ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
▼
သစ်မရခင်စပ်ကြားမှာ ---------.(၁)
ရခိုင့်လူ့အဖွဲ့အစည်းရေ ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်း မသိမ်းခင်ကပင်
(၃)ခြမ်းကွဲလားဗျာယ်။လက်ရှိ အိန္ဒိယနိုင်ငံ တြိပူရမှာ တစ်စု၊
ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာတစ်စု၊မြန်မာနိုင်ငံမှာ တစ်စု
ဖြစ်ပါလားပါရေ။ ယင်းနိုင်ငံအား လုံးကိုဗြိတိသျှအစိုးရပိုင်စိုးခလို့ အုပ်ချုပ်ရေးယန္တရားအရ အပိုင်းပိုင်းခွဲပစ်လိုက်ဗျာယ် အုပ်ချုပ်ခရေ။ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရရေခါ ရခိုင်လူမျိုးတိ နိုင်ငံ (၃)နိုင်ငံသားဖြစ်လားရေ။အိန္ဒိယနိုင်ငံသားရခိုင်(မဂ်)(Mog)၊ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားရခိုင်(ယင်းမှာတောင်မှရခိုင်နန့်မရမာသွီးကွဲနီကတ်သိရေ)၊မြန်မာနိုင်ငံက
ရခိုင်သားဆိုဗျာယ်ကွဲလားရေ။
မျိုးချစ်စိတ်ဟိရေ ရခိုင်တိ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်လာကတ်စွာ နှစ်ပေါင်းရာကျော်ကြာ
လတ်ဗျာယ်။အေနိထိ မအောင်မြင်ကတ်သိ။အေနိ မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတိ တန်းတူရေး၊ကိုယ်ပိုင်
ပြဌာန်းခွင့်ရရေးဆိုပနာ ကြွေးကြော်နီကတ်တေ။ကျွန်တော်တော့ခါ နိုင်ငံရေးသမားမဟုတ်လို့ နိုင်ငံရေးသမား
တိပိုင်မတွေးတတ်ပါ။ ကိုယ်သိစွာချေကို အေဆောင်းပါးမှာတင်ပြပါမယ်။
အေနိရခိုင်သားတိနီရေ (၃)နိုင်ငံစလုံးမှာ စီးပွားရေး၊ပညာရေး၊ကျန်းမာရေး အဖက်ဖက်က နိမ့်ကျ
ဗျာယ် မကြာခင်မှာ ရခိုင်လူမျိုးဆိုစွာ ကမ္ဘာမြေပေါ်က ပျောက်ကွယ်လားဖို့ အခြေအနေကို ရောက် နီလုနီး
နီပါဗျာယ်။ယင်းအခြေအနေကို ရခိုင်သားတိုင်းသတိထားမိကတ်ဖို့မဟုတ်ပါ။နိုင်ငံ(၃)ခုမှာနီရေ ရခိုင်သား
တိနန့် ပူပေါင်းလုပ်နီကတ်တေလူတိ၊မျိုးချစ်ရခိုင်တိတော့ခါ ရင်ပူနီကတ်စွာကြာဗျာယ်။အေအတိုင်းဆက်လား
ကေ ကမ္ဘာမြေပေါ်က ရခိုင်လူမျိုးပျောက်ကွယ်လားဖို့စွာဗျာယ်ဆိုစွာကိုပါ။ယင်းပိုင်ဖြစ်လားဖို့စွာကို မြန်မာနိုင်ငံ
က ဗမာလူမျိုးတိလည်းကြိုက်တေ။အိန္ဒိယနိုင်ငံက ကုလားလူမျိုးတိလည်းကြိုက်တေ။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံက
ဘင်္ဂလီတိလည်းကြိုက်တေ။
အေနိရာမှာ ကမ္ဘာမြေပေါ်က ရခိုင်လူမျိုးတိ ပျောက်ကွယ်မလားအောင်
ဇာလုပ်ကတ်ရဖို့လဲ ဆိုစွာကို အဖြေရှာကတ်ရပါဖို့။ အေနိကမ္ဘာပေါ်မှာ
ရခိုင်လူမျိုးဟိနီစွာ ရခိုင်စကားပြောရေလူတိဟိနီလို့ပါ။ရခိုင်သားတိ
