ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
▼
Monday, January 8, 2018
" ချစ်စံဝင်း၏ ပျူနိုင်ငံသို့ ခိုင်မော်ကွန်းမှ ငစကော စစ်တပ်စေလွှတ်ခြင်း
ခိုင် မော်ကွန်း
ရခိုင်လူမျိုးနှင့် ရခိုင်သမိုင်းကို စော်ကားသော မြန်မာသမိုင်းရေးသူများသို့ ခိုင်မော်ကွန်းမှ ပြန်လည်ချေပ ပေးပို့ခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကို fb ပရိတ်သတ်များအတွက် ပြန်လည်မျှဝေလိုက်ပါသည်။
ဤဆောင်းပါးကို ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
vol.29.NO.8.AUGUST.2013 ၏
စာမျက်နှာ ၁၄၉-၁၅၁ မှာ ဖော်ပြခဲ့ပါသည်။
----------------------------------------------
" ချစ်စံဝင်း၏ ပျူနိုင်ငံသို့
ခိုင်မော်ကွန်းမှ ငစကော စစ်တပ်စေလွှတ်ခြင်း
~~~~~~~~~~~~
မြန်မာ စာရေးဆရာတစ်ဦးဖြစ်တဲ့ချစ်စံဝင်းက သရေခေတ္တရာ ဧကရာဇ်နိုင်ငံတော်ကြီး ဆို
တဲ့ဆောင်းပါးကို ပြည်တွင်းဂျာနယ် တစ်ခုမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ဆောင်းပါးရဲ့
အာပေါ်က ပျူတွေကြီးကျယ်ခဲ့အကြောင်းကိုရေးထားပြီး ဒေသတွင်း အခြားသော လူမျိုး
တွေရဲ့သမိုင်းတွေကို မထီမဲ့မြင် ထိပါးစော်ကားထားပါတယ်။ အထူးသဖြင့် ရခိုင်အပါ
အဝင် ကချင် ချင်း ရှမ်းတွေကို ပျူရဲ့ သြဇာခံအဖြစ် ရေးထားသည်သာမက အားလုံးကိုပင်
ပျူမျိုး ပျူနွယ်အဖြစ် သိမ်းကျူံးထားတာတွေ့ရပါတယ်။ ပို၍ အံ့သြစရာကား ပျူတွေဟာ
အိန္ဒိယ အပါအဝင် ထိုင်း အင်ဒိုနီးရှား မလေးရှား ဖီလစ်ပိုင်တွေ အထိ သြဇာကြီးခဲ့တယ်
ဆိုပါပဲ။ ပြီးတော့ မြန်မာတွေအနေနဲ့ပျူဆိုတာကို သိချင်ရင် ကိုယ့်ဟာကို မှန်ထဲကြည့်ရင်
ပေါ်လာတဲ့သူဟာ ပျူ ပဲတဲ့။အဲလောက်လွယ်တဲ့ ချစ်စံဝင်းရဲ့သုတေသနပြုချက်မျိုး
ကို DNA တောင် လက်ဖျားခါလောက်ပါရဲ့။ဒါ့ပြင် ပျူဆိုတာ မြန်မာပါပဲလို့ အပ်ကြောင်း
ထပ်စကား ပါသေးတယ်။ တကယ်တော့ချစ်စံဝင်းဟာ သမိုင်းလေ့လာမှူ အားနည်း
တယ်ဆိုတာ သူ့ဆောင်းပါးက သက်သေပြလ်ုက်တာပါပဲ။ မြစေတီ ကျောက်စာကြီး ရှိနေ
ပါလျက် ပျူနဲ့မြန်မာအတူတူ ဆိုကတည်းကရိုးသားမှု မဟုတ်တာ သေချာသွားပါပြီ။ အဲဒီ
