ရခိုင်ပြည်နယ်
မြောက်ဦးမြို့ သျှစ်သောင်းဘုရားမုခ်ဝတွင် ရခိုင်ဝေသာလီခေတ်မှ ရေးထိုးခဲ့သော ကျောက်စာ တိုင်ကြီးတစ်တိုင် ရှိလေသည်။ ထိုကျောက်စာတိုင်သည်
အမြင့်(၉ ပေ ၄ လက္မ) အကျယ် (၂ ပေ ၄ လက္မ ) ခန့်ရှိ ပါသည်။ ယခုစိုက်ထူထားသည့်အတိုင်းကြည့်မည်ဆိုလျှင်
အရှေ့ဘက်၊ အနောက်ဖက်၊ မြောက်ဖက် မျက်နှာများ
တွင် ကျောက်စာများ ရေးထိုးထားပါသည်။ အရှေ့ဘက်သည် ရာသီဥတုဒဏ်ေ ကြာင့် စာလုံးအက္ခရာများ
ပျက်စီး ပြုန်းတီးနေပြီး ဖတ်၍ မရတော့ပေ။ ထိုအရှေ့ဘက်စာမျက်နှာကို အေဒီ( ၄-၅) ရာစုတွင်
ရေးထိုးခဲ့ကြသည်ဟု ပညာ ရှင်များက ခန့်မှန်းယူ ဆကြသည်။
မြောက်ဘက်မျက်နှာစာပါ အက္ခရာများသည်
ဖျက်ဆီးခံထားရသောကြောင့် တစ်လုံးစနှစ် လုံးစ သာ ဖတ် ၍ရသည်ဟု ဆိုကြသည်။ ထိုကျောက်စာတိုင်ကြီး၏
အနောက်ဖက်မျက်နှာစာတစ်ခုသာ ဖတ်သာ ရှုသာ ရှိပေသည်။ အနောက်ဖက်မျက်နှာစာကို အာနန္ဒစန္ဒြမင်းကြီးက
သူ၏မျိုးရိုးစဉ်ဆက် ဘေးလောင်းေ တာ် ဘိုးလောင်းတော်များ၏ အမည်နှင့် နန်းစံနှစ်များကို
ရေးထိုးမှတ်တမ်းတင်ထားသည့်အပြင် သူ၏
မျာြး ပား လှစွာ ပြုလုပ်ခဲ့သော သာသနာပြု လုပ်ငန်းဆောက်ရွက်ချက်များနှင့်
အများအကျိုးေ ဆာင်ရွက် ခဲ့သည့်လုပ်ဆောင်ချက်များကို နောင်လာနောက်သား များသိရှိစေရန် ရေးထိုးမှတ်တမ်းတင်ထား ခဲ့သောေ ကြာင့်
အာနန္ဒစန္ဒြ ကျောက်စာဟု အမည်တွင်လေသည်။ တောင်ဖက်မျက်နှာတွင် စာရေးထိုးထားခြင်း မရှိသေးပေ။
ထိုအာနန္ဒစန္ဒြမင်းကျောက်စာသည်
သက္က္တတဘာသာ ဒေ၀နာဂရီပွါးအက္ခရာ ဖြင့် ရေးထိုးထားသော ကျောက် စာတစ်ချပ် ဖြစ်ပေသည်။ ထိုအနောက်ဖက်မျက်နှာစာတွင် စာကြောင်းရေ (၇၃) ပါရှိပြီး ဂါထာ (၆၅) ပုဒ်ရှိ သည်။
စကားပြေ တစ်ပိုဒ်ပါဝင်ပြီး (အပရံစ) စာကြောင်းတို တစ်ပါဒလည်း ပါရှိပါသည်။ မင်းဆက် အားဖြင့်
(၃)ဆက်ရှိပြီး၊ မင်းပေါင်း (၃၇)ပါး၏ အမည်နှင့်တကွ နန်းစံနှစ်များကိုမှတ်တမ်း တင် ထာသော
ကျောက်စာတစ်ချပ်ဖြစ်ပေသည်။ ကျောက်စာပါ မင်းဆက်(၃)ဆက်၏ နန်းစံနှစ်ကို ရေတွက်ေ သာ်(ကျောက်စာအရ)
နှစ်ပေါင်းသည် (၁၄၁၉) နှစ် ဖြစ် ပေသည်။
