။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မေး။ ။ဟုတ်ကဲ့ပါအကို၊ ကျမ ရိုဟင်ဂျာလို့ပြောနေတဲ့ ဘင်္ဂါလီ
ကိစ္စနဲ့ပတ်သက်ပြီးတော့ မရှင်းတာလေးတွေ သိချင်တာလေးတွေ ရှိလို့ မေးပါရစေ၊
အချိန်တော်တော်ယူလိုက်
မိတာလည်း ကျမ သိပါတယ်။ မေးလက်စနဲ့ ရှင်းအောင်လို့ ဆက်မေးပါရစေ။
ဖြေ။ ဟုတ်ကဲ့။
မေး။ ။ပြည်ပမှာ ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရိုဟင်ဂျာလို့ပြောနေတဲ့ သူတွေ၊
ရိုဟင်ဂျာ အရေး ဆောင ရွက်နေတဲ့ သူတွေဆီကနေ အလှူငွေတွေလက်ခံကြတယ်၊
အဲဒီအဖွဲ့တွေ ကပဲ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကိုရောက်တော့လည်း
ရိုဟင်ဂျာတွေဆီက ရတဲ့ ငွေတွေနဲ့ အခမ်းအနားလုပ်ပေးခဲ့တယ်ဆိုပြီး
ပြောကြတာတွေကို တဆင့်စကားနဲ့ ကြားရပါတယ်။ စတာလင်ပေါင် ၇ ထောင်လား၊ ရ
သောင်းလားဆိုတာတော့ ကျမ သေချာမသိပါဘူ၊ ဒါပေမဲ့ အဲဒီကိစ္စတွေက facebook
တွေမှာလည်း ရေးသားကြတာတွေတွ့ရပါတယ်။ အဲဒီကိစ္စတွေ ဟုတ်မဟုတ်နဲ့၊ NlD _LA
အနေနဲ့ ရော တကယ်ပဲ ရိုဟင်ဂျာတွေ ဆီကနေ အလှူငွေလက်ခံပြီး ပါတီကိစ္စတွေ
ဆောင်ရွက်နေခြင်း ရှိမရှိဆိုတာလည်း သိချင်ပါတယ်။အကို့အနေနဲ့
သုံးသပ်ပေးပါဦး။
ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။
ဖြေ။ ။ကျနော်တို့မှာ ၂ ပိုင်းရှိပါတယ်။ ဋ္ဌာန ခွဲတွေလည်း ရှိပါတယ်။
ကျနော်တို့ ကနေဒါ ဌာနခွဲဆိုရင် ဖျက်တောင်ပစ်ရတယ်။ ကျနော်တို့က NLD –LA မှာ
တာဝန်ခံရှိပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး မရောရပါဘူး။ ကနေဒါ
ဋ္ဌာနခွဲမှာ တာဝန်ခံတဲ့ ကိုအောင်ဒင်ဆိုတဲ့ သူက မူဆလင်နဲ့ရိုဟင်ဂျာ ကိစ္စတွေကို
လုပ်တော့ကျနော်တို့ပဲ ဆုံးဖြတ်ပြီးတော့ ဒီဋ္ဌာနကို ဖျက်ပစ်လိုက်တယ်။
ခင်ဗျားဟာ ခင်ဗျား ရိုဟင်ဂျာ ကိစ္စလုပ်လို့ရတယ်၊ဒါကိုယ်ပိုင်
လွတ်လပ်ခွင့် ဒါပေမဲ့ NLD-LA _့ကနေဒါဋ္ဌာနခွဲရဲ့ ဥက္ကဌအနေနဲ့တော့
လုပ်လို့မရဘူးပေါ့။ တကယ်တော့ ရိုဟင်ဂျာ ကိစ္စက အမျိုးသားရေး ကိစ္စပါ။
အမျိုးသားရေးကိစ္စဖြစ်တဲ့အခါမှာ
သူများတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အလုပ်မျိုး မလုပ်ရပါဘူး။ နောက်တခုက
အင်္ဂလန်မှာ နိုင်ငံရေး လှုပ်ရှားတဲ့ အခါကျတော့ အရင်တုန်းကတော့ တစုတည်းလို့
ထင်ရတယ်ပေါ့နော်။ NLD- LA ရှိမယ်၊ တက်ကြွတဲ့ လှုပ်ရှားသူ ရှိမယ်၊ DPNF
ရှိမယ်၊ ကျောင်းသားဟောင်း ABSDF အဲဒီက ဌာနေ ကိုယ်စားလှယ်တွေ ရှိမယ်။
ရိုဟင်ဂျာကလည်း အဲဒီထဲမှာ တဖွဲ့ပါနေတယ်။ဆိုတော့ အင်္ဂလန်ကို
ရောက်တဲ့အခါကျတော့ ဘာမြင်လဲဆိုတော့ရိုဟင်ဂျာ ကိစ္စပေါ့နော်၊ ကျနော်တို့မှာ
ဘားမားကမ်ပိန်းယူကေ ပေါ့။သူတို့က လူ့အခွင့်အရေးဘက်ကနေ ကြည့်တယ်ပေါ့။
ဒီကိစ္စကို။ NLD _LA က အဲဒီကမ်ပိန်းထဲမှာ မပါဘူး။မပါတဲ့အတွက်
ခြိမ်းခြောက်ခံရတယ်၊ မလေးရှားမှာဆိုရင် NLD-LA ရုံးကို မီးရှို့မယ်လို့
ခြိမ်းခြောက်တယ်။ လန်ဒန်မှာ လုပ်နေကြတာတော့ဖြစ်နိုင်တယ်၊ NLD-LA ဆိုပြီးတော့တော့ မဖြစ်နိုင်ပါဘူး။
နောက် လန်ဒန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ငွေ
လှူသွားတာတို့ဘာတို့ကတော့ ဘယ်သူ မဆို လှူမှာပဲလေ။ ဒါကြီးကို ရိုဟင်ဂျာကနေ
ပိုက်ဆံကောက်တယ်ဆိုတာတော့ မဟုတ်ပါဘူး၊ပြီးတော့တချို့လူတွေက
ရိုဟင်ဂျာတွေ မဟုတ်ပါဘူး။ မူဆလင်တွေပါ။ ဒီလို သတင်းတွေထွက်လာတာက
ကျနော်ထင်ပါတယ် အန်အယ်ဒီ အယ်လ်အေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
နာမည်ဖျက်ချင်လို့လို့ မြင်ပါတယ်။ နောက်ကိုဇာဂနာတို့က ရိုဟင်ဂျာတွေအပေါ်
ပင်းတယ်ဆိုတာလည်း မဟုတ်ဘူး။ BCUKက ပင်းတယ်ဆိုတာတော့ ကျနော် လက်ခံပါတယ်။
ရခိုင်ပြဿနာမှာ ရခိုင်မှာ ရိုဟင်ဂျာ ၃ ထောင်သေပါတယ်ဆိုတဲ့ စာရင်းထွက်လာတယ်။
ကျနော် ပြောတယ်လေ ၃ ထောင် သေတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကျနော်တောင်မှ
ကိုသန်းလွင်ထွန်းကို သွားပြီးတော့ ပြောပါသေးတယ် မေးကြည့်ပါဦး BCUK
ကနေပြီးတော့အစိုးရကို ပြောတာရော။ တကယ်တော့ သူတို့
တိုင်းပြည်ပြောင်းသွားတာကို
မသိလိုက်ဘူး။ ကိုအောင်ဒင်တို့ပေါ့၊ ကျနော်တို့မှာ အမျိုးသားရေးဆိုတာ
ရှိတယ်။ သူတို့ချည်းကပ်တာက လူ့အခွင့်ရေးပေါ့နော်။ ပြီးတော့ မဟုတ်တာတွေကို
