ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Sunday, December 22, 2013

" ရခိုင့်သူရဲကောင်းဗိုလ်ချင်းပျံ ပထမပိုင်း ''



" ရခိုင့်သူရဲကောင်းဗိုလ်ချင်းပျံ ပထမပိုင်း ''

ရခိုင်ဘုရင့်နိုင်ငံတော်၏နောက်ဆုံးဘုရင်အုပ်ချုပ်ရေးခေတ်ဖြစ်သည့် မြောက်ဦးခေတ်တွင်နရပတိ
မင်းကြီးမှ ( ၂၈ ) ဆက်မြောက်ဖြစ်သည့်ရခိုင်ဘုရင် မဟာသမ္မတရာဇာ မင်းသည် အေဒီ ၁၈၇၃ ခု
သက္ကရာဇ် ၁၁၄၄ တွင်နန်းတက်ပြီး အဂ္ဂေါပုညစောရာဇာ ဘွဲ့ ကိုခံယူပြီး ရခိုင်နိုင်ငံအားအုပ်ချုပ်ခဲ့သည်။ပြည်သူများကရွေးကောက်တင်မြောက်ခဲ့ခြင်းကြောင့် မဟာသမ္မတ ရာဇာ မင်းဟုလည်းခေါ်တွင်သည်၊ထိုမင်းလက်ထက်တွင်စည်းလုံးညီညွတ်မှုပျက်ပြားပြီး တိုင်းပြည်အေးချမ်းသာယာမှုမရှိပဲ သူတစ်လူငါတစ်မင်းဖြစ်နေခဲ့သည်။
ထို့ ကြောင့် အမတ်ကြီး ကုလားအောင်နှင့် မြို့ သူကြီး ငသံဒွေ ၊ မောင်ထွန်းစံ
နှင့်အပေါင်းအပါတို့ သည် ရခိုင်ပြည်၏အုပ်ချုပ်ရေးအခြေအနေ ကို ပြန်လည် ထိမ်းသိမ်းရန်နှင့် သင့်တော်သောရခိုင် မင်းဆွေမင်းမျိုးတစ်ဦးအား ပြန်လည်နန်းတင်ရန်ရည်ရွယ်ချက်ဖြင့်
အေဒီ ၁၇၈၄ ခုနှစ်တွင် မြန်မာဘုရင် ဘိုးတော်ဘုရားထံသို့ သွားရောက်အကူအညီသွား
ရောက် တောင်းခံခဲ့ကြသည်။ထိုသည်မှာလည်း ရခိုင်ရာဇဝင်အဆက်ဆက်တွင် ဗမာ ဘုရင်များအခက်ကြုံသောအခါတိုင်းတွင် ရခိုင်ဘုရင်တို့ ကသွားရောက်ကူညီပေးခဲ့ဖူးသော
ရာဇဝင်များစွာရှိနေခြင်းကြောင့်ပင်ဖြစ်ပေသည်။သို့ သော်လည်း မြန်မာဘုရင် ဘိုးတော်မောင်ဝိုင်းသည်
ရခိုင်ခေါင်းဆောင်များထင်ထားသကဲ့သို့ မဟုတ်ဘဲ နန်းပြိုင် ဘုရင်တစ်ပါး အမြင်နှင့် ၁၁၄၆ ( အေဒီ ၁၇၈၄ ) ခုနှစ်ပြာသိုလဆုတ် (၇) ရက် စနေ နေ့ တွင်ရခိုင်ဘုရင်ထီးနန်းစိုက်ရာမြောက်ဦးမြို့ ကို သိမ်းပိုက်ခဲ့လေသည်။
မြောက်မြားလှစွာသောရခိုင်ပြည်သူ ပြည်သားတို့ သည် ရက်စက်လှသော မြန်မာတို့ ၏အုပ်ချုပ်မှု
အောက်မှာ သတ်ဖြတ်ခံရမှု မှ ကင်းလွတ်စေရန် အတွက် နယ်စပ်ဒေသ ကိုဖြတ်ကျော်လျှက် စစ်တ
ကောင်းရှိ အရှေ့ အိန္ဒိယ ကုမ္ပဏီ ပိုင် နယ်မြေထဲသို့ ပြေးဝင်ခိုလှုံ ခဲ့ကြရပါသည်။တစ်နှစ်ထက်တစ်နှစ်
ပြောင်းရွေ့ မှုပမာဏကြီးထွားလာခဲ့ရာ ရခိုင်ပြည်ဘက်၌ လူသူကင်းမဲ့လုနီးအခြေအနေသို့ ရောက်ရှိ
လာခဲ့ရသည်။ မြန်မာအစိုးရသည် ထိုအခြေအနေကို လုံးဝမနှစ်သက်ခဲ့ချေ ၊ အဘယ်ကြောင့်ဆိုသော်
စစ်တကောင်းဘက်မှရခိုင်တော်လှန်ရေးသမားများကလာရောက်တိုက်ခိုက်နှောင့်ယှက်ကြသော
ကြောင့်ဖြစ်သည်။ ၁၇၉၄ တွင်မြန်မာတပ်များသည်နတ်မြစ်ကိုဖြတ်ကျော်လျှက်ရခိုင်တော်လှန်ရေး
သမားများအားဖမ်းစီးရန်အတွက် ကုမ္ပဏီပိုင်နယ်မြေထဲသို့ ရောက်လာခဲ့ကြသည်။အင်္ဂလိပ်အစိုးရ
အနေဖြင့် မြန်မာတပ်တို့ အားခုခံတွန်းလှန်ရန် ကုမ္ပဏီ တပ်ဖွဲ့ များကိုစေလွတ်ခဲ့သော်လည်း နောက်ဆုံးမှာ နှစ်ဘက်သဘောတူညီမှုရယူကာပြသနာတစုံတရာမဖြစ်ပဲပြီးဆုံးသွားခဲ့သည်။
ရခိုင်တော်လှန်သမားများမှာ မြန်မာပိုင်နက်ထဲကို ဝင်ရောက်တိုက်ခိုက်လိုက် ၊ စစ်တကောင်းနယ်
ထဲကိုပြေးဝင်ခိုလှုံနေလိုက် ခြင်းတို့ ကြောင့် နှစ်ဘက်ဆက်ဆံရေးမှာတင်းမာ
လာခဲ့ရသည်။ သို့ သော်လည်းရခိုင်သားတို့ မှာစစ်တကောင်းနယ်ထဲသို့ အဆက်မပြတ်ဝင်ရောက်ခိုလှုံ
လာနေဆဲပင်ဖြစ်နေသည် ။ ၁၇၉၈ ခုနှစ်တွင် စစ်တကောင်းနယ်သို့ အင်္ဂလိပ် တို့ က မြို့ သူကြီး ဟူသောအမည်ဖြင့်သိရှိသော ရခိုင်အမျိုးသားအကြီးအကဲတစ်ဦးထွက်ပြေးလွတ်မြောက်လာ
ခဲ့သည်။ထိုသူကား ငသံဒွေ ပင်ဖြစ်သည်။သူ့ တွင် ချင်းပျံ ဆိုသော သားတစ်ယောက်ပါလာသည်။
အင်္ဂလိပ်လူမျိုးတို့ က သူ့ ကို ( king – bering / King Buring ) ဟုခေါ်ဝေါ်ကြသည်။တောင်ပေါ်သား
ချင်းလူမျိုး တို့ ထံမှပြန်လာချိန်သောမွေးဖွားသောကြောင့် ချင်းပြန် ( Khyen –bran ) ဟုခေါ်ခြင်းဖြစ်ပါ
သည်။ချင်းပျံသည် လူသူ လက်နက်စုဆောင်းကာ အနောက်ဘက်ကမ်းကို အပိုင်စီးကာ တပ်စွဲထား
လျှက် ဖခင်အမှားအတွက်ရခိုင်ပြည်ကိုပြန်လည်သိမ်းပိုက်ရန်ကြိုးစားခဲ့သည်၊ကုမ္ပဏီအရာရှိ
များကလည်းချင်းပျံကိုတစ်ဘက်မှ လျှို့ ဝှက်စွာအားပေးအားမြှောက်ပေးခဲ့သည်။
မေလ အလယ်တွင် ချင်းပျံသည်မောင်တောမြို့ ကို သိမ်းပိုက်ခဲ့လေသည်။ ချင်းပျံသည်လူ၁၀၀၀ခန့် ကို
