xxxxxxxxxxxxxxxxxxxxxxxxxx
{{{{{{အဇာတသတ်မင်းသည် ဘုရားရှင်ပရိနိဗ္ဗာန်မ၀င်မီ ရှစ်နှစ် ပရိနိဗ္ဗာန်ဝင်ပြီး နှစ်ဆယ့်လေးနှစ် စုစုပေါင်း သုံးဆယ့်နှစ် နှစ် မင်းပြုပြီးနောက် သက်တော်လေးဆယ့်ရှစ်တွင် သားတော်ဥဒယဘဒ္ဒ လုပ်ကြံ၍ သေလေသည်။ ထိုဥဒယဘဒ္ဒမင်းလည်း မင်းပြု၍ တစ်ဆယ့်ခြောက်နှစ်အကြာတွင် သားတော်အနုရုဒ္ဓါ က တစ်ဖန်လုပ်ကြံသတ်ဖြတ်ကာ မင်းပြုလေသည်။ ထိုအနုရုဒ္ဓါမင်းကိုလည်း ၄င်း၏သား မုဏ္ဍလုပ်ကြံ၍ မင်းပြုသည်။ သာသနာသက္ကရာဇ် (၄၈) နှစ်ကို ရောက်သောအခါ မုဏ္ဍမင်း၏ သားတော် နာဂါဒသ သတ်၍ မင်းပြုပြန်သည်။ နာဂဒသ မင်းစည်းစိမ် နှစ်ဆယ့်လေးနှစ် သာသနာသက္ကရာဇ် (၇၂) ခုနှစ်ရောက်သောအခါ လိမ္မာသော မှူးမတ်ပြည်သူတို့သည် အဇာတသတ်မင်းငါးဆက်ကို ဖြတ်၍ သုသုနာဂ အမတ်ကြီးကိုမင်းမြှောက်ကြလေ
သုသုနာဂဆိုသည်မှာ ဝေသာလီပြည်သားဖြစ်လေသည်၊ အဇာတသတ်မင်းသည် ရာဇဂြိုလ်ပြည်မှ ဝေသာလီပြည်ကို စစ်ထိုးရာချိန်တွင် သုသုနာဂမှာ အသက်ခုနစ်နှစ်မျှသာရှိသေးသည
သာသနာနှစ်(၁၀၀) ရောက်သောအခါ ဝေသာလီပြည်၌ ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည် ၀ိနည်းကျမ်းဂန်ကို ဆရာ့ထံမှ နည်းခံခြင်းမရှိ၊ လောဘ မောဟထူပြော၍ မသူတော်တို့၏ စရိုက်ကို နှစ်ခြိုက်ကြသောကြောင့်လည်း
ထိုအဓမ္မဆယ်ပါးမှာ
1။ ယမန်နေ့ က အကပ်ခံပြီးသော ယာဝဇီဝက၀တ္ထုကို နောက်နေ့အကပ်ခံသော ယာဝကာလိက နှင့်ရော၍ သုံးဆောင်သော် သန္နိဓိပါစိတ်သင့်သည်ဟု ပညတ်ပါသည်။သားချိုဖြင့် သိုမှီး၍ထားသော အကပ်ခံပြီးဆားကို နောက်နေ့ အခါ ဆွမ်းစသည်နှင့်ရော၍ သုံးဆောင်ခြင်းငှါ အပ်၏ ။ သန္နိဓိ မဖြစ်ဟူ၍ ယူသည်လည်းတစ်ပါး။
2။ နေရိပ်လက်နှစ်သစ် မွန်းလွဲသည့်တိုင်အောင် ဆွမ်းစားကောင်း၏ ဟူ၍လည်းတစ်ပါး။
3။ ရွာတစ်ပါးသို့ သွားလိုသောရဟန်းသည် ပ၀ါရိတ် သင့်လျှက် အတိရိက် ၀ိနည်းကံမပြုဘဲ ဆွမ်းစားခြင်းသည် အပ်၏ ဟူ၍လည်းတစ်ပါး။
