ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ်ခဲ့သော မြန်မာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်နှင့် အဖွဲ့သည် ယခုလ ၃ ရက်နေ့က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်ငွေ သိန်းပေါင်း ၈၆၂၈ သိန်း ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
တပ်မတော်(ကြည်း/ရေ/လေ) မိသားစုမှ ကျပ်သိန်း ၅၀၀၊ ကုမ္ပဏီ လီမိတက်များ ဖြစ်ကြသည့် ကမ္ဘောဇ၊ ထူးထရေးဒင်း၊ မက်စ်မြန်မာ၊ ဦးချစ်ခိုင် (ဧဒင်ကုမ္ပဏီလီမိတက်) ၊ ဦးကျော်ဟိန်း (ငြိမ်းအေး)နှင့် ဇေယျာထွန်း (အိုင်ဂျီအီး တို့က ကျပ်သိန်း ၁၀၀၀ စီ၊ ဒေါက်တာ နိုင်ထွဋ်အောင် (ဂိတ်ဝေးဂရု ကုမ္ပဏီလီမိတက်)က ကျပ် ၁၀၀၈ သိန်း၊ ဦးလှမျိုးနှင့် ဦးစောငြိမ်း (အောင်မြင်သူအုပ်စု) ကုမ္ပဏီလီမိတက်နှင့် ဦးအောင်မျိုးမင်းဒင်တို့က ကျပ်သိန်း ၅၀၀ စီ လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
ယင်းပြင် စီးပွားရေး ဦးပိုင် လီမိတက်မှ ဘီလပ်မြေအိတ် ၃၀၀၀၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ဘိလပ်မြေအိတ် ၂၀၀၀၊ စုစုပေါင်း အိတ် ၅၀၀၀ ကို ကူညီလှူဒါန်းခဲ့ပြီး ၎င်းအကူအညီများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က လက်ခံယူခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင် ကူညီခွင့်ရှိသည့် အတွက် ကျေးဇူးတင်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်မှ ပြောကြားခဲ့သည်ဟု ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။
http://www.narinjara.com/burmese/?p=8167&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+NarinjaraNewsBurmeseOnline24X7+%28Narinjara+News+Burmese+Online+24+X+7%29
No comments:
Post a Comment