ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
(Move to ...)
အဖွင့်စာမျက်နှာ
သတင်း
ဆောင်းပါး
စာအုပ်စင်
ရခိုင်ရိုးရာပွဲများ
ခမီလူမျိုးရေးရာ
မြိုလူမျိုးရေးရာ
မရမာကြီးရေးရာ
သက်လူမျိုးရေးရာ
သက္ကမရေးရာ
ရခိုင်အသင်းအဖွဲ့
ဓလေ့ထုံးတမ်း
ထုတ်ပြန်ချက်
အင်တာဗျူး
ရုပ်သံဖိုင်
အတ္ထုပတ္တိ
တိုင်းရင်းသားရေးရာ
ဘာသာရေးဆိုင်ရာ
မူဆလင်ရေးရာ
တိုင်းရင်းဆေးစွမ်းကောင်း
နည်းပညာ
ထူးထွေဆန်းပြား
ရိုးရာပစ္စည်းအရောင်းဆိုင်
▼
Friday, October 4, 2013
ကယားအဖွဲ့အစည်းတွေ သယံဇာတစီမံခန့်ခွဲခွင့် တောင်းဆို
Friday, October 4, 2013
ပြည်နယ်တွေကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို သက်ဆိုင်ရာပြည်နယ်တွေကသာ စီမံခန့်ခွဲခွင့် ရှိတယ်ဆိုတဲ့အချက်ကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းမပြင်ဆင်သရွေ့ ကယားပြည်နယ်မှာ တိုးချဲ့လုပ်ဆောင်နေတဲ့ သတ္တုတူးဖော်ရေး စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းထားဖို့ ကယားပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းနှစ်ခုက တောင်းဆိုလိုက်ပါတယ်။
မိုလိုအမျိုးသမီး သတ္တုတွင်းစောင့်ကြည့်ရေးကွန်ရက်နဲ့ ကရင်နီလူမှုအခြေပြု အဖွဲ့အစည်းကွန်ရက်တို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ကေအန်ပီပီနဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုးချဲ့လုပ်ကိုင်လာတဲ့ သတ္တုတွင်းစီမံကိန်းတွေကြောင့် ဒေသခံတွေ အလုပ်အကိုင်ရှားပါးလာပြီး လယ်ယာမြေ သိမ်းဆည်းခံရမှုတွေလည်း ကြုံလာရတယ်လို့ မိုလိုအမျိုးသမီး သတ္တုတွင်းစောင့်ကြည့်ရေးကွန်ယက် စည်းရုံးရေးမှူး မနန်းခမ်းလျာက ပြောပါတယ်။
“အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ အချိန်ကာလအတိုင်းအတာ တိုတိုလေးမှာပဲ လူထုရဲ့တိုးတက်ရာဖွံ့ဖြိုးကြောင်းတွေကို ဘာမှမလုပ်ဆောင်ပဲနဲ့ အစိုးရနဲ့ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့မှ ပြည်နယ်ထဲမှာရှိတဲ့ သတ္တုတွေကို ဒီလိုမျိုးလာတူးဖော်တယ်ဆိုတာ ကျမတို့လူထုကိုလည်း သူတို့ဖွင့်မပြောပြဘူး၊ လုပ်ကွက်တွေ တိုးတိုးလာတာနဲ့အမျှ မြေသိမ်းယာသိမ်းတွေရော၊ ကုမ္ပဏီတွေရော ဝင်လာတဲ့အတွက်ကြောင့်မို့ ဒေသခံတွေက အလုပ်အကိုင်ရှားပါးမှုတွေရော တော်တော်အခက်ခဲတွေ ကြုံရတယ်ပေါ့နော်”
ကယားပြည်နယ်မှာ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးခင်က သတ္တုတွင်းစီမံကိန်း ၃ ခုလောက်သာရှိခဲ့ပြီး အခုဆိုရင် စီမံကိန်း ၁၆ ခုထိ များလာတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မော်ချီးနဲ့ ဖာဆောင်းမြို့နယ်တွေမှာ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းနဲ့ ရွှေသတ္တုတူးဖော်တဲ့ စီမံကိန်းတွေပိုများလာတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်ရာမှာ အခက်အခဲရှိလာသလို စီမံကိန်းတွေနဲ့ဆက်စပ်ပြီး အသိမ်းခံရတဲ့ လယ်ယာမြေဧကပေါင်း တစ်သိန်းကျော်လောက်ရှိတယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.thithtoolwin.info/2013/10/blog-post_2533.html#.Uk6cNydQA44
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment