ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Saturday, February 22, 2014

အစ္စလာမ်သာသနာကို မိစ္ဆာဝါဒဟုရေးသားဖေါ်ပြသည့် ဂျာနယ် ၂ စောင်ကို ဘာသာရေးအဖွဲ့များဦးဆောင်ကာတရားစွဲဆိုပြီး ဟုဦးကိုနီပြော ၊အဆိုပါကိစ္စ အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဆက်လက်တင်ပြတိုင်ကြားသွားမည်။






++++++++++++++++++++++++++++++++++++++++++
အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်(ဆွ)အားစော်ကားနေမှု ခေါင်းငုံခံနေပါက အားလုံးတွင် တာဝန်ရှိဟု မြန်မာမွတ်စလင်မ်များသုံးသပ်
____________________________________________________
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၄
ဒီမို ဟာဂျီဟိန်းအောင် ၊ပန်းနုဝေ(မြန်မာမွတ်စလင်မ်မီဒီယာ)
++++++++++++++++++++++++++++++++++++++++++

အစ္စလာမ်ဘာသာအပေါ် ပေါ်ပေါ်ထင်ထင် စော်ကားရေးသားနေတဲ့ မောင်သွေးချွန် ဦးစီးတဲ့ အောင်ဇေယျတု ဂျာနယ်နဲ့ ဇမ္ဗူဒိပ် ဂျာနယ်ပါ ကြောက်စရာအစ္စလာမ် ဗိုင်းရပ်စ် ဆိုတဲ့ ဆောင်းပါးပါး အချက်အလက်တွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်ချက်တွေ လုပ်ဖို့ နိင်ငံတော်မှာရော အစ္စလာမ်ဘာသာရေးအဖွဲ့တွေမှာပါ တာဝန်ရှိတယ်လို့ မြန်မာမွတ်စလင်မ်တွေသုံးသပ်နေကြပါတယ်။
၊အဆိုပါကိစ္စ အားလည်း သက်ဆိုင်ရာများသို့တိုင်ကြားပြီး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဆက်လက်တင်ပြတိုင်ကြားသွားမည်။



"အလ္လာဟ်ရစူလ်ကို ဒီလောက်ပြင်းပြင်းထန်ထန်စော်ကားနေပြီဆိုတဲ့ဟာတွေကို အကြောင်းအမျိုးမျိုးပြပြီး ကျနော်တို့ခေါင်းငုံ့ခံနေသေးတယ်ဆိုရင် ကျွန်တော်တို့မရင်ဆိုင်ဘူးဆိုရင် ကျွန်တော်တို့ တာဝန်မကျေတဲ့သူတွေဖြစ်မယ်"လို့ မန္တလေးမြို့က ကိုစိုးမင်း ကမြန်မာမွတ်စလင်မ်မီဒီယာကိုပြောပါတယ်။

ဒီလိုရင်ဆိုင်ရာမှာလည်း ဥပဒေအရထိရောက်တဲ့ အခြေအနေမျိုးရောက်အောင်လုပ်ဖို့လိုကြောင်းနဲ့ သရ၀ဏ်(ပြည်) ရဲ့အစ္စလာမ်ဆန့်ကျင်ရေးဆောင်းပါးတုန်းကလို ထိရောက်မှုနည်းတဲ့အနေအထားမျိုးနဲ့တော့ မလုံလောက်ဘူးလို့လည်း ဦးကိုနီက သုံးသပ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းတွေကိုမေးမြန်းရာမှာတော့ မအဖ အဖွဲ့အတွင်းရေးမှုး၊ ဦးကျော်ခင်ရဲ့ လက်ကိုင်ဖုန်းကို မြန်မာမွတ်စလင်မ်မီဒီယာက ယနေ့ညနေ ၃ နာရီ ၅၃ မိနစ်အချိန်မှာဆက်သွယ်မေးမြန်းရာမှာတော့ ညနေ ၄ နာရီဆိုတာရုံးဆင်းချိန်ဖြစ်ကြောင်း ဒါ့ကြောင့် နောက်ရက်မှ ပြန်လည် ဆက်သွယ်မေးမြန်းဖို့ ပြောပါတယ်။

