အင်္ဂလိပ်တို့သည် မြန်မာပြည်မြို့ကြီးများကို သိမ်းယူလာရာ အင်းဝနှင့်
မိုင်ခြောက်ဆယ် ခန့်သာ ဝေးသော ရ န္တာပိုမြို့ထိ သိမ်းပိုက်ရရှိလေ လျှင်
အမရပူ ဒုတိယရွှေနန်းရှင် စစ် ကိုင်း မင်းသည် ခုခံခြင်းငှါ မတတ်နိုင် သည်ဖြစ်၍
စစ်ပြေငြိမ်းရန် စကားပြောကြားတော် မူလေ သည်။ထို့ကြောင့် မြန်မာသက္ကရာဇ်
၁၁၈၇ ခုနှစ် တပေါင်းလပြည့်နေ့ ခရစ် 1826 ခုနှစ် ဖေဖေါ်ဝါရီလ(24)ရက်နေ့တွင်
အင်္ဂလိပ်ဖက်မှ ကိုယ်စားလှယ်တော် ကြီး များဖြစ် ကြသော
အရှေ့ပိုင်းဗိုလ်ချုပ်မင်းကြီး အာစိဘောကမ္ဘက၊အရေးပိုင်မင်း ရောအစ်စံ၊ ဧရာ
ဝတီ မြစ်တွင်း ရှိ လှေသန်ဗန်များကို အုပ်စိုးသော မင်းလတ် တို့နှင့်
မြန်မာဖက်မှကိုယ်စား လှယ်တော်ကြီးဖြစ် ကြသော လယ်ကိုင်းမြို့စား ၀န်ကြီး
မဟာမင်းလှကျော်ထင်၊ရွှေခွန်ဝန်၊ အတွင်းဝန် မဟာမင်းလှသီဟသူ တို့သည် ရ
န္တာပိုမြို့၌ စစ်မက်ပြေငြိမ်းကြပြီးလျှင် မဟာ မိတ်စာချုပ် ကို
အောက်ပါကတိများထား၍ ချုပ် ဆိုကြသည်။
၁။ အင်္ဂလိပ်မင်းနှင့် မြန်မာဘုရင်တို့ စစ်ပြေငြိမ်း၍ မိန်သဟာယဖြစ်စေ။
၂။ မြန်မာမင်းက အာသံပြည်၊ အက္ကပတ်ပြည်၊ ဝေသာလီပြည်တို့ကို အစိုးအပိုင်
နောက် တဖန်မစီရင်ရ။ မဏိပူရပြည်မှာလည်း ဂမ္ဘရရှိန်က မိမိပြည်ကိုပြန်၍
မင်းပြုလိုလျှင် အဆီးအတား အနှောက်အယှက် မပြုဘဲနေရမည်။
၃။ နောက်တဖန် ပြည်ကြီးနှစ်ပါး အခြားအနားကို
ငြင်းခုံရန်အကြောင်းမရှိရအောင် အင်္ဂ လိပ်မင်းက တိုက် ၍ အောင်မြင်ပြီးသော
(ရခိုင်ပြည်။ ရမ်းဗြည့် မာန်အောင် သံတွဲဟူ သော ရခိုင်ပြည်ကြီးကို အစဉ်ယူ၍
မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ၊ ရိုးမဖိုးခေါင်တောင် တန်း၊
မော်တင်စွန်း၊ဟိုင်းကြီးအထိကို
အပိုင်းအ ခြားဖြစ်စေရမည်။)နောင်အပိုင်းအခြားကို အငြင်းအခုံရှိလျှင်
အင်္ဂလိပ်မင်း မြန်မာ မင်းခန့်ထားသောသူတို့က အထက်နယ်နမိတ် အ တိုင်း
မှန်ကန်စွာစီရင်စေ။ခန့်ထားသောသူတို့အားလည်း အရာရှိ မှူးကောင်း မတ်ကောင်း
ဖြစ်စေရမည်။
၎။ မြန်မာရှင်ဘုရင်က အင်္ဂလိပ်မင်းကို ရေး၊ ဒါးဝယ်၊ မြိတ်၊တနင်းသာရီ
မြို့ရွာနယ်န မိတ် တောင်ကမ်း ကျွန်းနှင့်တကွ အပိုင်ပေး ရ မည်။သံလွင်မြစ်က
အပိုင်းအခြားဖြစ်စေရမည်။ နောင် အပိုင်းအခြားကို
ငြင်းခုန်ခိုက်ရန်ရှိခဲ့လျှင် အထက်ဆိုခဲ့ပြီးသည့်အတိုင်းစီရင်စေ။
