ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Monday, April 21, 2014

အမျိုးသားရေးစရိုက်လက္ခဏာ



အမျိုးသားရေးစရိုက်လက္ခဏာ
*********************

လူမျိုးတစ်မျိုးအဖြစ် သီးခြားရပ်တည်ဖို့ဆိုကေ အောက်ပါ ကိုယ်ပိုင် အမျိုးသားရေး လက္ခဏာတိလိုအပ်ပါရေ။


၁။ကိုယ်ပိုင် ဘာသာစကား
၂။ကိုယ်ပိုင် စာပီ
၃။ကိုယ်ပိုင် ယဉ်ကျေးမှု


ယင်း၃ချက်နန့်ပြည့်စုံမှ လူမျိုးတစ်မျိုး၏အင်္ဂါရပ်တိနန့်ပြည့်စုံပါလိမ့်မယ်။


ယင်း ၃ ချက်ထဲက တစ်ချက်လောက်ပျောက်ကွယ်လားစွာနန့် လူမျိုးတစ်မျိုး၏သီးခြားရပ်တည်မှု စွာခြိမ်းခြောက်ခံရပါလိမ့်မယ်။ ၃ ချက်လုံးရာပျောက်လားဖို့ဆိုကေ ထိုလူမျိုးစွာ အော်တိုမစ်တစ်
ပျောက်ကွယ်လားပါလိမ့်မယ်။



ကျွန်တော် ရို့ရခိုင် လူမျိုးတိမှာလည်းယင်း(၃)ချက်တိပျောက်ကွယ်လားကေ ရခိုင် လူမျိုး ဆို စွာ ဗမာလူမျိုးထဲမှာအလိုလိုပျောက်ကွယ်လားပါလိမ့်မယ်။ကမ္ဘာ့ဘာသားစကားပေါင်း ၆၀၀၀ကျော်ထဲက ထက်ဝက်လောက်စွာ အရာ နှစ် ငါးဆယ်အတွင်းမာပျောက်ကွယ် လားဖို့လို့ ကမ္ဘာ့ဘာသာ စကား ပညာသျှင် တိကစာတမ်းတစ်ခုထုတ်ပြန်ထားစွာ ဟိပါရေ။မြန်မာနိုင် ငံကတိုင်းရင်းသားထဲမှာဆိုကေ ဘာသာ စကားနန့်လူမျိုး ပျောက်ကွယ်ဖို့အတွက် အန္တရာယ်အဟိဆုံး (အနီရောင် အဆင့်)လူမျိုးထဲမှာ ရခိုင် လူမျိုးက ထိပ်ဆုံးကပါဝင် နီပါရေ။ ဇာဖြစ်လို့လဲဆိုကေ ရခိုင် ဘာသာစကား ,ရခိုင် ယဉ်ကျေးမှုသည် ဗမာဘာသာစကား, ဗမာယဉ်ကျေးမှုနန့်အနီးစပ်ဆုံး တူညီနီသောကြောင်းဖြစ်ပါရေ။ 


အထက်ပါအမျိုးသားရေးလက္ခဏာတိပျောက်ကွယ်လားကေ ရခိုင် လူမျိုးသည် ဗမာလူမျိုးထဲ မှာ ပျော်ဝင် ပျောက်ကွယ်လားဖို့စွာ အပါးချေပါ။ယင်းအတွက် ရခိုင် လူမျိုးမပျောက်စီချင်ကေ
ငါသည် ရခိုင် စကားပြောသင့်လား။ဗမာစကားပြောသင့်လားဆိုစွာ ကိုယ့်စွာကို ဆုံးဖြတ် ကတ်ပါ။ အားလုံးသောရခိုင် တိစွာ အချေ မဟုတ်တေအတွက် တုတ်နန့်သတ်ပြီးကေ အားဓမ္မပြောခိုင်း လို့မရပါ။ကိုယ့်အယူအဆနန့်ကိုယ် လုပ်ချင် ပိုင် လုပ်ကတ်ပါဖိ။

နိဂုံးချုပ်အနီနန့်
ငါသည် ရခိုင် လူမျိုးပျောက်ကွယ်လား ဖို့စွာကို (အမျိုးသားရေးလက္ခဏာတိကို
ဖျက်ဆီးဖြင်းဖြင့်) အထောက်အကူပြုသော ရခိုင် အဖြစ် ရပ်တည်ဖို့လား?
ရခိုင် လူမျိုးအဖြစ် ကမ္ဘာတည်သရွိထာဝရရှင် သန် ရပ်တည်ရေးကို အထောက်အကူပြုသောရခိုင် အဖြစ် ရပ်တည်ဖို့လား? ကိုယ့်သမိုင်းကိုယ် ရွီးချယ်ကတ်ပါလီဖိ။


https://www.facebook.com/july.lay.39501 

No comments:

Post a Comment