ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Sunday, August 11, 2024

အာနန္ဒစန္ဒြမင်းကျောက်စာအကြောင်းသိမှတ်ဖွယ်ရာ

************************************* အာနန္ဒစန္ဒြမင်းကျောက်စာတွင် စာကြောင်းရေ (၇၁) သာပါရှိသည်၊ ဂါထာအပိုဒ် (၆၅) ခုသာပါရှိသည်ဟု လှေနံထားထစ် စွဲမှတ်ယုံကြည်နေသော ရခိုင်သမိုင်းပညာရှင်များ၊ မြန်မာသမိုင်းပညာရှင်များသိသာရန် အောက်စဖိုစ့်တက္ကသိုလ် ဘေလီယောကောလိပ်က E.H Johnston ရေးသားသော Some Sanskrit Inscription of Arakan. စာတမ်းကို ရေးသားတင်ပြလိုက်ပါသည်။ ယင်းအပြင် အာနန္ဒစန္ဒြမင်းကျောက်စာ၏ ရေးထိုးသက္ကရာဇ်ကို ယသောဝါရမန်ကျောက်စာနှင့် လက်ရေးလက်သားတူသောကြောင့် ကျောက်စာရေးထိုးနှစ်ကို အိန္ဒိယကျောက်စာဝန် ဆာကား၏ ခန့်မှန်းသက္ကရာဇ် (အေဒီ ၇၂၉) ကို ယုံကြည်ပြောဆိုရေးသားနေကြသူများ သိသာစေရန် တင်ပြလိုက်ပါသည်။ အာနန္ဒစန္ဒြမင်းကျောက်စာအောက်ခြေတွင် ရခိုင်သက္ကရာဇ် ( ဧကာဒဿမ+အဗ္ဒ = ၁၁ ခုနှစ်) ရေးထိုးပါရှိကြောင်း ဂျွန်စတင် ပြောဆိုခဲ့သည်ကို မျက်ကွယ်ပြုကြမည်ဆိုလျှင်လည်း ခိုင်လုံသော အထောက်အထားများကို မျှဝေပေးကြဖို့ မေတ္တာ ရပ်ခံပါသည်။ မောင်ဖြူ (ကြွီတဲကျွန်း)

No comments:

Post a Comment