ကျောက်စာမှာ မျက်နှာလေးဘက်ကို ဘာသာတစ်မျိုးစီနဲ့ လေးမျိုး လေးဘာသာ ရေးထိုးခဲ့
တာပါ။ အဲဒီလေးမျိုးကတော့ ပျူ ဘာသာမွန်ဘာသာ ပါဠိဘာသာ နဲ့ မြန်မာဘာသာ
ဆိုပြီး ကျောက်စာပညာရှင်တွေ ဖွင့်ဆိုထားပြီးပြီပဲ။ အဲတာကို ချစ်စံဝင်း အပါအဝင် မြန်မာ
သမိုင်းရေးသူတချို့က ဘာဖြစ်လို့ မုန့်လုံးစက္ကူ ကပ်ချင်နေကြ ရတာပါလိမ့်။
ပြီးတော့ ချစ်စံဝင်း ပြောထားတာက ပျူ ဆိုတာ ကျွနှုပ်တို့ရဲ့ ဘိုးဘွားတွေပဲ တဲ့။ အဲဒီ
ကျွှန်ုပ်တို့ဆိုတဲ့အထဲမှာ ခိုင်မော်ကွန်းတို့ရခိုင်လူမျိုးကတော့ မပါ ပါဘူး။ ဘာဖြစ်လို့
လဲဆိုတော့ ခိုင်မော်ကွန်းတို့ ရခိုင်လူမျိုးမှာရခိုင်ဘိုးဘွား ရခိုင်ဘီဘင် ရခိုင် အဇူအဇာ
တွေ ရှိလို့ပါပဲ။ ဒီနေ့ရခိုင်တွေရဲ့ အမိအဖကမြောက်ဦးခေတ် ရခိုင်တွေပါ။မြောက်ဦးခေတ်
(အေဒီ ၁၄၃၀-၁၇၈၅)ကို လေးမြို့ခေတ်ရခိုင်(အေဒီ ၈၁၈- ၁၄၃၀)က မွေးဖွားခဲ့တာပါပဲ။
လေးမြို့ခေတ်ဆိုတာ အေဒီ၃၂၇- ၈၁၈ မှာထွန်းကားခဲ့တဲ့ ဝေသာလီခေတ်ရဲ့ သွေးသား
ဖြစ်ပြီး အဲဒီဝေသာလီကို ဓညဝတီ ခေတ်(ဘီစီ ၃၃၂၅- အေဒီ ၃၂၇)ကမွေးဖွားခဲ့တယ်
ဆိုတာ သမိုင်းမှတ်တမ်း အထောက်အထားတွေ အများကြီးရှိပါတယ်။ဒါ့တင်မကပါဘူး
ဓညဝတီ ဆိုတာလဲ ရှေးဦး ဝေသာလီကို အမွေဆက်ခံခဲ့ပြီးတော့ အဲဒီ ရှေးဦးဝေသာ
လီ ဆိုတာ ရခိုင်သမိုင်းဦးကာလမှာ ပထမဦးဆုံး ပေါ်ထွန်းခဲ့တဲ့ ရှေးဦးရခိုင့်အင်အား စုစည်း
နိုင်ခဲ့မှု၏ ပြယုဒ်တစ်ခုပင်ဖြစ်ပါတယ်။
ရခိုင်သမိုင်းဦးကာလဟာ ကမ္ဘာ့ရှေးခေတ်ဟောင်းဖြစ်စဉ်နဲ့ ယှဉ်တွဲလေ့လာနိုင်ပြီး
အီဂျစ် ဆူမေးရီးယန်း တို့လို သမိုင်းဦးမြို့ပြတွေ ထွန်းကားခဲ့တဲ့ ရာဇဝင်မှတ်တမ်းတွေ
ရှိပါတယ်။ ပြောရမယ်ဆိုရင် ရှေးဦးရခိုင်တွေဟာ ရခိုင်ပြည်ကို သမိုင်းမတင်မီ အချိန်ကာ
လများစွာကတည်းက အိန္ဒိယ အရှေ့မြောက်ဒေသ ဟိမဝန္တာ အနောက်တောင် ကုန်းမြင့်
ကတစ်ဆင့် ကုလဌာန်မြစ်ကြောင်းအတိုင်းအသုတ်လိုက်ဝင်ရောက် အခြေချလာသည့်
သက္ကျနွယ်ဝင်တွေ ဖြစ်ကြောင်း မနုဿဗေဒနဲ့ ဘာသာဗေဒအရ သိသာထင်ရှားပါတယ်။
ယင်းနောက်ပိုင်း အိန္ဒိယနယ်ထဲ အာရီယာန်တွေရောက်လာတော့မှ အာရီယာန်တွေရဲ့
ယဉ်ကျေးမှူ တချို့ကို ရယူပြီး ရခိုင့်လူ့အဖွဲ့အစည်းယဉ်ကျေးမှုကို အားဖြည့်ခဲ့ကြတယ်။