ဤအာနန္ဒစန္ဒြမင်းကျောက်စာအကြောင်းကို ဟိရနန္ဒဆပ်စတြီသည်
အိန္ဒိယရှေးဟောင်းသုတေ သနဌာန၏ (၁၉၂၅-၂၆) အတွက် နှစ်ချုပ်အစီရင်ခံစာ စာမျက်နှာ (၁၄၆-၁၄၈)
တွင် ဤကျောက်စာနှင့် ပက်သက်၍ မှတ်ချက် အနည်းငယ် ရေးသားဖေါ်ပြခဲ့ပေသည်။ အိန္ဒိယကျောက်စာဝန်
ဒေါက်တာ ပီအင် ချာကရာဝါဘီ ကလည်း အောက် ဆုံးစာကြောင်းရေ
(၅၀)ခန့်မျှကို (၁၉၃၀) ကျော်လောက်က ဖတ်ခဲ့သည် ဟု သိရပါသည်။ သို့ရာတွင် ဒေါက်တာ ပီအင်ချာကရာဝါဘီ
၏ မှတ်တမ်းကို အများသူငါလေ့လာနိုင်ေ လာက်အောင် ထုတ်ဝေခြင်း မပြုလုပ်နိုင်ခဲ့ကြပေ။
ဤကျောက်စာကို အစအဆုံး နီးပါး
အဓိပ္ပါယ် အပြည့်စုံဆုံး ဖတ်ခဲ့သောပုဂ္ဂိုလ်မှာ အင်္ဂလ န်နို င်ငံ
အောက်စဖို့စ့်တက္ကသိုလ် ဘေလီယောကောလိပ်မှ အရှေ့ တိုင်းပညာရပ်ဆိုင်ရာ ပါမောက္ခ အင်္ဂ လိပ်လူမျိုး
E.H .Johnston ဖြစ်ပါသည်။ ပါမောက္ခဂျွန်စတင်သည် ဤ ကျောက်စာကို (၁၉၃၅-၁၉၄၂) နှစ်အတွင်း
ဖတ်ရှုခဲ့လိမ့် မည်ဟု ခန့်မှန်းကြပေသည်။
ဂျွန်စတင်သည် အာနန္ဒစန္ဒြကျောက်စာ တိုင်ကို ကြည့်ပြီး ကိုယ်တိုင်ဖတ်ယူခြင်း မဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်မှ
ပေးပို့သော မင်ကူးပုံ ၂ ပုံနှင့် ဓါတ်ပုံ ရိုက်ယူထားသော အခြားပုံ အချို့မှနေ၍ ဖတ်ခဲ့သည်ဟု ဆိုထားပါ သည်။ ပါမောက္ခဂျွန်စတင်သည်
(၁၉၄၂) အောက်တိုဘာတွင် ကွယ်လွန်ခဲ့လေသည်။
ထိုအခါ ဤအာနန္ဒစန္ဒြကျောက်စာ၏ စာတမ်းသည် စာကြမ်းအဖြစ်သာ ရှိနေခဲ့ပေသည်။
၎င်းစာတမ်းကို ဘေလီယောကောလိပ်မှ တာဝန်ရှိသူများက ပါမောက္ခ ဆာရစ်ချစ်ဘန်း နှင့် ပါမောက္ခ
ဂျီအိပ်(ချ)လုပ်(စ်) ၏ အကူ အညီဖြင့် စာချောအဖြစ်
တည်းဖြတ်ပြီး Ball.S.O.A.S .Vol xi, pt.2, pp 357-3385 . “Some Sanskrit
Inscriptions of Arakan” ခေါင်း စဉ်ဖြင့် ထည့်သွင်းထုတ်ဝေခဲ့ပေသည်။
ယင်းနောက်တွင်ကား အာနန္ဒစန္ဒြမင်းကျောက်စာနှင့်
ပက်သက်၍ ဆောင်းပါးရေးသူ အတော် များ များ ပေါ်ပေါက်ခဲ့ကြပြီးဖြစ်ပါသည်။
မွန်ဘိုကေသည် ယဉ်ကျေးမှုစာစောင်တွင် “သျှစ်သောင်း ဘုရားမှ သက္ကတကျောက် စာတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊
