ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, November 6, 2018

ရခိုင်ဝေသာလီခေတ်မှ ကျောက်စာတစ်ချပ် အသစ်တွေ့ရှိ။

ရခိုင်ဝေသာလီခေတ်မှ ကျောက်စာတစ်ချပ် အသစ်တွေ့ရှိ။
******************************************************
=======================================



ဟိုတပတ်က ဗိုလ်အောင်ကျော်လမ်းက ရွှေလင်ဗန်းလဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေတုန်း အယနာစာပီ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးဦးသာထွန်း(I.T.B.M.U) သည် မြောက်ဦးမြို့မှ ဦးစံရွှေကျော် ဆိုသူက ဆည်မြောင်း တောင်ဖြူဆည် မှ ကျောက်စာတစ်ချပ်ရလို့ဆိုပြီး ကျောက်စာ
ဓါတ်ပုံတစ်ပုံကိုလာပြပါတယ်။ ကျောက်စာက 2015 ခုနှစ်ကပင် ရထားတယ်လို့ သိရတယ်။ ကျောက်စာဓါတ်ပုံကို အသိတစ်ယောက်ပို့လိုက်လို့ ကျွန်တော်ဆီကို ရောက်နေပါတယ်။ ဆရာ ဖတ်နိုင်ရင် တစ်ခေါက်လောက် ဖတ် ပေးပါ ပြောလို့ ကျောက်စာ ဓါတ်ပုံကိုကြည့်လိုက်တယ်။
သူကလည်းချက်ချင်းသိချင်နေတော့ ဓါတ်ပုံကိုကြည့်ပြီး ဆရာဒီကျောက်စာ က အေဒီ ၄-၅ ရာစုလောက်က ၀ီရစန္ဒြမင်းကျောက်စာ လက်ရေး လက်သား မျိုးနဲ့ ရေးထားတဲ့ကျောက်စာဖြစ်ပါတယ်။ ရေးထားတဲ့ အက္ခရာက ဒေ၀နာ ဂရီအက္ခရာဖြစ်တယ်၊ ရေးထားတဲ့ ဘာသာက သက္ကဋ ပါဠိရောပြီး ရေးထိုးထားသော ကျောက်စာတစ် ချပ်ဖြစ်ပါတယ်ဆရာလို့ ပြောပြလိုက်ပါတယ်။
နောက်တစ်ခါ ကျောက်စာမျာ ရေးထားတဲ့ အကြောင်းအရာကို မသိရဘူးလားဆရာလို့ မေးလာတယ်။ တတ်နိုင်ရင် ဖတ်ပေးပါလားဆရာပြောတော့ ကျွန်တော်က ကျောက်စာဖတ်တတ်တဲ့သူမဟုတ်ပါဆရာ၊ မှတ်
တဲ့သူသာ ဖြစ်ပါတယ်။ ဒါပေမယ့် မိမိ သိမှတ်ထားသော အတွေ့အကြုံအရ ကျောက်စာမှာ အပေါ်ပိုင်းက ယေဓမ္မာဂါထာဖြစ်ပါတယ်၊ အောက်ကစာကြောင်းတွေမှာ
သေ၀ါ နျ ကံ၏အကျိုးကို ယုံကြည့်သူဖြစ်သောကြောင့် ၊ ဒေယဓမ္မာ ပေးလှူပြုလုပ်သောကုသိုလ်ကောင်းမှုသည်၊ (ဇ်)ယ်ဓမၼံ မဂ္တရား ဖုိလ္တရား ဆိုက်ရောက်နိုင်ပါစေသတည်း။ ဟု
အကြမ်းကြားဖြင့် တွေရပါတယ်ဆရာဟု ပြောပြလိုက်ရတယ်။
ကျွန်တော်က ဒီကျောက်စာ အရွယ်အစား၊ အလျားအနံ၊အထူ၊ ရသည့်နေ့ လ နှစ်၊ နေရာအတိအကျ၊ ယခုဘယ်မှာရှိတယ်ဆိုတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ဖို့လိုချင် ပါတယ်ဆရာ၊ ရနိုင်ရင်ကူညီပေးပါပြောလိုက်တယ်။ ယင်းဆရာကလည်း သူ မေးပေးပါမယ့်လို့ ကတိခံပြောသွားတယ်။ ဒီကျောက်စာ မြောက်ဦပြတိုက်ကို လှူထားလိုက်ပြီးလို့လည်း ပြောခဲ့ပါသေးတယ်။
ယခု ယင်းကျောက်စာကို အများသူငါ လေ့လာနိုင်အောင် အက္ခရာဖလှယ်ပြီး တင်ပေးလိုက်ပါတယ်။
ကျောက်စာမှာ စာကြောင်းရေ ငါးကြောင်းပါတယ်။
စာကြောင်းရေ သုံးကြောင်းနှင့်တစ်ဝက်က ယေဓမ္မာ ဂါထာဖြစ်ပြီး တစ်ကြောင်းနှင့်တစ်ဝက်က ဒေယဓမ္မာ တရားကို လှူသောကြောင့်
ဇယျဓမ္မံ သစ္စာလေးပါးတရား ကို အောင်နိုင်သူ ဖြစ်လိုကြောင်း ရေးထိုးထားတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ကျောက်စာအချက်အလက်များ တစ်ချို့ကို Rakha Thurine ကွန်မန့်မှ သိရသောကြောင့် Edit လုပ်ထားလိုက်ပါတယ်။
မောင်ဖြူ (ကြွီတဲကျွန်း)
28.10.2018

No comments:

Post a Comment