ဒီတော့ဖြင့် ရခိုင်တွေဟာ အရှေ့ဘက်မှာ ရခိုင်ရိုးမကြီး တစ်လျှောက်နဲ့ အနောက်ဘက်
မှာ ရခိုင်ပင်လယ်(ခေါ်) ဘင်္ဂလားပင်လယ်အော်တို့ ခြံရံထားတဲ့ တစ်နံတစ်လျားသော
ပထဝီ အကန့်အသတ်ကို ရခိုင်တို့ဌာနီ အဖြစ်ကနဦး သတ်မှတ်နေထိုင်လာခဲ့ကြတာဖြစ်ပါ
တယ်။ ဒါ့ကြောင့် ရခိုင်တွေရဲ့ ဘိုးဘွားဘီဘင်တွေဟာ သက္ကျ ကလန်(ခေါ်)ရှေးဦးရခိုင်
တနည်းအားဖြင့် အင်ဒို- တိဗက်တန် နွယ်တွေပါပဲ။
ချစ်စံဝင်း ပြောတဲ့ ပျူတွေကတော့ မြန်မာပြည်မှာ မိုးကျရွှေကိုယ်တွေ မဟုတ်ပါဘူး။
ခရစ်နှစ် နှစ်ဦးပိုင်းမှာ တရုတ်တောင်ပိုင်းရှိယုန်ချန်နယ် အနောက်တောင်ဘက်မှာ အုပ်စုဖွဲ့နေခဲ့ကြပြီး အေဒီ ၃ ရာစုလောက်မှာမြန်မာပြည်ကို ဝင်ရောက်လာကြတယ်လို့ဒေါက်တာသန်းထွန်းက ဆိုထားပါတယ်။ဒါကြောင့် ပျူတွေရဲ့ မျိုးရင်းဟာ တိဗက်တို-ချိုင့်နိစ် အနွယ်ဝင်ဖြစ်ပြီး တရုတ် နန်ကျောင်တွေနဲ့ ဆက်စပ်နေခဲ့ကာ နောက်ပိုင်းမှာ ပျူတွေကို နန်ကျောင်တွေက ကျွန်ပြု ထားတယ်လို့ တရုတ်မှတ်တမ်းတွေမှာ တွေ့ရပါတယ်။အဲဒီ ပျူတွေကို တရုတ်တွေက "ဖျောက်" လို့ခေါ်ပြီး မွန်တွေက တိရ်စုလ် လို့ခေါ်ခဲ့တဲ့အထောက်အထားတွေ ရှိပါတယ်။ ဒါပေမဲ့ပျူတွေဟာ သူတို့ကိုယ် သူတို့ "ထုလော်ကျု"လို့ ခေါ်တွင်တဲ့အကြောင်း မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ သုတေသန
ပြု စာတမ်းမှာ ဖော်ပြထားပါတယ်။ရခိုင်ကတော့ ပျူတွေကို "ပု" လို့ပဲ ခေါ်ခဲ့တာကို
ဗုဒ္ဓဂါယာရှိ ရခိုင်ဘုရင်မင်းထီးကျောက်စာအရသိရပါတယ်။
ဘာပဲဖြစ်ဖြစ် ပျူတွဟာ မြန်မာပြည်ကို အေဒီ ၃ ရာစုမှာ တရုတ်ပြည် တောင်ပိုင်းက
တဆင့် ဝင်ရောက်လာပြီး ဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်း ရွှေဘိုနယ် အောက်ဘက်မှ ပြည်
မြို့အထိ နေရာယူကာ ဗိဿနိုး ဟန်လင်း သရေခေတ္တရာ ဆိုတဲ့ မြို့ပြတွေကို အုပ်စု
အလိုက် တည်ထောင်ပြီး နေခဲ့ကြပါတယ်။ပြီးတော့ ပျူတွေဟာ အိန္ဒိယ တောင်ပိုင်းဒေသ
တွေမှာ သုံးတဲ့ပလ္လဝ အက္ခရာနဲ့ စာရေးနည်းကို ယူပြီ ကျောက်စာ ကမ္ဗည်းတွေ ရေးထိုးခဲ့
ကြတာ တွ့ရပါတယ်။ဒါပေမဲ့ တွေ့ရသမျှပျူ ကျောက်စာ မှတ်တမ်းတွေမှာ ချစ်စံဝင်း
