xxxxxxxxxxxxxxxxxxxxxxxx
မောင်ဖြူု (ကြွီတဲကျွန်း)
30.4.2045(103း9 PM)
ရခိုင်ထီးရိုးနန်းနေ မင်းအပေါင်းတို့၏ ရွှေနန်းဥက္ကသံ နန်းမဆောင်ဦး၌
အမြဲစိုက်ထူအပ်သော အောင်လံတော်ကြီး၏ အကြောင်းအခြင်းအရာဟူသမျှတို့ကို အခါ
အခွင့်နှင့် ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇာသေနင်္ဂဗျူဟာကျမ်း၊
ဗျူဟာစက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှါ
အနည်းငယ်ဖေါ်ပြပါအံ့ ။
၁။ ရခိုင်အောင်လံတော်၏ အတိုင်းအတာကား အလျား (၉)တောင်၊ အနံ (၆)တောင် တိတိရှိပါသည် ။ထိုထက်ငယ်စေလိုလျှင် အတိုင်းအတာပြု၍ သုံးခဲ့ကြသည်၊
(ဖြည့်စွက်) ဥပမာ- (၉’ x ၆’ ) ( ၆’x၄’ ) ၊(အချိုး ၃-၂ )
၂။ အရောင်မှာ အနီ နှင့် အဖြူစပ်၍ ပြုလုပ်ရသည် ၊ အဖြူရောင်ကို အထက်ပိုင်းတွင်ထား၍ အနီရောင်ကို အောက်ပိုင်း၌ ထားသည် ။
၃။ အမှတ်အသားမှာ အောင်လံတော်၏ အထက်ပိုင်း
ဘယ်ဒေါင့်စွန်းအဖြူရောင်ပေါ်တွင် သိန္ဓ၀မြင်းပျံရုပ် ၊အောင်လံတော်၏ ညာဖက်
အဖြူရောင် ဒေါင့်စွန်းတွင် နာဂဆန္ဒန်ရုပ် ပါရှိသည်။ အောင်လံတော်၏
အောက်ပိုင်းအနီရောင် ဘယ်ဒေါင့်စွန်းတွင် ကေသရာဇာခြင်္သေ့ရုပ် ၊
အောင်လံတော်၏အောက်ဖက် အနီရောင် ညာဒေါင့်စွန်းတွင် ပဉ္စရူပရုပ် ရှိသည်။
၎။ အောင်လံတော်၏ အခြားတစ်ဖက်တွင် မိမိတို့ပိုင်ဆိုင်သော
နယ်နမိတ်တိုင်းပြည်နိုင်ငံကို ဖေါ်ပြထားပါသည်။ နယ်နမိတ်တို့မှာလည်း
မင်းတစ်ပါးနှင့် တစ်ပါးမတူဘဲ တန်ခိုးရှိလျှင် ရှိသည့်အလျောက် အကျဉ်းအကယ်ကို
လိုက်၍ ပြုလုပ်ရသည် ။
၅။ အောင်လံတော်၏အရိုးမှာ ကြသောင်းဝါး (သို့မဟုတ်) ပြ၀ါခေါ်သစ်တစ်မျိုးကို
အသုံးပြုရသည်။ အလံတိုင်၏အမြင့်မှာ (၂၇)တောင်ရှိသည် ၊ သတ္တဗိသ ကျေအောင်
န၀င်းကျေအောင်ပြုလုပ်ရသည်။
၆။ အောင်လံတော်စိုက်ထူရာဌာနမှာ ရွှေနန်းဆောင်တော်ကြီး၏ အရှေ့ဖက်
န၀ရတ်ကိုးသွယ်စီခြယ်သော မှန်ဝဲမျော်ဆောင်တော်ဦး၏ ထိပ်ထက်
ထီးမစိုက်ခုံတွင် တင်၍ လွှင့်ထူရသည်။
၇။ အောင်လံတောင်ကိုအချိန်ကာလအကန့်အသတ်မရှိ လွင့်ထူသည့်နေ့မှစ၍
စုတ်ပြဲဟောင်းနွမ်းသည့်တိုင်အောင် မနှုတ်မချွတ်စကောင်း၊မချ မတင် စကောင်း
အမြဲပင်လွှင်ထူထားရသည်။
၈။ အောင်လံတော်၏ အနက်အဓိပ္ပါယ်မှာ အဖြူရောင်သည် ရက္ခိုင်၊
ရက္ခိတဟူသောပုဒ်ဖြင့် စောင့်ရှောက်ခြင်းအနက် ကိုလည်းကောင်း
ဖြူစင်သောသီလ၊မြင့်မြတ်သောမျိုးရိုးဖြစ်ခြင်းကြောင့်လည်းကောင်း
၊ဝေသီယမျိုး၊သုဒ္ဓိယမျိုးတို့ ထွန်း
ကားပေါ်ပေါက်ရာဖြစ်သောမျိုးရိုးဖြစ်၍လည်းကောင်း
