သက္ကရာဇ် ကောဇာ ၉၅၉ ခုနှစ်
ခရစ်နှစ် 1597 ခုနှစ်
ဒင်္ဂါးပါမင်းအမည်= နရာဓိပ္ပတိ သားတော် အနောက်ဘ၀သျှင်
ဒင်္ဂါးပါသက္ကရာဇ်အတိုင်းဆိုလျှင် ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း နန်းဆက်မင်းဆက် ဇယားအရ နရာပတိဆော်လိမ်သျာဘွဲ့ခံ မင်းရာဇာကြီးသား ဖြစ်နေပေသည်။
မြောက်ဦးမင်းဆက် စာရင်းတွင် ဤမင်းအမည် မတွေ့ရပေ။ သူ၏ ဖခမည်းတော် နရာဓိပ္ပတိဆော်လိမ်သျာဘွဲ့ခံ မင်းရာဇာကြီး အမည်ကိုသာ တွေ့ရသည်။
မင်းရာဇာကြီးတွင် မင်းမာန်ကြီး နှင့် မင်းခမောင်း သားနှစ်ယောက်ရှိသည်။ ယခုဖေါ်ပြသော ဒင်္ဂါးသည်မင်းမာန်ကြီး က အနောက်ဘုရင် ဘ၀က ခပ်နှိပ်ခဲ့သော ဒင်္ဂါးများပေလော့၊
ဒင်္ဂါးစာအုပ်များတွင် မတွေ့ရသေးသော ဒင်္ဂါးတစ်ချပ် ဖြစ်သည်။
No comments:
Post a Comment