မောင်တောတွင်နေခဲ့စေပြီးကျန် တပ်သားအင်အား ၁၅၀၀ နှင့် အတူ တော်လှန်ရေး ရဲဘော်များကိုစည်းရုံးကာ ရခိုင်ပြည်ထဲသို့ စစ်ချီရန်ရခိုင်လူထုအားစည်းရုံးခဲ့သည်။ထို့နောက်ရခိုင်နှင့်စစ်တကောင်း တို့ မှ ရခိုင်သားအင်အား
၁၀၀၀၀ မှ ၁၂၀၀၀ ထိရှိသော တပ်မတော်ကြီးကို ဖွဲ့ စည်းပြီး ရခိုင်ပြည်ကိုပြန်လည်သိမ်းပိုက်ရခဲ့
လျှင် ဗြိတိသျှအစိုးရအား အခွန်ဆက်သမည်ဖြစ်ပြီး မြို့ ဟောင်းကိုသိမ်းပိုက်ရေးအတွက် လက်နက်
ခဲယမ်းထောက်ပံ့ပေး ပါက ကုမ္ပဏီအစိုးရအားလက်ဆောင်ပဏ္ဏာဆက်ရန်ကတိပြုခဲ့လေသည်။
ထို့ ပြင် မြန်မာ ပိုင်နက်ထဲ၌နေထိုင်ဆဲဖြစ်သောရခိုင်သားတို့ ၏ထောက်ခံမှုကိုလည်းအကြီးအကျယ်
ရရှိယူကာ ချင်းပျံ၏ တပ်များသည် ရခိုင်တစ်တိုင်းပြည်လုံးနီးပါးကို သိမ်းထားနိုင်လိုက်ပြီဖြစ်သည်။
သို့ သော် လည်း မြန်မာဘုရင်ဘက်မှရောက်လာမည့် စစ်ကူအင်အားကိုတွန်းလှန်နိုင်ရန်အတွက် ကုမ္ပဏီအစိုးရထံသို ချင်းပျံ ကစစ်ကူ တောင်းဆိုခဲ့ပြီးကူညီမှုများပေးမည်ဆိုပါကလက်အောက်ခံအဖြစ်
ရပ်တည်သွားပါမည်ဟုအကြောင်းကြားတောင်းဆိုခဲ့သော်လည်းကုမ္ပဏီအစိုးရက အကူအညီပေးရန်ငြင်းဆိုခဲ့သည့်အတွက်ချင်းပျံ၏အောင်ပွဲများမှာမိုးရာသီတွင်ရပ်ဆိုင်းသွားခဲ့ရသည်။သို့ သော်မြို့ ဟောင်းကို ဆက်လက်ပိတ်ဆို့ ထားနိုင်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့
သည်၊အင်းအားမမျှတ၍ချင်းပျံသည် မြို့ ဟောင်းကိုမသိမ်းပိုက်ခဲ့သော်လည်း မြို့ စောင့်တပ်ကိုတော့ အသက်နှင့်စည်းစိမ်ကို ချမ်းသာပေးပါမည်ဟူသောကတိဖြင့်လက်နက်ချအညံခံစေခဲ့ခိုင်းပြီး
ထိုသူတို့ ကို ကွပ်မျက်သုတ်သင်လိုက်ပြီး အောင်ပွဲခံ ချီတက်ပြခဲ့သည်၊ထိုသည်မှာ မြန်မာလူမျိုးများက ရခိုင်သားများအပေါ် အတိတ်ကပြုကျင့်ခဲ့သောရက်စက်မှုတို့ အတွက် လက်တုံပြန်ခဲ့ရပေပြီ
ဟုပြောင်ပြောင်တင်းတင်းကြွေးကြော်ခဲ့သည်။
ဤသို့ ဖြင့် ၁၈၁၁ ခုနှစ်အလယ်ပိုင်းတွင် ရခိုင်ပြည်တစ်ခုလုံးသည်ဗိုလ်ချင်းပျံ၏လက်အောက်သို့ကျ
ကျရောက်သွားခဲ့ရသည်။ရုတ်တရက်ဤသို့ ပုန်ကန်တိုက်ခိုက်လိုက်သည်ကိုမြန်မာဘုရင်ကအကြီး
