ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, November 30, 2021

တန်ဖိုးမြင့်မား ရှေးဟောင်းဒင်္ဂါး

 



တန်ဖိုးမြင့်မား ရှေးဟောင်းဒင်္ဂါး
မောင်သာ(ရှေးဟောင်းသုတေသန)
 
ရွှေ၊ငွေ၊ကြေးဒင်္ဂါးများကို ငွေကြေးသုံးစွဲမှု စနစ်တစ်ခုအဖြစ် နိုင်ငံအသီးသီးတွင် ရှေးနှစ်ပေါင်းများစွာကတည်းက သွန်း လုပ်ခဲ့ကြသည်။ယခုအချိန်တွင် သုံးစွဲမှု မရှိတော့သည့် ခေတ်ဟောင်း ရှားပါးဒင်္ဂါးများအားနိုင်ငံတကာ ဈေးကွက်တွင် တန်ဖိုး အလွန်မြင့်မားစွာ ပေး၍၀ယ်ယူကြရ၊လေလံဆွဲကြရသည်။သမိုင်းမတင်မီက သွန်းလုပ်ခဲ့သည့် အချို့သော ဒင်္ဂါးများသည် ၀ယ် ယူ၍ပင်မရနိုင်တော့ပါချေ။
ဒင်္ဂါးပြားများစုဆောင်းသည့် ၀ါသနာသည် ယနေ့ကမ္ဘာတွင်လူကြိုက်များလျက်ရှိသည်။ ဒင်္ဂါးပေါ်တွင်ရေးထိုးထား သည့် မူလတန်ဖိုးထက် အဆပေါင်းများစွာ တန်ကြေးမြင့်တက်နေသည့် ဒင်္ဂါးများသည် သတ္ထု အပိုင်းအစတစ်ခုသာ ဖြစ်သော် လည်း သမိုင်းတွင်အရေးပါမှု၊ အလွန်ရှားပါးမှု၊သွန်းလုပ်ရာတွင် မှားယွင်းခဲ့မှု စသည်တို့ကြောင့် မယုံနိုင်လောက်အောင် ဒေါ် လာ သန်းနှင့်ချီကာ ဈေးပေါက်နေသည်။သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် ဈေးအကြီးဆုံးဒင်္ဂါးများသည် အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
အက်ဒွပ် အကြွေစေ့ (1344 Edward III florin)
ခြင်္သေံ့နှစ်ကောင်ဟု လူသိများသော ခြောက်သျှီလင် အကြွေစေ့ များကို ၁၃၄၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ အက်ဒွပ် ဘုရင် က ထုတ်ဝေ ခဲ့သည်။ယင်းအကြွေစေ့များကို ဥရောပ တစ်ဝန်းလုံးတွင် သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အကြွေစေ့၏ ခေါင်းဘက်တွင် အမိုးတစ်ခုအောက်တွင် ကျားသစ်ဦးခေါင်းနှစ်ခုခြံရံလျက် ဘုရင်ကြီး နန်းတက်နေသည့်ပုံကို သွန်းလုပ်ထား သည်။ ကျောဘက် တွင်ဘုရင့်တံဆိပ် ကြက်ခြေခတ် ပုံနှင့် ကျားသစ်တစ်ကောင်တို့ကို ပုံဖော်ထားသည်။