ရခိုင်စကားမပြောကတ်ကေ ကမ္ဘာမြေပေါ်မှာ ရခိုင်ဆိုစွာ ဟိဖို့မဟုတ်ပါဗျာယ်။ရခိုင်ပြည်နယ်က ရခိုင်မျိုးတိရေပညာရေး၊ကျန်းမာရေး၊စီးပွားရေး အစစအရာရာ နိမ့်ကျနီရေအတွက် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးမှု၊ဆင်းရဲမွဲတေမှုကြောင့် ရေကြည်ရာ မြက်နုရာကို ရှာဖွေဗျာယ် ရခိုင်ဒေသကို
စွန့်ခွာလာကတ်တေ။အေပိုင် ရောက်လာရေ ရခိုင်သားတိ အများစု ရန်ကုန်မှာ
အလုပ်လုပ်ဖို့ ရောက်လာကတ်တေ။အယင်က တစ်ခါလေ့မကြားဖူးရေ ကျွန်တော်ရို့ရွာက မမချေတိတောင်မ စက်ရုံတိမှာ အလုပ်လုပ်ဖို့ဆိုဗျာယ် ရန်ကုန်ကို ရောက်
လာကတ်တေ။
ရန်ကုန်ကို ရောက်လာရေ ရခိုင်သားတိကို ကြည့်ရစွာ ထူးထူးဆန်းဆန်းတိ တွိရပါရေ။ပညာတတ်ရခိုင်
သမတိ အကြောင်းကိစ္စ အမျိုးမျိုးနန့် ကျွန်တော့်ပါးကို ရောက်လာကတ်တေခါ ရခိုင်စကားမပြောတတ်။နား
လည် ပါရေဆိုရေကိစ္စ နန့်ကြုံကတ်ရပါရေ။သူရို့ပြောကတ်စွာက သူရို့သားသမီးတိ
ဗမာစကား မပီကေ ကျောင်းမှာ “ ရခီး” လို့အခေါ်ခံရလို့ ဗမာစကားပီအောင် အိမ်မှာပါ
ဗမာစကားပြောပစ်ကတ်စွာက ရခိုင်စကားကို မိလားရေဆိုပါယင့်။ သူရို့ပြောရေ
ဗမာစကားက ပီစွာလေ့မဟုတ်ပါ။ယေကေလေ့ ကိုယ့်ကိုကိုယ် ဗမာစကားပီရေ ထင်နီစွာ
ရှက်ဖို့ကောင်းပါရေ။
ကျွန်တော်ရို့မိသားစု အစိုးရတာဝန်နန့် ရန်ကုန်ကိုပြောင်းလာကတ်တေခါ သမီးချေက (၈)နှစ်ကျောင်း
သူဖြစ်တေ။ ဗမာပြည်ကိုလည်း တစ်ခါလေ့မရောက်ဖူး။ကျောင်းမှာ စာသင်ရေခါ “ ရခီး”ခေါ်လို့ ကျောင်းအုပ်
ဆရာမကြီးကို လူမျိုးကို မစော်ကားကေ့။ပုဂ္ဂိုလ်ရေးအရပြောစွာကို ကျေနပ်တေ။လူမျိုးကို ပြောကေ မကျေနပ်
ဆိုဗျာယ် လားတိုင်လို့ ဆရာမကြီးက “ ကျောင်းသား/ကျောင်းသူအချင်းချင်း လူမျိုးကို စော်ကားရေစကားမ
ပြောရဆိုပနာ အမိန့်ထုတ်လိုက်တေဆိုယင့်။ကျွန်တော်သမီးချေကိုလည်း ယင်းကျောင်းက (၁၀)အောင်ရေထိအာဇာနည် ရခိုင်မ ဆိုဗျာယ်နာမည် ပီးလိုက်တေဆိုယင့်။ယင်းမြို့နယ်မှာ ကျွန်တော်က အရာရှိ ဖြစ်နီစွာလည်းပါပါဖို့။
ရခိုင်သမတိကို အကြံပီးချင်ပါရေ။အချေတိ စကားမပီဖို့စွာကို မကြောက်ပါကေ့။အိမ်မှာ ရခိုင်စကား
ပြောပါ။လမ်းမှာထွက်ကေ အချေတိ ဗမာစကားပြောလိမ့်မေ။ကျွန်တော်မိတ်ဆွေ ဦးဘိုမင်းဖြူမှာ အချေတိ ရန်ကုန်မှာမွီးကတ်စွာပါ။ယေကေလေ့ ဗမာနန့်တွိကေ ဗမာစကား၊ရခိုင်နန့်တွိကေ ရခိုင်စကားပြောတတ်တေ။မိဘတိလည်း ဂုဏ်ဟိရေ။သားသမီးတိလည်း မျက်နှာမငယ်ကတ်။ကျွန်တော်က အချေတိကို ရခိုင်စကားတတ်အောင် ဇာပိုင်လေ့ကျင့်လေ မိန်းကြည့်ရေခါအိမ်မှာ ဗမာစကားပြောကေ