4။ တစ်သိမ်တည်း၌ နှစ်စု သုံးစု သံဃာနေလျှက် ဥပုသ် ပ၀ါရဏာ စသော ကံပြုခြင်းသည် အပ်၏ ၀ဂ်မဖြစ်ဟု ယူသည်လည်း တစ်ပါး။
5။ မလာသေးသော ရဟန်းတို့အလိုကို လာသောအခါ ယူအံ့ဟူ၍ မလာမီက သံဃကံပြုခြင်းမှာ အပ်သည်ဟု ယူသည်လည်းတစ်ပါး။
6။ ဥပဇ္ဈာယ်ဆရာတို့၏ အလေ့အကျင့်ဟူသမျှတို့သည် ကျင့်အပ်၏ဟု ယူသည်လည်းတစ်ပါး။
7။ နို့ရည်အဖြစ်ကိုလွန်၍ နို့ဓမ်းအဖြစ်သို့ မရောက်သေးသောနို့ကို ဘုန်းပေး၍ ပ၀ါရိက် သင့်သော ရဟန်းသည် အတိရိက် ၀ိနည်းကံမပြုဘဲ သုံးဆောင်ခြင်းငှါ အပ်ဒ၏ဟု ယူသည်လည်းတစ်ပါး။
8။ မရင့်သေးသော သေနုကို သောက်ခြင်းငှါ အပ်၏ဟု ယူသည်လည်းတစ်ပါ။
9။ အဆာမရှိသော နိသီဒိန်သည် အပ်၏ဟု ယူသည်လည်းတစ်ပါး။
10။ သံဃာကိုရည်စူး၍ လှူသော ရွှေငွေတို့ကို ယူအပ်သည်ဟု ယူသည်လည်းတစ်ပါး။
ဤဆယ်ပါးသော အဓမ္မ၀ါဒကို ပြုကြကာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လြာ
ကောသမ္ဗီပြည်၌ နေသော ကာကဏ္ဍက ပုဏ္ဏား၏သား အရှင်ယဿသည် ရဟန်းတို့၏ ပါမောက္ခ သံဃာထေရ်ဖြစ်၏ ။ အရှင်ယဿသည် ထိုအကြောင်းကိုကြားသော် ဝေသာလီ အလဇ္ဇီရဟန်းတို့သည် ဘုရားရှင်၏၀ိနည်းတော်ကိုဖျက
ထိုအကြောင်းကိုသိလျှင် အလဇ္ဇီရဟန်းတို့က အရှင်မဟာယဿ ရှိရာ ကျောင်းတော်သို့လာ၍ တုတ်၊ တောင်ဝှေးတို့ကိုင်ကာ ၀န်းရံကြ၏။ အရှင်မဟာသဿလည်း စတုတ္ထဈာန် ၀င်စားပြီးလျှင် ကောင်းကင်ဖြင့်ပျံ၍ ကောသမ္ဗီပြည်သို့ကြွသွား၏။ ကောသမ္ဗီပြည်သို့ရောက်သော် သံဃာတော်တို့နှင့် စုရုံးတိုင်ပင်၍ ပါဝေယျကတိုင်း၊ အ၀န္တိတိုင်း၌ နေကြကုန်သော ရဟန်းတို့ထံ တမန်စေလွှတ်၏။ အသီးသီးသော တိုင်းနိုင်ငံတို့၌ နေထိုင်သီတင်း သုံးနေကြသော ရဟန္တာအရှင်မြတ်တို့အထံသို့လ
ထိုနေ့ညဉ့် တွင် ကာဠာသောကမင်း အိပ်မင်မြင်သည်ကား ကြီးမားကြမ်းကြုတ်သော ဘီးလူတစ်ကျိပ်တို့သည် ထီးဖြူရိပ်၌ နေသောမင်းကို ဆွဲငင်၍ မြို့ပြင်သို့ရောက်သောအခါ အလျှံပြောင်ပြောင်တောက်နေသေ
