=========================================
**************************************************************
ရခိုင်ဝေသာလီခေတ်မှာ စိုးစံအုပ်ချုပ်ခဲ့သော မင်းများသည် ဟိန္ဒူမင်းများ၊
ဗြဟ္မဏအယူရှိသောမင်းများ ၊သီဝနတ်မင်းအနွယ်ကဆင်း သက်လာေ သာမင်းများ ဖြစ်သည်ဟု
ရှေးက ပြောဆိုရေးသားခဲ့ကြသည်။
**
ရခိုင်ဝေသာလီခေတ်တွင် အေဒီ ၄ ရာစုမှ အေဒီ ၁၀ ထိ ရေးးထိုးထား ခဲ့သော ကျောက်စာ အများအပြားကို မြောက်ဦးပြတိုက်တွင် ထိန်းသိမ်းပြသ ထားသည်။ မည်သည့်ကျောက်စာကို အကိုးအကားပြု၍ ရခိုင်ဝေသာလီ တွင် အုပ်ချုပ်ခဲ့သောမင်းများသည် ဟိန္ဒူမင်းများဖြစ်သည်။ ဗြဟ္မဏအယူဝါဒရှိသော မင်းများဖြစ်သည်ဟု ထုတ်ဖေါ်ပြောကြသည်ကို မတွေ့ရပေ။
***
(ခြွင်းချက်) အနေဖြင့် ပြောရမည်ဆိုလျှင်
အာနန္ဒစန္ဒြမင်းကျောက်စာ စာကြောင်းရေ ( ၂၈ )နှင့် စာကြောင်းရေ (၃၉) ပါ (ဤဂါနွယ= ဤသျ+အနွယ) စာလုံးကို “သီဝနတ်မင်းအနွယ်” ဆင်းသက် လာသည်ဟု ပါမောက္ခ ဂျွန်စတင်မှ စတင်၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြ သည်။ ဂျွန်စတင်နောက်ပိုင်း အာနန္ဒစန္ဒြမင်းကျောက်စာကို လေ့လာလိုက် စားကြသော ပညာရှင်အပေါင်းတို့သည် ဤအနက်အဓိပ္ပါယ် ကွဲလွဲစွာ ဘာသာပြန်ခဲ့သော စကားလုံး တစ်လုံးတည်းကြောင့် ဝေသာလီခေတ်တွင် စိုးစံအုပ်ချုပ်ခဲ့သော မင်းများအားလုံးသည် ဟိန္ဒူမင်းများဖြစ်သည်ဟု ပါမောက္ခဂျွန်စတင်၏ အယူအဆအတိုင်း ကောက်ချက် ဆွဲကာ ရေး သားခဲ့ကြသည်။
****
ဝေသာလီခေတ်တွင် ရေးထိုးထားခဲ့သည့် အခြား မြောက်များစွာသော ကျောက်စာ၊ ကြေးနီပြားစား၊ အုပ်ချုပ်စာ၊ ခေါင်းလောင်းစာများတွင် သီဝနတ်မင်းအနွယ်ကဆင်းသက်လာသူများဖြစ်သည်။ ဟိန္ဒူမင်းများဖြစ်သည်။ ဗြဟ္မဏအယူရှိသောမင်းများ ဖြစ်သည်ဟု မည်သည့်ကျောက်စာကိုမျှ အကိုးအကား မပြနိုင်၊ မပြောနိုင်ကြပေ၊
အဘယ်ကြောင့်နည်းဟူမူကား ဝေသာလီခေတ်ရေးထိုးခဲ့သည့် တွေ့ရှိခဲ့သမျှသော ကျောက်စာအားလုံးသည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်နေသော ကျောက်စာများသာ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
ရခိုင်ဝေသာလီခေတ်တွင် စိုးစံအုပ်ချုပ်ခဲ့သောမင်းများကို ဟိန္ဒူမင်းများဖြစ်သည်။ဗြဟ္မဏအယူရှိသောမင်းများ ဖြစ်သည်ဟု တစ်ထစ်ကျ ပြောလို ရေးလိုပါက တွေ့ရှိ ထားသမျှသော ကျောက်စာများတွင် မည်သည့်ကျောက်စာသည် ဟိန္ဒူမင်းများ ဗြဟ္မဏအယူရှိသောမင်းများ ရေးထိုးခဲ့သော ကျောက်စာများ ဖြစ်သည်ဟု ရေးသားဖေါ်ပြပြောဆိုကြပါ။
*****
ရခိုင်ဝေသာလီခေတ်ရေးထိုးခဲ့သော မည်သည့် ကျောက်စာသည် ဗုဒ္ဓဘာသာ နှင့် မသက်ဆိုင်သော ကျောက်စာဖြစ်သည် ဟု အလင်းပြနိုင်ကြမလား၊ ရှိရင် သက်သေပြပေးကြပါ။
မောင်ဖြူ (ကြွီတဲကျွန်း)
18.11.2018

No comments:
Post a Comment