– အံ့ခေါင်မင်း
ကြိုက်တဲ့နေရာမှာပြော။
အထောက်အထားရှိရင် ယူလာပေး။ သတင်းစာရှင်းလင်းပွဲ အများမြင်သာအောင်
လုပ်ကြရအောင်။ သွားပုပ်လေလွင့် ပြောရင်တော့ တရားစွဲရလိမ့်မယ် . . .
တရုတ်ပြည်ကရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ကို
ဘာကြောင့် ပေးမလဲ။ ပေးနိုင်၊ မပေးနိုင်ဘူးဆိုတာ ယုံကြည်သင့်၊ မသင့် ကို
စဉ်းစားပါ . . . ဦးအေးသာအောင်က အဲဒီကိစ္စကို သူရဲ့ဗဟိုကော်မတီအစည်းအဝေးမှာ
ရှင်းတယ်ဆိုရင် ဒီဥစ္စာကို ဘာကြောင့် တရားဝင်ပူးပေါင်းမယ့် ပါတီကို
တရားဝင်မကန့်ကွက်သလဲ . . .
နေပြည်တော်၊ ဇန်ဝါရီလ ၂၇
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပူးပေါင်း၍ အသစ်ဖွဲ့ စည်း သော
ရခိုင်အမျိုးသားပါတီ ဖွဲ့စည်းပုံများကို ပါတီနှစ်ရပ်မှ ခေါင်းဆောင်များက
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သွား ရောက် တင်အပြီးတွင်
ပါတီနှစ်ရပ်၏ ဥက္ကဋ္ဌ များဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးအေးသာအောင်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ
ဒေါက်တာဦးအေးမောင် တို့နှစ်ဦးကို တစ်ပြိုင်နက် တည်း တွေ့ ဆုံခွင့်
ရခဲ့သည်။ ထို့သို့ တွေ့ဆုံခွင့်ရချိန်တွင် ပါတီနှစ်ရပ်ပူးပေါင်းမှုနှင့်
ပတ်သက်၍ ခေါင်းဆောင်နှစ်ဦး ၏ ပြောကြား ချက်များကိုပါ မေးမြန်းခွင့်
ရခဲ့သည်။ ထို့နောက် လတ်တလော နှစ်ပါတီပူးပေါင်း ရေးနှင့်ပတ်သက်၍ ဆက်စပ်
ထွက်ပေါ်လာသော အကြောင်းချင်း ရာအချို့ကို ဒေါက်တာ ဦးအေးမောင်အား
ဆက်လက်မေးမြန်း ခဲ့ရာမှ ရရှိခဲ့သော အောက်ပါ အကြောင်းအရာများ ကို
ဖော်ပြအပ်ပါသည်။
ဆရာတို့ နှစ်ပါတီမှာ မူဝါဒရေးရာ
ကွဲလွဲမှု နည်းနည်းရှိတယ်လို့ သိထားတယ်။ ဒီတော့ အခု နှစ်ပါတီပေါင်းပြီးဖြစ်
လာတဲ့ပါတီမှာ မူဝါဒရေးရာအနေနဲ့ရော၊ ရှေ့ဆက်သွားမယ့် ပါတီရဲ့လမ်းစဉ် အနေ
နဲ့ရော ဘယ်လိုမျိုး စဉ်းစားထားလဲ။
မူဝါဒတော့ ညှိလို့ရသင့်သလောက်တော့
ရပြီးပြီဗျ။ အဓိက ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံခြင်း၊ လက်မခံ
ခြင်းကတော့ တစ်ပိုင်းပေါ့။ ၂၀၀၈ ဖွဲ့ စည်းပုံကို လက်ခံခြင်းဘက်က ကျွန်တော်
တို့လာတာပေါ့။ ဦးအေးသာအောင်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခြင်းဆိုတဲ့
ဘက်ကလာတယ်။ အခုကျွန်တော်တို့ ညှိနှိုင်းလိုက်တဲ့ အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ
ကလည်းလိုအပ်တဲ့ ဟာလေးတွေကို ပြင် နိုင်တဲ့သဘော ရှိတာ ပေါ့နော်။ အဓိကတော့
ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်းဆိုတာ ဒါက တစ်မျိုးသွားမှာ။
…ကျွန်တော် တို့က ရွေးကောက်ပွဲဝင်ဖို့ဘက်က
သွားတာကိုး။ အဲဒီတော့ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်နိုင်ခြင်း ရှိ၊ မရှိက တစ်
ကဏ္ဍ။ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချဉ်းကပ်တဲ့အခါမှာ
အမျိုးသားပြည်နယ်များဆိုတဲ့ အသုံး အနှုန်းနဲ့ ကျွန်တော်တို့ ချဉ်းကပ်တယ်။ ၈
ပြည်ထောင်တို့၊ ၁၄ ပြည်ထောင်တို့ဆိုတာ ကျွန်တော်တို့ ခဏမေ့ထားတယ်။
ကျွန်တော်တို့ ပြည်ထောင်စုကို ဖွဲ့စည်းတဲ့ အခါမှာ အမျိုးသားပြည်နယ်များနဲ့
ဖွဲ့စည်း ခြင်း ဖြစ်ရမယ်။ အဲဒီလောက်နဲ့ကျွန်တော် တို့ ဖြတ်တယ်။ သူတို့က ၈
ပြည်ထောင် ကို ကိုင်ချင်ကိုင်မယ်၊ ကျွန်တော် တို့က ၈ ပြည်ထောင်ကို
ကိုင်ချင်လည်းကိုင်မယ်၊ ကိုင်ချင်မှလည်း ကိုင်မယ်။ ဒါပေမဲ့ ပြည် ထောင်စုဟာ
အမျိုးသား ပြည်နယ်တွေနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စုဖြစ်ဖို့ လိုတယ်ဆိုတာနဲ့
ကျွန်တော်တို့ ဖြတ်တယ်။ ကျန်တဲ့ ဟာကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ့ နော်။
ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှ ရေး။ ဒါနဲ့ ကျွန်တော်တို့ ဦးတည်ပြီး
သွားကြတယ်။ အဓိကကတော့ ကျွန်တော်တို့ အမျိုးသားအကျိုးစီးပွားကြောင့်
ကျွန်တော်တို့ ညီညွတ်တာပေါ့။ အဲဒီအပေါ်မှာ အခြေတည်ပြီးတော့မှ ကိုယ်တို့ရဲ့
ယူဆချက်တို့၊ ဘာတို့ ညာတို့ဆိုတာ လျှော့ သင့်တဲ့ဟာတွေ လျှော့ကြတယ်။ ဘုံရည်
မှန်းချက်တူတာတွေနဲ့ ဆွဲယူပြီး စိကြတာပေါ့။ အဲဒီသဘောနဲ့ တူသွား တယ်လို့
တော့ ကျွန်တော်တို့ သတ်မှတ်လို့ရတာ ပေါ့။ ဒါပေမဲ့ တူခြင်း၊ မတူခြင်းဆိုတာက
