ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Monday, December 5, 2022

ရှေ့ဆောင်ရွှေသိုင်း

========== မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းရာဇာကြီးလက်ထက်၌ အမတ်ကြီးများ၊ အတွင်းအမတ်များ၊ မြို့စားကြီးများ သွားလာသည့်အခါ ရှေ့က ကြိမ်ကိုင်နှစ်ယောက် လိုက်ပါရသည်။ သို့ရာတွင် ထိုလူနှစ်ယောက်ကို ရှေ့လိုက်ဟုလည်းမခေါ်၊ ကြိမ်ကိုင်ဟုလည်း မခေါ်ကြဘဲ၊ ရွှေနန်းသုံးစကား (ရှေ့ဆောင်ရွှေသိုင်း) ဟု ခေါ်ဝေါ်သည်။ သိုင်းဆိုသည်မှာ ကြိမ်လုံးရှည်ရှည်တစ်ခုဖြစ်သည်။ များသောအားဖြင့် အရှည်ခြောက်တောင်ခန့်ရှိသည်၊ ကြိမ်သက်သက်မဟုတ်ဘဲ။ ကြိမ်သိုင်းအရှည်၏ လေးပုံသုံးပုံကို အ၀တ်ဖြူ ပတ်ဆွဲးထားရသည်။ အနီးအဝေးက ဆက်သသော လှံတော်၊ ဓားတော်၊ ဆင်တော်၊ မြင်းတော်၊ ရတနာကျောက်မျက်တော်များ၊ ပန်းတော်၊ ရေကြည်တော်၊ စသော ရှင်ဘုရင်နှင်စပ်အပ်သော အသုံးအဆောင်များ ဆောင်ယူသွားသည့်အခါ သစ္စာရေတိုက်ရန် သွားသည့်အခါများမှာ ရှေးဖျား ၀ဲးယာက သိုင်းကိုင်သူ နှစ်ယောက် လိုက်ပါကြရသည်။ ရခိုင်ရှင်ဘုရင်မင်းရာဇာကြီး အမိန့်တော်ပြန်တမ်းတစ်ခု၌ ကိုယ်ရံကြီးအမတ်တော်သွားလာလျှင်၊ ရှေ့ဆောင် ရွှေသိုင်းလက်ဝဲလက်ယာနှစ်စင်း၊ သင်းမှူးရှစ်ယောက် ဗောင်းနီနှင့် ယပ်ကိုင်၍ ရှေ့ကလိုက်စေ။ မောင်းခရာတီးမှုတ်စေ၊ ပြည်စိုးကြီးအမတ်တော်မှာ ။ လက်ဝဲး လက်ယာသိုင်း ရှေ့လိုက်နှစ်စင်း၊ စချီရှစ်ယောက် ဗောင်းစိမ်းနှင့် ယပ်ကိုင်၍ လိုက်စေ။ မောင်းခရာဆောင်စေ။ ဆင်ကဲးကြီးအမတ်တော်မှာ၊ လက်ဝဲး လက်ယာ သိုင်းနှစ်စင်းဆောင်စေ။ ဆင်စချီ ရှစ်ယောက်ဆင်ချွန်းကို ကိုင်လျက် ရှေ့ကလိုက်စေ။ မောင်းခရာဆောင်စေ။ ဓားပိုင်းကြီးအမတ်မှာ ။ လက်ဝဲးလက်ယာသိုင်း နှစ်စင်းဆောင်စေ။ ထောင်ကဲးရှစ်ယောက်၊ အရွက်တတောင်၊အရိုးတတောင်ရှိသည့် ဓားကိုစွဲးကိုင်၍ ရှေ့ကလိုက်စေ။ မောင်းခရာဆောင်စေ။ သံတွဲစား၊ သီလပ်စား(Sylhet-သျှီလတ်)၊ ဒါကာစား၊ မောက်သူဇာစား၊ မင်းတုန်းစား၊တို့မှာ လက်ဝဲးလက်ယာသိုင်းနှစ်စင်း၊ မောင်းခရာဆောင်စေ။ ရေကြောင်းသွားလျှင် အလံဖြူလေးစင်း၊ အလံနီလေးစင်းစိုက်ထောင်၍ စည်တီးစေ။ အတွင်းမှူးအမတ် လက်ဝဲးမြဲး၊ လက်ယာမြဲး၊နှစ်ယောက်တို့မှာ လက်ဝဲး လက်ယာသိုင်းနှစ်စင်း၊ မောင်းခရာဆောင်စေ။ ထို့ပြင် မြို့စာရေး၊ ချောင်းစားတို့မှာ ကြိမ်ခွေတစင်းနှင့် မောင်းခရာ ရှေးထုံးစံရှိသည်အတိုင်း မယုတ်မလွန်စေရ၊ မှူးမတ်တို့မှာ ဆောင်မြဲးကို ဆောင်စေ။ ဤအမိန့်တော်ပြန်တမ်းအရ ရခိုင်ဘုရင်မင်းရာဇာကြီးလက်ထက်က အာသံနယ်၊ ဘင်္ဂလားးနယ်၊ မင်းတုန်းနယ် များသည် ရခိုင်ပိုင်နက် နယ်မြေဖြစ်ကြောင်း ဖော်ပြနေသည်။ သိုင်းဟူသောအသုံးအဆောင်သည် မြန်မာထုံးစံမှာလည်း (တော်) နှင့် ဆိုင်သော အသုံးအဆောင်ဟု အမှတ်ပြုကြသည်။ ရခိုင်မှာ (ရှေ့ဆောင်ရွှေသိုင်း)အခေါ်ကို မြန်မာတွင် (လက်ရတောင်) ဟုခေါ်သည်။ ထိုသူများသည် မှူးကြီးမတ်ရာ အရာရှိကြီးများ သွားလာလျှင် လက်တောင် ၂၀၊ ပေ ၃၀ ခန့်ရှေ့မှ သွားကြရသည်။ မောင်ဖြူ(ကြွီတဲကျွန်း) ကိုးကား- မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ တတိယပိုင်း၊ 167-168

No comments:

Post a Comment