ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Friday, April 26, 2019

အာနန္ဒစန္ဒြမင်းကျောက်စာပါ ဂါထာ(၅၇) ဖွင့်ဆိုချက်




***************************************************
မြို့တော်အား သန့်ရှင်းသာယာလှပအောင် စီမံပြုလုပ်ထားခြင်း
------------------------------------------------------------------
မောင်ဖြူ (ကြွီတဲကျွန်း)
27.4.2019
ပူဗ ရှေးယခင်က ၊ ဒေါမဃေနာမကော ဒေါမဃေ အမည်တွင်ခဲ့ပြီး ၊ ပီလက္ကာ၊ ၀ဍကုဟွေပိ ယခုအခါ ပီလက္ကာဝဍကု ခေါ်တွင်သောအရပ်၌ ၊ ၀ီထိကာ လမ်းများ ၊ ၀ိဝိဓာရာမား အထူးထူးအပြားပြား၊ ထူးခြားဆန်းကြယ် နှစ်လိုဖွယ်ကောင်းသော ပန်းခြံနှင့်ပန်းအလှများ၊ အရိပ်ရသစ်ပင်များ
၊ နေချင်စဖွယ် လှပသော အဆောက်အဦး နှင့် နေရာများ ၊သေတု သံကြမာ ပေါင်းကူးတံတား၊စင်္ကြလမ်းများတို့ကို ၊ ကာရိတာ မြို့အနှံ့ ပြုလုပ်တော် မူလေသည်။
** ** ** **
အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၅၇)သည် ကျောက်စာ၏ စာကြောင်းရေ (၅၈-၅၉)တွင် ရှိသည်။ ဤဂါထာ၌ အာနန္ဒစန္ဒြမင်းကြီးသည် သမိုင်းဝင်ဘာသာရေးပွဲတော်ကြီးဖြစ်သော သင်္ဂါယနာတင်ပွဲတော် ကို ကျင်း ပသည့်အခါ ပြည်တွင်း ပြည်ပမှ ပင့်ဖိတ်ထားသော ရဟန်းသံဃာများ၊ လူ ပုဂ္ဂိုလ်များ ရောက်ရှိလာ ကြ မည် ဖြစ်သောကြောင့် ယခင့်ယခင်က ဒေါမေ ဃ ဟူသောအမည်တွင်ခဲ့ပြီး ယခုအခါ ပီလက္က၀ဍကု ဟုခေါ်သော အရပ်၌ ဖြောင့်တန်းသန့်ရှင်းသော မင်းလမ်း စင်္ကြန် များကိုလည်းကောင်း ၊ လှ ပသောပေါင်းကူးတံတား များကို လည်းကောင်း၊ နှစ်လိုဖွယ် နေချင် စဖွ ယ်ကောင်းသော အဆောက်အဦများနှင့် ပန်းခြံ ပန်းအလှ၊ အရိပ်ရသစ်ပင် များကိုလည်းကောင်း ၊ နန်းမြို့အတွင်းအပြင်အနှံ့ မျက်စိပသာဒ ဖြစ်အောင် အထူးထူးအပြားပြား အလွန်လှပ ဆန်းကြယ်စွာ တန်ဆာဆင် ပြုလုပ်ထား သည်ကို ရေးထိုးထားသော ဂါထာဖြစ်သည်။
ဤသို့ပြုလုပ်ရသည်မှာ သင်္ဂါယနာတင်ပွဲတော်ကြီးသို့ အနယ်နယ် အရပ်မှ ကြွရောက်လာကြမည့် ဧည့်သည်တော်များအား အာနန္ဒစန္ဒြမင်းကြီ စိုးစံအုပ်ချုပ် နန်းစိုက်ရာမြို့တော်ကြီးသည် အလွန် နေချင်စဖွယ် ကောင်းေ သာ အမြင်တင့်တယ်လှပသော မြို့တော်ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြသလို ဟန်ရှိပေသည်။
အထူးထူး အပြားပြား သာယာလှပစွာ တန်ဆာဆင်ပြုလုပ်ထားေ သာ ဤ ပီလက္က ၀ဍကု အရပ်ဒေသများသည် အာနန္ဒစန္ဒြမင်း နန်းစံရာ နန်းမြို့ အနီးတစ်ဝိုက် ပတ်ဝန်းကျင်တွင်သာ ဖြစ်တန်ရာ၏။
ဂါထာပါ အကြောင်းအရာများကို ကြည့်ရခြင်းအားဖြင့် အာနန္ဒစန္ဒြမင်း လက်ထက် အေဒီ (၇)ရာစုကပင် ရခိုင်ဝေသာလီမြို့တော်၌ ယခုခေတ် အခေါ် မြို့တော်စည်ပင်သာယာဌာနမှ ဆောင်ရွက်နေသော လမ်းတံတား ဌာန၊ ပန်ခြံနှင့် ပန်းအလှဌာနစိပ်များ ရှိနေသကဲ့သို့ စီမံခန့်ခွဲမှုဌာနများ ရှိေ နပြီဖြစ်ကြောင်း သိနိုင်သည်။
အချို့သော အက္ခရာစာလုံးများသည် FB တွင် ရေး၍ မရသဖြင့် ပုံထဲမှ အက္ခရာစာလုံးများကိုသာ အတည်ယူကြပါရန်။

---------------------------
ကိုးကား -
အာနန္ဒစန္ဒြမင်း ကျောက်စာကြောင်းရေ ၅၈/၅၉ မင်ကူးဓါတ်ပုံမူ၊
ကုန်သာကျောင်းဆရာတော်-ရာဇမတန်ကျမ်း၊ ၈ကြောင်းပေမူ၊ ၁၂၀၈
ဦးစံသာအောင်-အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း
ဦးမြင့်ဆွေ- သက္ကတသဒ္ဒါကျမ်း

No comments:

Post a Comment