ထိုစကားကိုကြားသောအခါ ကာဠာသောကမင်းကြီးသည် မင်းအာဏာထားမိသည်ကို သတိရ၍ မိမိကိုယ်တိုင် မဟာဝုန်တောသို့သွားကာ ကုဋာဂါရသို့ ရောက်လာသမျှသော သံဃာတော်တို့ကို စည်းဝေးစေ၏။ နှစ်ဖက်သော သံဃာတို့ စည်းဝေးမိသောအခါ ၀ိနည်း ၊ကဌကထာနှင့် ၀ါဒနှစ်ခုကို တိုက်ဆိုင်မိသော် ၀ဇ္ဇီတိုင်းသားတို့၏ ၀ါဒသည် မညီမျှ အဓမ္မ၀ါဒီဖြစ်ကြောင်း ကိုသိရကာ၊ အရှင်မဟာယသဿရဟန်းတို့အုပ်စု
အဓမ္မ၀ါဒီ အလဇ္ဇီရဟန်း တစ်သောင်းတို့သည် ပြေးကုန်၏။ အချို့လည်း လူထွက်ကုန်သည်။ အချို့လည်း ထပ်၍ ရဟန်းပြုပြန်သည်။ ဤဒုတိယသင်္ဂါယနာတင်ရာ၌ သံဃာထေရ်ကြီးများဖြစ်သော သက်တော်(၁၂၀)ရှိသည့် ရေ၀တရဟန္တာမထေရ်၊ သဗ္ဗကာမိရဟန္တာမထေရ်၊ သောဠရဟန္တာမထေရ် ၊ ခုဇ္ဇသောဘိတရဟန္တာမထေရ်၊ မဟာယဿရဟန္တာမထေရ်၊ သမ္ဘူလရဟန္တာမထေရ် ၊ ခြောက်ပါးသော မထေရ်ကြီးတို့သည် အရှင်အာနန္ဒာ၏ သဒ္ဓီဝိဟာရိက တပည့်တို့ဖြစ်ကြပြီး ဘုရားသခင်ကို ဖူးမြင်လိုက်ရသော မထေရ်များဖြစ်ကြသည်။ ၀ိသကဘဂါမိမထေရ်၊ သုမနမထေရ်၊ ဤမထေရ်နှစ်ပါးတို့သည်လည်း ဘုရားရှင်ကို သက်ရှိထင်ရှားဖူးမျှော်လိုက
ထေရ၀ါဒ ဟိနာယာန ဒုတိယ သင်္ဂါယနာ တင်ရခြင်း အကြောင်းရင်း
==========================
ဒုတိယ သင်္ဂါယနာ တင်သည့် ခုနှစ် - သာသနာနှစ် (၁၀၀)နှစ် (၄၄၄ဘီစီ)
သင်္ဂါယနာတင်သည့် နေရာ - ၊ ဝေသာလီပြည်၊ (အိန္ဒိယနိုင်ငံ ရူပီပြည်နယ် )၀ါလိကာကျောင်း(၀ါ)
ဝါလိကာရုံကျောင်း
ဦးဆောင်သံဃာ - အရှင်ယဿမထေရ် ၊
အမေးပုစ္ဆက အရှင်ရေ၀တမထေရ် ၊
အဖြေ ၀ိသဇ္ဇက အရှင်သဗ္ဗကာမိမထေရ် ။
ဝါ၀င်သည့် သံဃာဦးရေ - (၇၀၀) ပါး ၊
အထောက်အပံ့ပြုသည့် ဘုရင်မင်း - ကာဠာသောကမင်း
ကြာမြင့်ခဲ့သည့်အချိန် - (၈) လ
တင်သည့်ဘာသာ - ပါဠိဘာသာ
တင်သည့်အက္ခရာ - နှုတ်ထက်အက္ခရာ
ဝဇ္ဇီတိုင်းသားရဟန်းပျက်များ
ထိုဂိုဏ်းကွဲ “မဟာသံဃိကဂိုဏ်း” ပထမ သင်္ဂါယနာတွင်
