ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)

Monday, March 25, 2019

အာနန္ဒစန္ဒြမင်းကျောက်စာရေးထိုးနှစ်သုတေသနမှတ်တမ်း ပါ မင်းနှစ်ပါး၏ နန်းသက် လွဲမှားနေသည်ကို တည့်မတ်ခြင်း


2019 ခုနှစ် မတ်လထုတ် ရခိုင်မဂဇင်း အမှတ်(၄၀) ပတ္တမြားရတု (အထူးထုတ်) စာအုပ်တွင် ပါမောက္ခ ဒေါက်တာစောထွန်းအောင် ရေးသားသော “အာနန္ဒစန္ဒြမင်းကျောက်စာရေးထိုးနှစ်သုတေသနမှတ်တမ်း” ဆောင်း ပါးတွင် ၊ စာမျက်နှာ 58-59 ၌ အာနန္ဒစန္ဒြမင်းကျောက်စာပါ တတိယမင်းဆက်မှ နရေန္ဒြ၀ိဇယ မင်း၏ နန်းသက် ကို (၇)နှစ် ဟူ၍လည်းကောင်း၊ ဓမ္မ၀ိဇယမင်း၏ နန်းသက်ကို (၂၆) နှစ်ဟူ၍လည်းကောင်း ရေးသား ဖေါ်ပြ ထား သည်ကို တွေ့ရ၏။ ထိုကြောင့် ဆောင်းပါးပါ မင်းနှစ်ပါးနှင့် ပက်သက်၍ ကျောက်စာပါ အကြောင်းအရာများကို နည်းနည်း တင်ပြလိုပါသည်။ 

နရေန္ဒြ၀ိဇယမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ (၃၈) ဂါထာအမှတ် (၄၁)ပါ ထိုမင်းအမည်ပါ ရှိ သည်။ ထိုမင်း၏ နန်းစံနှစ်ကို ၂ နှစ် ၉ လ ဟူ၍သာ ကျောက်စာမှာ ရေးထိုးထားသည်ကိုတွေ့ရသည်။ အာနန္ဒစန္ဒြမင်းကျောက်စာ မင်းကူးမူ အောက်ပုံ နှင့် ဆရာကြီးဦးစံသာအောင် ရေးသားခဲ့သော အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်းစာအုပ် စာမျက်နှာ (၁၂၈) ကြည့် ၊




ထိုအပြင် ဓမ္မ၀ိဇယမင်း၏ အမည် နှင့် နန်းစံနှစ်(၀ါ) နန်းသက်ကို အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ(၃၆-၃၇-၃၈) ၌ ဂါထာအမှတ်(၃၉-၄၀) ဂါထာနှစ်ပုဒ်ဖြင့်  ရေးထိုးထားပါသည်။ ထိုမင်း၏ နန်းစံနှစ်(၀ါ) နန်းသက်ကို ကျောက်စာ တွင် (၃၆) နှစ် ဟူ၍ ရေးထိုးပါရှိသော်လည်း ဆောင်းပါတွင် (၂၆) နှစ်ရေးသားထားသည်ကို တွေ့ရ ပေ၏။ အာနန္ဒစန္ဒြမင်းကျောက်စာ မင်းကူးအောက်ပုံ နှင့် ဆရာကြီးဦးစံသာအောင် ရေးသားခဲ့သော အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်းစာအုပ် (စာမျက်နှာ-၁၂၆) ကြည့်ပါ။
 




       ထို့ကြောင့် ကျွန်တော်လေးစားရသော ဆရာကြီး၏ “အာနန္ဒစန္ဒြကျောက်စာရေးထိုးနှစ်သုတေသန မှတ်တမ်း” ဆောင်းပါးပါ နရေန္ဒြ၀ိဇယမင်း နှင့် ဓမ္မ၀ိဇယမင်း နှစ်ပါး၏ နန်းသက်သည် လွဲမှားနေပါကြောင်း သိစေလိုပါသည်။ ဤသို့ မင်းနှစ်ပါး၏ နန်းစံနှစ်များ မှားယွင်းနေရခြင်းသည်မှာ ကျောက်စာနှင့် တိုက်ရိုက် တိုက်ဆိုင်၍ မစစ်ဆေးမိသောကြောင့်သော်လည်းကောင်း၊ ဆရာကြီးဦးစံသာအောင်ရေးသားခဲ့သော အာနန္ဒ စန္ဒြရှစ်ရာစု ရခိုင်ဝေသာလီမင်း စာအုပ်နှင့် တိုက်ဆိုင်၍ မစစ်ဆေးမိသောကြောင့်သော် လည်းေ ကာင်း၊ ကွန် ပျူတာစာစီစာရိုက်ရာ၌ စာရိုက်သူ၏ လိုအပ်ချက်ကြောင့်သော်လည်းကောင်း ၊ ဆောင်းပါးကို တည်းဖြတ် သည့်အခါ သတိမမူခဲ့မိသော်လည်းကောင်း ဖြစ်မည်ဟု ယူဆမိပါည်။ ဆရာကြီးအနေဖြင့် မမှားတန်ရာဟု ယုံကြည်မိပါ၏။ သို့ပါသောကြောင့် ယင်း ရခိုင်မဂဇင်း အမှတ်(၄၀)ပါ အာနန္ဒစန္ဒြမင်းေ ကျာက်ရေးထိုးနှစ်သုတေသနမှတ်တမ်း” ဆောင်းပါးပါ မင်းနှစ်ပါး၏ နန်းစံနှစ်ကို ယခုရေးသား ဖေါ်ပြ ထားသော ပိုစ်ပါ မင်းတို့၏ နန်းစံနှစ်များအတိုင်း ပြင်ဆင်ဖတ်ရှုကြပါရန် စေတနာထား၍ လေးစားစွာ တင်ပြလိုက်ရပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)
25.3.2019

No comments:

Post a Comment