ဟုတ်တာလုပ်တော့ မဟုတ်တန်းတရားတွေကို အတင်းလုပ်တော့ တိုင်းပြည်ကို
လာလာထိတယ်။ တချိန်တည်းမှာပဲ အဲလို အဖွဲ့အစည်းတွေက အလိုလိုနေရင်း သေသွားတယ်။
အစိုးရကိုတော့ မကြိုက်ကြတာ မှန်တယ်။ အဲဒါမျိုးတွေလည်း ရှိတော့၊တကယ်တော့
့ရိုဟင်ဂျာကတော့ ကျနော်တို့ တိုင်းပြည်မှာ ရတဲ့အခွင့်အရေးကို ယူဖို့
လုပ်တာပေါ့လေ။ အဲဒီမှာ ခုန ကမ်ပိန်းတွေနဲ့ လှုပ်ရှားသူတွေကို အသုံးချတာလို့
ကျနော်မြင်တယ်။အဲဒီထဲမှာတော့ NLD-LA က လုံးဝ မပါဘူး။
မေး။ အကိုကလည်း သမိုင်းဆရာဖြစ်ခဲ့တော့လေ ရိုဟင်ဂျာဆိုတာကတော့ ကျမတို့ရဲ့
သမိုင်းတွေမှာ မပါခဲ့ဘူးဆိုတာလည်း သိမှာပါ။ ဒါပေမဲ့ဘာဖြစ်လို့ BBC မှာက
ဒါကို တိုင်းရင်းသားအနေနဲ့ ဖော်ပြခဲ့တာလဲ။ ပြီးတော့ သူတို့က ပြည်တွင်းမှာ
နေထိုင်တယ်၊ သူတို့ကိုယ်တိုင်ကလည်း ရိုဟင်ဂျာလို့ ပြောတယ်၊ ပြီးတော့
နိုင်ငံသားအခွင့်ရေးမရဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ယောမင်းကြီးလမ်းမှာ နေထိုင်ပြီး ကုမဏီထောင်ပြီးစီးပွားရေးလုပ်ငန်းတွေ လုပ်နေတယ်၊ မိသားစုဝင်တွေမှာလည်း ဆရာဝန်တွေ ဘာတွေရှိတယ်၊ဘင်္ဂါလီလွှတ်တော်အမတ်တွေထဲမှာတောင် ရိုဟင်ဂျာလို့ ပြောနေတဲ့ သူတွေ ရှိနေတယ်။ အဲဒါကို နိုင်ငံသားအခွင့်အရေးမရကြောင်း ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ အကို့ရဲ့ အမြင်လေးသိချင်ပါတယ်။
ဖြေ။ ။ သူတို့က ကျနော်တို့ တိုင်းရင်းသား မှမဟုတ်တာ။ နိုင်ငံသား
ဖြစ်ပိုင်ခွင့်ရှိပါတယ်။ ကျနော် တခု စိတ်မကောင်းတာက လူတွေဟာ ဘာဖြစ်လို့
ဒါကို တောင်းဆိုလာရတာလဲ။ သူတို့ ကျနော်တို့ တိုင်းပြည်ထဲ ၀င်လာတယ်၊
ကိုလိုနီခေတ်ကတည်းက လယ်မြေတွေ လုပ်ကိုင်ဖို့အတွက် ခေါ်လာခဲ့ကြတယ်။
ကျနော်တို့ တိုင်းပြည်က ရှမ်း၊ကချင်၊ကရင်၊ မွန်၊ မြန်မာ အဲလို ရှိတဲ့
အခါမှာ လူ့အခွင့်ရေးက တပိုင်းပါ။ နိုင်ငံသား ၊ တိုင်းရင်းသား ဖြစ်တည်မှုက
တပိုင်းပါ။ ကျနော်တို့ဘက်က ပြဿနာက လေနဲ့ဝမ်းနဲ့ မကွဲတာ။ လူ့အခွင့်ရေး
လူု့အခွင့်ရေး ဆိုပြီး နအဖ ကို လက်ညှိုးထိုးလို့ရရင် တော်ပြီ ဆိုတဲ့