ပြောသလို ပျူတွေ ဧကရာဇ်နိုင်ငံတည်နိုင်ခဲ့တဲ့ အထောက်အထား ဘာတခုမှ မတွေ့ရ
ပါဘူး။ တခြားမှတ်တမ်းတွေအရ ပျူတွေဟာအေဒီ ၈၃၂ မှာ နန်ကျောင်တွေ လာတိုက်လို့
ပျက်စီးသွားရတယ်လို့ သိရပါတယ်။အေဒီ ၈၆၂ မှာရေးတဲ့ မန်ရှူးမှတ်တမ်းမှာက
ပျူတွေကို နန်ကျောင်တွေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားပြီး ကျေတုန်(ခေါ်) ယွန်နန်ဖု မြို့မှာ
ကျွန်အဖြစ် ထားတယ်လို့ဆိုထားပါတယ်။ရခိုင်အထောက် အထား အရကတော့
လေးမြို့ခေတ် ရခိုင်ဘုရင် မင်းထီး(အေဒီ၁၂၈၃-၁၃၈၉)လက်ထက်မှာ ပျူ သုံ့ပန်း
တစ်သိန်းအထိ အခစား ရှိခဲ့တဲ့အကြောင်းကျောက်စာမှတ်တမ်း ရှိပါတယ်။ဒါ့ပြင် အေဒီ
၁၄၄၂ ခုနှစ်မှာ ရေးတဲ့ နရပတိ ထူပါရုံဘုရားကျောက်စာနဲ အေဒီ ၁၅၁၀ မှာ ရေးတဲ့ ရွှေ
နန်းကြော့ရှင် ကျောက်စာတွအရ ပျူတွေဟာ၁၆ ရာစုထိတိုင် မြန်မာပြည်ထဲမှာ နန်းတွင်း
ကချေသည် အမှုထမ်းတွေအဖြစ် ရှိနေကျြသေးတာ ထင်ရှားပါတယ်။ မြန်မာရာဇဝင်တွေ
အရ သရေခေတ္တရာက သုပညာ နဂရဆိန္ဒမင်းလက်ထက်မှာ" ငစကော စစ်လာပြီ" ဆိုပြီး
ပျူတွေ နေရပ်စွန့်ခွါ ထွက်ပြေးကြ၍ အစုစုကွဲသွားကာ တလိုင်းတွေ ကြပင်းတွေ ဆီမှာ
အဖမ်းခံသူခံရပြီး နောက်ဆုံး မင်းတုန်းမြို့ကိုဝင်ခံတော့လည်း ရခိုင်တွေက အဝင်မပေးပဲ
တိုက်ထုတ်လိုက်၍ ပျူတွေ မရှု မလှပျက်စီးသွားကြရတယ်လို့ မြန်မာတို့ရဲ့ ဦးကုလား
မဟာရာဇဝင်မှာ အတိအလင်း ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဆက်စပ်ကြည့်နိုင်တာကတော့ သုပညာနဂရဆိန္ဒမင်းဟာ ရခိုင်မှာ
ရှိတဲ့ မဟာမုနိ ရွှေဆင်းထုတော်ကို မကြံအပ်ရာ မသမာစိတ်နဲ့ ဖိုကျင်ထိုးရန် ရယူဖို့ကြံစဉ်
ခဲ့တယ်လို့ ရခိုင်ရာဇဝင်သမိုင်းမှာ မှတ်တမ်းရှိပါတယ်။ဒီတော့ခါ ရခိုင်ဘုရင်မင်းတြားကြီးက
သုပညာနဂရဆိန္ဒကို အမျက်တော်ထွက်ကာနှိမ်နင်းဖို့ ရခိုင်နယ်ခြားစောင့်တပ်ကို သရေ
ခေတ္တရာသို့ စေလွှတ်တော်မူခဲ့ပါတယ်။အဲဒါကိုပင် ပျူတွေက အကြောက်တလန့်ဖြစ်ကာ
"င စကော စစ် လာပြီ " ဆိုပြီး ဖရိုဖရဲ ထွက်ပြေးကြ၍ ကံသင့်ကာ ပျက်စီးသွားကြရတာပါ ပဲ။
ဒါပေမဲ့ မကွေးမြို့နယ် လေးတိုင်စင်ရွာရဲ့အနောက်ဘက် အရပ်နဲ့ ရွှေဘိုခရိုင် တန့်စည်
