ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Sunday, March 10, 2019

လွတ်ငြိမ်းချမ်းသာအစ အာနန္ဒစန္ဒြမင်းက


===========================
ပြတျဟံ နေ့စဉ်မပြတ် ၊ ဂါသာယံ တရားခမ်းမကြီး၌ ၊ သတြံ စည်းဝေးတိုင်ပင်ခြင်းကို ၊ သဒါ အခါခပ်သိမ်း၊ ပြ၀တ္တိတမ် အမြဲလုပ်လေ၏ ။အတိဝဓျာဂ္စ အလွန်သေထိုက် သတ်ထိုက်သော သူတို့ ကိုလည်း ၊ဂရုဏျာ သနားကြင်နာစွာဖြင့် ၊ ဘက္တ ထမင်းအစာ၊ ပြာဏိနော သောက်ရေပေးကာ၊သဒါး အခါခပ်သိမ်း၊ မောစိတာ လွှတ်တော်မူလေသည်။
************************************
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၅၈)သည် အာနန္ဒစန္ဒြမင်းကျောက်စာ၏ စာကြောင်းရေ (၅၉-၆၀)တွင်ရှိ သည်။ အာနန္ဒစန္ဒြမင်းကြီးသည် မင်းတကာ့မင်းတို့ ပြုနိုင်ခဲ့သော သမိုင်းဝင်ဘာသာရေး ပွဲတော်ကြီးဖြစ်သော သင်္ဂါယနာတင်ပွဲကို ကျင်းပပြီး ၊ အထူးထူးအပြားပြား များပြားစွာသောကုသိုလ် ကောင်းမှုများကို အလွန်စင်ကြယ်သောစိတ်ဖြင့် ပြုလုပ်ခဲ့သည့်ကြောင်းကို ဂါထာပုဒ်(၄၅)မှ (၅ရ)ထိတွင် ရေးထိုးပါရှိသည်။
**
ယခု ဤဂါထာတွင် အာနန္ဒစန္ဒြမင်းကြီးသည် ဒါန သီလ ကုသိုလ် ကောင်းမှု များကို အမြဲပြုလုပ်နေသူဖြစ်သောကြောင့် အကုသိုလ် အမှုဖြစ်သည့် သူ တစ်ပါးအသက်ကို သတ်ခြင်း ၊ ပုတ်ခြင်း ၊နှိပ်စက်ခြင်းများကို လုံးဝ ရှောင်ရှား လိုခြင်းကြောင့်လည်းကောင်း ၊ တစ်နည်း မိမိဆောက်တည်သော သရဏာဂုဏ်သုံးပါးနှင့် သီလ မကျိုးမပေါက် မပျက်စေလိုသောကြောင့်လည်း ကောင်း၊ ကုသိုလ်အဟုန် ထုံမွန်းနေသောကြောင့်လည်းကောင်း မိမိတို င်းနိုင်ငံ တွင်း၌ အလွန်တရာ သေဒဏ်ပေးထိုက် ၊ သတ်ထိုက်သော ရာဇ၀တ် သားများကို တရားသဘင် ခမ်းမကြီးတွင် နေ့စဉ်နေ့ တိုင်း စည်းဝေးကာ ပညာရှိ မင်းတိုင်ပင်အမတ်ကြီးများနှင့် ကြားနာ တိုင်ပင်၍ သူ့တစ်ပါးအသက်ကို မသတ်ဘဲ အခါ ခပ်သိမ်း ချမ်းသာပေးလေသည်။ ထို့အပြင် ထိုသေထိုက်သတ်ထိုက်သော ရာဇ၀တ်သားများအား သနားကြင်နာ စွာဖြင့် ထမင်းအစာ သောက်ရေပေးကာ လွတ်ငြိမ်းချမ်းသာပေးတော်မူသည်ကို ရေးထိုးမှတ်တမ်းတင်ထားသော ဂါထာဖြစ်ပါသည်။
ထိုကြောင့် ရာဇ၀တ်သားများအား လွတ်ငြိမ်းချမ်းသာပေးသော အစဉ်အလာ ဓလေ့သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန္ဒြမင်းမှ အစပြုကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
---
မှတ်ချက် - တစ်ချို့သော သက္ကတအက္ခရာဖေါင့်စာလုံးများသည် ကွန်ပျူတာဖေါင့် မရှိသ့ဖြင့် ပုံစာကိုအတည်ယူကြပါရန်။
မောင်ဖြူ (ကြွီတဲကျွန်း)

No comments:

Post a Comment