ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, May 12, 2015

ရခိုင်အမျိုးသားပါတီ ရင်ကြားစေ့ရေးသို့





ကျီးကန်းတစ်ကောင်နှင့် လင်းနို့တစ်ကောင်တို့သည် ကျယ်ပြောသော မြစ်တစ်ခုဖြတ်ပြီး ပျံသန်းလာကြရာ တစ်ဖက်ကမ်းကိုရောက်၍ မောပမ်းကြသောကြောင့် နားမည့်နေရာရှာကြရာ  ရွက်ညှိုး ကိုင်းခြောက် သေခါနီး သစ်ပင်အိုကြီး သစ်ပင်တစ်ပင်သာတွေ့ရသည် ၊ အနီး အနားမှာ အခြားသစ်ပင်လည်းမရှိသောကြောင့် ထိုသစ်ပင်အိုကြီးတွင်နားခိုကြသည်။  လင်းနို့က သစ်ပင်အိုသို့ အယင်ရောက်ပြီး သူ့ သဘာဝအတိုင်း သစ်ကိုင်းမှာ စောက်ထိုးနားခိုသည်၊ခဏအကြာတွင် ကျီးကန်း ကလည်း လင်းနို့နားနေသော သစ်ပင်ပေါ် တည့် တည့်မှာ သူသဘာဝအတိုင်း  နားလာသည်။ငှက်နှစ်ကောင်စလုံးသည် သစ်ကိုင်းတစ်ကိုင်းတည်းတွင်အပေါ်အောက် နားခိုကြသည်။
 လင်းနို့ ငှက်က သူ့အပေါ်မှ လာနားသော ကျီးကန်းကို မြင်သောအခါ ဟေ့…..မဲမဲပုတ်ပုတ် ကျက်သရေတုံး အပုတ်စား အသံဆိုး အော်တဲ့ ငှက်ဆိုးကျီးကန်း မင်းက  ငါ့ထက်လည်း သစ်ကိုင်းကို နောက်ကျမှရောက် တယ်၊ပြီးရင် ငါအပေါ်ကလည်း နားတယ်၊  ကြည့်ရင်လည်း ငါ့ကို မလိုတမာအကြည့်မျိုးနဲ့ ဇောက်ထိုးပြောင်း ပြန်ကြည့်တယ် မင်းဒီသစ်ကိုင်းမှာ မနားနဲ့ ထွက် သွား တော့ဆိုပြီး ကိုယ်ကိုယိမ်းကာ သစ်ကိုင်းကို လှုပ်ယမ်းခါလိုက်သည်။

ကျီးကန်းက ဟယ် လင်းနို့ မင်းလည်းငှက် ငါလည်းငှက်ဘဲ၊ မင်းက ငါ့ကို မဲမဲပုတ်ပုတ် အပုတ်စား အသံဆိုး အော်တဲ့ ငှက်ဆိုးလို့ ပြော တယ်၊ဒါဆို မင်းကိုမင်းလည်းပြန်ကြည့်ပါအုံး မင်းလည်းငါလို မဲတာဘဲ၊ မင်းအသံ လည်း ငါအသံထက် မသာယာပါဘူး ၊ပြီးရင် မင်းက ခိုးကြောင်ခိုးဝှက်နဲ့ ညဖက်မှ လှုပ်ရှား တဲ့ငှက်သူခိုးမျိုး မင်းက ငါထက် ဆိုးတယ်လို့ နှုတ်က ပြောချင်ပေမယ့် မပြောဘဲ စိတ်ထဲမှာသာ ထား လိုက်ကာ၊