တစ်ဦးချင်းရဲ့ ခံစားချက်ပေါ် မှာလည်း မူတည်တယ်လေ။ အဲဒီအပေါ်မှာ မူတည်ပြီးမှ
ကျွန်တော်တို့ ပထမအကြိမ် ပါတီညီ လာခံကြီးကပဲ ဒီဥစ္စာကို သန့်စင်ပေးမှာ။
ဒါဆို မူဝါဒပိုင်းဆိုင်ရာ ညှိလို့ရတဲ့ သဘောရှိတာပေါ့။
ကျွန်တော်တို့ရေးပြီးပြီ ဖွဲ့စည်းပုံကို ရေးပြီးပြီ။
မူဝါဒပိုင်းဆိုင်ရာ ညှိလို့ရပြီဆိုတော့ လူပိုင်းဆိုင်ရာကရောဆရာ။
အဲဒါပေါ့ လူပိုင်းဆိုင်ရာကတော့
ကျွန်တော်တို့ ညှိမှာမဟုတ်ဘူး။ ပါတီဝင်ကပဲ ညှိသွားမှာပဲ။ ညီလာခံပေါ့။
ဒီမိုက ရေစီရဲ့ အမြင့်ဆုံးဟာ ညီလာခံပဲလေ ကျွန်တော်တို့ ပါတီက
ရွေးချယ်တင်မြှောက်တဲ့ ညီလာခံကပဲ ဆုံးဖြတ် မှာ။ အဲဒါ ကြောင့် ကျွန်တော်တို့
ပြောတယ် ပါတီ အသစ်ထောင်တာ မဟုတ်ဘူး။ ဒီနှစ်ခုကို ပူးပေါင်းတယ် ဆိုတာ
ရွေးကောက်ပွဲ ကော်မရှင်မူ အတိုင်းသွားတာ။ ကျွန်တော်တို့ ပါတီ အကုန်လုံးကို
ဖျက်လိုက်တယ်ဆို တည်းက အသစ်ပြန်စည်းရုံးတဲ့လူနဲ့ ပါတီနှစ်ခုမှာရှိတဲ့လူ
သုံးမျိုးကို ပေါင်းမလားလို့ ပြောရင်မဟုတ်ဘူး။ ကျွန်တော်တို့ ကနဦးက
မည်သည့်မြို့နယ်မှာမဆို ရှိပြီးသား မြေပြင်အခြေအနေအတိုင်း နှစ်ခုကိုပေါင်း
တာ။ အဆောက်အအုံ ရွှေ့ပြောင်းနိုင်တာကို ပေါင်းမယ်၊ မရွှေ့ပြောင်းနိုင်တာကို
ပေါင်းမယ်။ လူပေါင်းမယ်။ အဲဒီသဘောနဲ့ သွားမှာ။ ဆိုတဲ့အခါမှာ
ခင်ဗျားပြန်ကြည့် ဖွဲ့စည်းပုံကြီးတစ်ခုကို ကျွန်တော်တို့ရေး ပြီးပြီ၊
အဲဒီမှာလည်း အချေအတင်အများ ကြီးဆွေးနွေးပေးတာပဲ။ ဖွဲ့စည်းပုံက
တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းကို ဘယ်မှာ အမျိုးသားပါတီဖြစ်သွားမလဲဆိုရင်
ညီလာခံ ရောက်မှာဖြစ်မယ်။ ဒီကြားမှာ ကျွန် တော်တို့က တစ်ယောက်ကို တစ်ယောက်
တင်ကြတာရှိမယ်။ ဗဟိုဦးစီးနဲ့သွားကြတာ ရှိတယ်။ ဒါညီလာခံက သဘော မဟုတ်သမျှ
ကာလပတ်လုံး စစ်မှန်တဲ့ အမျိုးသား ပါတီတစ်ခုကို မရနိုင်ဘူး။
အဲလိုဖြစ်ဖို့အတွက် ကာလ ခုနစ်လအတွင်းလို့ ကျွန်တော်တို့ သတ်မှတ်တယ်။
Registration ကျပြီးတဲ့ နေ့ကစပြီး ခုနစ်လအတွင်းမှာ ညီလာခံလုပ်မယ်။
ကာလဒေသအခြေအ နေ၊ နိုင်ငံရေးအခြေအနေ၊ တခြားအခြေ အနေအရ ငါးလအတွင်း
လည်းဖြစ်နိုင်တယ်။ လေးလအတွင်းလည်း ဖြစ်နိုင် တယ်။ ဒါပေမဲ့ ခုနစ်လထက်
မကျော်ရ ဘူး။ ရွေးကောက်ပွဲ အခုဆိုရင် ကြာလာပြီလေ။ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ကျွန်တော်တို့ မှန်းတာထက် နောက်ကျ ပြီးမှ
သုံးလလောက်ပြီးမှ ကျွန်တော်တို့ကို သဘောတူတယ်။ ဒီ Registration တင်တာ နှစ်လ
လောက် ရွှေ့သွားရင် ကျွန်တော်တို့က ကြာသွားပြီ သဘောပြောတာနော်။ ဆိုတော့
ကျွန်တော်တို့က ခုနစ်လကို ချုံ့ဖို့ လိုပါတယ်။ ကျွန်တော်တို့က
အချိန်အကန့်အသတ်ရှိတယ် ၂၀၁၅ မှာဆိုရင်လည်း ဒီဇင်ဘာ ရွေးကောက်ပွဲ
အဲဒီမတိုင်ခင် ပြေးလမ်းမှာ ကျွန်တော်တို့ ရှင်းဖို့လိုတယ်။ အဲဒါ ကြောင့်
Concept တူချင်မှတူမယ်။ မတူ ရင်လည်း ပြဿနာမဟုတ်ဘူး။ ရခိုင်အ မျိုးသား
ပါတီကြီးရဲ့ မူဝါဒဘောင်ထဲမှာ ဒီပါတီမှာ ရှိတဲ့လူတွေဟာ ပြေးနိုင်ရမယ်၊
လွှားနိုင်ရမယ်။ ကျော်သွားလို့မရဘူး ဒီမူ ဘောင်တစ်ခုထဲက ကျော်ရင်
ကျန်ခဲ့မှာပဲ မလိုက်နာ ရင်လည်း ကျန်ခဲ့မှာပဲ။ ဒီမူ ဘောင်အတွင်း
ကျွန်တော်တို့ သွားဖို့ ရည်မှန်းပြီး လုပ်ကြတာပဲ။ အဲဒီတော့ ပထမဆုံး
ကျွန်တော်တို့ သွားချင်တယ် တစ်လှမ်းချင်း။ ကျွန်တော်တို့ သွားရမယ့်ဟာကို
ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးဖို့ရှိ တယ်။ တစ်အချက်က
ညီလာခံကြီးတစ်ခုမှာမှ အမျိုးသားပါတီကြီး တစ်ခုသို့ လွတ် လွတ်လပ်လပ်
ရွေးကောက်ပြီး ဥက္ကဋ္ဌ အတွင်းရေးမှူးတို့ တကယ်ပေါ်လာမယ်ဆိုရင် ဒါဟာ
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ ညီလာခံ။ ညီလာခံကို သွားဖို့အတွက်
ကျွန်တော်တို့ရဲ့ လက်ရှိပါတီပူးပေါင်းမှုဟာ ယာယီပဲဖြစ်ရမယ်။ ယာယီဟာ ပခေါင်း
ဆောင်၊ ဒုခေါင်းဆောင်နဲ့သွားရမယ်။ သွားပြီးခါမှ ညီလာခံတစ်ခုမှာမှ ပခေါင်း
ဆောင်၊ ဒုခေါင်းဆောင် အကုန်လုံးအရေ ချွတ်ပြီးကာမှ ကိုယ်တို့လည်း
အရွေးခံမယ်၊ အရွေးခံချင်မှလည်း ခံမယ်။ အရွေးခံရချင်မှ ခံရမယ်။ ဒါလည်းပဲ
ရေရေတင်တင် ၁၅၊ ၁၅ လည်း ပါချင်မှ ပါမယ်။ အဲလို ပါတီဝင်ထုရဲ့ ရွေးချယ်မှုကို
ခံရဲရမယ်။ အဲလိုဖြစ်ဖို့အတွက် နံပါတ်တစ်အချက်က လက်ရှိ မြို့နယ်မှာ RNDP,