လူတွေအပေါ်မှာ စနစ်တကျ အမြတ်ထုတ်ခံလိုက်ရတယ်လို့ပဲ ကျနော် ပြောချင်တယ်။
ဒါပ ပြည်ပမှာပေါ့နော်။ ပြည်တွင်းထဲမှာ ကျနော့်အဖေက အရင်တုန်းက
ကယ်ဆယ်ရေးဋ္ဌာနက ညွှန်ကြားရေးမှူးချုပ်ပါ။ ဒီလူတွေ ရွှေဟင်္သာစီမံချက်နဲ့
ပြည်တွင်းထဲကို ပြန်ဝင်တော့ ကျနော့်အဖေ ဒုက္ခရောက်တယ်။ ဘာကြောင့်လဲဆိုတော့
ထွက်တုန်းက လူဦးရေက ရ သောင်း၊ ပြန်ဝင်လာတော့ ၂ သိန်း ၄ သောင်းဖြစ်နေတယ်။
အဲတော့ UNHCR- ကုလသမဂ္ဂမဟာမင်းကြီးရုံးမှာ တင်တုန်းက ၇ သောင်း၊ပြန်ဝင်လာတော့
၂ သိန်း ၄ သောင်းဖြစ်နေတယ်။ဘာပြောလဲဆိုတော့
ကျနော် မူဆလင် ကျနော် မိန်းမ နောက် ၃ ယောက်ထပ်ယူထားတယ်။ ဆိုတော့
ဒီလိုမျိုးနဲ့ တိုင်းပြည်ကို မတရား ခိုးဝင်လာတယ်။ တရားဝင် မတရား
ခိုးဝင်လာကြတယ်လို့ ကျနော် မြင်တယ်။ ဒီကိစ္စနဲ့ပဲ ကျနော့်ကို
အယ်လ်ဂျာဇီးယားက ၃ ခါရှိပြီ အင်တာဗျူးလုပ်တာ။ ရိုဟင်၈ျာတွေရဲ့ အဓိက
လုပ်ခဲ့တဲ့ သူတို့ဘာတို့ပေါ့ဗျာ။ ကျနော်က ဘာပြောလဲဆိုတော့ သူတို့က
တခြားတိုင်းပြည်ကနေပြီးတော့ ခိုးဝင်ရင်းနေထိုင်တဲ့ သူတွေပါလို့ ကျနော် ပြောတယ်။ ကျနော့်ကို မကြိုက်ကြဘူး သူတို့က။
နှစ်ခုပေါ့ လူ့အခွင့်ရေး ရှု့ထောင့်ကနေပြီးတော့ ဒါကို မပြောလိုဘူး။ ဒါပေမဲ့
အမျိုးသားရေးဘက်က ပြောရင်တော့ ပြဿနာရှိတယ်။ ကျနော်လည်း သူတို့ကို
ပြန်မေးတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ ၄ သန်းရှိတယ်။ ခေတ်အဆက်ဆက်မှာ နေလာတဲ့
သူတွေရှိတယ်။ ချင်းမိုင်မှာ ကြိုက်တဲ့ မီးဖိုချောင်ဝင်သွား ရှမ်းရှိတယ်။
သူတို့ဟာ ဒီနေ့ထိ လျှို့လျှို့ဝှက်ဝှက်ပဲ နေနေရတယ်။ ကျနော်တို့ မြန်မာတွေက
ထိုင်းနိုင်ငံသား လျှောက်လို့မရဘူးလေ။ ခိုးဝင်တဲ့ သူက ခိုးဝင်တဲ့အတိုင်းပဲ
ဖြစ်မယ်။ တရားမ၀င်ဘူး။ တိုင်းပြည်တပြည်ရဲ့ အချုပ်အချာ အာဏာကိုတော့
အဲလောက်ထိ မစော်ကားသင့်ဘူးလို့ ကျနော်ထင်တယ်။
အဲလိုပြောလို့လည်း ကျနော့်ကို ခြိမ်းခြောက်တာတွေ ရှိတယ်။ သတ်မယ်လို့ ပြောတာတွေ လူလွှတ်သတ်ခိုင်းမယ်လို့ ပြောတာတွေလည်း ရှိတယ်။
ကျနော် ရခိုင်တွေဘက်ကနေ လိုက်ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါအမျိုးသားရေးဖြစ်နေတယ်။အမျိုးသားလုံခြုံရေးဖြစ်နေတယ်