(က) နိကာယ်တစ်ခုမှ သုတ်တော်ကို နိကာယ်တစ်ခုသို့၎င်း ၊
(ခ) ဇာတ်ဝတ္ထုများကို ၀ိနည်းပိဋကတ်တော်သို့၎င်း၊
(ဂ) သုတ္တန်များကို အဘိဓမ္မာပိဋကတ်သို့၎င်း ရွေ့ပြောင်းခြင်းကို ပြုကြကုန်၏။
(ဃ) ပါဠိတော်ကို လိုသလိုပြင်ဆင်ခြင်း ၊
(င) အနက်အဓိပ္ပါယ်များကို တလွဲတချော် ဖွင့်ဆိုကြခြင်း ၊
(စ) တိုက်ရိုက်ယူရမည့်ဟာကို သွယ်ဝိုက်၍ယူခြင်း၊
(ဆ) သွယ်ဝိုက်၍ ယူရမည့်ဟာကို တိုက်ရိုက်ယူခြင်း၊
(ဇ) စကားတစ်ခု အရိပ်အမြွက် ရရုံမျှဖြင့် စုံလင်စွာ ညှိနှိုင်းမှုမပြုဘဲ မိမိလိုရာရောက်အောင် ဆွဲယူခြင်းတို့ကို ပြုခဲ့ကြသည် ။ တစ်နည်း ပထမသင်္ဂါယနာတင်ခဲ့သော အချက်အလက်များကို ထွားထွားညက်ကြေအောင် ပြောင်းလဲကာ သင်္ဂါယနာတင်ခဲ့ကြသည်ဟု ဆိုသည်။
တဖန်
(ဈ) သင်္ကန်းဝတ်ပုံများကို တီထွင်ခြင်း၊
(ည) ရဟန်းပရိက္ခာများကို တီထွင်ခြင်း၊
(ဋ) နေထိုင်စားသောက်ပုံကို ပြောင်းလဲခြင်း၊
(ဌ) ကံကြီးကံငယ်ောဆင်ပုံ ကွဲပြားစေခြင်း၊ ဟူ၍ အသွင်အပြင် များစွာ ကွဲပြားလေရာ ဗုဒ္ဓ၏ ပဋိမာ(ဘုရားရှင်ပုံတော်တို့
၎င်းတို့သည် သံဃာဦးရေများပြားကာ အင်အားကြီးမားသဖြင့် “မဟာသံဃိကဂိုဏ်း” မဟာယာန ဂိုဏ်း ဟု ခေါ်ဆိုကြပြီး ၊ ဝေသာလီ၌ ကျန်ရှိ ခဲ့ကြသော ရဟန္တာများအဖွဲ့အား “ဟိနယာနဂိုဏ်း” သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ ထိုအခါမှစ၍ ထေရ၀ါဒ ဟိနာယာနဂိုဏ်း၊ မဟာယာနဂိုဏ်း ဟု ဂိုဏ်းပေါ်ပေါက်လာသည်။
ပုံ ဒုတိယသင်္ဂါယနာတင်သည့်နေရာ
ကျမ်းကိုး
=======
ကျီးသဲလေးထပ်ဆရာတော် ၊မြန်မာပြန် သီဟိုရာဇ၀င်-ဇမ္ဗူဒီပစာတမ်း ၊ပညာရွှေအိုးစာပေ၊1993-ဒီဇင်
သာသနာနှစ်ထောင့်ငါးရာ၊မောင်
အိန္ဒိယပြည်ဗုဒ္ဓသာသနာသမိုင်း
ဗုဒ္ဓသာသနာ၊ဦးနု
မောင်တောမဂ္ဂဇင်း(၀တီထွန်း)
--------------------------
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့ (ရန်ကုန်)
No comments:
Post a Comment