ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Tuesday, December 26, 2023

ကျေးဇူးပါတင်ပါတယ် ဆရာဘိုဘို၊

ဆရာမိသားစု ဒီထက်မက ကြီးပွားတိုးတက်ပါစေ။ ******************************************** ဤရခိုင်ဒင်္ဂါးကို ရှေးဟောင်းဒင်္ဂါးများ မြတ်နိုးစွာ စုဆောင်းသူ၊ ၀ါသနာတူ ဆရာဘိုဘို မှ ရခိုင်ဒင်္ဂါး ရခိုင်လက်ထဲမှာ ရှိပါစေဆိုပြီး စေတနာမှန်စွာဖြင့် ပေးလှူခြင်းကြောင့် ယနေ့ လက်ခံရရှိသည်။ နရာဓိပ္ပတိဆောလိမ်သျှာဘွဲ့ခံ မင်းရာဇာကြီးသည် ဒင်္ဂါးနှစ်မျိုးခပ်နှိပ်ခဲ့သည်။ နန်းဆက်သည့်အချိန်၊ ရခိုင်သက္ကရာဇ် ၉၅၅ ဆင်ဖြူတော် မရမီတစ်ကြိမ် ခပ်နှိပ်ခဲ့ပြီး၊ ဆင်ဖြူတော်ရပြီးသည့်အချိန် ရခိုင်သက္ကရာဇ် (၉၆၃)တွင် တစ်ကြိမ် ခပ်နှိပ်ခဲ့သည်။ ကောဇာသက္ကရာဇ် (၉၆၃) တွင် ရွှေဒင်္ဂါးများလည်း ခပ်နှိပ်ခဲ့သည်။ ရခိုင်သက္ကရာဇ် ၉၅၅ တွင် ခပ်နှိပ်သော မင်းရာဇာကြီးဒင်္ဂါး၌ ဆင်ဖြူတော် မရသေးသော အချိန်ဖြစ်ခြင်းကြောင့် ဒင်္ဂါးတွင် “နရာဓိပ္ပတိဆောလိမ်သျှာ ၉၅၅” ဟု ရေးထိုးခပ်နှိပ်သည်။ နရာဓိပ္ပတိဆော်လိမ်သျာ(ခ)မင်းရာဇာကြီး ဒင်္ဂါးများ၌ ရခိုင်စာတစ်ဘက်၊ ပါရှန်စာ+ ဘင်္ဂလီစာတစ်ဘက် ဘာသာသုံးမျိုးဖြင့် ရေးထိုးခပ်နှိပ်သည်။ ရခိုင်စာဖြင့် ရေးထိုးထားသည့်ဘက်တွင် “နရာဓိပ္ပတိဆော်လိမ်သျှာ ၉၅၅” ဟု ရေးထိုးပါရှိသည်။ မောင်ဖြူ(ကြွီတဲကျွန်း)

No comments:

Post a Comment