ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, July 1, 2014

ရခိုင်ပြည်မှ ဗမာပြည်ရောက် ရှေးဟောင်း တန်ခိုးကြီး ရခိုင်ဘုရားဆင်းထုတော်များ

မဟာမြတ်မုနိ ၊ မန္တလေးမြို့ မန္တလေးမဟာမုနိ
   ပြည်တော်ပြန် မာန်အောင်မြင်ဘုရား ဇလွန်မြို့   ၊ဟင်္သာတခရိုင် ပြည်တော်ပြန် မာန်အောင်မြင်ဘုရား(ဇလွန်မြို့ )

ရွှေဘုံသာမုနိ ၊ပန်းတောင်းမြို့နယ်၊ ပြည်ခရိုင်    ရွှေဘုံသာမုနိ (ပြည်မြို့  )
ရှင်ကျော်မုနိ၊ ရွှေနတ်တောင်၊ ပြည်ခရိုင်

 1 ။ မဟာမုနိ - မန္တလေးမြို့

2။ ပြည်တော်ပြန် မာန်အောင်မြင်ဘုရား - ဇလွန်မြို့ ၊ ဟင်္သာတခရိုင် ၊

3။ ရှင်ကျော်ဘုရား - ရွှေနတ်တောင် ၊ ရွှေတောင်မြို့နယ် ၊ပြည်ခရိုင်၊

4။ရွှေဘုံသာမုနိ - ပန်းတောင်းမြို့နယ် ၊ ပြည်ခရိုင်၊

5၊ မဟာမုနိ ပုံစံတူဘုရား - ဘုတ်ချောင်းရွာ ဘုန်းတော်ကြီးကျောင်း ၊ဟင်္သာတခရိုင်
တို့ ဖြစ်ကြပါသည်။



အထက်ဖေါ်ပြပါ ငါးနေရာစလုံးတွင် မြတ်စွာဘုရားကိုယ်တော်တိုင် ရဟန္တာငါးရာနှင့် အတူ ဓည၀တီ ရခိုင်ပြည်သို့ ကြွလာပုံကို ၊ ဓည၀တီပြည်ရှင် ဘုရင်စန္ဒသူရိယ နှင့် ပြည်သူ သားတို့အား တရားပြနေပုံ၊ မဟာမုနိရုပ်ရှင်တော်မြတ် သွန်းလုပ်ပုံနှင့် မဟာကျန်ဘုရားများသွန်းလုပ်ပုံ အကြောင်းစုံကို ပန်းချီကားချပ်ကြီးများဖြင့် ဖေါ်ပြထားခြင်းများသည် ရခိုင်ပြည်သို့ ဗုဒ္ဓဘုရားရှင် ကြွလာကြောင်းကို ခေတ်အဆက်ဆက် မြန်မာပြည်သူများအကြွင်းမဲ့ ယုံကြည်နေကြကြောင်းကို သက်သေပြနေခြင်းဟုလည်း ဆိုနိုင်ပါသည်။


မောင်ဖြူ၊ - ကြွီတဲကျွန်း

1 comment:

  1. တရုတ်ပြည်က ပန်းချီကားတွေမှာလည်း ဘုရားရှင်ကြွလာပုံနဲ့ မင်းတရားကြီးက ဖူးမျှော်ခန်းမှာ တရုတ်ဘုရင်ပုံပဲ ဆွဲတယ်ကွယ့်။ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားစမ်းပါ။ ဂေါတမ ဗုဒ္ဓဘုရားရှင်က အန္ဒိယနွယ်ဖွားမှန်း သိရက်နဲ့လဲ တရုတ်ပြည်မှာ တရုတ်ပုံပေါက်နေအောင်ထုလုပ်ကြ ရေးဆွဲကြတယ်။ ဂျပန်မှာကြတော့ ဂျပန်ဟန်နဲ့ ဆွဲကြ ထုလုပ်ကြပြန်ပြီ။ နောင်တော့် အိုင်ဒီယာမျိုးသာ နှောင်းလူတွေ တွေးကြမယ်ဆိုရင် တရုတ်က "ဘုရားက ငါတို့ တရုတ်ကွ မယုံရင် ပုံကြည့်" ဂျပန်ကလဲ.....

    ReplyDelete