ALD ရှိတယ်။ ပါတီနှစ်ခုကို ပေါင်းလိုက်တယ်။ ပေါင်းပြီးတဲ့အခါမှာ
ယာယီမြို့နယ်စည်းရုံးရေး ကော်မတီ ရလာတယ်။ အဲဒီ စည်းရုံးရေး ကော်မတီဟာ
ပါတီဝင်အသစ်ကို စည်းရုံး မယ်။ တတိယအင်အားစုပေါ့။ မူလပါတီ နှစ်ခုရဲ့
ပါတီဝင်ထုအပြင် အသစ်ဝင်လာ မယ့် တခြားလိုလားတဲ့ ပုဂိ္ဂုလ်တွေပါမယ်။ အဲဒီတော့
သုံးလွှာဖြစ်သွားမယ်။ အဲဒီသုံးလွှာကို ရောမွှေဖို့လိုတယ်။ ရောမွှေမှသာလျှင်
မြို့နယ်အဆင့်မှာ ဒီမိုကရေစီနည်းကျ ပြန်ပြီးတော့ မြို့နယ်ရဲ့ စစ်မှန်တဲ့
လူထုတင်မြှောက်တဲ့၊ ပါတီဝင်အသစ်ရော၊ အဟောင်းရောက တင်မြှောက်တဲ့ ပါတီကြီး
တစ်ခုက နှစ်လသို့မဟုတ် သုံးလမှာသွား မလားဆိုတာတစ်ခုကို ပထမတစ်ခေါက်
ဖြတ်ဖို့လိုတယ်။ အဲဒီဟာ မှာပဲ ဒီကျွန်တော်တို့ သတ်မှတ်ထားတဲ့ ပထမအကြိမ်ပါတီ
ညီလာခံကြီးကို တက်မယ့်မြို့နယ်ကိုယ်စား ပြုတဲ့ ပုဂိ္ဂုလ်တွေလည်း
ရွေးပြီးသားဖြစ်ရ မယ်။ ကျွန်တော်တို့က အချိန်လည်းမရှိဘူး။ အဲဒီတော့
ပါတီတစ်ခုက ခုနပြောသ လိုပေါ့ သုံးလွှာဖြစ်လာပြီ။ အဲဒီကနေ ရွေးပေးလိုက်တဲ့
ညီလာခံကိုယ်စားလှယ်၊ အဲဒီမှာ ခုနပြော သလို ALD ပါတီရှိမယ်၊ RNDP
ပါတီရှိမယ်။ အသစ်ဝင်လာတဲ့ ပါတီတွေရှိမယ်။ ပထမတော့ ALD နဲ့ RNDP သွားမယ်။
ကာလတစ်ခုပေါ့ နှစ်လ အတွင်းသွားရင်သွားမယ်၊ သို့မဟုတ် တစ်လအတွင်း
သွားပြီးတဲ့အခါမှာ ပါတီဝင်ထုက တစ်ဝက်ကျော်လောက် ရလာတဲ့အခါ ဖြစ်ဖြစ်
ရချင်လည်းရမယ်၊ မရချင်လည်းမရ ဘူး။ အဲဒီအခါမှာ ညီလာခံတစ်ခုကို ကျင်းပမယ်၊
စစ်မှန်တဲ့ ပါတီဥက္ကဋ္ဌကို ဒီမိုကရေစီနည်းကျ ရွေးမယ်။ ရွေးတဲ့ အခါမှာ
ဥက္ကဋ္ဌစသည့် ဖွဲ့စည်းပုံအပြည့် ၂၁ ဦးဆို ၂၁ ရွေးတဲ့အပြင် ညီလာခံကိုယ်စားလှယ်
ကိုပါ တစ်ခု ပုံးတစ်ပုံးချမယ်။ အဲဒီတော့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး
ရွေးချယ်ခြင်း ခံရရင်လည်း ခံရမယ်။ သို့မဟုတ် ခံချင်မှလည်း ခံရမယ်။
မြို့နယ်တစ်ခုက သတ်မှတ်တဲ့ ငါးဦးဆိုငါးဦး၊ ခြောက်ဦးဆို ခြောက်ဦး
ရွေးချယ်ခံရမယ်။ အဲဒီဟာတွေ စုပြီးကာမှ ကျွန်တော်တို့ခုန ပခေါင်းဆောင်
ဒုခေါင်းဆောင်နဲ့သွားတဲ့ ယာယီအလုပ်အ မှုဆောင် အဖွဲ့ဟာ ခုနက ညီလာခံကြီးမှာ
သာလျှင် ပခေါင်းဆောင်၊ ဒုခေါင်းဆောင် ကနေ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစတဲ့
ဖွဲ့စည်းပုံ အပြည့်ဖြစ်လာမယ်။ အဲလိုမဟုတ်ခဲ့လို့ ရှိရင် ဥပမာဆိုပါစို့
ရွေးကောက်ပွဲကော်မ ရှင်က ကျွန်တော် တို့ရဲ့ ၁၅ ဦး၊ ၁၅ ဦး ဆိုတဲ့
လူသုံးဆယ်ကနေ တောင်းပြီဆိုရင် လူသုံးဆယ်က ကျွန်တော်တို့ မလုပ်ဘူး။ ဒါကို
ပြန်ဆွေးနွေးရမယ်။ လူသုံးဆယ်က ဒီမိုကရေစီနည်းကျ ကျွန်တော်တို့ ရွေး
နိုင်မလား။ သို့မဟုတ် ကျွန်တော် တို့မှာ ထပ်ပေါင်းထားတဲ့ ၃၀၊ ၃၀ ရှိတယ်။
အား လုံးတစ်ဖက်ကို ၄၅ ဦးစီ၊ ဗဟိုကော်မတီ ယာယီဆိုတာမျိုး လူ ၉၀ ကသာ ယာယီ
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တင်မြှောက်နိုင်မလား။ နည်းနည်းလေး
ကျွန်တော်တို့ စဉ်းစားမယ်။ ၁၅၊ ၁၅ က တင် မြှောက်မလား၊ တစ်ဖက်ကို ၃၀ ရယ် ၁၅
ဗဟိုကော်မတီ ၃၀ ကျန်ခဲ့တယ်။ အဲဒီဟာ တွေ အကုန်ပေါင်းပြီးခါမှ ဗဟိုကော်မတီ
စုစုပေါင်း တစ်ဖက်ကို ၄၅ ဦး၊ လူ ၉၀ ကနေ ခုနက ယာယီ ဥက္ကဋ္ဌ အတွင်းရေးမှူးကို
ရွေးမလား။ အဲလို အရွေးလည်းခံ ရဲရမယ်။ အဲလိုခံတဲ့အခါမှာ ပခေါင်းဆောင်သည်
လည်းကောင်း၊ ဒုခေါင်းဆောင်သည် လည်းကောင်း ယာယီဥက်္ကဋ္ဌ၊ ဒုဥက္ကဋ္ဌဖြစ်ချင်မှ
ဖြစ်တော့မယ်။ မဖြစ်ရင် လည်း သတ်္တိရှိရှိ ရင်ဆိုင်ရဲရမယ်။ အဲလိုမျိုးရွေး
ချယ်တာ မဟုတ်ရင် ကျွန်တော်တို့လက်ခံ ချင်မှ လက်ခံဖြစ် မယ်။ တကယ်လို့ ယာယီ
ကော်မတီသည်လည်း ရခိုင်အမျိုးသား ပါတီရဲ့ အမြုတေပါတီဖြစ်လို့ ဥက္ကဋ္ဌ၊ အ
တွင်းရေးမှူးဆိုတဲ့ ရာထူးကို ကျွန်တော်တို့ Appointed မဖြစ်ရဘူး။
ညီလာခံတစ်ခုက ဆုံးဖြတ်တာဆိုရင် ကျွန်တော်တို့ ပါတီက လက်ခံမယ်။ ညီလာခံက
ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ အခုတည်းက ရွေးရအောင် ဆိုရင် ဗဟိုကော်မတီပေါင်းတဲ့ ၄၅
ဦးစုံ ညီ အစည်းအဝေးက ရွေးရမယ်။ အဲဒီ တော့ လူ ၉၀ ကနေ ရွေးရမယ်။ ၁၅ ဦး၊ ၁၅
ဦးမှာ ပါခဲ့တဲ့ ပုဂိ္ဂုလ်တွေလည်း ပါ ချင်လည်းပါမယ်၊ ပါချင်မှလည်းပါမယ်။
အသစ်ကလည်းပဲ ဗဟိုအလုပ် အမှုဆောင် ထဲမှာပါလာမယ်။ ပါလာတာကိုလည်း လက်ခံရဲရမယ်။