 ဟယ် --လင်းနို့  ငါက မင်းပြောသလို ပြောင်းပြန်ကြည့်တာမဟုတ်ပါဘူး၊  ငါ့တို့သဘာဝအတိုင်း သစ်ကိုင်းအပေါ်မှာ နားလို့ မင်းက အောက်ဖက်ကကြည့်တော့ ငါ့ကို ပြောင်းပြန်ကြည့်တယ်လို့ မြင်ရတဲ့သဘောပါ၊ အဲသလိုပြောစတမ်းဆိုရင်  ငါ့ဖက်ကကြည့်ရင် မင်းလည်းငါ့ကို စောက်ထိုးတွဲလည်း ပြောင်းပြန်ကြည့်နေသလိုဖြစ်မနေဘူးလားသူငယ်ချင်း၊ ဒါကို ငါနားလည်တယ်၊
ဘာကြောင့်လည်းဆိုတော့ မင်းက စောက်ထိုးနားမှရတဲ့ ငှက်မျိုးဆိုတာကို ငါသိနေ လို့ ဘဲ၊ သံသယမျက်လုံးနဲ့ မကြည့်ပါနဲ့သူငယ်ချင်း မင်းဖက်ကကြည့်ရင်လည်းမင်းမှန်တယ်၊ ငါ့ဖက်ကကြည့်ရင် လည်း ငါမှန်တယ်၊ ငါတို့က တစ်ကိုင်းတည်းမှာ နားနေတာ ပြသနာဖြစ်ဖို့ မဟုတ် ဘူး၊ အတင်းအဖျင်းတွေ ငယ်ကျိုးငယ်နာတွေ ၊ တစ်ကောင် အားနည်း ချက် တစ်ကောင် ဖေါ်ထုတ်နေလို့ အကျိုးရှိမှာ မဟုတ်ပါ ဘူးသူငယ်ချင်း၊လောလောဆယ် ဒီသစ်အိုပင်မှာ ငါတို့ နားခိုခွင့်ရနေတဲ့အတွက် ဒီ ရွက်ညှိုး ကိုင်းခြောက် သစ်ပင်အိုကြီးကို အရင် နာ လန်ထူအောင် စိမ်းစိုအောင် ရေရှည်ခံအောင် ငါတို့လုပ်ကြရမယ်၊ ဒီသစ်ပင်သေသွားရင် အနီးအနားမှာ ငါတို့နားဖို့ သစ်ပင် မရှိတောဘဲ ဘုံပျောက်ငှက်ဘ၀ရောက်နိုင်မယ်၊ ငှက်ဖြစ်ပြီး မြေကြီးပေါ်အိပ်နေရမယ့်ဘ၀ရောက်သွားနိုင်တယ် သူငယ်ချင်၊ လူစကား နဲ့ပြောရ မယ်ဆိုရင် ရခိုင်ပြည်မှာ ခေတ်စားနေတဲ့ (ဒုက္ခသည်) ငါတို့လည်း ဒုက္ခသည်ငှက်ဆိုပြီး ရာဇ၀င်စာတင်ခံရ တော့မယ်ဆိုတာ သိထား သင့်တယ် သူငယ်ချင်း။
နောက်ပြီး ဒီသစ်ပင်မှာ အတူတူနားနေတဲ့ မင်းတို့ငါတို့တွေဟာ  မင်း အန္တရယ် ရောက်မယ်ဆိုရင် ငါကူရမယ်၊ငါအန္တရယ်ကျမယ်ဆိုရင် မင်းကူညီ ရမယ်၊ မင်းကမှားရင် ငါကတည့်မတ်ပေးတာကိုလက်ခံမယ်၊ ငါကမှားရင်လည်းမင်းကတည့်မတ် ပေးတာကို ငါလက်ခံမယ်၊ ၊ဒီလိုနားလည်မှုကို တည်ဆောက်ထားမှ အကျိုးရှိမယ်၊ နို့မို့ရင် အောက်က လေးဂွနဲ့ပစ်ဖို့ ချောင်းနေတဲ့ငနဲဆီမှာ မီးဖုတ်အစားခံရမယ် ဆိုတာ မြင်ယောင်စမ်းပါသူငယ်ချင်း၊ နောက်ပြီးတစ်ခြားငှက်တွေက ပြောကြအုံးမယ် သစ်တကိုင်းတည်းမှာ အပေါ်အောက် နားနေကြ တဲ့ ဒီငှက်နှစ်ကောင်က ပြသနာဘဲဖြစ်နေကြတယ်၊ လောကအတွက် အပိုငှက်တွေ လို့ အပြောခံရအုံးမှာ မင်းမရှက်ဘူးလားသူငယ်ချင်းဟု ကျိုးကြောင်းဆီ လျော်စွာ ကျီးကန်းက ပြောလိုက်ရာ လင်းနို့လည်း လက်ခံ အမြင်မှန်ရသွားပြီး ရှေ့ဆက် ငါတို့ ဒီရွက်ညှိုး ကိုင်းခြောက် သစ်ပင်အိုကြီးဆီမှာ ဆက်လက် နားခိုခွင့်ရအောင် ဒီသစ်ပင်အိုက အသီး အပွင့်တွေ စားရအောင် ဒီသစ်ပင်ကို စိန်းလမ်းစိုပြေအောင်  ဖြစ်လာဖို့ ငါတို့ အတူလက်တွဲ လုပ်ကြရအောင် သူငယ်ချင်းကျီးကန်းတဲ့။
ကျီးကန်းပြန်ပြောလိုက်သည်က (OK , So Thanks )

မောင်ဖြူ (ကြွီတဲကျွန်း)
13.5.2015 ( 9း20 AM)

No comments:

Post a Comment