ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, February 4, 2014

လေဖြတ်နေသူများနှင့် အကြောမသန်၊ လေးဘက်နာ အဆစ်အမြစ်ကိုက်၊ ရောင်ရမ်း ၊ နာကျင်နေသူများအတွက် တိုင်းရင်းဆေးနည်းကောင်းလေးတစ်လက်



လေဖြတ်နေသူများနှင့် အကြောမသန်၊ လေးဘက်နာ အဆစ်အမြစ်ကိုက်၊ ရောင်ရမ်း ၊ နာကျင်နေသူများအတွက် တိုင်းရင်းဆေးနည်းကောင်းလေးတစ်လက်

စိမ်းညိုရောင်ရှိသော နဂျီကောင်သည် စိမ်းညိုရောင်ရှိသည်၊ သူတို့သည် အသစ်များကို လူတို့၏ နေအိမ်အတွင်းများတွင် ရွံ့များနှင့် တည်ဆောက်ကာ နေထိုင်ကျက်စား သားပေါက်လေ့ရှိသည်။ နဂျီကောင် ၏ သားပေါက်ပြီး အိမ်ခွံသာကျန်သော ရွံ့စေးအိမ်ကို ခွါယူပြီး မီးအနည်းငယ်ကင်လိုက်ပါ။
လေဖြတ်သော လူနာအတွက် မီးကင်ထားသော နဂျီကောင် ရွံ့စေးအိမ်ကို ရှောက်ရည်ဖြစ်ဖြစ်၊ သံပုရာရည်ဖြစ်ဖြစ် စေးပျစ်ပျစ်ရလောက်အောင်ထိ အရည်များညှစ်ထည့် တစ်ညလောက်စိမ်ထားပါ၊ ပြီးလျှင် ခြေလက်မသန်သော နေရာအဆစ်အမြစ်များတွင် (2)ပတ်လောက် လိမ်းပေးပါက သိသာစွာ အကြောအဆစ်များ ပြည်လည်သန်စွမ်းလာသည်ကို မယုံကြည်နိုင်လောက်အောင် တွေ့မြင်ရပါလိမ်မည်။
လေးဖက်နာ အဆစ်အမြစ်ရောင်ရမ်း ကိုက် ခဲနေသူများအတွက် နဂျီကောင် ရွံ့စေးအိမ်ကို နှမ်းဆီနည်းနည်းဖြင့် ဆီကြော်သလို ကြော်လိုက်ပါ ၊ ပြီးမှ အထက်ပါအတိုင်း ရှောက်ရည် သံပုရာရည်ဖြစ်ဖြစ် အရည်များ စေးပျစ်ပျစ်ရလောက်သည်အထိ ထည့်၍ တစ်ညလောက်စိမ်ပြီးလိမ်းပါက သေချာပေါက် သက်သာပျောက်ကင်းပါလိမ့်မည်၊

ဆေးနည်းပေးသူ၊
ကိုသူရိန်

No comments:

Post a Comment