အဲဒါမျိုးဆိုရင် ကျွန်တော် တို့က ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့ကို
စဉ်းစားဖို့ လိုမယ်။ မဟုတ်ရင်စဉ်းစား လို့မရဘူး။ ပါတီညီလာခံအထိ သွားရမယ်။
ညီလာခံ ခုနစ်လကို ချုံ့ရမယ်၊ လေးလ ဖြစ်ရင်ဖြစ်မယ်၊ ငါးလဖြစ်ရင်ဖြစ်မယ်။
သုံးလဖြစ်ရင်လည်းဖြစ်မယ်။ ဒီလိုမျိုး ချုံ့နိုင်ရမယ်။ အဲဒီတော့
ကျွန်တော်တို့ ရခိုင်အမျိုးသား နှစ်ဖက်ပေါင်းထားတဲ့ပါတီရဲ့ ခုနလို ရေရှည်
သွားမယ့် သမိုင်းတွင်မယ့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစတဲ့ ဥစ္စာကို
ယာယီလည်းမပေးနိုင်ဘူး။
ALD ဘက်ကရော၊ RNDP ဘက် ကရော ကျွန်တော်တို့
ကြားနေရတာက ဒီပါတီနှစ်ခုပေါင်းတာကို လုံးဝ လက်မခံတဲ့၊ ထိပ်ပိုင်းမှာကို
လက်မခံတဲ့ လူတွေရှိနေတယ်၊ အဲဒီလူတွေက တကယ်လို့များ အခုလို အနေအထားမှာ
တချို့တွေက နုတ်ထွက်သွားဖို့တို့၊ RNDP ပဲဖြစ်ဖြစ်၊ ALD ပဲဖြစ်ဖြစ်
ဒီနာမည်ကို မဖျက်လိုက်ဖို့ အတွက် အဲလိုဆောင်ရွက်မှုတွေ ရှိနေ တယ်လို့
သိရတယ်ခင်ဗျ။ အဲဒါကရော ပါတီနှစ်ခုပေါင်းစည်းရေး သို့မဟုတ် လာမယ့်
ပါတီညီလာခံဖြစ်ဖို့အတွက် အနှောင့် အယှက်များဖြစ်နိုင်မလား။ ပြီးတော့ ပါတီ
နှစ်ခု ပေါင်းစည်းရေးမှာ ဆရာတို့ ရည်မှန်းထားတဲ့ ဆန္ဒတွေ တကယ်ရောပြည့်မြောက်
တယ်လို့ ပြောလို့ရမလား ခင်ဗျ။
ကျွန်တော်တို့ RNDP ဘက်ကတော့
ကျွန်တော်သိသလောက်တော့ တော်တော် များများ ပေါင်းဖို့ လက်ခံကြ တယ်။
အစည်းအဝေးလည်း အကြိမ်ကြိမ် လုပ်ပြီးပြီ။ မြို့နယ်ထုရော ပေါင်းမယ်၊
ရိုးရိုးသား သားပေါင်းမယ်။ ခုနလိုမျိုးပေါ့ မပေါင်းချင်ဘဲ
ပေါင်းတာမျိုးတို့ လက်မခံဘူး။ အဲဒါ မျိုးတော့ ကျွန်တော်တို့ ကြားတယ်။
ဒါပေမဲ့ ကျွန်တော်သိတာက RNDP ပါတီနဲ့ ပတ်သက်လို့ပဲ ကျွန်တော်သိတယ်။ ALD
နဲ့ ပတ်သက်လို့ ကျွန်တော် မသိသေးဘူး။ အခုနက တခြားပေါင်းလိုခြင်း၊
မပေါင်းလို ခြင်းဆိုတာက ကျွန်တော်ကတော့ တိုက် ရိုက်မထိ တွေ့သေးဘူး။ ဒါပေမဲ့
ဟိုတလောကတော့ ကျွန်တော့်ကို တိုက်ခိုက်တာ ရှိတယ်။ ခုနပြောသလိုပေါ့ နှစ်ဖက်
သွားပြီးရင် ညီလာခံတို့ဘာတို့ မလုပ်ကြနဲ့ဦး
ကိုယ့်ဟာကိုယ်ဆွေးနွေးတဲ့အခါမှာ ကျောက်ဖြူမှာတစ်ခေါက် ဦးအေးသာအောင်
တို့လုပ်တယ်၊ နောက် ကျောက်တော်မှာ တစ်ခေါက်လုပ်တယ်။ လုပ်တဲ့အခါမှာ မလုပ်ခင်
လေးမှာ ကျွန်တော့်ကို တိုက်ခိုက် တယ်။ နိုင်ငံရေးသိက္ခာကျအောင်ပေါ့။
သူတို့တိုက်ခိုက်တာတော့ မဟုတ်ဘူး။ ၀က်ဘ်ဆိုက်က တက်လာတာ။ ဦးအေးရွှေ
ရှေ့နေလုပ်တယ်၊ လာဘ်ယူတယ်ဘာညာ ဆိုတော့ နိုင်ငံရေး သိက္ခာကျအောင်
တမင်လုပ်တာပဲ။ အဲဒီအချိန်မှာပဲ ဦးလှမြင့် တို့ဘက်က ဆွေးနွေးတာရှိတယ်။
လာပူး ပေါင်း မယ်။ ဇီးရိုးဆက်တင်ကို ချမယ်။ တတိယအင်အားစုကို ဆွဲခေါ်ပြီးမှ
ဆိုတာ မျိုးတွေ ကြားလာရတယ်။ မူအရ RNDP နဲ့ ALD နှစ်ခုပဲ ပေါင်းရမယ်။ တတိယ
အင်အားစုက တတိယအင်အားစုပဲ။ ကျွန်တော်တို့ မူနဲ့သွား နေတာ။ ပါတီသစ်ထောင်
တာမဟုတ်ဘူး။ ပါတီနှစ်ခုကို ပေါင်းဖို့အတွက် ရွေးကောက်ပွဲကော်မရှင်
မူအတိုင်း သွားတဲ့အခါမှာ မူအတိုင်းသွားနေတာ။ အဲဒါလေးကို သဘောပေါက်ဖို့
လိုတယ်။ကျွန်တော်တစ်ဖက်ကိုတော့ သိပ်စိတ်မ၀င်စားဘူး ခုနပြောသလို
မပေါင်းချင်တဲ့ လူကတော့ ကျန်ခဲ့မှာပဲ။
နောက်တစ်ချက်ကတော့ RNDP နဲ့ ဆိုင်တာပေါ့။
အဓိကကတော့ ဆရာ့ကို တိုက်ခိုက်နေတယ် ဆိုတဲ့ ကိစ္စပေါ့လေ။ အခု တလောမှာဆိုရင်
အသံတော်တော်ကို ထွက်နေတယ်။ RNDP ဘက်ကလည်း အသံထွက်နေတယ်၊ ALD ဘက်ကလည်း
အသံထွက်နေတယ်။ တရုတ်ဘက်နေပြီး တော့ ရင်းနှီးမြှုပ်နှံမှု အတွက်
ငွေကြေးပေးတယ်လို့ပြောတယ်။ အဲဒီငွေကြေးပေးတာ ကိုလည်း ဆရာကနေ တစ်ဦးတည်း ယူ
သွားတယ်ဆိုတဲ့ အသံတွေက တော်တော် များများထွက်လာတာကိုတွေ့ရတယ်။ဒါဟာ
နိုင်ငံရေးအရ ဆရာ့ကို သိက္ခာချတာ ပေါ့လေ။ အဲဒါအပြင် ဒီအသံတွေဟာ ပါတီနှစ်ခု
ပေါင်းစည်းရေးသို့မဟုတ်ရင် ပါတီ နှစ်ခု ပေါင်းပြီးတဲ့ အချိန်မှာ
တစ်ဦးတစ်ယောက်ကိုပဲ ခေါင်းဆောင် ဖြစ်နိုင်စေဖို့
အတွက်ဆောင်ရွက်တဲ့ပုံစံမျိုးလို့ ဆရာ့ အနေနဲ့ သုံးသပ်မိပါသလားခင်ဗျ။
ကျွန်တော်ဘက်ကတော့ ကျောက်ဖြူ
ကိုအကြောင်းပြပြီးကာမှ တရုတ်က ဘာညာဆိုတာ ကျွန်တော်တို့ အချိန်မရွေး
ရှင်းဖို့အတွက်ကျွန်တော်ပြောတယ်။ ကျွန်တော်တို့ ပါတီဘက်ကလည်း
အချိန်မရွေးတင်ဖို့ တောင်းထားတာရှိတယ်။ တစ်ခုချင်းတစ်ခု သွားနေတယ်။