ယင်းအကြွေစေ့များကို ၁၃၄၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော်လည်းလ အနည်းငယ်အတွင်းပြန်လည်ရုပ်သိမ်းခဲ့သည်။ ဗြိတိသျှတို့ ထုတ်ဝေခဲ့သည့် ဒင်္ဂါးများအနက် ယင်းဒင်္ဂါးသည် အရှားပါးဆုံးဖြစ်ဖွယ်ရှိပြီး ယခုအခါတွင် ကမ္ဘာပေါ်တွင် သုံးခု သာ ကျန်ရှိတော့သည်။ဒင်္ဂါးတစ်ပြားကိုပိုင်ဆိုင်ထားသူက သူ၏ ဒင်္ဂါးကို ၂၀၀၆ ခုနှစ် ဇူလိုင်လက လေလံတင်ခဲ့ရာ ဒေါ်လာ ခြောက် သိန်း ရှစ်သောင်းရရှိကာ ဈေးအမြင့်ဆုံးသော ဗြိတိသျှ ဒင်္ဂါးအဖြစ် စံချိန်တင်ခဲ့သည်။ကျန်ဒင်္ဂါး နှစ်ပြားကို ဗြိတိသျှ ပြတိုက်တွင် ပြသ ထားသည်။
လင်းယုန် နှစ်ကောင် အကြွေစေ့( 1907 Saint Gaudens Eagle Ultra High Relief)
လင်းယုန် နှစ်ကောင် ဒင်္ဂါးကို ဒေါ်လာ နှစ်ဆယ် တန်ဖိုးသတ်မှတ်ကာ ၁၉၀၇ ခုနှစ်က အမေရိကန် နိုင်ငံတွင် ထုတ်ဝေ ခဲ့သည်။ဒင်္ဂါး ဒီဇိုင်းကို နာမည်ကျော် ပန်းပုဆရာ စိန့်ဂေါဒင်စ် က ရေးဆွဲခဲ့သည်။ဒင်္ဂါးပေါ်မှ ရုပ်ကြွသည် မြင့်မောက်နေသဖြင့် တစ်ပြားနှင့် တစ်ပြား ထပ်ထားရန် ခက်ခဲနေသဖြင့် အရေအတွက်၂၄ ပြားသာ ထုတ်ခဲ့သည်။နောက်ပိုင်းတွင် ဒင်္ဂါးဒီဇိုင်းကို အကြိမ်များ စွာ မွမ်းမံခဲ့ပြီး ၁၉၃၃ ခုနှစ်အထိ ထုတ်ဝေခဲ့သည်။
၁၉၀၇ ခုနှစ်ထုတ် ဒင်္ဂါးပြား နှစ်ခုကို စမစ်ဆိုနီယံ ပြတိုက်တွင်ပြသထားပြီး တစ်ပြားကို ၂၀၀၅ ခုနှစ် လေလံပွဲတွင် ရောင်းချခဲ့ရာ ဒေါ်လာ သုံးသန်းနီးပါးရရှိခဲ့သည်။
လင်းယုန် တစ်ခြမ်း ဒင်္ဂါး(1822 Half Eagle)
အမေရိကန် ဒင်္ဂါးစက်ရုံမှ ၁၈၂၂ ခုနှစ်တွင် ငါးဒေါ်လာတန် ရွှေဒင်္ဂါးများကိုသွန်းလုပ်ခဲ့ရာ ယင်းတို့သည်ယခုအခါတွင် အရှားပါးဆုံးသော ဒင်္ဂါးများဖြစ်နေကြသည်။လင်းယုန်တစ်ကောင်၏ ကိုယ်တစ်ခြမ်းပုံသွန်းလုပ်ထားသော ယင်းဒင်္ဂါးကို ဂျွန်ရိခ်ျ က ဒီဇိုင်းဆွဲခဲ့ပြီး အရေအတွက် ၁၇၇၉၆ ပြားထုတ်ဝေခဲ့သည်။သို့သော်လည်း ယခုအခါတွင်သုံးပြားသာကျန်ရှိတော့ရာ နှစ်ပြားကို စမစ်ဆိုနီယံ အမျိုးသား အဆင့် ဒင်္ဂါး စုဆောင်းမှုဌာနတွင်သိမ်းဆည်းထားပြီး ကျန်တစ်ပြားကို ၁၉၈၂ ခုနှစ်က အမေရိကန် ဒေါ်လာ ခုနစ် သောင်းဖြင့် ရောင်းချခဲ့သည်ဟု သိရှိရသည်။
လွတ်လပ်ရေးခေါင်း ဒင်္ဂါးပြား( 1913 Liberty Head Nickel)