ဆရာကြီးမင်းသုဝဏ် ၁၉၅၁-၅၂ နှစ်ထုတ် ဓည၀ တီမဂ္ဂဇင်းတွင် “အာနန္ဒစန္ဒ ရ-ရှစ် ရာစုခေတ်
ရခိုင်မင်းတစ်ပါး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆောင်းပါးများေ ရး သားခဲ့ကြသည်။
ဦးအောင်သာဦးလည်း ၁၉၆၆ ခုနှစ်ထုတ် ရခိုင်ယဉ်ကျေးမှုစာစောင်အတွဲ(၁)
အမှတ်(၁)တွင် အာနန္ဒစန္ဒြ မင်းကျောက်စာနှင့် ပက်သက်၍ “ဝေသာလီ” တွင် ဆောင်းပါးကိုရေးခဲ့သည်ဟု သိရသည်။
မန္တလေးဝိဇ္ဇာသိပ္ပံ
တက္က သိုလ် ပါဠိဌာနမှ သက္ကတသဒ္ဒါကျမ်းကို ရေးသားခဲ့သော
ဦးမြင့်ဆွေ(သက္ကတ) သည် ၁၉၆၈ ခုနှစ် တတိယအကြိမ် မြောက် သုတေသန ဆွေးနွေးပွဲတွင် ဤအာနန္ဒစန္ဒြမင်းကျောက် စာ အကြောင်းကို
စာတမ်းဖတ်ခဲ့သည်ဟု သိရပါ သည်။ ယင်းနောက် ဆရာကြီး ဦးစံသာအောင်သည် ဂျွန်စတင်၏ အင်္ဂလိပ်လို
ရေးထားသော အာနန္ဒစန္ဒြကျောက်မူ ကို အခြေခံကာ “အာနန္ဒစန္ဒြရှစ်ရာစု ရခိုင်ဝေသာလီမင်း” စာအုပ်ကို ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
ဤဆောင်းပါးတွင် အဓိက တင်ပြလိုသည်မှာ
ရှေးရှေးက အာနန္ဒစန္ဒြမင်းကျောက်စာကို ဖတ်ခဲ့ကြသော ရေးသား ခဲ့ကြသော ပညာရှင်များသည် ဂျွန်စတင်၏ အင်္ဂလိပ်လို ဘာသာပြန်ရေးသား ထားသည့်အတိုင်း
အာနန္ဒ စန္ဒြမင်း ကျောက်စာပါ စန္ဒြမင်းဆက်များကို သီဝနတ်မင်း၏အနွယ်က ဆင်း သက်လာကြသူများဟု
တစိုက်မတ်မတ် ရေးသား ဖေါ်ပြကြသည်ကို တွေ့ရသည်။ မည်သည့် သက္ကတ ပညာရှင်တစ်ဦးတစ်ယောက်မှ
အာနန္ဒစန္ဒြမင်းကျောက် စာပါ စန္ဒြဘွဲ့ခံမင်းများသည် သီဝနတ်မင်းအနွယ်က ဆင်းသက်လာသူများမဟုတ်ကြောင်း
ရေးသားကြသည်ကို ယနေ့ထိ မတွေ့မမြင်ရသေးပေ။ ပညာရှင် များသည် ယနေ့အထိလည်း အာနန္ဒစန္ဒြကျောက်စာပါမင်း
များသည် သီဝ နတ်မင်းအနွယ်က ဆင်းသက် လာကြသူများဖြစ်သည်ဟု ဂျွန်စတင်၏မူအတိုင်း လက်ခံထားကြသည်ကို
တွေ့ရပေ သည်။
ကျွန်တော်၏ လေ့လာတွေ့ရှိချက်များကို တင်ပြရသော်
အာနန္ဒစန္ဒြမင်းကျောက်စာပါ စန္ဒြဘွဲ့ခံမင်းများသည် သီဝနတ်မင်းအနွယ်က ဆင်းသက်လာသူများမဟုတ်ကြောင်းနှင့်
စန္ဒြဘွဲ့ခံမင်းများ သည် ဗြဟ္မဏ၀ါဒ အယူရှိ သူများ မဟုတ်ဘဲ ထေရ၀ါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြ သူများသာဖြစ်ကြောင်း အထောက်အထား