အကျယ်တုန်လှုပ်အံသြနေရခဲ့ပြီး ကုမ္ပဏီအစိုးရကိုလည်းသင်္ကာမကင်းဖြစ်သွားစေခဲ့သည်။
၁၈၁၁ စက်တင်ဘာလတွင် ကုမ္ပဏီအစိုးရက ကပ္ပတိန်ကင်းနင်းကို မြန်မာဘုရင်ထံသို့ စေလွတ်ပြီး
ချင်းပျံ ကို အားပေးအားမြှောက်မှု ပြုနေသည်ဟူသောမြန်မာမင်းနှင့် သူ၏ဝန်ကြီးများခေါင်းမှ ဖယ်ရှား
ရန်စေလွတ်ခဲ့သည်။သို့ သော်လည်း မြန်မာတို့ ဘက်ကယုံကြည်မှုမရှိခဲ့ပေ။မိုးရာသီကုန်ဆုံးသွားသော
အခါ မြန်မာတို့ သည် ပြန်လည်ဆုံးရှုံသွားခဲ့ရသောနယ်မြေများကိုသိမ်းပိုက်ရန်အတွက် ပဲခူးနယ်မှ
လူအင်အား ၃၀၀၀ နှင့်စစ်အင်အား၊ တပ်မဟာနှစ်ခုဖွဲ့ စည်းပြီးခြောက်ပေါင်ဒါအမြောက် ၆ လက်နှင့်
လူနှစ်ရာတို့ ကိုထည့်သွင်းကာချီတက်လာခဲ့သည်။မြန်မာကြည်းတပ်သည် နေဂရေအငူ၌အင်အားဖြည့် တင်းပြီး ဒွါရာဝတီ ( သံတွဲ ) သို့ ချီတက်သည်ထိုမှရေကြောင်းဖြင့်ရမ္မာဝတီ( ရမ်းဗြဲ ) သို့ ဆက်လက်ချီ
တက်လာပြီး မာန်အောင်ကျွန်းအနီးတွင် ချင်းပျံဦးဆောင်လာသော လှေ ၃၀၀ ၊ လူတစ်သောင်းပါဝင်
သောတပ်များနှင့်အပြင်းအထန်တိုက်ပွဲဖြစ်ပွားလေသည်။လက်နက်အင်အားမမျှတသည့်အတွက်
ရခိုင်တို့ ဘက်မှ အကျ အဆုံးများပြီး ချင်းပျံမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ချင်းပျံသည် လက်ကျန်လှေအစီးတစ်ရာလောက်နှင့်လူအင်အားစုစည်းကာပြန်လည်ခုခံတိုက်ခိုက်ရာ လက်နက်
အင်အားမမျှတခြင်းကြောင့်မာန်အောင်ကျွန်းကို မြန်မာ တို့ သိမ်းပိုက်လိုက်ခဲ့လေသည်။
ရခိုင်ပြည် ကိုပြန်လည်ရယူလိုသောချင်းပျံ၏ထက်သန်သောစိတ်ဓာတ်မှာ မြန်မာတို့ အောင်ပွဲခံနိုင်
မှုကြောင့်နောက်ဆုတ်သွားခဲ့ရပြီးနောက်ဘက် တောင်တန်းများဆီသို့ တိမ်းရှောင်သွားခဲ့ရလေသည်။
ထွက်ပြေးလွတ်မြောက်သွားသော ချင်းပျံကို မြန်မာဘုရင်က တောင်းခံသောအခါ ကုမ္ပဏီအစိုးရက
စစ်တကောင်းနယ်ထဲကိုဝင်ရောက်လာသောတော်လှန်ရေးသမားများကိုနှင်ထုတ်မည်ဆိုသောသ
ဘောထားကိုပြောင်းကာ ချင်းပျံနှင့်လက်ထောက်များကိုဖမ်းမိခဲ့လျှင်မြန်မာပိုင်နက်ထဲသို့ပြန်နှင်မ
ထုတ်ပဲအကျယ်ချုပ်ထိမ်းသိမ်းထားမည်ဟုကြေငြာလိုက်လေသည်၊ ထိုသဘောထားကိုမြန်မာ