၅။မြန်မာဘုရင်က ပြည်ကြီးနှစ်ပါး အစဉ်မိတ်သဟာယဖွဲ့စေချင်သော စေတနာအလို
ထင်ရှားစေရအောင် ၄င်း၊အင်္ဂလိပ်မင်းက စစ်တိုက်ရာတွင် ကုန်ကျပြီးသောစရိတ် အနက်
မှ အနည်းငယ်ပြေရအောင် ရူပီဒင်္ဂါး ပြားရေ တကုဋေကို ပေးရမည်။
၆။ ယခုစစ်တိုက်ကြသည့်အတွင်း အင်္ဂလိပ်ဖက်သို့ အလိုအလျောက်ဝင်၍ဖြစ်စေ၊
အနိုင် အထက်ဝင်ရ သည်ဖြစ်စေ၊၀င်စား၍နေသော မြန်မာမင်း၏ကျွန်တော်၊
မြန်မာဖက်သို့ အလိုအလျောက်ဖြစ်စေ၊ အနိုင် အထက်ဝင်ရသည်ဖြစ်စေ၊ ၀င်စား၍နေသော
အင်္ဂလိပ် မင်း ကျွန်တော်တို့ကို အဘယ်သူများ တဖက်က တဖက်ကို ၀င်စားသည့်အတွက်
ရာဇ ၀တ်မင်းဒဏ် အနှောင့်အယှက်မရှိစေရ။
၇။ ပြည်နှစ်ပါး ယခုဖွဲ့သော မိတ်သဟာယ ဖြစ်စေရအောင် အင်္ဂလိပ်မင်းခန့်ထားသော
အရာရှိတယောက်၊ အခြွေအရံလူ(၅၀) လက် နက်အစုံနှင့် မြန်မာမင်းမြို့တော်တွင်
နေစေ ရမည်။ မြန်မာမင်းခန့်ထားသော အရာရှိတယောက် အခြွေအရံ လူ(၅၀) လက်နက်အစုံ
နှင့် အင်္ဂလိပ်ကုမ္ပဏီ ဘုရင့်မြို့တော်မှာ နေစေ ရ မည်။ကုလားပြည်မှာနေသောမြန်မာ ၊
မြန်မာပြည်မှာနေသောကုလားတို့က မိမိတို့နေဖို့ရန် အတော်အသင့် တိုက်အိမ်ကို
ဝယ်လိုလျှင် ၀ယ်နေစေ၊အသစ်လုပ်လို လျှင်
တည်လုပ်စေ။၎င်းနှစ်နိုင်ငံအကျိုးစီးပွား ဖြစ် စေ ခြင်း ငှါ
ရွှေလမ်းငွေလမ်းဖွင့်၍ အချင်းချင်း ဖေါက်ကားရောင်းဝယ်ခြင်း၊ အမှု
အရေးများနှင့် စပ်ဆိုင်သော စာချုပ်ကိုထား၍ လုပ်စေရမည်။
၈။ စစ်မရှိ မတိုက်မီ ကြွေးဟောင်းမြီဟောင်းရှိသမျှ
မင်းအရာရှိနှင့်ဆိုင်သည်ဖြစ်စေ ၊ ဆင်းရဲသားနှင့် ဆိုင်သည်ဖြစ်စေ သစ္စာကတိရှိ
သည့်အတိုင်း ကုန်စင်အောင်ပေးဆပ် စေရမည်။ ကြွေးတင်သည့်နောက် စစ်ဖြစ်သည်ဆို၍
မကပ်မခိုစေရ၊ စစ်တိုက်သည့် အမှုကြောင့် ကုလားဖြစ်စေ မြန်မာဖြစ်စေ အဘယ်သူမျှ
သူ့ဥစ္စာကို အသိမ်းအယူ မရှိ စေရ။ အဂ်လိပ်ဘုရင့်ကျွန်ဖြစ်သူတို့
မြန်မာနိုင်ငံတွင်သေ၍ အမွေခံမရှိလျှင် ကျန်ရစ် သော ဥစ္စာပစ္စည်းဟူသမျှကို
မြန်မာမင်းနိုင်ငံတွင်နေသော အင်္ဂလိပ်မင်းအရာရှိလက်သို့ ကုလားဖြူတို့၏
ထုံးစံအတိုင်းအပ်ရမည်။ထိုနည်းတူ အင်္ဂလိပ်နိုင်ငံတွင် မြန်မာဘုရင့်
ကျွန်ဖြစ်သူတို့သေ၍ အမွေခံမရှိလျှင် ကျန်ရစ်သော ဥစ္စာပစ္စည်းဟူသမျှကို
အင်္ဂလိပ်နိုင် ငံ တွင်နေသော မြန်မာမင်းအရာရှိလက်သို့ အပ်ရမည်။
၉။ အင်္ဂလိပ်သဘောင်္များတို့က မြန်မာသဘောင်္ဆိပ်သို့ရောက်လျှင် တက်မချွတ်