မြို့နယ် စီပတုံး ချောင်း ဝှမ်းတလျှောက်မှာ ရှိတဲ့ ရွာကလေးတွေမှာ ပျူတွေရဲ့ ဓလေ့ထုံးစံ
တွေနဲ့ လူတွေ ရှိနေသေးတယ်လို့ ဒေါက်တာသန်းထွန်းက သူ့ရဲ့ မြန်မာရာဇဝင်စာတမ်း-၁
မှာ ညွှန်းထားပါတယ်။ ဒါတွေကို ထောက်ထါးကြည့်ရင် ပျူနဲ့မြန်မာဆိုတာ မတူကွဲပြားတာ
ထင်ရှားပါတယ်။အထူးသဖြင့် မြန်မာဆိုတာအေဒီ ၉ ရာစုမှာမှ တရုတ်ပြည် ကန်စုနယ်က
တဆင့် မြန်မာပြည်ကို ရောက်လာကြတာကိုအားလုံး သိပြီးသားပါ။ အဲဒါကို ပုဂံကျောက်စာ
တွေကလည်း သက်သေပြထားကြပါပြီ။ဒီတော့ ချစ်စံဝင်းက ပျူနဲ့မြန်မာ အတူတူပဲ
လို့ ဘာအထောက်အထားရထားပါလိမ့်။ပြီးတော့ ချစ်စံဝင်းက ပြောထားပါသေးတယ်
ဓညဝတီ ကို အစိရိပျူ ဆိုလားပဲ။ရခိုင်ပြည်ကိုလည်း မိချော် လို့ သုံးထာပါသေးတယ်။
ခိုင်မော်ကွန်း သိထားတဲ့ လေ့လာထားတဲ့ရခိုင်သမိုင်း ရခိုင်ရာဇဝင်တွေထဲမှာ ဘယ်
အစိရိပျူ မှလည်း မရှိဘူး မတွေ့ဖူးဘူး။ ရခိုင်ကို မိချော် ဆိုတဲ့ အသုံးအနှုန်း ဘယ်မှတ်
တမ်းမှာမှ မတွေ့ဖူးဘူး။ ဓညဝတီဆိုတာ ရခိုင်သမိုင်းမှာ ရခိုင်မင်းဧကရာဇ်ရဲ့ နေပြည်တော် ဖြစ်သလို ရခိုင်
တစ်ပြည်လုံးရဲ့ဝိဂြိုဟ်ပြု အမည်နာမလည်းဖြစ်ပါတယ်။ဘီစီ ၃၃၂၅ ကနေ အေဒီ ၃၂၇
ထိ ဓညဝတီ ခေတ်အဖြစ် ရခိုင်မှတ်တမ်းတွေမှာ အထင်အရှား တွေ့နိုင်ပါတယ်။အဲဒီကာလ
မှာ ဌာနေ တိုင်းရင်းသားတွေအဖြစ် မြေပြန့်နေ ရခိုင်တွေနဲ့အတူ တောင်ပေါ်နေ တိုင်း
ရင်းသားများအဖြစ် မြို လူမျိုးစု နဲ့ သက်လူမျိုးစု ဆိုတာ အထင်အရှား ရှိနေပါတယ်။ ချစ်စံ
ဝင်းပြောတဲ့ အစိရိပျူ မရှိပါဘူး။ပြီးတော့ ပျူတွေက ဓညဝတီ နဲ့ ဝေသာလီ ခေတ် အကူး
အပြောင်း ကာလမှာမှ မြန်မာပြည်ကို ရောက်လာတာပဲ ရှိပါသေးတယ်။ နောက်တခုက
ချစ်စံဝင်းပြောတဲ့ ရခိုင်ကို မိချော်လို့ သုံးထားတာဟာ ဘယ်ဘာသာစကားပါလိမ့်။ ရခိုင်မှာ
ရှိတဲ့ အထောက်အထားတွေအရတော့ ရခိုင်တွေဟာစာပေရေးသားရာမှာ အိန္ဒိယမြောက်ပိုင်းသုံးတဲ့
ဗြဟ္မိအက္ခရာကို ဓညဝတီခေတ်မှာ မူရင်းအတိုင်း သုံးပြီး ဝေသာလီခေတ်မှာ ရခိုင်မှုကို တဖြည်းဖြည်းဖန်
တီးယူကာ ရက္ခဝဏ္ဏအက္ခရာကို တီထွင်သုံးစွဲခဲ့ကြပါတယ်။ ဘာသာစကားအားဖြင့် မာဂဓီ ကိုအခြေခံတဲ့