တို့ ဘက်က လုံးဝမကျေနပ်ကြပါ။ ရခိုင်မြို့ ဝန်ကလည်းချင်းပျံနှင့်အခြားခေါင်းဆောင်များ အပြင် ချင်းပျံကိုအကူအညီပေးဖူးသော ဒေါက်တာမက္ကရေး ဆိုသူကိုပါ လွှဲအပ်ရမည်ဖြစ်ကြောင်းနှင့် မလွှဲအပ်ပါက မြန်မာတပ်များ စစ်တကောင်းထိ ဝင်ရောက်ရှာဖွေရလိမ့်မည်ဖြစ်ကြောင်းရာဇသံပေး
ပို့ လိုက်ပါသည်။ထိုအချိန်တွင်ချင်းပျံသည်နယ်စပ်ကိုဖြတ်ကျော်လျှက်စစ်တကောင်း၌ရောက်ရှိ
နေပြီဖြစ်သည်။ယင်းကိုသိနေသောမြန်မာအစိုးရသည် အင်အားရှစ်သောင်းနှင့်အတူ စစ်တကောင်း
သို့ ချီတက်ဝင်ရောက်ရှာဖွေမည်ဟုမြန်မာစစ်သေနာပတိကကြေငြာချက်ထုတ်လိုက်သောအခါ
အခြေအနေ မှာနှစ်ဘက်စစ်ပွဲဖြစ်ပွားရမည့်အထိထင်းမာလာခဲ့ရသည်။မြန်မာတို့ က ၄င်းတို့ ဘက်၌ သေနတ် တစ်သောင်းတင်ထားသော ပြင်သစ်သင်္ဘော တစ်စီးလည်းကူညီပါရှိမည်ဟုကြေငြာချက်ထဲ၌
ထည့်သွင်းဖော်ပြလိုက်လေသည်။ နယ်စပ်ရှိ ကုမ္ပဏီ တပ်အင်အားမှာ လည်းစုစုပေါင်း ၄၄၀ လောက်သာရှိပြီးဌာနချုပ်မှာတက်ကနဖ် တွင်ရှိသည်။ ထိုစဉ် စစ်တကောင်းတပ်မူး
ကာနယ်မော်ဂင်က ချင်းပျံ၏သားမယားတို့ အားဖမ်းဆီးလိုက်ပြီး ကာလကတ္တားရှိအာဏာပိုင်တို့ က
အကျယ်ချုပ်ဖြင့်ထားလိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် ချင်းပျံအားကိုယ်တိုင်အဖမ်းလာခံလိမ့်မည်
ဟုမျော်လင့်ချက်ဖြင့်ဖြစ်သည်။ သို့ သော်လည်း ကာနယ်မော်ဂင်ထင်ထားသကဲ့သို့ ဖြစ်မလာပဲ ချင်းပျံ
အားဖမ်းဆီးခြင်းသည် အခြေအနေ ကိုပိုမိုရှုပ်ထွေးစေခဲ့ကာမြန်မာနှင့်ဆက်ဆံရေးကိုပိုမိုတင်းမာ
လာစေခဲ့သည်။ ဖောဖော်ဝါရီလ (၈)ရက်နေ့ ၌ မြန်မာသေနာပတိထံမှသံတမန်များ တက်ကနဖ်
သို့ ရောက်ရှိလာပြီး အခြေအနေပြန်လည်ကောင်းမွန်လာစေရန်နှင့်ချင်းပျံကိုဖမ်းဆီးနိုင်ရေးအတွက်
ဆွေးနွေးခဲ့ကြသည်။သို့ သော်လည်း တက်ကနဖ် သို့ မြန်မာသံတမန်များစေလွတ်ခဲ့သည်မှာ
လှည့်စားမှုမျှသာဖြစ်ပြီး နယ်စပ်ဒေသအရေးကိုကျေနပ်အောင်မလုပ်နိုင်ခဲ့ပါ။
ထို့ ပြင် နတ်မြစ်အရှေ့ ဘက်ကမ်းရှိ မြန်မာစခန်းအားမြင်တွေ့ ရမှုကြောင့်အိန္ဒိယဘက်ရှိဒေသခံ