၊ရခိုင်ကျင့်ထုံးတစ်ရာ့သုံးဟူသည့်စကားအရလည်းကောင်း မျိုးရိုးကို
သီလဖြူစင်စွာ စောင့်ရှောက်ခဲ့ခြင်းကြောင့် အဖြူရောင်ကို အထက်က တင်ရပါသည်။
အနီရောင်မှာ အသမ္ဘီန္န၊ ခတ္တိယ၀ံသ၊သကျသာကီယ၊ဗြဟ္မာနွယ်မျိုးရိုးတို့မှ
ဆင်းသက်လာသောအနွယ်တော်ဖြစ်၍ ဖောက်ပြန်တတ်သော အသွေးမရှိ၊
ပကတီနီမြန်းသောသွေးအဆင်းသာရှိသောကြောင့် အနီရောင်ကို သုံးရသည်။
၉။ သိန္ဓောမြင်းတို့မည်သည်မှာ
ကွေ့ကောက်၍လားခြင်းမရှိ၊တည့်မတ်ဖြောင့်စင်းစွာ လားတတ်သောကြောင့်
လည်းကောင်း ၊ဆဒ္ဒန်မျိုးမည်သည် ဖြူသောအဆင်းမှတစ်ပါး ဆင်မည်းကို
မွေးဖွားရိုးမရှိ ၊ ဖြူရာမှ မည်းလာသည်ဟူ၍လည်းမရှိ ၊ ပကတိသောအဆင်းကို
အခါခပ်သိမ်း မစွန်သောကြောင့်လည်းကောင်း၊ ကေသရာဇာခြင်္သေ့တို့မည်သည်မှာ
တောင်သုံးထောင်ကို ထီမထင်သကဲသို့လည်းကောင်း ၊ ထိုသို့သဘောဖြင့် ပြည့်စုံသော
သတ္တ၀ါသုံးခုတို့၏အရုပ်ဖြင့်လည်းကောင်း၊ ဖြူနီနှစ်တို့ဖြင့်
ငါးခုသောရူပရုပ်တို့ကိုဆောင်သော ပဉ္စရူပရုပ်ကို တပ်ဆင်ရသည်။
ရခိုင်အောင်လံတော်လင်္ကာ
xxxxxxxxxxxxxxxxxx
ကြားပိမ့်ဗိုလ်လူ အံ့ချီးမူသော သောင်းယူဇနာ မြေမျက်နှာထက် မြောက်မှာအာသံ
၊ တောင်ယံသီဟိုဠ် ၊ နောက်ကိုလှည့်လည် မရွံ့ပြည်နှင့် ဦးတည်ပိုင်းခြား
ပင်လယ်ဆင်းအောင် စိုးမင်းတကာ ညီညွတ်ရာသည် သာယာရွက်ဆောင် ရန်တိုင်းအောင်
သည့် ဘုန်းခေါင်ဓမ္မရာဇာ ဥက္ကာဟုခ်မျိုး သမုတ်ရိုးလျှင် စိုးစံသောခါ ရက္ခပူရ
ဓညမြို့ကြီး တိုင်းလုံးထီးကို ပြီးစီးခန့်ရှည် ရွှေနန်းတည်၍ အောင်စည်ညံညံ
ဘိသိက်ခံက ကျောက်သံသလင်း သောင်းလုံးချင်းမျှ ပြင်းလည်းသိန္န၀ နာဂဆဒ္ဒန် ရန်
မာန်ပယ်လှေ့ ခြင်္သေ့ကေသရီ အောင်နီအောင်ဖြူ ပဉ္စရူကို ကြည်ဖြူနှစ်သက်
နတ်တို့ဆက်က ဘုန်းကြက်သရေ မိုဃ်းနှယ်စွယ်၏ ရွှေငွေရတနာ ပဒေသာသီး
ပြီးစီးစေတတ် နတ်သမတ စောင့်သီလနှင့် ဣန္ဒ၀ဇီရာ အလင်္ကာရ အစဖြန့်ချီ သီရိဓဇ
ချိုမြသာယာ နောက်ပိတ်မှာလည်း မဟာသုဓမ္မ ရာဇဂုရု ရုံးကာစု၍ မျက်ရှုခတ်နှိပ်
ရွှေတံဆိပ်ကို စိတ်စိတ်ကြေနူး ရွှေးနန်းဦး၌ ရွင်းမြူးကြည်ဖြူ လှူသော်ဟူက
နတ်လူတကာ ကောင်းခြီးငြာလျက် သာယာမြတ်နိုး မေတ္တာဖြိုး၍ ရေးမိုးဃ်းမှန်စွာ
မြေသြဇာလည်း ရသာပြည့်နှက် အောင်ဆုဆက်၍ ရာသက်တည်ကြောင်း မျိုးသစ်လောင်းသည်
ရိုက်သျှောင်းပဲ့တင် ငြိမ့်ငြိမ့်တည်း ။
ကိုးကား (ရခိုင်တန်ဆောင်ဆောင်းပါးများ)
(ရခိုင်သမိုင်းအလင်းပြကျမ်း)
No comments:
Post a Comment