နောက်တခုက မရှိတဲ့ လူမျိုးတခုကို ပြောတယ်။ ဥပမာ မြန်မာ-မူဆလင် ရှိတယ်။
ဒါမြန်မာ-မူဆလင်တွေက ရိုဟင်ဂျာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံသား၊မြန်မာ၊
မူဆလင်ဘာသာကိုးကွယ်သူပဲ။ အဲဒါ မြန်မာ မူလဆင်တွေကို ဒီ culture တွေကို
သွင်းနေတာက ကျနော်တို့တိုင်းပြည်မှာ အင်မတန်မှ ကြောက်စရာကောင်းတယ်။
ကျနော်တို့တိုင်းပြည်မှာ ဒါက စနစ်တကျ လုပ်သွားတယ်
စနစ်တကျလုပ်တယ်လို့မြင်တယ်။
ကျနော်တို့တိုင်းပြည်မှာ မျိုးချစ်စိတ် ပြန်ရှိဖိုလိုတယ်၊ ဒါပေမဲ့
ကုလားတွေကို ရိုက်တာမျိုး၊ ကုလားတွေကိုသတ်တာမျိုး မဖြစ်သင့်ဘူး။
ကျနော်တို့မြန်မာပြည်မှာ လူတိုင်းနေထိုင်ခွင့်ရှိပါတယ်။ ခုနပြောတဲ့ ရိုဟင်၈ျာ ၉၉ % နေလို့ ဒီပြည်နယ်ကို ရိုဟင်ဂျာ ပြည်နယ်ပေးရမယ် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရမယ်ဆိုတာကတော့
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊ မဖြစ်သင့်ဘူး။ တကယ့်တကယ်ကို
ရိုဟင်ဂျာဆိုတာတောင်မှ မခေါ်ရတဲ့ စကားပေါ့နော်၊ ကျနော်တို့ငယ်ငယ်တုန်းက သိတာ
ခေါ်တောပဲ သိတာ။ ရိုဟင်ဂျာဆိုတာ နိုင်ငံရေးစကားပါ။
ဒါကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်၊
ဒီခေါ်တောတွေရဲ့ ပိုက်ဆံကို အသုံးချပြီးတော့ လုပ်ခဲ့တဲ့ သူတွေ ရှိတယ်
အဖွဲ့အစည်းတွေ ရှိတယ်။ ရိုဟင်၈ျာဆိုတာ တခါမှကို မကြားဖူးဘူး။ သူတို့ကို
ခေါ်တာက ခေါ်တောကုလားတွေပဲ၊ ဒါ သူတို့ကို နှိမ်တာမဟုတ်ပါဘူး။ ဘင်္ဂါလီဆိုတာ
ယဉ်ယဉ်ကျေးကျေးခေါ်တာပဲ။ ဘင်္ဂါလီဆိုတာက ဟိုဘက် ကမ်းကနေ ကူးလာတဲ့သူတွေ၊ သူတို့
ဒီထဲမှာ နေထိုင်တာ ကြာချင်လည်း ကြာမယ်။ဒါပေမဲ့ ဒီဘက်က ရခိုင်နဲ့လည်း
ရုပ်မတူဘူး၊ ဘာမှလည်း မတူဘူး။
အဲဒီလို မေးမြန်းပြီးတဲ့နောက်မှာတော့ ကိုညိုအုန်းမြင့်ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်စကားနဲ့ စကားအနည်းငယ်ပြောဖြစ်ကြပြီး တွေ့ဆုံမေးမြန်းခြင်းပြီးဆုံးခဲ့ပါတယ်။
Credit To>>>Aung Khine
No comments:
Post a Comment