ဦးအောင်ကျော်ဇင်ဆီက ပြန်ကြားချက်အရ သူက ဆောင်းပါးကို သက်သေတည်ပြီး
ဒီဆောင်းပါးအတိုင်း ဖြစ်တယ်လို့ပြောတယ်။ အဲဒီတော့ ဦးအေးရွှေကို မေးတယ်။
ဒီပါတီ ဗဟိုကော်မတီ ALD မှာ ရှိခဲ့သလား။ ဒါကိုကျွန်တော်တို့ သေချာမေးနေတယ်။
ပါတီရဲ့ အတွင်းရေးမှူးကလုပ်တယ်။ ဦးခိုင်ပြည်စိုးကို ကျွန်တော်
တာဝန်ပေးထားတယ်။ ပြီးရင်တစ် ဆင့်ချင်း ကျွန်တော်တို့ သွားမှာပဲ။ အခု
ပေါင်းပြီဆိုတာက ခုနပြောသလို တာဝန်အရ ဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာ ကျွန်တော်
ထမ်းဆောင်နိုင်သလောက် တာဝန်ထမ်း ဆောင်တာပါ။ တစ်ကြိမ်ကြိမ်မှာတော့ ခုန
ပြောသလို ပါတီက လိုအပ်ရင်လည်း ကျွန်တော်က ဖြည့်ပေးဖို့အဆင်သင့်ပဲ။
ကျွန်တော်က ခုနလို ရာထူးရမှ၊ နေရာရ မှဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။
အမျိုးသားညီညွတ်မှုကို ကျွန်တော်တို့ တည်ဆောက်ဖို့သင့်ပြီ။ ကျွန်တော့်ကို
တာဝန်ပေးခဲ့တဲ့ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီရဲ့ CEC တွေကိုလည်း
ကျွန်တော် ကျေးဇူး တင်တယ်။ ဒါပေမဲ့ ကျွန်တော်က တာဝန်ယူမယ့်သူရှိရင်
အချိန်မရွေး လက် ပြောင်းလက်လွှဲ လုပ်ပေးဖို့ အဆင်သင့်ရှိ တယ်။ အခု
ရခိုင်အမျိုးသားပါတီမှာလည်း ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောရရင် ဒုတိယ
ခေါင်းဆောင်၊ ကျွန်တော်တို့ဘက် ပထမခေါင်းဆောင်ကို တင်ပေးတာပါ
ဦးအေးသာအောင်ကို။ ဒုတိယ ခေါင်းဆောင် ကို သူတို့ဘက်က တင်မြှောက်တာ
ကျွန်တော်က အရွေးမခံပါဘူး။ ဒုတိယခေါင်း ဆောင် ကျွန်တော့်ကို မတင်ပါနဲ့
ကျွန်တော်ကလည်းပဲ လွှတ်တော်ထဲမှာရောက် နေတယ်။ ဦးလှစိုးကလည်းမပါဘူး။ ဦး
ခိုင်ပြည်စိုးကို ဒုတိယခေါင်းဆောင်တင်ပါလို့ ကျွန်တော်တို့ အကြိတ်အနယ်ပြော
ပေးရတယ်။ ကာလတစ်ခုမှာ ညီညွတ်မှုကို တည်ဆောက်ပေးတယ်။အချိန်မရွေး
ကျွန်တော့်ကိုကြိုက်တဲ့နေရာမှာထားလို့ရတယ်။ ဥက္ကဋ္ဌဖြစ်ကြတဲ့ လူလည်းရှိမှာပဲ။
ကျွန်တော်က အဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ ရိုးရိုးပါတီဝင် တစ်ဦးအဖြစ်လည်း ကာလ
တစ်ခုထိ ကိုယ်နိုင်တဲ့ ဟာလေးကိုထမ်းဆောင်ဖို့ အဆင်သင့်ရှိပါ တယ်။
ရှေ့ကိုရောက်မှ နောက်ကိုရောက်မှ မဟုတ်ပါဘူး။ အတိုက်အခိုက်လေးရှိတာ တော့
သိပါတယ်။ ဒါလည်း သမိုင်းပဲ။
တိုက်ခိုက်တဲ့အခါမှာ ဟုတ်ခြင်း၊
မဟုတ်ခြင်းကို လူထုဆုံးဖြတ်နိုင်အောင် ကျွန်တော်တို့က ရှင်းပြဖို့
တာဝန်ရှိသလို ကျွန်တော်ရှင်းပြပါတယ်။ ကျွန်တော်တို့မဲ
ဆန်္ဒနယ်တွေမှာလည်းရှင်းတယ်။ ပေါက် တောမှာ လည်းရှင်းတယ်။ မင်းပြားမှာ
လည်းရှင်းတယ်။ ကြုံတိုင်းလည်း ကျွန် တော်တို့ဘက်က ရှင်းဖူးတယ်။ တချို့ပြည်
သူပြည်သားတွေကလည်း ယုံကြည်မှုမရှိ ပါဘူး။ အကွက်ချချလုပ်တယ်ဆိုတာကို
သဘောပေါက်ပါတယ်။
အခု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က လည်း
မောင်မောင်စိုးတို့ နုတ်ထွက်သွား တာရှိတယ်။ အတွင်း ကျကျတော့ မသိပါဘူး။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ထက် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဖြန့်ကြက်မှု ရခိုင် တစ်ပြည်နယ်လုံး ရှိပါ တယ်။ ယုံကြည်မှုလည်း
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ထက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီပေါ်
ပိုရှိပါတယ်။ အား လည်းကိုးတယ်။ ပိုလည်းယုံကြည်တယ်။ ဒါလည်းကတော့
သမိုင်းပါပဲ။ ကျွန်တော် ပြောတာမဟုတ်ပါဘူး။ မယုံရင် မေးကြည့် ပါ။
ကြိုက်တဲ့နေရာ ကြိုက်တဲ့မြို့နယ် မေးကြည့်လို့ ရပါတယ်။ လွှတ်တော်ထဲမှာ
ဆောင်ရွက်တဲ့ကိစ္စ၊ လွှတ်တော်ပြင်ပမှာ ဆောင်ရွက်တဲ့ကိစ္စရော
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကဏ္ဍ လူထုယုံ ကြည်ပါတယ်။
ဟုတ်ကဲ့ ဒီတော့ ဆရာ့ကိုအခုတိုက်
ခိုက်တာတွေဟာ ပါတီနှစ်ခုပေါင်းစည်းရေး မဖြစ်စေလိုတာကြောင့် ပါတီ
တစ်ခုရဲ့ခေါင်း ဆောင်ကိုရည်ရွယ် တိုက်ခိုက်တယ်ဆိုတဲ့ သဘောမျိုးလို့
ပြောလို့ရမလား။ ဒီပါတီ နှစ်ခု အချင်းများမှ ပေါင်းစည်းရေးပျက်
မှာဆိုတာမျိုးပေါ့။
ဒါလည်း အကွက်ချချလုပ်နိုင်ပါတယ်။
ပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက် ကိုတင်ချင်မှာပေါ့။ ဒါကတော့ ပါတီတစ်ခုရဲ့