ပါးကိုသတ်တေ။မင်းရို့လမ်းမှာ ဗမာစကားပြောချင်ကေ ပြောကတ်။အိမ်မှာ
မပြောရဆိုဗျာယ် အမိန့်ထုတ်ထားရေလတ်။နောက်ပြီးကေ နွေရာသီကျောင်းပိတ်ကေ
တစ်နှစ်တစ်ခါ ရခိုင်ပြည်က ဆွေမျိုးတိပါးကို ပို့ပိုက်တေလတ်။ရခိုင်စကားပီမှ
ပြန်လာကတ်၊ရခိုင်စကားမပီကေ အိမ်ကို
မလာရဆိုဗျာယ်ခြောက်လွှတ်လိုက်တေလတ်။အချေဘာဝ ရခိုင်ပြည်မှာ
အချေတိနန့်ကစပ်ယက်ပင်း
ရခိုင်စကားတတ်လားစွာပါဗျာယ်။ရခိုင်စကားပြောသင်တန်းသီးသန့်
တက်စရာမလိုကတ်ပါဆိုပါယင့်။
တစ်ခါတစ်ခါ ကျွန်တော့်ရုံးခန်းကို အလုပ်ကိစ္စနန့်လာရေ ရခိုင်မတိက“ ကျွန်မအကုန်နားလည်တယ်။
ပြန်မပြောတတ်တာပဲရှိတယ် ”လို့ ပြောလေ့ဟိကတ်ပါရေ။သူနန့်အတူပါလာရေ လူမျိုးခြားတိက “ ကျွန်တော်
ရခိုင်ပိုင်ကောင်းကောင်းပြောတတ်ပါရေဆရာကြီး၊နားလည်းလည်ပါရေ” ဆိုပနာ
ရခိုင်စကားနန့်ပြောကတ်တေ။ သူရို့ပြောစွာကို ကြားကေ
ကျွန်တော်ရင်ထုမနာဖြစ်တတ်ပါရေ။ရခိုင်သမတိက ရခိုင်ပိုင်
မပြောကတ်။ရခိုင်မကို ယူထားရေ လူမျိုးခြားတိက ကျွန်တော့်ကို
ရခိုင်ပိုင်ပြောကတ်စွာ ကြားရကေ ရင်နာမဆုံးဖြစ်မိပါရေ။
ရခိုင်လူမျိုးတိ ရခိုင်စကားကို တန်ဖိုးမထားကတ်ကေလေ့ ရခိုင်ယဉ်ကျေးမှုဓလေ့ထုံးစံကို လေ့လာလို့
ပါရဂူဘွဲ့ယူဖို့လုပ်နီရေ ပြင်သစ်မချေတစ်ယောက် ကျွန်တော်ပါးကို လားတွိလို့ ကျွန်တော်က အင်္ဂလိပ်စကား
နန့်ပြောရေခါ “ အကျွန့်ကို အင်္ဂလိပ်ပိုင်မပြောပါကေ့။ရခိုင်ပိုင်ပြောပါ။အကျွန့်နာမည် သဇင်ဖြူလို့ နာမည်
ပြောင်းထားပါရေ ။ရခိုင်စကားကို အကျွန်အားလုံးနားလည်ပါရေ“ လို့ပြန်ပြောရေခါ ကိုယ့်ကိုယ်ကို ရှက်မိလား
ပါရေ။ကျွန်တော်ပြောစွာအမှန်ပါ။သူနာမည်အရင်းက အလက်စန္ဒားဒီမာဆန် ခေါ်ရေ
ပြင်သစ်မချေပါ။သူ့ကို ရခိုင်ပြည်က
သမက်တက်ပွဲတိ၊ရှင်ပြုပွဲတိ။အသုဘအခန်းအနားတိမှာ
တွိနိုင်ပါရေ။စာတမ်းတင်ဖို့ရခိုင်ယဉ်ကျေး
မှု ဓလေ့ထုံးစံကို လေ့လာနီစွာပါ။
ရခိုင်လူမျိုးတိ လိုချင်ရေ ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေး မရခင်မှာ ကမ္ဘာမြေပေါ်က ရခိုင်လူမျိုးပျောက်
မလားဖို့ လိုပါရေ။ယင်းပိုင်ကျန်ဖို့အတွက် ရခိုင်စကားပြောကတ်ပါမေ။ရခိုင်သားအချင်းချင်း ရခိုင်စကား
ပြောလို့ ဂုဏ်ယူကတ်ပါမေ။
ရခိုင်စကားပုံမှာ “ သစ်မရခင်စပ်ကြား၊၀ါးပေါင်းကွပ်ဆိုပါရေမနင်း။”
ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)
Fuck Rakhee 😁😁
ReplyDeleteလူမျိုးစွဲရခီးစုတ်တွေလက်ခလယ်ပဲသိလား
ReplyDelete