အမြော က်မချဘဲ အင်္ဂ လိပ်မင်းမြို့သို့ ဆိုက်ရောက်သော မြန်မာသင်္ဘောများ
နေသကဲ့သို့ အနှောက်အယှက်မရှိနေစေရမည်။
၁၀။ အင်္ဂလိပ်မင်းနှင့်
မိတ်သဟာယစာချုပ်ကို မြန်မာရှင်ဘုရင်ဖွဲ့သော် ယိုးဒယားရှင်ဘု ရင်က
စစ်ကူဝင် စားသည်မှာ ယခုလုပ်ကြသော မိတ်သဟာယ စာချုပ်
အ၀င်ဖြစ်သည်ကို မှတ်ရမည်။
၁၁။ ယခုလုပ်သောမိတ်သဟာယစာချုပ်ကို မြန်မာဘုရင်ခန့်ထားအပ်သော အရေးပိုင်
သံတမန်တို့က လက်မှတ်တံဆိပ် ခပ်နှိပ်ရမည်။ ချုပ်လှောင်၍ထားသော အင်္ဂလိပ် အ
မေရိကန်အစရှိသော ကုလားဖြူ ကုလားနက် ရှိသမျှတို့ကို အင်္ဂလိပ်အရေးပိုင် သံတမန်
တို့လက်သို့ အပ်ရမည်။
၁၂။ အိန္ဒိယတိုင်းကို အစိုးရသော ကုမ္ပဏီဘုရင်က ၀န်ခံ၍ လက်မှတ်တံဆိပ်ခပ်
နှိပ် သော စာချုပ်ကို ၄င်းလအတွင်း မြန်မာဘုရင်လက်သို့ ပြန်အပ်ရမည်။
ချုပ်လှောင်၍ထား သော မြန်မာလူရှိသမျှတို့ကို ဘင်္ဂလားပြည်မှ အလျင်အမြန် ခေါ်၍
မြန်မာမင်းလက် သို့ အပ်ရမည်။
၁၃။ အင်္ဂလိပ်အရေးပိုင်မင်း သံတမန်တို့က စစ်ငြိမ်းစေချင်သော စေတနာအလို
ထင်ရှား စေရအောင်၎င်း၊ အထက်ပဉ္စမအချက်၌ ပါ ရှိလေသည့်အတိုင်း
မြန်မာရှင်ဘုရင်က ရူပီး ဒင်္ဂါးပြားရေ တကုဋေ ကိုပေးရ မည်ဆိုသော်
အလွယ်တကူရအောင် ၄င်းရူပီးဒင်္ဂါးတကု ဋေ မှာ မြန်မာငွေချိန် ငွေကောင်း (၇
၅၀၀၀၀၀) ခုနစ်သန်းငါးသိန်းတွင် လေးပုံတပုံ တည်း ဟူသော ငွေ(
၁၈၅၀၀၀၀)တသန်းရှစ် သိန်း ငါးသောင်း ကို ပေးပြီးမှ အင်္ဂလိပ် တပ်က
ရန်ကုန်မြို့တိုင်အောင် ဆုတ်သွားမည်။ ယနေ့မှစ၍ အရက်တရာ အတွင်း (၁၈၅၀၀၀၀)
တသန်းရှစ်သိန်းငါးသောင်းကို ထပ်၍ပေးလျှင် အင်္ဂလိပ်တပ်က မြန်မာ နိုင်ငံထဲက
အလျင် အမြန်ထွက်သွားမည်။ ကျန်သောငွေနှစ်ပုံမှာ ယနေ့မှစ၍ တနှစ် အတွင်း
တပုံကို၎င်း။ နှစ်နှစ်အတွင်း တပုံကို၎င်း မြန်မာနိုင်ငံတွင်နေရသော အင်္ဂလိပ်
မင်းအရာရှိထံသို့ပေးရမည်။
ဟူသော တဆဲ့သုံးချက်သော စည်းကမ်းချက်သတ်မှတ်ပိုင်းခြား ကတိထား၍ မဟာ မိ တ်
စစ်ပြေငြိမ်းစာချုပ် ပြုလုပ်၍ ငြိမ်းချမ်းကြသည်။ မြန်မာပြည်တောင်ပိုင်း
ရေး၊ဒါးဝယ်၊ မြိတ်၊တနင်းသာရီနယ်တို့နှင့် ရခိုင်ပြည်ကို မြန်မာသက္ကရာဇ် ၁၁၈၇
ခုနှစ် တပေါင်း လပြည့် နေ့မှစ၍ မြန်မာမင်းက ပေးအပ်ရလေသည်။ ကိုးကား ။
``ရခိုင်ရာဇ၀င်သစ်ကျမ်း သတ္တမတွဲ စာမျက်နှာ 375-376.377 ကောက်နှုတ်ချက်´´
( မောင်ဖြူ )29.10.2013
No comments:
Post a Comment