အရာရှိများကဒေါသထွက်ကာ တလောကမြန်မာတပ်များကျူးကျော်ဝင်ရောက်မှုမှာ တပ်သားများနယ်ကျွံ၍ဝင်ရောက်လာခြင်းမဟုတ်ပဲစစ်သေနာပတိ၏
အမိန့် ကြောင့်ဟုထင်မှတ်ကာ ကာလကတ္တားမှစစ်ကူများကိုခေါ်ယူလိုက်လေသည်နောက်ထပ်မြန်မာ
တပ်များကျူးကျော်ဝင်ရောက်လာပါက အပြတ်ချေမုန်းရန်လည်းအသင့်ပြင်ထားလိုက်သည်၊
ထိုအချိန်တွင်မြန်မာတို့ သည်ရခိုင်ပြည်ထဲရှိ ဒေသခံရခိုင်အိမ်အမြောက်အမြားကိုမီးတင်ရှို့လိုက်သည် ၊ဤလုပ်ရပ်မှာမြန်မာများက ရခိုင်သားများဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွက် တစိတ်တဒေသလက်စား
ချေခြင်းဖြစ်ကြောင်းကို ထင်ရှားအောင်လုပ်ပြခဲ့ပါသည်
နှစ်ဘက်စလုံးက နယ်စပ်တလျှောက်တွက် အလုံးအရင်းဖြင့်တပ်စွဲထားကြပြီးအခြေအနေအရပ်ရပ် ကိုစောင့်ကြည့်နေချိန်တွင် ရခိုင်ဒေသမိုးရာသီကြောင့်မြန်မာတပ်များထွက်ပြေးကုန်ကြသဖြင့်အင်
အား၂၀၀၀ ခန့် သာကျန်ခဲ့ပြီး မြို့ ဟောင်းသို့ ပြန်လည်ဆုတ်ခွာသွားကြပါသည်။ မိုးရာသီ ကာလဖြစ်သ
ဖြင့် နယ်စပ်တလျှောက်စစ်တပ်များရှင်းလင်းနေခဲ့ကာကုမ္ပဏီတပ် နှင့် မြန်မာတပ်တို့ ၏လှုပ်ရှားမှုတို့ 
ကို မိုးရာသီကအခိုက်အတန့် ဟန့် တန့် နိုင်စေလိမ့်မည်ဟု အားလုံးက ထင်ကြသည်။ သို့ သော်
နှစ်ဘက်တပ်များမိုးကာလ၌နယ်စပ်တလျှောက်ပြန်လည်ရုပ်သိမ်းသွားခြင်းသည် ချင်းပျံ၏ လှုပ်ရှားမှူ
ကိုပြန်လည်နိုးထစေခဲ့သည်။ ရခိုင်လူထုအပေါ်၌ရှိနေသာ ချင်းပျံ၏သြဇာအာဏာသည် သူရှုံးနိမ့်မှု
ကြောင့်လျော့နည်းပျောက်ပျယ်မသွားခဲ့ပါ။ ရာမူးရှေ့ တပ်စခန်းမှ ကုမ္ပဏီတပ်များရုပ်သိမ်းသွားသည်
နှင့်ချင်းပျံသည် လူရာပေါင်းအနည်းငယ်ကိုစုစည်းကာ အူခီယာဂါတ်ရှိစခန်ဒတန်းလျားကို
သိမ်းယူလိုက်ကာ ဒုတိယအကြိမ်ရခိုင်ပြည်စစ်ဆင်ရေးအတွက်ပြင်ဆင်ခဲ့ပါသည်။ ၄င်းနောက် ချင်းပျံသည် နတ်မြစ်ကိုကူးကာမောင်တောရှိသစ်တပ်ကိုသိမ်းယူလိုက်ပြီး အနီးရှိမြန်မာ
တပ်ဖွဲ့ ငယ်တစ်ခု ကိုနှိမ်နှင်းလိုက်ပါသည်။သို့ သော်လည်းချင်းပျံ၏ယခုတိုက်ခိုက်မှုမှာ ယခင်ကလောက်အင်အားမရှိခဲ့ပေ။

(ဒုတိယ ပိုင်းကိုဆက်လက်ဖတ်ရှူပါရန်
 

No comments:

Post a Comment