ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Monday, August 5, 2019

မယူရှင်မနတ်ကွန်း ရှိ ကျောက်စာ







*********************************
ဤကျေက်စာသည် ရသေ့တောင်မြို့နယ် မကျည်းချောင်းနှင့် ကုလားချောင်းကျေးရွာကြား၊ ၊မယူရှင်မနတ်ကျွန်းတွင်တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မယူမြစ် ကမ်းနဖူးတည်ရှိသည့် မယူရှင်မနတ်ကျွန်းအနီးတွေ့ရသောကြောင့် မယူရှင်မနတ်ကွန်းကျောက်စာဟုခေါ်ကြသည်။ ဤကျောက်စာ၏ လက်ရေးလက်သားသည် အာနန္ဒစန္ဒြမင်းကျောက်စာထက် နည်းနည်းနောက်ကျဟန်ရှိသည်။ အဘယ်ကြောင့်ဆိုသော ဤကျောက်စာတွင်ပါသော (ရိ) (တြ) (ပ) (ဒေ) (၀) (ဟု) (ဗ) စာလုံးတို့ဥည် အာနန္ဒစန္ဒြမင်းကျောက်စာတွင် ရေးထိုးထားသော အက္ခရာမျိုးဖြစ်ပြီး ၊ (ဂြီ) (ဇ) (ဏ) စာလုံးတို့သည် အာနန္ဒစန္ဒြမင်းကျောက်စာထက် စောသော ဝေသာလီခေတ်ကျောက်စာများတွင် မတွေ့ရသော အက္ခရာစာလုံးများဖြစ်ကြသည်။ ထိုကြောင့် ဤကျောက်စာသည် အာနန္ဒစန္ဒြမင်းကျောက်စာထက် နည်းနည်း နောက်ကျဟန်ရှိသည်ဟု ယူဆရခြင်းဖြစ်သည်။ခေတ်ကာလအားဖြင့် အေဒီ (၈-၉) ဟု ယူဆရသည်။ ကျောက်စာပါတွင် “တြဒေ၀=နတ်မင်းသုံးပါး” ဟူသော စာ သား ကို အဓိပ္ပါယ်ဖေါ်ယူရရှိပြီး ကျန်သောစာလုံးများမှာ နတ်မင်းသုံးပါး၏ အမည် ဖြစ်မည်ဟု ယူဆရသည်။
ဓါတ်ပုံများကို အကို အေးသန်းမောင်မှ ပံ့ပိုးကူညီသည်။
မောင်ဖြူ (ကြွီတဲကျွန်း)

No comments:

Post a Comment