အတွင်းကျကျပုဂိ္ဂုလ်တွေမှာ ရှိနိုင်ပါ တယ်။ အမျိုးသားအကျိုးစီးပွားတစ်ခုထက်
ကိုယ့်ပါတီ အကျိုးစီးပွားဆိုတဲ့ အင်မတန် ကျဉ်းမြောင်းတဲ့ အယူအဆဘက်ကို
ဆွဲခေါ် သွားတဲ့အခါမှာ ငါ့ပါတီကမှ ငါ့ပါတီ ဆိုတာမျိုး မရှိရင်တော့
အမျိုးသားအကျိုးစီးပွား ကို ဖီလာဆန့်ကျင်သွားမှာပဲလေ။
အမျိုးသားအကျိုးစီးပွားနဲ့ယှဉ်ရင်
အများနဲ့ဆိုင်တဲ့ခေါင်းဆောင်ကို ရှာရဲရ မယ်။ ကျွန်တော်တို့တွေ ကိုယ်တိုင်
လည်း ခေါင်းဆောင်ဖြစ်ချင်မှဖြစ်မယ်။ ကျွန်တော် တို့မှာ
ရွက်ပုန်းသီးတွေမရှိဘူး။ ကာလတစ် ခုထိ သွားရမယ့် တာဝန်လည်း ရှိကောင်း
ရှိနိုင်တယ်။ ခါးကျိုးလည်း ထော့နင်းထော့ နင်းနဲ့ သွားနေရမှာပေါ့။ တကယ့်အား
ကောင်းမောင်းသန်တွေ ကျွန်တော်တို့ ရှာဖွေတယ်။ ပထမအကြိမ် ပါတီညီလာခံ ကနေ
ရွေးကောက် တင်မြှောက်တဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကနေမှ သာလျှင်
ရခိုင်အမျိုးသားပါတီကို ဦးဆောင်သင့် တယ်ဆိုတာဟာ အင်မတန် ရည်မှန်းချက်
ကြီးတယ်။
ငါဥက္ကဋ္ဌလုပ်လိုက်မယ်။ ငါဒုတိယ
ဥက္ကဋ္ဌလုပ်လိုက်မယ်ဆိုရင် အမျိုးသားပါတီ ရည်မှန်းချက် ပျက်သွားလိမ့်မယ်။ ကြား
ကာလမှာ ပခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့ပင် သွားသင့်တယ်။ အမျိုးသားပါတီကြီး
တစ်ခုကို ရည်မှန်း တယ်ဆိုရင် ကိုယ်တို့ကလည်း တကယ့်အမျိုးသားပါတီကြီးကို
ပုံဖော်တဲ့ ကနဦးတာဝန်ရှိတဲ့ ပုဂိ္ဂုလ်တွေဆို ရင် ဒီကာလမှာ ကိုယ်ကိုယ်တိုင်
ခေါင်း ဆောင်နေရမယ်။ တွန်းပို့ပြီးမယူရဘူး။ အများက သတ်မှတ်တဲ့၊ အများက
တင်တဲ့ ခေါင်းဆောင် အသစ်ဖြစ်ရင်ဖြစ်မယ်။ အဟောင်းဖြစ်ရင် ဖြစ်မယ်။ အများသ
ဘောတူ ရွေးချယ်တာကို ခံရမယ်။
ယှဉ်ပြိုင်တာလည်း လွတ်လွတ်လပ် လပ်
ယှဉ်ပြိုင်နိုင်ရမယ်။ အဲဒါဆိုရင် ရခိုင် လူ့အဖွဲ့အစည်းအတွက် ပိုကောင်းတဲ့
ခေါင်းဆောင်ရွေးချယ်မှုဖြစ်လာမယ်။ ခက် တာက ရခိုင်လူ့အဖွဲ့အစည်းမှာလည်း အ
တိုက်အခိုက် တွေက များတယ်။ သံတွဲ ဘက်ကိုရောက်တဲ့အခါမှာ ကျွန်တော်တို့ကို
ပြည်တွင်း ပြည်ပ သာသနာပြုပုဂိ္ဂုလ်က တိုက်တယ်။
ကျွန်တော်တို့ရှေ့မှာတော့မဟုတ်ဘူး။ သာသနာရေး ၀န်ကြီးဌာန
ဝန်ကြီးရှေ့မှောက်မှာ ကျွန်တော် တို့ကို အားမပေးဖို့ သံဃာတွေကို
လက်မှတ်ထိုးခိုင်း တယ်ဆိုတဲ့ သဘောကြားရတယ်။ မေးကြည့် တဲ့အခါမှာ တော့
အဲဒီသဘောဆန်တယ်။
ပုလဲရတနာ ဆရာတော်ဘုရားကတော့ သူကလက်မခံဘူး။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ကွန်မြူနစ်တွေ
ဝိုင်းနေတယ်ဆိုလို့ပြောပြီးတိုက်ခိုက်တာ ရှိတယ်။ လာမယ့် ၂၀၁၅ ဒီဇင်ဘာမှာ
ကျင်းပနိုင်ဖွယ် ရှိတဲ့ ရွေးချယ်ပွဲမှာ တောင် ပိုင်း၊
မြောက်ပိုင်းအင်အားပြိုင်ချင်တဲ့ ပြိုင် လိုတဲ့အဖွဲ့အစည်းတွေရှိနေတယ်။
အမျိုး သားလိုင်းတစ်ခုကို ကိုယ့်ပြည်နယ်အစိုးရ ကို
ကျွန်တော်တို့ဖွဲ့နိုင်မှဆိုတဲ့ ဦးတည်ချက် နဲ့ သွားတဲ့အခါမှာ အခုလိုမျိုး
စုန်းပြူးတွေရှိ တာပေါ့။ သံဃာထုကလာတဲ့၊ လူမှုအဖွဲ့ အစည်းတွေကလာတဲ့၊
လက်နက်ကိုင်အ ဖွဲ့အစည်းတွေက လာတယ်။ ပါတီထဲက လည်းလာတယ်။ သတိတရားကြီးစွာနဲ့
ရခိုင်လူထုက စောင့်ကြည့် နေကြတယ်။ သံဃာထုကလည်း စောင့်ကြည့်နေတယ်။
ပြည်ပမှာရှိတဲ့ ပါတီတစ်ခုက နှစ်
ပေါင်းများစွာ အဖွဲ့အစည်းတစ်ခုမှာလုပ် လာခဲ့တဲ့ ပုဂိ္ဂုလ်တွေကလည်း ပါတီအ
ဟောင်းကြီးကို ပိုအားကိုးမှာပေါ့ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံမှာဝင်လာခဲ့တဲ့
ကျွန်တော် တို့ပါတီတွေကို တစ်မျိုးမြင် တယ်။ ပစ်္စုပ်္ပန်
နိုင်ငံရေးအခြေအနေကို ပြန်သုံးသပ်ကြည့် ရင် ကာလတစ်ခုထိ ကျွန်တော်တို့တာဝန်
တစ်ခုကို ထမ်းခဲ့တယ်ဆိုတာ လက်ရှိ ရခိုင် ပြည်မှာ တကယ်နေတဲ့လူတွေက လက်ခံ
သဘောပေါက်ပါတယ်။ ပြည်ပမှာရှိတဲ့ အင်အားစုကတော့ မပြောတတ်ဘူး။
အခုဆရာတို့ရဲ့ အမျိုးသားပါတီတစ်
ရပ်အဖြစ်ဖြစ်လာဖို့ ကြိုးစားအားထုတ်မှု အောင်မြင်သွားပြီလို့ပြောရမှာပေါ့။
ဒါကို မလိုလားလို့ ဆရာက တရုတ်ကနေပြီး တော့ ငွေတွေယူထားပါတယ်ဆိုပြီးတော့
တရုတ်နိုင်ငံဘက်က ပြောတယ်ဆိုပြီး လက်ရှိ နိုင်ငံရေးခေါင်းဆောင်တစ်ဦးက ဗီူ
ဘက်ကို ပြောတယ်၊ တရုတ်ဘက် ကရတဲ့ အထောက်အထား တွေလည်း ပေးလိုက်တယ်လို့
သိရပါတယ် ခင်ဗျ။ ဒါဟာ တကယ်ပါလား။ ရခိုင်ပြည်နယ်မှာ ရခိုင် အမျိုးသားထုအတွက်
ပါတီကြီးတစ်ခုပေါ် ပေါက်လာအောင် တိုက်ခိုက်တဲ့သဘော မျိုးလို့ပြောလို့