များ ဖြင့် ရှေ့တွင် ရှင်းလင်း တင်ပြသွားပေမည်။ အာနန္ဒ စန္ဒြမင်းကျောက်စာ ဗြဟ္မဏအယူရှိသော
မင်းများ၊တစ်နည်း ဟိန္ဒူယဉ်ကျေးမှုလွှမ်းမိုးသော မင်းများ မရှိ မပါဟု မဆိုလိုပါ။ စန္ဒြဘွဲ့ခံမင်း(၁၆)ပါး
တို့သည် သီဝနတ်မင်းအနွယ်က ဆင်းသက်လာသူများ မဟုတ်ကြောင်း နှင့် ထိုမင်းများသည် ထေရ၀ါဒ
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ် ကြသော မင်းများသာဖြစ်ကြောင်း ကို
အဓိကတင်ပြလိုပါသည်။
အာနန္ဒစန္ဒြမင်းကျောက်စာပါ စန္ဒြဘွဲ့ခံမင်းများ
သီဝနတ်မင်းအနွယ်က ဆင်းသက်လာကြသူများဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေစီစစ်သော် ပါမောက္ခဂျွန်စတင်၏
စာတမ်း၌ အာနန္ဒစန္ဒြကျောက်စာ ဂါထာ (၃၂ )နှင့် ဂါထာ
(၄၂)
ပါ “ဤဂါနွယ” စကားလုံးကို ကွဲလွဲစွာ ဘာသာပြန်လိုက်သော
စာသားအဓိပ္ပါယ်ကြောင့် စန္ဒြဘွဲ့ခံမင်းတို့သည် သီဝနတ်မင်းအနွယ် ဆင်းသက်ကြသူများ ဖြစ်သွားကြရခြင်းကို
တွေ့ရပေသည်။ ပုံ (၁-၂-၃ )ကို ရှုပါ။
အာနန္ဒစန္ဒြမင်းကျောက်စာ
ဂါထာ (၃၂) နှင့် ဂါထာ(၄၂) ကို မြင်တွေ့ရပုံ
( ပုံ-၁)
အာနန္ဒစန္ဒြကျောက်စာ
ဂါထာ(၃၂) နှင့် (၄၂)ကို ပါမောက္ခဂျွန်စတင် သက္ကတ
ဘာသာပြန်
အာနန္ဒစန္ဒြကျောက်စာ
ဂါထာ(၃၂) နှင့် (၄၂)ကို ပါမောက္ခဂျွန်စတင် အင်္ဂလိပ်လို
ဘာသာပြန်
( ပုံ-၃)
ဆရာကြီးဦးစံသာအောင်၏ ဂါထာ(၃၂)
မြန်မာပြန် အဓိပ္ပါယ်
“သီဝနတ်မင်းအနွယ်” မှဆင်းသက်လာကြသော အလွန်မွေ့လျော်ဖွယ်ရှိသည့်
လမင်းကဲ့သို့ လူ့ပြည်၌ ကျော် စောခြင်းရှိ၍ စန္ဒြဘွဲ့ခံကာ မင်းစည်းစိမ်ချမ်းသာကို တင့်တယ်စွာ
ခံစားခဲ့ကြသော မင်း(၁၆)တို့ ၏နန်းစံနှစ်ပေါင်း ကို ရေတွက်သော် နှစ် ၂၃၀ ဧကန်အမှန် ဖြစ်ရာ၏။
ဆရာကြီးဦးစံသာအောင်၏ ဂါထာ(၄၂) မြန်မာပြန် အဓိပ္ပါယ်
“သီဝနတ်မင်းနတ်မင်း၏အနွယ်တော်”
ဖြစ်ပြီး ရန်သူအပေါင်းကို အောင်နိုင်၍ သတ္တိသုံးပါး (ဦးဆောင်ခြင်း၊ အစိုး ရခြင်း၊စွန့်စားခြင်း)
၌ ချစ်ခင်တပ်မက်ယုံကြည်ကြသဖြင့် ကြီးမားသော ဘုန်းတန်ခိုးကိုရှိသော အကြင် ၀ဇြသတ္တိ မင်း၏သား
