xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မူဂျာဟစ်လှုပ်ရှားမှု
============
မူဂျာဟစ်၏ မူရင်းအဓိပ္ပါယ်မှာ မိမိ၏တိုင်းပြည်နှင့် အစ္စလာမ်သာသနာအတွက် တိုက်ခိုက်သူ ဟူ၍ဖြစ်ပြီး ယင်းလှုပ်ရှားမှုတွင် ပါဝင်တိုက်ခိုက်သူများအား မူဂျာဟစ် ဟုခေါ်ကြောင်းသိရပါသည်။
မောင်တောမြို့နယ်တွင် မူဂျာဟစ်သောင်းကျန်းမှုမှာ ဘင်္ဂလီခေါ်တောကုလားများသည်
1948 ခုနှစ်မှကပင် စတင်ပြီး 1961-62 ထိဖြစ်သည်။ မူဂျာဟစ်သောင်းကျန်းသူများ၏
ပထမ ခေါင်းဆောင်မှာ မောင်တောမြို့နယ်တောင်ပိုင်းရှိ သင်္ဘောကွေ့ရွာသား
ကာဆိန်းဆိုသူ မူဆလင်တစ်ဦးပင်ဖြစ်သည်။
မူဂျာဟစ်ခေါင်းဆောင်
ကာဆိန်းသည် ပထမတွင် မောင်တောမြို့တောင်ပိုင်းရှိ မြင်းလွတ်ရွာတွင်
အခိုင်အမာဌာနချုပ်ဖွင့်ထားပြီး မောင်တောမြို့နယ်တစ်ခုလုံးတွင်
သောင်းကျန်းခဲ့သည်။ ကျေးရွာများမှ ဆက်ကြေးကောက်ခံခြင်း၊ပြန်ပေးဆွဲခြင်း၊
ရွာများကိုမီးရှို့ ခြင်း၊အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း၊
လူသတ်ခြင်းများ ပြုလုပ်ခဲ့ သည်။ အထူးသဖြင့် ရခိုင်ကျေးရွာများကို
ဦးတည်နှိပ်စက်ခဲ့ ကြောင်းတွေ့ရသည်။
ထိုမူဂျာဟစ်များသောင်းကျန်းမှုကို တိုက်ခိုက်ရာတွင်
ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိတစ်ဦး၏ 1973
-ခုနှစ် လွတ်လပ်ရေးအထူးထုတ် လုပ်သားပြည်သူနေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော
“လွတ်လပ်ရေးသွေးသားနုချိန်က” ဆောင်းပါးတွင် အောက်ပါအတိုင်းရေးသားထားပါသည်။
( မူဂျာဟစ်သူပုန်များသည် ရခိုင်ရွာများကိုမီးရှို့ပြီး
ရခိုင်အမျိုးသားပိုင် ပစ္စည်းဟူသမျှကို သိမ်းယူကာ ရခိုင်အမျိုးသမီးများကို
ရက်စက်စွာ စော်ကားခဲ့ကြလေသည်။ ၄င်းမူဂျာဟစ်တို့ သဘောထားမှာ
နတ်မြစ်တစ်ဝှမ်းနှင့် မေယုတောင်တန်းတစ်ကြောတွင် နေထိုင်သော ရခိုင်နှင့်
ရခိုင်မျိုးနွယ်စုဝင်များ ဤနယ်မြေမှ အပြီးပိုင် စွန်ခွါထွက်ပြေးသွားရန်
နည်းအမျိုးမျိုးသုံးကာ ဖန်တီးစော်ကားခြင်းဖြစ်သည်) ဟု ရေးသားထားပါသည်။
မူဂျာဟစ် သောင်းကျန်းသူများသည် မောင်တောမြို့နယ်တစ်ခုလုံးနီးပါးကို
သိမ်းပိုက်ထားနိုင်ကြသည်။ ယင်းအချိန်က မောင်တောမြို့ပေါ်ရှိ
ပြည်သူ့ရဲမှာလည်း အနည်းငယ်သာရှိသဖြင့် မောင်တော-ဘူးသီးတောင်ကားလမ်းကိုတောင်
ပိတ်ဆို့ထားနိုင်သော အခြေအနေတွင် ရှိနေခဲ့သည်။ ရခိုင်လူမျိုးများအနေဖြင့်
1942-ခုနှစ်က ကုလား-ရခိုင်အရေးအခင်းတွင် ပိတ်ဆို့ပြီး အသတ်ခံခဲ့ကြရရာ
ယခုတဖန် မူဂျာဟစ်သောင်းကျန်းသူများကြောင့် ထွက်ပေါက်မရှိ ဖြစ်နေသဖြင့်
စိုးရိမ်စိတ်ဝင်ကာ တစ်ချို့သော ရခိုင်မိသားစုများသည်
ရခိုင်ပြည်အတွင်းပိုင်းသို့ ဖြစ်သလိုနည်းဖြင့် အိုးအိမ်စွန့်ခွါ
ပြောင်းရွေ့သွားခဲ့ကြလေသည်။ ဤသို့ပြောင်းရွေ့သွားမှုကြောင့် 1942- ခုနှစ်
ကုလား-ရခိုင်အရေးအခင်းတွင်ပျက်စီး၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း
ပြန်လည်ထူထောင်ခဲ့ကြသော ရခိုင်ကျေးရွားများမှာ
မူဂျာဟစ်သောင်းကျန်းမှုကြောင့် တဖန် ထပ်မံပြိုပျက် သွားခဲ့ရပြန်သည်။