နိုင်မလားခင်ဗျ။
ဒါလည်း သုံးသပ်နိုင်ပါတယ်။ ကျွန်
တော်တို့ဘက်ကလည်း ဦးအေးသာအောင် ဘက်ကို ဖုန်းဆက်ပြီးတော့ မေးမြန်းပါ တယ်။
ဒါဟာတကယ်ဆိုရင် အထောက်အထား နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ရမယ်။ ဥပမာ
ဒေါ်အောင်ဆန်းစုကြည်က ပေးတယ်ပြောတယ်။ တရုတ်ပြည်ဘက်က ပြီးခဲ့တဲ့
အစိုးရလက်ထက်က ပေးခဲ့တဲ့ စီမံကိန်းတွေ အကုန်လုံး ဆက်လုပ်လို့ရအောင်
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌကို ငွေပေးလိုက်တယ်ဆိုတဲ့
အထောက်အထားကို ဒေါ်အောင်ဆန်းစုကြည်ကိုပေး တယ်။ ဒေါ်အောင်ဆန်းစုကြည်က ALD
ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒီအထောက် အထားတွေကို အပ်တယ်ဆိုတဲ့ သဘောနဲ့
တရားရုံးချုပ်ရှေ့နေ ဦးအောင်ကျော်စိန် ရုံးခန်းမှာ ဦးအေးရွှေနဲ့
ဦးအေးမြင့်က လာပြီးပြောတယ်လို့ သိရတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်း
အဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက ရတဲ့ အထောက်အထားနဲ့ ပြောကြတယ် ဆိုတဲ့ဟာကို
ဖေ့စ်ဘုတ်မှာတင်သေးတယ်။ အဲဒီတော့မှ ကျွန်တော်တို့က သေချာသိရတယ်။ ကျွန်တော်က
လွှတ်တော်တက်နေတယ်။ သိတာတောင် ကျွန်တော်က တိုက်ရိုက် သိတာမဟုတ်ဘူး။
အမေရိကမှာရှိတဲ့ ဦးခိုင်အောင်ကျော်ဆိုတဲ့သူက ဖေ့စ်ဘုတ်
တစ်ဆင့်ရေးမှကျွန်တော်ကသိတာ။ ဒါမျိုး လုပ်တယ်ဆိုရင် နိုင်ငံရေးအားဖြင့်
တိုက်ခိုက်တာဖြစ်မယ်။ ဒီလိုပြောတယ်ဆိုတယ် ဆို အခုညီလာခံ မတိုင်ခင်မှ
ပြောတာ။ ဒီလိုပြောတယ်ဆိုရင် သူတို့မှာအထောက် အထား ရှိရင်လည်းရှိနိုင်တယ်။
ရှိရင်လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ကြတာပေါ့လို့ ပြောထားတယ်။
ကျွန်တော်တို့ဘက်က ကြိုက်တဲ့နေရာမှာပြော။
အထောက်အထားရှိရင် ယူ လာပေး။ သတင်းစာရှင်းလင်းပွဲ အများမြင် သာအောင်
လုပ်ကြရအောင်။ သားပုပ်လေ လွင့်ပြောရင်တော့ တရားစွဲရလိမ့်မယ်။ ပါတီတစ်ခုရဲ့
ခေါင်းဆောင်တစ်ယောက်ကို တိုက်ခိုက်ရင် ပုဂိ္ဂုလ်ရေးတိုက်ခိုက်တာဖြစ် သလို
ပါတီတစ်ခုရဲ့သိက္ခာကို ချတာဖြစ်တော့ အထောက်အထား ခိုင်ခိုင်မာမာ
ပြဖို့လိုတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ကို
တရုတ်ပြည်ကပေးလို့ အဲဒီပါတီခေါင်းဆောင်က သူ့ရဲ့ မဟာမိတ်ပါတီတစ်ခုကို
အဲဒီအထောက်အထား ဆိုတာ ပေးရလောက်အောင် တကယ်ရော ဖြစ်နိုင်ပါ့မလား။
ဖြစ်နိုင်ခြေ ရှိ၊ မရှိကို တွေးကြည့်ပါ။ တရုတ်ပြည်ကရော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ကို ဘာကြောင့်ပေးမလဲ။
ပေးနိုင်၊ မပေး နိုင်ဘူးဆိုတာ ယုံကြည်သင့်၊ မသင့်ကို စဉ်းစားပါလို့
ကျွန်တော်ပြောခဲ့သေးတယ်။
နောက်တစ်ချက်က ဦးအေးသာ အောင်က
အဲဒီကိစ္စကိုသူ့ရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာရှင်းတယ်ဆိုရင် ဒီဥစ္စာကို
ဘာကြောင့် တရားဝင် ပူးပေါင်းမယ့်ပါတီကို တရားဝင်မကန့်ကွက်သလဲ။ ရဲရဲဝံ့ဝံ့၊
ရဲရဲ တင်းတင်း ဘာကြောင့် တရားဝင်မပြောဘဲနဲ့ အောက်လမ်းနည်းကိုသုံးရတာလဲ
ဆိုပြီးမေးခဲ့သေးတယ်။ ဒီလိုပဲ အရင်တုန်း ကလည်း ဦးလှစိုးကို
သိန်းပေါင်းများစွာ ယူတယ်ဆိုပြီး အကြိမ်ပေါင်းများစွာ စွပ်စွဲလာပြီးပြီ။
အဲဒီတုန်းကလည်း RNDP ကငြိမ်နေ တယ်။
ဘာမှတုံ့ပြန်ခြင်းမရှိဘူး။ အတိုက် အခိုက်မလုပ်ဘူး။ အခုတစ်ခါ တိုက်လာပြီ။
ဘာရည်ရွယ်ချက်ကြောင့် တိုက်တာလဲ။
ဘယ်လို အခက်အခဲတွေပဲ ရှိခဲ့ရှိခဲ့အခု
ဒီနေ့ပဲ ကော်မရှင်ကို ပါတီနှစ်ခုပူးပေါင်း ပြီး ပါတီသစ်ဖွဲ့စည်းပုံတွေ
တင်လိုက်ပြီ ဆိုတော့ ပြည်နယ်လူထုဆန္ဒပြည့်ဝသွားပြီပေါ့။
အခုပါတီနှစ်ခုပူးပေါင်းပြီးတဲ့အခါ လုပ်ငန်းတွေလည်း အင်တိုက်အား တိုက်
လုပ်နိုင်တော့မှဆိုတော့ အခုလက်ရှိထိ အကျိတ်အခဲအဖြစ် မပြေလည်သေးတဲ့ ပြည်နယ်
တွင်းက လူမျိုးရေးပြဿနာကို ရခိုင်အမျိုးသားပါတီအနေနဲ့ ဘယ်လို
ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သွားဖို့ရှိပါ သလဲ ခင်ဗျ။
ကျွန်တော်တို့ရဲ့ မဟာဗျူဟာရည်မှန်း
ချက်တွေမှာ အမျိုးသားပြန်လည်ညီညွတ် ရေးအကျိုးစီးပွား ဆိုတာ ဦးတည်ပြီး
ညီညွတ်မှုကို တည်ဆောက်တာ။ ကျွန်တော်တို့ ပြိုကွဲလေ တစ်ဖက်အင်အားစုက
ဝမ်းသာလေပဲ။ ရခိုင်လူ့အဖွဲ့အစည်း ပြန်နာလန်ထူဖို့ အင်မတန် ကြောက်နေတယ်။
