အာနန္ဒစန္ဒြကျောက်စာပါ
ဂါထာအမှတ်(၇) တွင် ယခင်ပညာရှင်များဖြစ်သော ပါမောက္ခဂျွန်စတင်နှင့် ဆရာကြီး ဦးစံသာအောင်တို့
ရေးသားဖေါ်ထုတ်ထားခဲ့သော အချက် အလက်များတွင် ကွဲလွဲချက်၊ ဖြည့်စွက်ချက်များ ပါဝင် နေသည်ကို
ရှင်းလင်းတင်ပြသွားပါမည်၊ အနီရောင် မြှားပြထားသော နေရာများသည် ကွဲံလွဲချက်
ဖြည့်စွက်ချက်များပင်ဖြစ်ပါသည်။
ပုံ(၁)ကိုရှု
(ပုံ-၁)
ပုံတွင်မြင်ရသည့်အတိုင်း ကျောက်စာတွင် (တသ္မဒ္ဗဟုဘလီ ) ဟုရေးထိုးပါရှိသည်ကို ပါမောက္ခ ဂျွန်စတင်က
(Tasmad Bahubali) ဟု ဖေါ်ပြပြီး ဆရာကြီးဦးစံသာအောင်က (တသ္မာဒဟုဗလီ) ဟု ( -ာ) ရေးချ တစ်လုံး ဖြည့်စွက် ရေးသားထားသည်ကို
တွေ့ရပေသည်။
အမှန်က ကျောက်စာ၌ (တသ္မ) ဟု ပါရှိသည်ကို ပါမောက္ခဂျွန်စတင်
အင်္ဂလိပ်လို ( Tasmād) ဟု ရေး သားထားသည်ကို ဆရာကြီးဦးစံသာအောင်က (တသ္မာဒ်) ဟု ဘာသာပြန်
ရေးသား ဖေါ်ပြထားသည် ကို တွေ့ရပေသည်။
ကွဲလွဲချက်
မူရင်းကျောက်စာ ၌
(တသ္မဒ္ဗဟုဘလီ)
ပါမောက္ခဂျွန်စတင် ( Tasmād Buhubalī)
ဆရာကြီးဦးစံသာအောင် ( တသ္မာဒ္ဗဟုဗလီ)
မူရင်းကျောက်စာမှာ ( တသ္မ) သာဖြစ်ပြီး (တသ္မာ)မဟုတ်ပါ၊ ရေးချပါသည်ကိုမတွေ့ရချေ။
နောက်တစ်ခါ အာနန္ဒစန္ဒြကျောက်စာ ဂါထာအမှတ် (၇) ၌ (ဗဟုဘလီ) ဟု
ရေးထိုးထားသည်ကို ပါမောက္ခ ဂျွန်စတင် က ( Bahubalī ) ဟု
ဘာသာပြန်ရေးသားထားပြီး ဆရာကြီး ဦးစံ သာအောင်က ဂျွန်စတင်၏မူကို
ဘာသာပြန်လိုက်သောအခါ (ဗဟုဗလီ) ဟု ဖွင့်ဆိုထား သည်ကို တွေ့ရပေသည်။
ထိုကြောင့် ဂါထာ အမှတ် (၇) ပါ “ဗဟုဘလီ” မင်း အမည်ကို ရခိုင်သမိုင်းစာအုပ်
စာစောင် ဆောင်းပါး တို့တွင် “ဗဟုဗလီ” ဟူ၍ နှစ်ေ ပါင်း (၄၀)ခန့်မျှ
ရေးသားလာကြခဲ့သည်ကိုတွေ့ရပေသည်။
ကွဲလွဲချက်မှာ
မူရင်း ကျောက်စာ၌ ( ဗဟုဘလီ)
ပါမောက္ခဂျွန်စတင် ( Bahubalī )
ဦးစံသာအောင် ဘာသာပြန်ဆိုမှုတွင် ( ဗဟုဗလီ)
(ဘ) နှင့် (ဗ) ကွဲလွဲသွားသည်ကို တွေ့ရပေမည်။
(ပုံ- ၂ ) ကိုကြည့်ပါ။
(ပုံ-၂)
ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာ ဂါထာအမှတ်(၇)ပါ မင်းအမည်သည် ( ဗဟုဗလီ) မဟုတ်ပါ၊ ကျောက်စာမှာ အမှန်ပါ ရှိသော မင်းအမည်သည် (ဗဟုဘလီ ) သာဖြစ်ပါသည်။ ထို့အပြင် ဗဟုဘလီ ရှေ့မှ စာလုံးဖြစ်သော (တသ္မဒ်) စာလုံးသည်လည်း (တသ္မာဒ်) ရေးချ သရ စာလုံး မပါကြောင်း။
ဤကဲ့သို့ ကျောက်စာနှင့် မူပွါးဆင့်ကူးရေး ကွဲလွဲချက်ကို သိစေလိုသောရည်ရွယ်ချက်ဖြင့် နောင် စာအုပ် စာတမ်းများတွင် အမှန်တစ်ခု မှတ်တမ်းတင် ထိန်းသိမ်းသွားလိုသဖြင့် ရေးသားတင်ပြခြင်းဖြစ်ပါသည်။
(ပုံ-၂) သေချာကြည့်ပါက ကွဲလွဲချက်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါပေသည်။
Font အခက်အခဲ့ကြောင့် (ဗဟုဘလီ)တွင် ဒ အောက်တွင် ဗ ရေးမရသောကြောင့်
(တသ္မဒဟုဘလီ ) = ( တသ်မဒ် ဗဟုဘလီ) ဟု ပုံစာများအတိုင်းဖတ်ပါရန်၊
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့ (ရန်ကုန်)
No comments:
Post a Comment