မူဂျာဟစ်သောင်းကျန်းသူများသည် ကုလား-ရခိုင်မရွေး ဆက်ကြေးများတောင်းခံပြီး
ပေးရန်ပျက်ကွက်သူများအား ရက်စက်စွာ သတ်ဖြတ်ညှင်းဆဲကြသည်။
မူဂျာဟစ်သောင်းကျန်းသူများတွင် စစ်သုံးမြင်းများ၊ မော်တော်ဆိုင်ကယ်များ
ရှိကြသည်၊ မူဂျာဟစ်ခေါင်းဆောင် ကာဆိန်းသည် မယာများစွာဖြင့်
ဇိမ်ခံခဲ့ကြောင်း သိရပါသည်။ မောင်တောမြို့နယ်တောင်ပိုင်း
မြင်းလွတ်ဌာနချုပ်ကို တပ်မတော်မှ ထိုးစစ်ဆင်လာ သဖြင့် မောင်တောမြို့
မြောက်ဖက်ရှိ မင်္ဂလာကြီးတောင်သို့ ပြောင်းရွေ့ကာ စခန်းကို
အခိုင်အမာတည်ဆောက်သည်။ မင်္ဂလာကြီးတောင်တွင် အဆောင်(၂၇) ဆောင်ထိရှိပြိး
အားကစားကွင်းတစ်ကွင်းလည်းတွေ့ရကြောင်း၊ တောင်ကျရေကို ဆည်ဖို့ကာ
သောက်ရေအဖြစ်အသုံးပြုကြောင်းကို ထိုစခန်းသို့သွား၍ ကာဆိန်း၏လက်ထောက်
မော်စတော်ဖီ၏ မယား ၀တ်ဆင်ရန် ရွှေလက်ဝတ်ရတနာများ ပြုလုပ်ပေးခဲ့ရသော
ရွာသစ်ရွာမှ ရခိုင်ရွှေပန်းထိန်ဆရာများ၏ ပြောပြချက်အရသိရပါသည်။
မူဂျာဟစ်များသည် အင်အားတင့်တင်းလာသဖြင့် မောင်တောမြို့ကို
ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ မြို့ပေါ်တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း(၅)မှ
ဗိုလ်ကြီးအောင်ဖေ ဦးစီးသော တပ်ခွဲတစ်ခွဲက ကောင်းမွန်စွာ
ကာကွယ်ထားနိုင်ခဲ့သည်။
1953 -ခုနှစ်ထိ ကာဆိန်းခေါင်းဆောင်သော
မူဂျာဟစ်သောင်းကျန်းသူများသည် ပြည်သူ့ရဲ -တပ်မတော်တပ်ဖွဲ့များနှင့်
တိုက်ပွဲပေါင်းအလီလီတိုက်ခဲ့သည်။1953 -နှစ်တွင် ကာဆိန်း၏
ဒုတိယဌာနချုပ်ဖြစ်သော မင်္ဂလာကြီးတောင်စခန်းကို တပ်မတော်ကြည်း တပ်နှင့်
ရေတပ်တို့မှ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခါမှ
ကားဆိန်း၏ဌာနချုပ်ကိုအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး
ခေါင်းဆောင်ကာဆိန်းနှင့် ၄င်း၏လက်ထောက် မူစတော်ဖီ တို့မှာ ဘင်္ဂလားဒေခ်ျ့ဖက်
စစ်တကောင်းမြို့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။နောက် ကာဆိန်းသည်
စစ်တကောင်းတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည်ဟု ကြားသိရသည်။
မူဂျာဟစ်ခေါင်းဆောင် ကာဆိန်းသေဆုံးပြီး ဌာနချုပ် ပျက်စီးသွားခဲ့သော်လည်း
မူဂျာဟစ်သောင်းကျန်းမှု ချုပ်ငြိမ်းသွားခြင်းမရှိဘဲ
၊နောက်လိုက်သူ့တပည့်များက ဆက်လက်ဆူပူသောင်းကျန်းခဲ့ကြသည်။
ကာဆိန်းသေဆုံးပြီးနောက် ဆက်ခံသော မူဂျာဟစ်သောင်းကျန်းသူခေါင်းဆောင်များမှာ
ရှော်မူလုပ် ၊နုရ်အာလီ ၊နော်ဇီရာမောက်၊ ရာဘီအူလာ၊ တို့ဖြစ်ကြသည်။နောက်ဆုံး
သောင်းကျန်းသူ ရာဘီအူလာသည် 1961- နှစ်တွင် အလုံးအရင်းဖြင့် လက်နက်ချခဲ့၍
မူဂျာဟစ်သောင်းကျန်းသူလည်း မောင်တောမြို့နယ်တွင် ချုပ်ငြိမ်းသွားခဲ့သည်။
သို့ရာတွင် ယင်းနှစ်နောက်ပိုင်း ရိုဟင်ဂျာ လှုပ်ရှားမှု စတင်ပေါ်ပေါက်လာလေသည်။
ရိုဟင်ဂျာလှုပ်ရှားမှုကို အချိန်အားသည့်အခါ တင်ပေးသွားပါမည်။
မောင်ဖြူ (ကြွီတဲကျွန်း) 8.7.2014 ၊ 10း00 PM
ကျမ်းကိုး ။
မောင်တောမြို့နယ် ဖြစ်စဉ်သမိုင်း 1982 ခုနှစ် (ကန့်သတ်)
No comments:
Post a Comment