အတွက် ပါဠိနဲ့သက္ကတ ရောတဲ့ ရခိုင်ဘာသာစကားကို ပြောဆိုခဲ့ကြတယ်။ အထူးသဖြင့် ရက္ခပူရ ရခိုင်
ဆိုတာ ပါဠိဘာသာ ရက္ခိတမှ ရွေ့လာခြင်းဖြစ်ပြီး ဝေသာလီ ခေတ်မှာတင် " အာရက္ခဒေသ
လို့ ခေါ်တွင်ခဲ့ကြောင်း ခေတ်ပြိုင် မှတ်တမ်းကျောက်စာ ရှိပါတယ်။
အဲဒီကျောက်စာဆိုတာ ဓညဝတီ နဲ့ ဝေသာလီခေတ်ရဲ့သမိုင်းမှတ်တိုင်ဖြစ်ပြီး ဘီစီ ၅ ရာ
စုမှ အေဒီ ၉ ရာစု အစောပိုင်းအထိ ခေတ်ပြိုင်သမိုင်းမှတ်တမ်းကြီးတခုပင်ဖြစ်ပါတယ်။ အဲဒီ
မှာ ရခိုင်ဘုရင်တွေဟာ ရေမြေသနင်း ပြည့်ရှင်မင်း မြင့်မြတ်ခြင်း ကမ္ဘာကို စောင့်ရှောက်ခြင်း
နိုင်ငံရေး ကျွမ်းကျင်ခြင်း စတဲ့ဝိသေသတွေကို ဖော်ပြထားပါတယ်။ အထူးသဖြင့် ဝေသာ
လီ မြို့တည် နန်းတည် မင်းကြီး ဒွေင်စန္ဒြားဘုရင်မင်းမြတ်၏ ဘုန်းတော်ကို တစ်ရာ့ တစ်
ပါးသော မင်းတို့ ဦးညွတ်ကြရကြောင်း။ လက်အောက်ခံ မင်းတို့လည်း အမြောက်အ
များရှိကြောင်း စတဲ့ ရခိုင်ဘုရင်မင်းမြတ်တွေသာ ဒေသတွင်း သြဇာကြီးမားတဲ့ ဧကရာဇ်
မင်းတွေဖြစ်ကြတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ အထူးသဖြင့် ဘုရင် အာနန္ဒစန္ဒြမင်း
ကြီး ဆိုလျင် သီဟိုဠ်နိုင်ငံမှာ ပြုလုပ်တဲ့ ဓမ္မသဘင်ကြီးအတွက် ဓမ္မပလ္လင်တော်နဲ့ ဆင်မ
ယာဉ်တော်တွေ ပို့လှူတဲ့အကြောင်း ။ လက်အောက်ခံ မင်းတစ်ပါးထံမှ သမီးကညာ အဆက်
သ ရောက်လာတဲ့အကြောင်း ။ ညီလာသဘင်မှာ အမင်းမင်းတို့လာရောက် ဦးညွတ်ကြစဉ်
မင်းကြီးရဲ့ ခြေတော်အစုံမှာ အမင်းမင်းတ်ု့ဆောင်းထားတဲ့ သရဖူတွေက ကျောက်မျက်
အရောင်တွေ ထင်ဟပ်နေကြတဲ့အကြောင်းတွေ ရေးထ်ုးပါရှိတဲ့အတွက် ဝေသာလီ ခေတ် ရခိုင်ဘုရင်တွေဟာ ဘုန်းတန်ခိုးကြီးတဲ့ ဧကရာဇ် မင်းမြတ်တွေ ဆိုတာ ပေါ်လွင်
ထင်ရှားလှပါတယ်။ ဒါ့အပြင် စီးပွါးကူးသန်းမှုနဲ့ နိုင်ငံသုံးအဖြစ် ဘုရင့်တံဆိပ်ပါ ရွှေဒင်္ဂါး
ငွေဒင်္ဂါးတွေ ခပ်နှိပ်သုံးစွဲခဲ့ကြပါသေးတယ်။နိုင်ငံရပ်ခြားတွေနဲ့ စီးပွားကူးသန်းတဲ့ သင်္ဘောဆိပ်ကမ်းကြီး
ကိုပင် မြို့တော် ဝေသာလီ အနီးမှာ တည်ဆောက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အဲဒီတုန်းက ရခိုင်တွေရဲ့
