ရခိုင်ပြည်နယ် ဘူးသီးတောင်ဇာတိဖြစ်သည်။ ဘူးသီးတောင်အထက်တန်းကျောင်းနှင့် စစ်တွေမြို့ အထက(၁)တွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၈တွင် အခြေခံပညာ အထက်တန်းအောင်မြင်ကာ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို အထူးပြုသင်ယူခဲ့သည်။ထို့နောက်လုပ်သားကောလိပ် ရန်ကုန်တွင် အချိန်ပိုင်းနည်းပြ ၁၉၇၆တွင် ရန်ကုန်တက္ကသိုလ်သမိုင်းဌာန နည်းပြအဖြစ်ခန့်အပ်ခြင်းခံရသည်။ ကရင်ပြည်နယ်ဘားအံကောလိပ်တွင်သမိုင်းဌာနမှုးအဖြစ်ပြောင်းရွေ့တာဝန်ထမ်းဆောင်သည်။ ၁၉၇၈တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ MA (History)ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၈၃တွင် ဂျပန်နိုင်ငံကျိုတိုတက္ကသိုလ်တွင် PhDသင်တန်းအတွက် ပညာတော်သင်အဖြစ်ရွေးချယ်ခြင်းခံရပြီး ၁၉၈၈တွင်ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့D Litt PhDဘွဲ့ကိုရရှိခဲ့သည်။
၁၉၉၀တွင်အစိုးရထောက်လှမ်းရေးများ၏ဖမ်းဆီးခြင်းခံရကာအင်းစိန်နှင့်သာယာဝတီထောင်များတွင်အ
ကျဉ်းကျခံခဲ့ရသည်။၁၉၉၇တွင်ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၁၉၉၈တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိဘားဒ်ကောလိပ်တွင်ကထိက တွဲဖက်ပါမောက္ခ အဖြစ်ရာထူးအဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၁တွင်ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဆင့်ဖြင့် ဂျပန်နှင့်အရှေ့တောင်အာရှနိုင်ငံများဆက်ဆံရေးကိုသုတေသနပြုရန်ခေါ်ယူခြင်းခံရသည်။ ၂၀၀၅တွင် ယင်းတက္ကသိုလ်ရှိနိုင်ငံတကာဘာသာနှင့်ယဉ်ကျေးမှုဌာနတွင် ပါမောက္ခအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။
ဒေါက်တာအေးချမ်းသည် သမိုင်းလိမ်ဘင်္ဂလီဌေးလွင်ဦး ၏ရိုဟင်ဂျာအလိမ်ဇာတ်လမ်းကိုနိုင်ငံတကာ သမိုင်းပညာရှင်များရှေ့တွင်ဖော်ထုတ်နိုင်ခဲ့ပြီး ရိုဟင်ဂျာဟူသော လူမျိုးမရှိကြောင်းကိုကမ္ဘာကသိစေခဲ့ကာရခိုင့်သမိုင်းကိုခိုင်မာစေခဲ့သည်။ထို့ကြောင့်လည်း ရခိုင်လူမျိုးတို့၏ အမြင့်ဆုံးဂုဏ်ဆောင်ဆုဖြစ်သော ရက္ခဝံသရက္ခိတဘွဲ့ဖြင့် ဂုဏ်ပြုခြင်းခံရသည်။ လက်ရှိတွင်ရိုဟင်ဂျာဆိုသူများ၏လုပ်ဇတ်နှင့်သမိုင်းလိမ်ဖြစ်ရပ်များဟူသောစာအုပ်ကိုရေးသားထုတ်ဝေကာ
နိုင်ငံတကာဂျာနယ်များတွင်လည်းသမိုင်းဘာသာရပ်ဆိုင်ရာဆောင်းပါးများရေးသားခဲ့သည်။လက်ရှိအချိန်
တွင်ဂျပန်နိုင်ငံက်ျုတိုမြို့တွင်အေးချမ်းစွာနေထိုင်လျက်ရှိသည်။
https://www.facebook.com/photo.php?fbid=382119185262758&set=a.246367445504600.1073741825.100003940403187&type=1&theater

No comments:
Post a Comment