ဘုန်းကျက်သရေနှင့် ပြည့်စုံသော လူတို့၏အရှင် သူရဲကောင်း ဓမ္မစန္ဒြမင်းသည် လမင်းသဖွယ်
တင့် တယ်၍ တန်းခိုးအာနုဘော်ကြီးမားခြင်း၌ ထင်ရှားကျော်စော၏။
-----------------------------------------------------------------------------------------------------------------
အထက်တွင်
ပါမောက္ခဂျွန်စတင် အင်္ဂလိပ်လိုမူ နှင့် ဆရာကြီးဦးစံသာအောင်တို့ မြန်မာပြန်မူများတွင်
အာနန္ဒစန္ဒြ မင်းကျောက်စာ ဂါထာ(၃၂) နှင့် ဂါထာ(၄၂ ) ပါ စန္ဒြဘွဲ့ခံမင်းများသည် သီဝနတ်မင်း အမျိုးအနွ ယ်က
ဆင်းသက်လာကြသူများဖြစ်သည်ဟု တညီတညွတ်တည်း အဓိပ္ပါယ်ဖွင့်ဆိုကြ သည်ကိုေ တွ့ရ သည်။
ပါမောက္ခဂျွန်စတင်နှင့် ဆရာကြီးဦးစံသာအောင်တို့
သီဝနတ်မင်းအနွယ် ဟု အဓိပ္ပါယ်ဖွင့်ခဲ့သော “ဤဂါနွယ” စာလုံးကိုတွေ့ရပုံ
( ပုံ-၄)
ဤကဲ့သို့
အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၃၂ ) နှင့် (၄၂) ပါ “ဤဂါနွယ”
ကို ပညာရှင်များက သီဝနတ်မင်း အနွယ်ဟု အဓိပ္ပါယ်
ဖွင့်ဆိုခဲ့ကြသောကြောင့် ဂျွန်စတင်စာ တမ်းထွက် သည့်နှစ်မှ ယနေ့ထိ စန္ဒြဘွဲ့ခံမင်းများ သည် သီဝနတ် မင်း အနွယ်က ဆင်းသက်လာ ကြသူများဖြစ်သည်ဟု
စာအုပ်စာတမ်းဆောင်းပါးများတွင် ရေး သားဖေါ်ပြ နေခဲ့ကြပေသည်။ ထိုကဲ့သို့ “ဤဂါနွယ” ကို သီဝနတ်မင်းအနွယ်က ဆင်းသက်လာသောသူများဟု
ကွဲလွဲစွာ ဘာသာ ပြန်မိသောကြောင့် စန္ဒြဘွဲ့ခံ ထေရ၀ါဒဗုဒ္ဓဘာသာဝင်မင်းများသည် ဗြဟ္မဏအ ယူ ၀ါဒ ရှိသော
မင်းများဖြစ် အဖြစ် သတ်မှတ်ခံလိုက်ကြရပေသည်။ ဝေသာလီခေတ် တစ်ေ ခတ် လုံးတွင် ရခိုင်ပြည်အနှံ့
မှတ်တမ်းတင် ရေးထိုးခဲ့ကြ သော ဗုဒ္ဓဘာသာ၏
အဆီ အနှစ် ဂါထာ ဖြစ်သည့် “ယေဓမ္မာဟေတုပြဘ၀ါ”အစချီဂါထာပေါင်း မြောက်များစွာ ပါသော ကျောက် စာ များနှင့် စတူပါစေတီငယ်များစွာတို့သည် “ဤဂါနွယ=သီဝနတ်မင်းအနွယ်မှ” ဆင်း သက် လာသော စာလုံး အောက်တွင် မှေးမှိန်သိမ်ငယ်သွားရကြလေသည်။
ယေဓမ္မာ ဂါထာ ကျောက်စာချပ်ပေါင်း မြောက် များစွာ ရေးထိုးခဲ့ကြသော စန္ဒြဘွဲ့ခံမင်းများသည်လည်း
ဗြဟ္မဏ၀ါဒ အယူရှိသောမင်း၊ တနည်း ဟိန္ဒူမင်း များဖြစ်ကြ သည်ဟု သမိုင်းရေးထိုး ကောက်ချ ဆွဲယူ