အခြေနေကို မှန်းဆကြည့်နိုင်တယ်လေ။ဒါ့ကြောင့်လည်း မြန်မာသမိုင်းပညာရှင်ကြီးဒေါက်တာ သန်းထွန်း ကိုယ်၌က ရခိုင်တွေဟာအေဒီ ၄ ရာစုမှာပင် ယဉ်ကျေးပြီး ဖွံ့ဖြိုးတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်နေပြီလို့ မှတ်ချက်ပြုထားပါပေတယ်။
နောက်ထပ် မှတ်သားစရာ တစ်ခုကတော့ဝေသာလီ နန်းစံ ရခ်ုင်ပြည့်ရှင် စူလစန္ဒြားမင်း
ကြီး တကောင်းသင်းတွဲ သို့ ရေကြောင်းချီတော်မူတဲ့အကြောင်းပါပဲ။ အဲဒီမှာ ရခိုင်
ဘုရင်မင်းမြတ်ဟာ ဧရာဝတီ အတိုင်း ချီတော်မူစဉ် မြစ်ကမ်းတလျှောက်၌ ဟံသာဝတီမင်း
အစရှိတဲ့ သရေခေတ္တရာမင်း ကလေးမင်းအုန်းပေါင်မင်း မိုးညှင်းမင်း မိုးကောင်းမင်း
မိုနည်းမင်း မိုးဝန်းမင်း ပန်းလောင်မင်း စတျဲ့ဒေသခံ မင်းတွေ လာရောက်ခရီးဦးကြို ဦးညွတ်
ဂါရဝပြုကြရတဲ့အကြောင်း မှတ်တမ်းတွေ့ရပါတယ်။ အဲဒီကာလ ရခိုင်အင်ပါယာဟာ
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းထိ ရှိနေခဲ့ပါတယ်။ ဒီတော့ ချစ်စံဝင်းပြောတဲ့ ပျူတွေ
ကြီးကျယ်ပါတယ်ဆိုတဲ့အချိန်မှာ ရခိုင်တွေရဲ့အခြေနေ ဘယ်လိုလဲဆိုတာကို သိရော့ပေါ့
နိဂုံးအနေနဲ့ ပြောချင်တာက ရခိုင်ဆိုတာ ချစ်စံဝင်းတို့ ထင်ထားတဲ့ နယ်
စွန် နယ်ဖျား တိုင်းတပါး ကျွန်မျိုး မဟုတ်ဘူးအကြောင်းမညီညွတ်လို့ စစ်ရှုံးဘဝ ဖြစ်နေရ
ခြင်းသာ ဖြစ်တယ်။ ဒီတော့ သမိုင်းကို မထိခိုက်စေပါနဲ့။ ချစ်စံဝင်းက အားလုံးကို သိမ်း
ကျူံးပြီး ပျူ နိုင်ငံကို ဇွတ်အတင်းးကြေညာဖို့ဆိုရင်တော့ ခိုင်မော်ကွန်း ကလည်း
သမိုင်းထဲက "င စကော စစ်တပ်" ကျိုစလွှတ်ရမှာပဲ။ ပြီးတော့ နန်ကျောင်တွေကိုပါ
မဟာမိတ်အဖြစ် ခေါ်လာဦးမယ်နော။ အဲ့ 
သမိုင်းအရ ပြောတာပါ။
ဒီတော့ ဒေါက်တာသန်းထွန်းက " မြန်မာတွေမိမိတို့ရာဇဝင်ကို အကဲအပို မပါပဲ ရေးသား၍
ကမ္ဘာကို တင်ပြချိန်ရောက်ပြီ " လို့ သူ့ရဲ့တတိယအကြိမ်ထုတ် မြန်မာရာဇဝင် စာအုပ်
နောက်ကျောဖုံးမှာ မှာတမ်းထားခဲ့တယ်လေ။
သမိုင်းသစ္စာဖြင့်
ခိုင်မော်ကွန်း
ရခိုင်စာပီနှင့် သမိုင်းသုတေသန။
https://www.facebook.com/photo.php?fbid=140934966650905&set=a.101427003935035.1073741827.100022032061274&type=3&theater
No comments:
Post a Comment