၁၉၁၃ ခုနှစ်တွင် ငါးဆင့်တန် လွတ်လပ်ရေး အထိမ်းအမှတ်ခေါင်းပါ ဒင်္ဂါးပြားများကို အမေရိကန် ပြည်ထောင်စု အစိုးရ ၏ ခွင့်ပြုချက်မရှိဘဲ အရေအတွက်ကန့်သတ် ထုတ်ဝေခဲ့သည်။ထိုဒင်္ဂါးရှိနေမှုကို ၁၉၂၀ ပြည့်နှစ်တွင် လူများ သိရှိ ခဲ့ကြ သည်။ ဒင်္ဂါးပြားအားလုံး၏ ပိုင်ရှင်မှာ ဒင်္ဂါးသွန်းစက်ရုံ ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဆင်ုမြူရယ် ဘရောင်းဆိုသူဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် ယင်းဒင်္ဂါးသည် အမေရိကန် ဒေါ်လာ တစ်သိန်းရရှိခဲ့သည့် ပထမဆုံးဒင်္ဂါးဖြစ်လာခဲ့သည်။၁၉၉၆ ခုနှစ် တွင် နောက်ထပ် လွတ်လပ်ရေးခေါင်း ဒင်္ဂါးသည် ပထမဆုံး ဒေါ်လာ သန်းဂဏန်းရရှိခဲ့သည်။ယခုအခါတွင် အဆိုပါ ဒင်္ဂါးသည် ငါး ခုသာ ကျန်ရှိတော့ရာ ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၃ ဒသမ ၇ သန်းအထိ ဈေးရရှိခဲ့သည်။
ငွေစင်ဒေါ်လာ(1804 Silver Dollar)
၁၈၀၄ ဒင်္ဂါးဟု ခေါ်ကြသော ငွေစင်ဒေါ်လာ ဒင်္ဂါးသည် ၁၈၀၄ ခုနှစ်တွင်သွန်းလုပ်ခဲ့ခြင်းမဟုတ်ဘဲ ၁၈၃၀ ပြည့်နှစ် တွင် သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။လွတ်လပ်ရေးရုပ်ထုပါ အမျိုးသမီး၏ ကိုယ်တစ်ပိုင်းပုံ သရုပ်ဖော်ထားသည့် ယင်းဒင်္ဂါးပြားများ အား သံခင်းတမန်ခင်းလက်ဆောင်အဖြစ် ထုတ်လုပ်ခဲ့သည်။အမေရိကန် သမ္မတ အင်ဒရူးဂျက်ဆင်က အရှေ့ဖျား နိုင်ငံများသို့ သံအမန်အဖြစ် ပထမဆုံးခန့်အပ်ခြင်းခံသူ အက်ဒ်မန် ရောဘတ်က ယိုးဒယားနိုင်ငံသို့ သွားမည့် ချစ်ကြည်ရေးခရီးစဉ်တွင်
အသုံးပြုရန် အမျိုးအစား အဆင့်သုံးမျိုး ခွဲခြားထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ယခုအခါတွင်၁၅ ပြားသာကျန်ရှိတော့ရာ ပထမအဆင့်
ဒင်္ဂါးပြားသည် တန်ဖိုးအမြင့်ဆုံးဖြစ်ကာ ၁၉၉၉ ခုနှစ်တွင် အိုမန် စော်ဘွားတစ်ဦးက ဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ သည်။
အဲလ်ဇဘက်ဒင်္ဂါး( 2007 Queen Elizabeth II)
၂၀၀၇ ခုနှစ်တွင် ကနေဒါတော်ဝင်ဒင်္ဂါးစက်ရုံတွင်သွန်းလုပ်ခဲ့သော ဒင်္ဂါးသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဒေါ်လာ တစ်သန်း တန်ဖိုးသတ်မှတ်ထားသည့် ဒင်္ဂါးဖြစ်သည်။ဒင်္ဂါးတစ်ပြားစီကို ၉၉ ဒသမ၉၉ ရာခိုင်နှုန်းရွှေစင် ၁၀၀ ကီလိုဂရမ်ဖြင့်ပြု လုပ်ထားသည်။ဒင်္ဂါး၏ မျက်နှာတစ်ဘက်ကို အဲလ်ဇဘက် ဘုရင်မကြီးပုံကိုသွန်းထားပြီး