ရခိုင်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်း နှင့် နေထိုင်လာခဲ့သော လူမျိုးတစ်မျိုးဖြစ်သည်နှင့်အညီ မိမိတို့ ဖြတ်သန်းလာခဲ့သမိုင်းတစ်လျောက်တွင် နိုင်ငံကြီးသားဖြစ်ကြောင်းကို ဖွင့်လှစ်ပြနေသော လက္ခဏာတစ်ရပ်မှာ ရခိုင်ဒင်္ဂါးများပင်ဖြစ်သည်။
ရခိုင်ဒင်္ဂါးများကိုေ လ့လာရာတွင် အေဒီ ၁ ရာစုမှ အေဒီ ၉ ရာစုအထိ ရခိုင်ဝေသာလီမင်းနေပြည်သုံး
ရခိုင်ဝေသာလီခေတ် မင်းနေပြည်တော်သုံးဒင်္ဂါး(၅)မျိုးကို တွေ့ရသည်။ ပုံ-၁။
ယင်းဝေသာလီခေတ်တွင် အေဒီ (၄ ရာစုမှ အေဒီ ၉ ရာစု)အထိ အနောက်ဘက်နယ်မြေများကို အုပ်ချုပ်ရန် ရခိုင်ဝေသာလီအနောက်ဘုရင်ခံများ ခပ်နှိပ်ခဲ့သော ဒင်္ဂါး (၄)မျိုးရှိကြောင်းတွေ့ရသည်။ (ပုံ-၂)
မြောက်ဦးခေတ် (အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ထိ) မင်းနေပြည်တော်သုံးဒင်္ဂါး(၃)မျိုးတွေ့ရှိရ၏။ (ပုံ-၃)
မြောက်ဦးခေတ်တွင် မင်းနေပြည်တော်နှင့် အလှမ်းဝေးကွာသော အနောက်ဘက်နယ်မြေများကို အုပ်ချုပ်ရန်ခန့်အပ်ခဲ့သော အနောက်ဘုရင်တို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါး( ၄)မျိုးလည်း ရှိသည်ကိုတွေ့ရသည်။ (ပုံ-၄)
No comments:
Post a Comment