အာဏာရှိတဲ့အဆက်ဆက်က ဒီလူ့အဖွဲ့ အစည်း ညီညွတ်ပြီးခါမှ စီးပွားရေး၊
နိုင်ငံရေး အင်အားတောင့် လာလို့ရှိရင် ဖြစ်သွားမယ်။ ခွဲသွားမယ်။
ပြည်ထောင်စုက ဖြိုထွက်သွားမယ်ဆိုတဲ့ ဗမာအမျိုးသား
ခေါင်းဆောင်တွေရင်ထဲမှာရှိခဲ့တယ်။ ပြည် ထောင်စုကြီး ပြိုကွဲမှာကို
ကြောက်တယ်။ နည်းမှန်လမ်းမှန် မသုံးသပ်ဘဲနဲ့ တစ်ဖက် လူ့အဖွဲ့အစည်းကို
ထောင်ပေးတာရှိတယ်။ ဦးနုလည်းအများကြီးခေါ်သွင်းခဲ့တယ်။ ရခိုင်
တွေပြောတာရှိတယ်။ အနောက်ပြည်၊ အရှေ့ပြည် နှစ်ဘက်ဖိလာပြီ။ ဗမာလူ့အဖွဲ့
အစည်းကလည်းဖိလာတယ်။ ဘင်္ဂါလီ လူ့ အဖွဲ့အစည်းကလည်း ဖိလာတယ်။ ရခိုင်တွေက
ကြားမှာပိတ်လှောင်မွန်းကျပ် နေတယ်။ ရုန်းထွက်ဖို့အတွက် အမျိုးသား
သင့်မြတ်ရေး တည်ဆောက်တာဒါပဲ။ ကျွန် တော်တို့လူ့အဖွဲ့အစည်းကို ညီညွတ်အောင်
လုပ်ဖို့စဉ်းစားတယ်။ ညီညွတ်ခြင်း ဆိုတာ အတွင်းအပြင် ညီညွတ်ဖို့ပြောတာနော်။
ပြည်တွင်းမှာ ကျွန်တော်တို့ နှစ်ပါတီတည်း မဟုတ်ဘူး။ တတိယအင်အားစု ကျွန်တော်
တို့ဆွဲခေါ်တယ်။ကျွန်တော်တို့ပဲ အမျိုးသား ခေါင်းဆောင်မဟုတ်ဘူး။ အမျိုးသား
ခေါင်းဆောင်ဖြစ်မယ့် လူအကုန်လုံးကိုဆွဲခေါ်လာတယ်။ ကျွန်တော်တို့က ပါတီငယ်လေး
တစ်ခုရဲ့ တာဝန်ပေး ချက်အရ ထိပ်ကို ရောက်လာတယ်။ ကျွန်တော်တို့မှာလည်း
တာဝန်အများကြီးရှိတယ်။ ဆရာဦးလှစိုး၊ ဦးခိုင်ပြည်စိုးတို့။
နှစ်ပေါင်းများစွာ နိုင်ငံရေး လုပ်လာတဲ့ လူတွေရှိတယ်။
ကံဉာဏ်ကြောင့် ကိုယ့်ဟာကိုယ်
လုပ်သင့်တာလုပ်ပြီး ရှေ့ကိုထွက်သင့်သလောက် ထွက်လာကြတာ။ ဒါကလည်း
သမိုင်းရဲ့တာဝန်တစ်ခုပါပဲ။ ကျွန်တော်တို့ လုပ်နေတာ အတွင်းအပြင်။ ALD အခြား
ပါတီ ညီညွတ်တိုးတက်မှုတစ်ခုကိုတည် ဆောက်ကြတယ်။ ရခိုင်အမျိုးသားညီညွတ်မှုကို
တည်ဆောက်နိုင်ပြီးဆိုရင် ဗမာလူ့ အဖွဲ့အစည်းက ကျွန်တော်တို့ကို သဘော
ပေါက်လာလိမ့်မယ်။ ရခိုင်ကို ၁၇၈၄မှာ ဘိုးတော်ဘုရား သိမ်းခဲ့တာဟာ အမှန်ပြော
ရင်မှားတယ်။ KNU ကို ဘာကြောင့် ဗမာနဲ့ ထိုင်းကမွေးထားသလဲ။ ဘာသာ စုံထား
ပေးတယ်။ အင်္ဂလိပ် ဘုံဘေဘားမား တို့က တာစူလာပြီ။ ရခိုင်လူ့အဖွဲ့အစည်းနဲ့
ဗမာလူ့အဖွဲ့အစည်းကြားမှာ ရခိုင်ကို ဘာသာစုံထားခဲ့ရင် ဗမာနဲ့အင်္ဂလိပ်ဟာ
ထိပ်တိုက်မတွေ့ဘူး။ အဲဒီအချိန်မှာ လိမ္မာပါးနပ်လို့ရှိရင် ဒီဘက်က ပြင်သစ်ကို
ခိုပြီး ထိုင်းကို လုပ်လို့ရတယ်။ အဲဒီအချိန်က
သူတို့ဟာသူတို့ယုံကြည်မှုလွန်ကဲတာပေါ့။
ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို
ပြန်တည်ဆောက်ဖို့လုပ်တယ်ဆိုတာ ပြည် ထောင်စုတစ်ခုလုံးကို ကာကွယ် ဖို့အနောက်
တံခါးလုံဖို့အတွက်ရော အမျိုးသားညီညွတ် မှုပထမဆုံးခြေလှမ်းကို
ကျွန်တော်တို့လုပ် တယ်။ အတွင်း စည်းလုံးမှုကို ကျွန်တော်တို့ ရှာတယ်။
ဘယ်သူဖြစ်ဖြစ် အမျိုးသားပါတီ ကို ဦးဆောင်နိုင်မယ့် သူတစ်ယောက်
ပေါ်ကိုပေါ်လာမယ်။ ကျွန်တော်တို့က တာဝန် တစ်ခုအရ တွန်းပို့ထမ်းတင်နေကြတာ။
အဲဒီလိုဖြစ်လာပြီး အမျိုးသားပါတီကို ခေါင်းဆောင်မယ့်ပုဂိ္ဂုလ် အများစုရဲ့
ယုံ ကြည်မှုကိုရပြီးတဲ့သူ ဖြစ်ရမယ်။ ငဖြူ၊ ငနီ၊ ငနက်က
ရွေးတင်တဲ့သူမဖြစ်ရဘူး။ တစ်မျိုးသားလုံးတင်တဲ့ခေါင်းဆောင်ဖြစ်ဖို့ အတွက်
ပါတီညီလာခံ တစ်ခုကို တောင်းဆိုတယ်။ အခုကျွန်တော် တို့ကြိုးစားတာ
ပြည်ထောင်စုကြီးအတွက် အင်မတန် အရေးကြီးတဲ့ တာဝန်ကို ကျွန်တော်တို့
ထမ်းဆောင်နေတယ်။ ပထမဆုံး အမျိုး သားတွေ ပြိုကွဲတယ်အထဲမှာ ရခိုင်တွေ
စုစည်းတယ်ဆိုတာကို ပြချင်တယ်။ ရှမ်း လည်း ညီညွတ်မယ်။ ကချင်လည်း ညီ
ညွတ်ရမယ်။ နှစ်အချက်က ၂၀၁၅ ဒီဇင် ဘာရွေးကောက်ပွဲ မဟာဗျူဟာထဲမှာ ၀င်
ဖို့အတွက် ပါတယ်။ ရခိုင်ပြည်နယ်အစိုးရကို ရခိုင် အမျိုးသားပါတီက
ဖွဲ့နိုင်ပြီ၊ ရခိုင်ပြည် နယ်တစ်ခုလုံးမှာရှိတဲ့ ပါလီမန်ကို လွှမ်းမိုး
ထားနိုင်ပြီဆိုရင် ဒုတိယ ပြဿနာကို ကျွန်တော်တို့ရှင်းပြီးသားဖြစ်သွားမယ်။
ခိုင်မာတဲ့ပြည်နယ် အစိုးရတစ်ခုဖွဲ့ ခိုင်ခိုင်မာမာ ရှိရင်
အမျိုးသားလုံခြုံရေးကို စိုးမိုးနိုင် အောင်လုပ်နိုင်မယ်။
နယ်စပ်လုံခြုံမှုကို သေသေချာချာထိန်းနိုင်ရင် တကယ့် အမျိုးသားရေး
စိတ်ဓာတ်အပြည့်နဲ့ဆိုရင် ဒီဘက် တံခါးကို လုံအောင်ကာပြီဆိုရင်၊ အမျိုးသား
အစိုးရ ဖွဲ့နိုင်ပြီဆိုရင် ကျွန်တော်တို့မှာ ဘာလုပ်မယ်ဆိုတာ
အဆင့်ဆင့်ရှိတယ်။
No comments:
Post a Comment