အခြာတစ်ဘက်တွင် မေပယ်လ်ရွက် သုံးရွက်ပုံကို ပုံဖော်ထားသည်။ကဒေါနိုင်ငံ၏ မေပယ်လ်ရွက် ရွှေဒင်္ဂါးများကို ဈေးကွက်မြှင့်တင်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ် သော် လည်း ငါးပြားသာ ရောင်းချခဲ့ရသည်။၂၀၀၉ ခုနှစ် ဗီယင်နာ လေလံပွဲတွင် ဒင်္ဂါးတစ်ပြားကို ဒေါ်လာ လေးသန်း ဖြင့် ရောင်းချ ခဲ့ရသည်။
ဘရက်စ်ရှာ ဒိုဘလွန် ဒင်္ဂါး( 1787 Brasher Doubloon)
ဘရက်စ်ရှာ ဒိုဘလွန်ရွှေဒင်္ဂါးများကို နယူးယောက်မြို့မှ ပန်းတိမ်ပညာရှင် ဘရက်စ်ရှာက ကိုယ်ပိုင်ဒင်္ဂါးများအဖြစ် အခြားကြေးဒင်္ဂါးများနှင့် အတူ ထုတ်လုပ်ခဲ့သည်။နယူးယောက် ပြည်နယ်ဥပဒေပြုအဖွဲ့က ဘရက်စ်ရှာ၏ ကြေးဒင်္ဂါးများသွန်း လောင်းခွင့် လျှောက်ထားမှုကို ပယ်ချပြီးခဲ့ပြီးနောက် ၁၇၈၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ဒင်္ဂါးမျက်နှာပြင်ပေါ်ရှိ အမှတ် လက္ခဏာများ ပေါ်မူတည်လျက် အမျိုးအစားကွဲပြားမှုများရှိသည်။
လင်းယုန်တစ်ကောင်၏ ရင်အုံပုံ သွန်းလုပ်ထားသည့် ဒင်္ဂါးပြားတစ်ပြားကို ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၄ သန်း ဖြင့် ရောင်းချခဲ့ရသည်။လင်းယုန်တောင်ပံများပါသော ဒင်္ဂါးပြားသည် ၂၀၀၄ ခုနှစ်က ဒေါ်လာ ၄ ဒသမ ၅ သန်းရရှိခဲ့သည်။ယခု အခါတွင် အလွန်နည်းပါးသော အရေအတွက်မျှသာ ကျန်ရှိတော့သည်။
လင်းယုန် နှစ်ကောင်ဒင်္ဂါး(1933 Double Eagle)
အမေရိကန် ပြည်ထောင်စုတွင် ၁၉၃၃ ခုနှစ်က ၂၀ ဒေါ်လာတန် ရွှေဒင်္ဂါးများထုတ်လုပ်ခဲ့သည်။ယင်းတို့ကို အရေ အတွက် လေးသိန်းထုတ်လုပ်ခဲ့ပြီး ထိုနှစ်မှာပင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ဒင်္ဂါးဒီဇိုင်းကို စိန့်ဂေါဒင်စ် က ရေးဆွဲခဲ့သည်။ဒင်္ဂါး မျက်နှာပေါ်တွင် မီးရှူးတစ်ခုနှင့် သံလွင်ရွက်ကို ကိုင်ထားသော အမေရိကန် လွတ်လပ်ရေးကိုယ်စားပြု အမျိုးသမီး(Lady Liberty) ပုံကို ထွင်းထုထားသည်။ ယင်းဒင်္ဂါးများသည် နိုင်ငံအတွင်းလှည့်ပတ်သုံးစွဲခြင်းမပြုလိုက်ရဘဲ အားလုံးနီးပါးကို အရည် ကြိုခဲ့သည်။
