ(၃)ရွာတွင် တွေ့ရသည်။ မြေဒူးအဖြစ် သိကြသော အခြားအုပ်စုတစ်ခုကို သံတွဲမြို့ပေါ်တွင်သာ တွေ့ရသည်။
သူတို့သည် ဗမာစကားပြောဆိုကြပြီး၊ ရခိုင်ပြည်ကို ဗမာများသိမ်းပိုက်စဉ်က
သံတွဲတွင်တပ်စွဲခဲ့သည့် မဟာမေဒင်အဆက်အနွယ် မြို့စောင့်တပ်များမှ
ကျန်ရစ်သူများဖြစ်ကြောင်း အခိုင်အမာပြောဆိုကြသည်။သူတို့၏ ဘိုးဘေးများသည်
ရွှေဘိုခရိုင် မြေဒူးမြို့မှ လာရောက်ကြသူများဖြစ်၍ သူတို့ကို သူတို့
မြေဒူးဟုခေါ်ဆိုကြသည်။အေဒီ-၁၈၅၂ခုနှစ်တွင် အုပ်စုနှစ်ခုပေါင်းလူဦးရေ
(၁၅၀၀)ရှိသည်။ ၁၈၇၂ခုနှစ်တွင် စုစုပေါင်းလူဦးရေ (၁၅၈၇) ဦးရှိခဲ့ရာမှ
၁၉၀၁ခုနှစ်တွင်(၃၀၀၀)ခန့်၊၁၉၁၁ခုနှစ် တွင် (၃၆၇၆)ဦးရှိလာသည်။သူတို့သည် သူတို့၏ ဘာသာရေး၊ဘာသာရေးနှင့်ဆက် နွယ်သောဓလေ့ထုံးတမ်းမှတပါး အိမ်နီးချင်း ဗမာ၊ရခိုင်တို့နှင့် ကွဲပြားခြားနားမှု မရှိပေ။” သမိုင်းမှတ်တမ်းအထောက်အထားများအရ “ ကမန်“ ဆိုသူများသည် ရခိုင်စကား
(ရမ်းဗြဲဒေသိယစကား)ကိုပြောဆိုသူများဖြစ်ကြပြီး၊အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်မှုမှအပ
ရခိုင်၊ဗမာတို့နှင့် ၀တ်စားဆင်ယင်မှု၊စားသောက် နေထိုင်မှု ကွဲခြားနားမှု
မရှိသူများဖြစ်ကြပါ သည်။သံတွဲဒေသသို့ စာရေးသူမရောက်ဖူး၍ “ ကမန်” ဆိုသူများသည် မည်သည့်ဘာသာ စကားကို ပြောဆိုကြောင်း၊မည်သို့မည်ပုံ ၀တ်စားဆင်ယင်ကြကြောင်း မသိရှိပါ။ ကိုယ်တိုင်တွေ့မြင်ရသူများက ကမန်ဆိုသူတို့ပြောဆိုသည့်ဘာသာစကား၊၀တ်စား ဆင်ယင်မှုကို ကြည့်၍ ခိုးဝင်လာသူ ဘင်္ဂလီများက “ ကမန်” အမည်ခံယူကာ ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသား၊မြန်မာနိုင်ငံသားများအဖြစ် အသွင်ဆောင်ထားခြင်း ရှိ-မရှိ ခွဲခြားစိစစ်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် သံတွဲဒေသတွင် နေထိုင်ကြသော ကမန်အမည်ခံယူထားသူ အစ္စလာမ် ဘာသာဝင်များကိုယ်တိုင် မိမိတို့၏ မျိုးနွယ်အမည်ကို အလွဲသုံးကာ စစ်တကောင်းသား ဘင်္ဂလီများက ကမန်အမည်ခံယူကာ နိုင်ငံသားအဖြစ် ခံယူထားခြင်းရှိ-မရှိ စိစစ်ဖေါ်ထုတ် ရမည်ဖြစ်ပါသည်။သို့မှသာ ရခိုင်လူမျိုးများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည် ဖြစ်ပြီး နယ်မြေလူရန်၊အကြမ်းဖက်ရန် ကြိုးပမ်းနေကြသော အစွန်းရောက် ဘင်္ဂလီများ၏ ရန်ကို ပူးပေါင်းကာကွယ်နိုင်မည်ဖြစ်ပါသည်။ အောင်သူရကျော်(ရက္ခိုင်)
No comments:
Post a Comment