ခံလိုက်ကြရပေသည်။
“ဤဂါနွယ=သီဝနတ်မင်းအနွယ်”
မဟုတ်ကြောင်း ရှင်းလင်းချက်
“ဤဂါနွယ” ဟူသော စာလုံးကို သက္ကတလို ဖွင့်ဆိုမည်ဆိုလျှင်
“ဤဂါနွယ = ဤဂါ + အနွယ” စကားလုံး နှစ်လုံးကို
ပေါင်းစည်းထားသော စကားလုံးဖြစ်ပေသည်။ ပါဠိဘာသာနှင့်ဆိုလျှင်လည်း “ဤသနွ ယ=ဤသ+အနွယ” ကို ပေါင်းစပ်ထားသော စကားလုံးဖြစ်ပေသည်။
ထိုအတွက်ကြောင့် သက္တတလို အနက်အဓိပ္ပါယ်ဖွင့်ရလျှင် မန္တလေး တက္ကသိုလ် ပါဠိဌာနမှ ဦးမြင့်ဆွေ-သက္ကတ (မဟာဝိဇ္ဇာ-လန်ဒန်) ရေး သားခဲ့သော၏ သက္ကတသဒ္ဒါကျမ်း
စာမျက်နှာ (၃၀၄- ၃၀၈) တွင် “ဤဂါနွယ=ဤဂါ+အနွယ”
ကို အောက် ပါ (ပုံ-၃) အတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည် ကိုတွေ့ရ ပေသည်။ “ဤဂါ” ၏ အဓိပ္ပါယ်မှာ (မင်း ၊ အုပ်ချုပ်သူ ) ဟု အနက်ဖွင့်ဆိုထားပေသည်။
“နွယ=အနွယ” မှာ အမျိုး အနွယ်၊ မျိုးရိုး ဟု ဖွင့်ဆို ထားပေ သည်။ ထိုကြောင့် “ဤဂါနွယ” ကို သက္ကတလို အနက်အဓိပ္ပါယ်ဖွင့်ဆိုရလျှင်
(မင်း၊ အုပ်ချုပ်သူ +အမျိုးအနွယ်= မင်းမျိုးမင်းနွယ်)
တစ်နည်း (ဘုရင့်အမျိုးအနွယ်) မှ ဆင်းသက်လာသောသူဟု
အနက် အဓိပ္ပါယ် ဖွင့်ဆိုရပေမည်။ ဤသို့အနက်ဖွင့် ဆိုသည်ကို မှားသည် ကွဲလွဲသည်ဟု ပြောဖို့ရန်
ကျမ်းဂန် အထောက် အထား တွေ့နိုင်မည်မဟုတ်ချေ။ ဤကား သက္ကတဘာသာ အလိုဖွင့်ဆိုချက်တည်း။
နောက်တစ်ခါ ဆရာကြီးဦးဟုတ်စိန် ဘီအေ(ဘီအယ်) ၏ ပဒတ္ထမဉ္ဇူသာ ပါဠိမြန်မာ အဘိဓါန်ကျမ်းကြီးကို
ကိုးကားကာ “ဤဂါနွယ” ကို ပါဠိ လို အနက်အဓိပ္ပါယ်
ဖွင့်ဆိုရလျှင်( ဤသ=ဤဂါ )သည် အစိုးရသောသူ
၊ မင်းဟု အ ဓိပ္ပါယ်ထွက်ပေသည်။ “နွယ=အနွယ” သည် အမျိုးအနွယ် ဟု အနက် အဓိပ္ပါယ်ကို
ဆောင်ပေသည်။ ထိုကြောင့် “ဤဂါနွယ” ကို ပါဠိလို
အနက်ဖွင့်ရ မည်ဆိုလျှင် လည်း “အစိုးရသောသူမျိုးရိုးအနွယ်”
တစ်နည်း “မင်းမျိုးမင်းနွယ်” မှ ဆင်းသက်လာသောသူဟုသာ အဓိပ္ပါယ် ဖွင့်ဆိုရပေမည်။
(ပုံ-၅) ကိုရှုပါ။ ဤသို့အနက်ဖွင့်ပြသည်ကို မှားသည် ကွဲ လွဲသည်ဟု ပြောဖို့ရန် ကျမ်း ဂန်
အထောက်အထား ရှိမည်ဟု မထင်မိချေ။ ဤကား ပါဠိ အလိုဖွင့်ဆိုချက်တည်း။