မမလ အဖွဲ့ချုပ်ဥက္ကဌ နှင့် အမျိုးသားဒေမိုကရေစီ အီးစီ ဟာဂျီ ဦးမြင့်ထွန်းကို လည်းအထက်ပါကိစ္စရပ်နဲ့ပတ်သက်လို့ မြန်မာမွတ်စလင်မ်မီဒီယာက ၄ ကြိမ်တိတိဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းကိုင်ခြင်းမရှိခဲ့ပါဘူး။

အထက်ပါကိစ္စနဲ့ပတ်သက်ပြီး အိုလမာအဖွဲ့က ဦးမောင်မောင်လေးကတော့ အစ္စလာမ်ကိုဆန့်ကျင်စော်ကားရေးသားခဲ့တဲ့ ဆောင်းပါးတွေနဲ့ပတ်သက်ပြီး အဖွဲ့ကြီးတွေ အစည်းအဝေးပြုလုပ်ဖို့ တိုင်ပင်ဆွေးနွေးနေကြောင်း မြန်မာမွတ်စလင်မီဒီယာကိုပြောပါတယ်။

"ဘာသာရေးအဖွဲ့အစည်းတွေကတော့ တာဝန်အရှိဆုံးပေါ့။သူတို့တရားမစွဲရင် ငါတို့စွဲရမယ်၊ဂျနာဇဟ် လိုပဲ တစ်စုကလုပ်လိုက်ရင် အားလုံးအတွက်တာဝန်ကျေသွားမယ်။မလုပ်လို့တော့မရဘူး"လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုမင်းမင်းက မြန်မာမွတ်စလင်မ်မီဒီယာကိုပြောပါတယ်။

ဒီကိစ္စကိုနိင်ငံတော်က တည်ဆဲဥပဒေနဲ့အရေးမယူဘူးဆိုရင် တိုင်းပြည်ရဲ့ဒီမိုကရေစီရေးနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးကိုထိခိုက်လာစေတဲ့အတွက် တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးအပေါ်ဆိုးကျိုးသာသက်ရောက်စေမှာဖြစ်ကြောင်းနဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေကလည်း သာသနာရေးဝန်ကြီးဌာနနဲ့တရားဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့ ဦးထွန်းကြည်က သုံးသပ်ပါတယ်။

"နိင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေးကို အသုံးချပြီးတော့ အစ္စလာမ်ဘာသာကိုထိုးနှက်တိုက်ခိုက်နေတာ"လို့ ငြိမ်းချမ်းမူတည်ဆောက်ရေးကွန်ရက် က နိင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က အထက်ပါဖြစ်စဉ်နဲ့ပတ်သက်ပြီးဆက်လက်သုံးသပ်ပါတယ်။

အစ္စလာမ်ဘာသာကိုစော်ကားရေးသားမူတွေအစဉ်အမြဲပြုလုပ်နေတဲ့ ဗုဒ္ဓဘာသာဝင် မောင်သွေးချွန် ဦးစီးထုတ်ဝေနေတဲ့ အောင်ဇေယျတု ဂျာနယ် (အတွဲ ၉၊ဇန်န၀ါရီ ၃၁ ရက်နေ့ထုတ်)နဲ့ ဇမ္ဗူဒိပ်ဂျာနယ်(အမှတ် ၅၅၊ဖေဖေါ်ဝါရီ ၃ ရက်နေ့နေ့စွဲဖြင့်ထုတ်) တို့မှာ အစ္စလာမ်ဘာသာကို မိစ္ဆာဝါဒ၊မိစ္ဆာအယူအဆ လို့ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကိုထည့်သွင်းဖေါ်ပြထားပါတယ်။
----------------------------------------------
အစ္စလာမ်ဘာသာကို မိစ္ဆာဝါဒဟု ရေးသားခဲ့သည့် ဂျာနယ်တစ်စောင်ဖြစ်သော အောင်ဇေယျတု ဂျာနယ် နှင့် မွတ်စလင်အမျိုးသား ရှေ့ဆောင် ရှေ့နေကြီး ဦးကိုနီ
(ဓာတ်ပုံ ဒီမို ဟာဂျီဟိန်းအောင်)

ကိုးကား။ http://www.myanmarexpress.net/2014/02/blog-post_22.html

No comments:

Post a Comment