=======================
ပုံ-၀၁) ဒင်္ဂါးသည် အနောက်ဘုရင် နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယ ဒင်္ဂါးဖြစ်သည်။ နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယဒင်္ဂါး၌ ရှေ့ဘက်တွင် ရက္ခ၀ဏ္ဏအက္ခရာဖြင့် “ ၉၈၀ နရာဓိပ္ပတိဦးရီး တော် မဟာနန္ဒဘယ ” ရေးထိုးထားပြီး၊ အခြားတစ်ဘက်တွင် ပါရှန်စာ + ဘင်္ဂလီစာ နှစ်ဘာသာဖြင့် ရေးထိုး ခပ်နှိပ်ထားသည်။
နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယဆိုသည်မှာ နရာဓိပ္ပတိဦးရီးတော်မဟာသီရသူရကို ဆက် ခံသော မြောက်ဦးခေတ် အနောက်ဘုရင်ဖြစ်ပြီး၊ အနောက်ဘုရင် နရာဓိပ္ပတိဦးရီးတော် မဟာသီရသူရ ကဲ့သို့ မင်းရာဇာကြီးဘုရင်၏ တော်ဝင်မျိုးရိုးထဲက မိသားစုဝင် တစ်ဦးဖြ စ်ကြောင်းကို သူ၏ဒင်္ဂါးတွင် နရာ ဓိပ္ပတိ ဘွဲ့တော်ကို ဂုဏ်ဖော် ရေးထိုးခပ်နှိပ်ထားခြင်း သက်သေခံနေသည်။
ဒင်္ဂါးတွင် ပါရှိသော ခုနှစ်သက္ကရာဇ် ( ၉၈၀ ) ကာလတွင် မြောက်ဦးရွှေနန်းတော်၌ “ဆင်ဖြူ သျှင်နရာဓိပ္ပတိဆော်လိမ်သျာရာဇာ”ဘွဲ့ခံ မင်းရာဇာကြီး၏သား “ဆင်ဖြူသခင်၊ဆင်နီသခင်မင်းတြားကြီး ဥသျောင်သျှာ” ခေါ် (မင်းခမောင်း ၉၇၄-၉၈၄ ) အုပ်စိုးနေသော အချိန်ကာလဖြစ်သည်။
“နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယ” သည် မင်းရာဇာကြီး၏ ဦးရီးတော်ဖြစ်ပြီး၊ “ဆင်ဖြူသ ခင် ဆင်နီသခင်မင်တြားကြီးဥသျောင်သျှာ” ခေါ် မင်းခမောင်း နှင့် အဖိုးတော်စပ်သည်။ နရာဓိပ္ပတိဦးရီး တော် မဟာနန္ဒဘယကို မင်းခမောင်း၏ ဖခမည်းတော် မင်းရာဇာကြီး လက်ထက်ကပင် ခန့်ထားခဲ့ဟန်ရှိ ခြင်းကြောင့် သူ့လက်ထက်တွင်လည်း ဆက်လက်ခန့်ထားသည်ဟု ယူဆရ သည်။ ဘုရင်မင်းခမောင်း၏ အားကိုးယုံကြည် လေးစားရသူ တစ်ဦးဖြစ် ဟန် ရှိပြီး၊ မင်းခမောင်းအပေါ်တွင်လည်း အတိုင်းအတာတစ်ခု ထိ သြဇာ သက်ေ ရာက်မှုရှိသည်ဟု ယူဆရသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ဒင်္ဂါး၌ မင်းခမောင်းဘွဲ့တော်ဖြစ်သော မင်းတရားကြီးဥသျောင် သျှာကို ဂုဏ်တင်မရေးဘဲ၊ သူ၏ဖခမည်းတော် နရာဓိပ္ပတိဆောလိမ်သျှာရာဇာ ခေါ် ဘုရင်မင်းရာဇာကြီး ဦးရီးတော်ဟု ရေးထိုးခပ်နှိပ်ထားသည်ကို ကြည့်ခြင်းကြောင့် ဖြစ်သည်။
“နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယ” ဒင်္ဂါးကို ရှေးက သုတေသီများက လေးမြို့ခေတ် မင်း ထီးဘုရင်လက်ထက်ဒင်္ဂါးဟု ရေးသားဖော်ပြကြသည်။ ထိုသို့ လေးမြို့ခေတ်ဒင်္ဂါးဟု ရေးသားဖော်ပြခဲ့ကြ သည်မှာ ဒင်္ဂါးပါ သက္ကရာဇ်ကို ( ၆၆၀ ) ဟု ဖတ်ခဲ့ကြသောကြောင့် ရခိုင်ရာ ဇ၀င်နှင့် ညှိကာ ဖော်ပြခြင်း ဖြစ်ပေလိမ့်သည်။
“နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယ” ဒင်္ဂါးပါ သက္ကရာဇ်ကို ကွန်ပျူတာဖြင့်ပုံကြီးချဲ့ပြီး ကြည့်ရာ၌ ( ၆၆၀) မဟုတ်ဘဲ (၉၈၀ )ဟုသာ တွေရသည်။ သက္ကရာဇ် (၉၈၀)ဆိုလျှင် နရာဓိပ္ပတိ ဘွဲ့ခံ မင်းရာဇာကြီး နန်းစံ( ၉၅၅-၉၇၄) နှင့်မကိုက်ညီဘဲ၊ မင်းရာဇာကြီးသား မင်းခမောင်း နန်းစံ (၉၇၄-၉၈၄) နှင့်သာ ကိုက်ညီနေသည်။ နရာဓိပ္ပတိဦးရီးတော် မဟာနန္ဒဘယ ဒင်္ဂါးပါ အလယ်ဂဏန်းဖြစ်သော ( ၈ )ဂဏန်းမှာ (၇) ခုနစ်ဂဏန်းလည်း ဖြစ်နိုင်ပေသည်။ ဒင်္ဂါးခပ်နှိပ်သော မို ကြောင့်လည်း မူလ (၇)ဂဏန်းမှာ (ဂ) ဂဏန်းလည်း ဖြစ်သွားနိုင်ပေသည်။
“နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယ” ဒင်္ဂါးပါ ရခိုင်စာတစ်ဘက်၊ ပါရှန်စာနှင့် ဘင်္ဂလီစာတစ် ဘက်ရေးထိုးပါရှိသည်ကို ထည့်သွင်းစဉ်းစားရလျှင် “၉၆၁- နရာဓိပ္ပတိဦးရီးတော်မဟာသီရသူရ” ဒင်္ဂါးကဲ့ သို့ ဘင်္ဂလားနယ်စား အနောက် ဘုရင်တစ်ပါးခပ်နှိပ်ခဲ့သော ဒင်္ဂါးဖြစ်ကြောင်း ပေါ်လွင်နေသည်။
ယင်းကို သက်သေပြစရာကား မြောက်ဦးရွှေနန်းတော်၌ (ကောဇာသက္ကရာဇ် ၉၅၅-၉၇၄) ကာလအတွင်း အုပ်စိုးခဲ့သော နရာဓိပ္ပတိဆော်လိမ်သျာ ခေါ် မင်းရာဇာကြီးဒင်္ဂါး၊ ၉၅၉-နရာဓိပ္ပတိသား တော်အနောက်ဘ၀သျှင်ဒင်္ဂါး၊ “၉၆၁-နရာဓိပ္ပတိ ဦးရီးတော်မဟာ သီဟ သူရဒင်္ဂါး တို့နှင့် နှိုင်းယှဉ်ကြည့် ပါက ရက္ခ၀ဏ္ဏအက္ခရာအရေးအသား များတူညီခြင်း၊ ပါရှန် + ဘင်္ဂလီစာ အရေးအသားများ တူညီနေကြ သည်တွေ့မြင်နိုင်သည်။ (ပုံ-၀၂)
ထို့ကြောင့် “နရာဓိပ္ပတိဦးရီးတော်မဟာနန္ဒဘယ”ဒင်္ဂါး မှာ လေးမြို့ခေတ်က ဘုရင်မင်းထီး၏ ဦးရီး တော် နန္ဒဘယဒင်္ဂါး မဟုတ်ဘဲ၊ မြောက်ဦးခေတ် နရာဓိပ္ပတိဆော်လိမ်သျှာရာဇာ ခေါ် မင်းရာဇာကြီး၏ ဦးရီးတော် ခပ်နှိပ်သော ဒင်္ဂါးသာဖြစ်သည်ဟု မှတ်ချက်ပြုလိုပါသည်။
ဦးစံသာအောင်- ရခိုင်ဒင်္ဂါးများ ၊စာ ၂၆-၂၈၊(ပုံ-၂၀)
မောင်ဖြူ(ကြွီတဲကျွန်း)
No comments:
Post a Comment