သက္ကတဘာသာတွင်
သီဝနတ်မင်းကို “ဂီဝ” ဟု တိုက်ရိုက်စကားလုံးရှိသလို၊
ပါဠိဘာသာတွင်လည်း သီဝ နတ်မင်းကို ဤဿန(ဤဂါန)
ဟု တိုက်ရိုက်စကားလုံးများရှိနေပေသည်။ ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာ ဂါထာ (၃၂-၄၂) တို့တွင်
ပါရှိသော “ဤဂါနွယ” စကားလုံး၏အဓိပ္ပါယ်သည်
သီဝနတ်မင်းအမျိုးအနွယ် ဟု အဓိပ္ပါယ် ဖွင့်ဆိုရန် လုံးဝမဖြစ်နိုင်ပေ။ စာရေးသူ၏ထင်မြင်ချက်ကို
ရေးရလျှင် (ဤဂါနွယ) စာလုံးကို (ဤဿန =ဤဂါန)
စာလုံးဟု ထင်မြင်ယူချက်ကာ သီဝနတ်မင်း ဟု အဓိပ္ပါယ်ဖွင့် ဆိုလိုက်ကြခြ င်းဖြစ် မည်ဟု ယူဆမိပါသည်။
ထိုကြောင့် သက္ကတလိုပြန်သော်လည်း
(ဤဂါနွယ)သည် “မင်း၊အုပ်ချုပ် သူမျိုးရိုး အနွယ်”ဖြစ်ပြီး ပါဠိလို အနက်အဓိပ္ပါယ် ဖွင့်သော်
လည်း (ဤဿနွယ) သည် “အစိုးရသော သူ၊မင်းမျိုးမင်းနွယ်” ဟုသာ အနက်အဓိပ္ပါယ် ထွက်သည်မှာ မှန်ကန်သောကြောင့်
အာနန္ဒ စန္ဒြ ကျောက်စာ ပါ စန္ဒြဘွဲ့ခံမင်းများသည် သီဝနတ်မင်းအနွယ်က ဆင်း သက်လာကြသူများမဟုတ်ဘဲ
၊ မင်းမျိုးမင်းနွယ်၊ တစ်နည်း ဘုရင်းမျိုးရိုး မဟာဆီ မဟာသွေး မျိုးရိုးစဉ်ဆက် ဆက်ခံ
လာသော ထေရ၀ါဒဗုဒ္ဓဘာသာကို
သက်ဝင်ယုံကြည်ကိုးကွယ်သည့် မင်းများသာဖြစ်ကြောင်းနှင့် အာနန္ဒစန္ဒြမင်း ကျောက်စာပါ ဂါထာ(၃၂-၄၂)ပါအဓိပ္ပါယ်များသည်လည်း(ပုံ-၆-၇)အတိုင်းသာဖြစ်ပါကြောင်း
ရေးသားတင်ပြလိုက်ရ ပေသည် ။
အာနန္ဒစန္ဒြမင်းကျောက်စာ
ဂါထာ(၃၂) ကို ပြန်လည် အဓိပ္ပါယ် ဖွင့်ဆိုခြင်း
(ပုံ-၆)
အမွန်စအကပင် မင်းမျိုးမင်းနွယ်မှ အစဉ်အဆက် ဆင်းသက်လာကြသော အလွန်မွေ့လျော်ဖွယ် ရှိသည့် လမင်းကဲ့သို့ ဤလူ့ပြည်၌ ကျော်စောခြင်းရှိ၍ မင်းစည်းစိမ်ကို တင့်တယ်စွာ ခံစားခဲ့ကြသော စန္ဒြဘွဲ့ခံမင်း(၁၆)ပါးတို့၏ နန်းစံနှစ်ပေါင်းကို ရေတွက်သော် တစ်ရာ ၂ ခါ ထက် အနှစ် ၃၀ ပိုသည်မှာ ဧကန်အမှန်ဖြစ်ပေသည်။
အာနန္ဒစန္ဒြမင်းကျောက်စာ
ဂါထာ(၄၂) ကို ပြန်လည် အဓိပ္ပါယ် ဖွင့်ဆိုခြင်း
(ပုံ-၇)
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့(ရန်ကုန်)
5.2.2018
No comments:
Post a Comment