ယင်းတို့ အနက် ဒင်္ဂါးအချို့သည် ခိုးယူခြင်းခံခဲ့ရပြီး ဒင်္ဂါးစုဆောင်းသူများလက်ဝယ်သို့ ရောက်ရှိခဲ့သွားသဖြင့် အစိုးရ က လိုက်လံသိမ်းဆည်းကာ ဖျက်ဆီးခဲ့သည်။သို့သော်လည်း ဒင်္ဂါး ၁၅ ပြားကျန်ရှိနေခဲ့ရာ ၂၀၀၂ ခုနှစ် ဒင်္ဂါး လေလံပွဲ တစ်ခု တွင် ယင်းဒင်္ဂါး တစ်ပြားကို ဒေါ်လာ ၇ ဒသမ ၅၉ သန်းဖြင့် ရောင်းချခဲ့ရသည်။အမျိုးသား ဒင်္ဂါးစုဆောင်းရေးဌာနတွင် ယင်းဒင်္ဂါး နှစ်ပြား နှင့် Fort Knox တွင် ၁၀ ပြားသိမ်းဆည်းထားသည်။
င်္ဆနွယ်စီးကြောင်း ဒေါ်လာပြား(Flowing Hair Dollar)
အမေရိကန် ပြည်ထောင်စု အစိုးရသည် ၁၇၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပထမဆုံးဒေါ်လာဒင်္ဂါးကို သွန်းလုပ်ခဲ့ သည်။ရောဘတ် စကော့က ဒင်္ဂါးဒီဇိုင်းကိုရေးဆွဲခဲ့ကာ ဒင်္ဂါး၏ အရွယ်နှင့် အလေးချိန်သည် ထိုစဉ်က ရေပန်းစားနေခဲ့သည့် စပိန်ဒင်္ဂါးနှင့် တူညီသည်။ဒင်္ဂါးကို ကြေးနှင့်ငွေ ပေါင်းစပ်ပြုလုပ်ထားကာ ဘေတာတီ ရုပ်ထုအပေါ်ပိုင်းနှင့် လင်းယုန်တစ်ကောင် တို့ကို ဒင်္ဂါးမျက်နှာ တစ်ဘက်စီတွင်ပြုလုပ်ထားသည်။၁၇၉၅ ခုနှစ်တွင် ယင်းဒင်္ဂါးများအား အစားထိုးလဲလှယ်ခဲ့သည်။အမေ ရိကန် နိုင်ငံ သမိုင်းတွင် အရေးပါ ခဲ့မှု နှင့် ရှားပါးမှုများကြောင့် ဒင်္ဂါးစုဆောင်းသူများသည် ယင်းဒင်္ဂါးများအား အထူးနှစ်သက် ခဲ့ကြသည်။၂၀၁၃ ခုနှစ် ဒင်္ဂါး လေလံ ပွဲတစ်ခုတွင် ၁၇၉၄ ခုနှစ်ထုတ် ယင်းဒင်္ဂါးကို ဒေါ်လာ ၁၀ သန်းဖြင့် စံချိန်တင်ဝယ် ယူ သွားခဲ့သည်။
လင်းယုန် နှစ်ကောင်ဒင်္ဂါး(1849 Double Eagle)
၁၈၄၉ ခုနှစ်က ထုတ်ဝေခဲ့သည့် လင်းယုန် နှစ်ကောင်ဒင်္ဂါး သည် ကမ္ဘာပေါ်တွင် တစ်ပြားတည်းသာကျန်ရှိတော့ သည်။အမေရိကန် ဒင်္ဂါးသမိုင်းတွင် တန်ဖိုးအကြီးဆုံးနှင့် အရှားပါးဆုံးဒင်္ဂါးလည်းဖြစ်ပေသည်။ယင်းဒင်္ဂါးကို ၁၈၅၀ ပြည့်နှစ် တွင်သွန်းလုပ်ခဲ့သော်လည်း ဒင်္ဂါးပေါ်တွင် ၁၈၄၉ ဟု ဖော်ပြထားသည်။ယင်းဒင်္ဂါး ထုတ်ဝေချိန်သည် ကယ်လီဖိုးနီးယား ပြည်နယ်၌ ရွေတွင်းများ အလုအယက်တူးဖော်ရှာဖွေခဲ့ချိန်ဖြစ်သည်။
ယခုအခါ တစ်ပြားတည်းသာ ကျန်ရှိတော့သည့် ယင်းဒင်္ဂါးကို အမေရိကန် နိုင်ငံ အမျိုးသားဒင်္ဂါးပြားများစုဆောင်းရေး စမစ်ဆိုနီယံ ပြတိုက်တွင်ပြသထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၂၀ ဖြစ်သည်။

No comments:

Post a Comment